သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နဲ့သဘောတူထားတဲ့ တာလီဘန် အယ်လ်ကိုင်းဒါးနဲ့ ပူးပေါင်းဆဲ


အဖမ်းခံရတဲ့ Taliban တပ်သားများ
အဖမ်းခံရတဲ့ Taliban တပ်သားများ

(Zawgyi/Unicode)

တာလီဘန်တွေ ခြေကုပ်ယူထားတဲ့ အာဖဂန်နစ်စတန် ရှေ့ပိုင်းဒေသမှာ ပြီးခဲ့တဲ့လက အယ်လ်ကိုင်းဒါး အဆင်မြင့် အရာရှိတဦးကို အသေရမိခဲ့တာကိုကြည့်ရင် တာလီဘန်တွေဟာ သူတို့ပေးထားတဲ့ အယ်လ်ကိုင်ဒါးနဲ့ အဆက်အသွယ်ဖြတ်မယ် ဆိုတဲ့ ကတိမတည်ဘူး ဆိုတာ ပြနေတယ်လို့ အာဖဂန်အစိုးရက ပြောပါတယ်။

တာလီဘန်တွေဟာ အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနိုင်အောင် လုံခြုံစိတ်ချရတဲ့ နေရာ ပေးထားဆဲပဲလို့ အာဖဂန်အစိုးရ ပြောခွင့်ရ Siddeq Siddiqqui က VOA ကို ပြောပါတယ်။

ဖေဖေါ်ဝါရီလတုန်းက အမေရိကန်နဲ့ တာလီဘန်တို့ကြား ရရှိခဲ့တဲ့ သဘောတူညီချက် အရ တာလီဘန်တွေဘက်က အိုင်အက်စ်နဲ့ အယ်လ်ကိုင်ဒါးတို့လို အကြမ်းဖက် အဖွဲ့တွေအတွက် ကူညီထောက်ပံ့ပေးမှုတွေ ရပ်ဆိုင်းရမှာ ဖြစ်ပါတယ်။

အာဖဂန်အစိုးရ တပ်တွေက အယ်လ်ကိုင်းဒါး အဖွဲ့အကြီးတန်း ခေါင်းဆောင် တဦးဖြစ်တဲ့ Abu Muhsin al-Masri ကို တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်အရှေ့ပိုင်းက Ghazni ထဲမှာ အသေရမိခဲ့တယ်လို့ အောက်တိုဘာလ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ သူဟာ အယ်လ်ကိုင်းဒါးခေါင်းဆောင် Ayman al-Zawahiri ရဲ့ အနီးကပ် လက်ထောက်တဦး ဖြစ်ကြောင်းလည်း အာဖဂန်ထောက်လှန်းရေးအဖွဲ့ (NDS) ကပြောပါတယ်။

အာဖဂန်နစ်စတန်နိုင်ငံထဲမှာ အယ်လ်ကိုင်းဒါး တိုက်ခိုက်ရေးသမား ၂၀၀ လောက်ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က စက်တင်ဘာလမှာ ပြောပေပါတယ်။

မေလတုန်းက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာထဲမှာတော့ အဲဒီမှာ လက်နက်ကိုင် လှုပ်ရှားသူ ၄၀၀ ကနေ ၆၀၀ ကြား ရှိနိုင် ပြီး အာဖဂန်နစ်စတန်နိုင်ငံထဲက ခရိုင် အနည်းဆုံး ၁၂ လောက်မှာ ဒီအဖွဲ့ ဆက်လက် လှုပ်ရှားနေသလို တာလီဘန်တွေနဲ့ သူတို့ရဲ့ ခေါင်းဆောင်ပိုင်းကြား အနီးကပ်ဆက်ဆံမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...........

(Unicode)






XS
SM
MD
LG