Zawgyi/Unicode
တာလီဘန္အဖြဲ႔နဲ႔ အပစ္အခတ္ရပ္စဲထားတာ တတိယေျမာက္နဲ႔ ေနာက္ဆံုးေန႔ျဖစ္တဲ့ ေမလ ၂၆ ရက္ေန႔မွာ တာလီဘန္အက်ဥ္းသား ေနာက္ထပ္ ၉၀၀ ကို ျပန္လႊတ္ေပးဖို႔ အာဖဂန္အစိုးရက စီစဥ္ေနပါတယ္။ မြတ္စလင္ေတြရဲ့ အစ္ပြဲေတာ္ အားလပ္ရက္ ျဖစ္တဲ႔ ေမလ ၂၄ ရက္ေန႔မွာ စတင္တဲ့ ဒီအပစ္အခတ္ ရပ္စဲေရးဟာ ႏိုင္ငံတလႊား ေနရာအေတာ္မ်ားမ်ားမွာ အႀကံဳးဝင္တယ္လို႔ အစိုးရကေျပာပါတယ္။
တာလီဘန္ေတြရဲ့ အပစ္အခတ္ရပ္စဲေရးကမ္းလွမ္းခ်က္အတြက္ အစိုးရရဲ့ အေစာပိုင္းတုန္႔ျပန္ခ်က္ထဲမွာ စစ္ေသြးၾကြ ၂၀၀၀ ေလာက္အထိ ျပန္လႊတ္ေပးဖို႔ စီစဥ္ေနတယ္လို႔ ေၾကညာခဲ့တာပါ။
အဂၤါေန႔မွာ အက်ဥ္းသား ၉ ၀၀ ျပန္လႊတ္ေပးဖို႔ ဆံုးျဖတ္ေၾကာင္း အမ်ိဳးသားလံုၿခံဳေရးေကာင္စီ ေျပာခြင့္ရ Javid Faisal က ေမလ ၂၆ ရက္ေန႔မွာ ေျပာပါတယ္။ ဒါေပမယ့္ တရားေရး လုပ္ငန္းစဥ္အရ လႊတ္ေပးသူ အေရအတြက္ အေျပာင္းအလဲ ရွိႏုိင္တယ္လို႔ ေျပာပါတယ္။ အစီအစဥ္အတိုင္း လႊတ္ေပးခဲ့ရင္ေတာ့ ဒါဟာ တာလီဘန္အက်ဥ္းသားလႊတ္ေပးတဲ့ထဲမွာ အမ်ားဆံုးျဖစ္လာမွာပါ။
ေမလ ၂၅ ရက္ေန႔ကေတာ့ အက်ဥ္းသား ၁၀၀ ကို ျပန္လႊတ္ေပးခဲ့တာပါ။ Kabul ေျမာက္ဘက္က Bagram အက်ဥ္းေထာင္က တာလီဘန္အက်ဥ္းသား တရာကို လႊတ္ေပးလိုက္တာ ျဖစ္ပါတယ္။
ေဖေဖၚဝါရီလထဲ အေမရိကန္နဲ႔ တာလီဘန္တို႔ၾကား ရခဲ့တဲ့ သေဘာတူညီခ်က္ကေန အေမရိကန္တပ္ေတြ အာဖဂန္နစ္စတန္ႏိုင္ငံကေန ထြက္ခြါသြားမွာ ျဖစ္ၿပီး တာလီဘန္ေတြကေတာ့ လံုၿခံဳေရးကတိကဝတ္ေတြ ေပးရမွာျဖစ္ပါတယ္။ ဒါ့အျပင္ အာဖဂန္အစိုးရက တာလီဘန္အက်ဥ္းသား ၅၀၀၀ ျပန္လႊတ္ေပးဖို႔နဲ႔ တာလီဘန္ေတြကလည္း သူတုိ႔ ဖမ္းထားသူ တေထာင္ျပန္လႊတ္ေပး ရမွာျဖစ္ၿပီး ေနာက္တဆင့္အေနနဲ႔ ညွိႏႈိင္းေဆြးေႏြးမႈေတြ လုပ္လာႏုိင္ဖုိ႔ ျဖစ္ပါတယ္။
[Unicode]
တာလီဘန်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲထားတာ တတိယမြောက်နဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ မေလ ၂၆ ရက်နေ့မှာ တာလီဘန်အကျဉ်းသား နောက်ထပ် ၉၀၀ ကို ပြန်လွှတ်ပေးဖို့ အာဖဂန်အစိုးရက စီစဉ်နေပါတယ်။ မွတ်စလင်တွေရဲ့ အစ်ပွဲတော် အားလပ်ရက် ဖြစ်တဲ့ မေလ ၂၄ ရက်နေ့မှာ စတင်တဲ့ ဒီအပစ်အခတ် ရပ်စဲရေးဟာ နိုင်ငံတလွှား နေရာအတော်များများမှာ အကြုံးဝင်တယ်လို့ အစိုးရကပြောပါတယ်။
တာလီဘန်တွေရဲ့ အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းချက်အတွက် အစိုးရရဲ့အစောပိုင်းတုန့်ပြန်ချက်ထဲမှာ စစ်သွေးကြွ ၂၀၀၀ လောက်အထိ ပြန်လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ ကြေညာခဲ့တာပါ။
အင်္ဂါနေ့မှာ အကျဉ်းသား ၉ ၀၀ ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ Javid Faisal က မေလ ၂၆ ရက်နေ့မှာ ပြောပါတယ်။ ဒါပေမယ့် တရားရေး လုပ်ငန်းစဉ်အရ လွှတ်ပေးသူ အရေအတွက် အပြောင်းအလဲ ရှိနိုင်တယ်လို့ ပြောပါတယ်။ အစီအစဉ်အတိုင်း လွှတ်ပေးခဲ့ရင်တော့ ဒါဟာ တာလီဘန်အကျဉ်းသားလွှတ်ပေးတဲ့ထဲမှာ အများဆုံးဖြစ်လာမှာပါ။
မေလ ၂၅ ရက်နေ့ကတော့ အကျဉ်းသား ၁၀၀ ကို ပြန်လွှတ်ပေးခဲ့တာပါ။ Kabul မြောက်ဘက်က Bagram အကျဉ်းထောင်က တာလီဘန်အကျဉ်းသား တရာကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဖေဖေါ်ဝါရီလထဲ အမေရိကန်နဲ့ တာလီဘန်တို့ကြား ရခဲ့တဲ့ သဘောတူညီချက်ကနေ အမေရိကန်တပ်တွေ အာဖဂန်နစ်စတန်နိုင်ငံကနေ ထွက်ခွါသွားမှာ ဖြစ်ပြီး တာလီဘန်တွေကတော့ လုံခြုံရေးကတိကဝတ်တွေ ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် အာဖဂန်အစိုးရက တာလီဘန်အကျဉ်းသား ၅၀၀၀ ပြန်လွှတ်ပေးဖို့နဲ့ တာလီဘန်တွေကလည်း သူတို့ ဖမ်းထားသူ တထောင်ပြန်လွှတ်ပေး ရမှာဖြစ်ပြီး နောက်တဆင့်အနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်လာနိုင်ဖို့ ဖြစ်ပါတယ်။