သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် တာလီဘန် အကျဉ်းသား ၄၀၀ လွှတ်ဖို့ သမ္မတညွှန်ကြား


အာဖဂန်လွှတ်တော် ကြားနာပွဲမှာ အမှာစကားပြောကြားနေတဲ့ သမ္မတ Ashraf Ghani. (သြဂုတ် ၇၊ ၂၀၂၀)
အာဖဂန်လွှတ်တော် ကြားနာပွဲမှာ အမှာစကားပြောကြားနေတဲ့ သမ္မတ Ashraf Ghani. (သြဂုတ် ၇၊ ၂၀၂၀)

(Zawgyi / Unicode)

အာဖဂန်နစ္စတန်နိုင်ငံမှာ သမ္မတ Ashraf Ghani က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လမ်းဖွင့်ပေးဖို့ နောက်ဆုံးအသုတ် တာလီဘန်အကျဉ်းသား ၄၀၀ ကို လွှတ်ပေးဖို့ ကြေညာလိုက်ပါတယ်။

ဆယ်စုနှစ် ၂ ခုကြာလာတဲ့ အာဖဂန်စစ်ပွဲ အဆုံးသတ်ဖို့ အမေရိကန်အစိုးရနဲ့ တာလီဘန်တွေအကြား သမိုင်းဝင် သဘောတူခဲ့တာရဲ့ အပိုင်းတခုဖြစ်တဲ့ ဒီအကျဉ်းသားတွေ လွှတ်ပေးရေး လုပ်ပေးဖို့၊ Loya Jirga လို့ခေါ်တဲ့ အာဖဂန်လွှတ်တော် ကြားနာပွဲထဲမှာ သမ္မတ Ghani ကို ဝိုင်းအကြံပေးခဲ့ကြအပြီး ခုလို လွှတ်ပေးဖို့ ကြေညာခဲ့တာပါ။

ဖေဖော်ဝါရီ ၂၉ ရက်မှာ ချုပ်ဆိုခဲ့တဲ့ အမေရိကန်နဲ့ တာလီဘန် သဘောတူစာချုပ်ထဲမှာ တာလီဘန်ဘက်က ဖမ်းထားတဲ့ အာဖဂန်လုံခြုံရေးတပ်သား ၁,၀၀၀ ကျော် ပြန်လွှတ်ပေးဖို့အတွက် အစိုးရဘက်ကလည်း တာလီဘန်သူပုန် ၅,၀၀၀ အလဲအလှယ်အနေနဲ့ လွှတ်ပေးဖို့ ထည့်သွင်းထားခဲ့ပါတယ်။

တာလီဘန်တွေဘက်ကတော့ လွှတ်ဖို့ သဘောတူခဲ့တဲ့ အကျဉ်းသားတွေကို အသုတ်လိုက် တဆင့်စီ လွှတ်ပေးခဲ့ပြီးပါပြီ။

ဒါပေမယ့် သမ္မတ Ghahi ဘက်ကတော့ အခု နောက်ဆုံးအသုတ် ၄၀၀ ကလွဲလို့ ကျန်တဲ့အားလုံးကို လွှတ်ပေးခဲ့ပြီး အခု ၃ ရက်ကြာ အာဖဂန်လွှတ်တော်ကို ခေါ်ယူဆွေးနွေးခဲ့တာပါ။ အကြောင်းက ပြင်းထန်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သူ့မှာ လုပ်ပိုင်ခွင့်မရှိလို့ပါလို့ သမ္မတ Ghani က ဆိုပါတယ်။

ကိုယ်စားလှယ် ၃,၀၀၀ ကျော်တက်ပြီး တနင်္ဂနွေနေ့မှာ ပြီးဆုံးခဲ့တဲ့ လွှတ်တော်အစည်းအဝေးကြီးက တာလီဘန်အကျဉ်းသားတွေကို လွှတ်ပေးဖို့ အချက် ၂၅ ချက်ပါ ကြေညာချက်ထုတ်ပြီး သမ္မတ Ganhi ကို တိုက်တွန်းခဲ့ပါတယ်။

အာဖဂန် တာလီဘန် အကျဉ်းသား ၄၀၀ လွှတ်ဖို့ သမ္မတညွှန်ကြား
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)








XS
SM
MD
LG