သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ငြိမ်းချမ်းရေး အမေရိကန်နဲ့ တာလီဘန် ပြန်ဆွေးနွေး


အမေရိကန်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Scott Miller (ဝဲ) နှင့် တာလီဘန် ကိုယ်စားလှယ်အဖွဲ့။
အမေရိကန်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Scott Miller (ဝဲ) နှင့် တာလီဘန် ကိုယ်စားလှယ်အဖွဲ့။

(Zawgyi / Unicode)

အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်မှူးကြီးနဲ့ တာလီဘန် ခေါင်းဆောင်တို့ဟာ နှစ်ဖက် ငြိမ်းချမ်းရေး သဘောတူညီချက်အရ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ လျော့ပါးစေမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စနေနေ့က ပြောပါတယ်။

အာဖဂန်နစ္စတန်မှာရှိတဲ့ NATO မဟာမိတ်အဖွဲ့ အကြီးအကဲလည်းဖြစ် အမေရိကန်တပ် အကြီးအကဲလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Scott Miller နဲ့ ကာတာနိုင်ငံ Doha မြို့မှာ သောကြာနေ့ညက တွေ့ဆုံတာဖြစ်ကြောင်း တာလီဘန် ပြောခွင့်ရ Suhail Shaheen က တွစ်တာမှာ ရေးပါတယ်။

၁၉ နှစ်လောက်ကြာအောင် ဖြစ်ပွားနေတဲ့ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေးအတွက် Doha မှာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ရခဲ့တဲ့ အမေရိကန်-တာလီဘန် သဘောတူညီချက် အကောင်ထည်ဖော်ရေးအတွက် အသေးစိတ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

သဘောတူညီချက်ကို ချိုးဖောက်မှုတွေ၊ တချို့ တိုက်ခိုက်မှုတွေအပြင် တိုက်ပွဲမဖြစ်ပွားတဲ့ ဒေသတွေမှာ အမေရိကန်တပ်တွေက ညဘက် ဝင်ရောက်စီးနင်းမှုတွေနဲ့ ပတ်သက်ပြီး အပြင်းအထန် ဆွေးနွေးခဲ့သလို ဒီလိုတိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့ တောင်းဆိုခဲ့တယ်လို့လည်း ပြောပါတယ်။

အမေရိကန်တပ်ဖွဲ့ ပြောခွင့်ရကတော့ သဘောတူညီချက်ထဲမှာ အာဖဂန်လုံခြုံရေးတွေကို တာလီဘန်က တိုက်ခိုက်လာရင် အကာကွယ်ပေးတဲ့ အနေနဲ့ နိုင်ငံခြားတပ်တွေက တုံ့ပြန်လုပ်ဆောင်ခွင့် ပေးထားတာဖြစ်ပြီး တာလီဘန်ဘက်က စွပ်စွဲသလို သဘောတူညီချက်ကို ချိုးဖောက်တာ မဟုတ်ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)







XS
SM
MD
LG