သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္-တာလီဘန္ အက်ဥ္းသားလွဲလွယ္ေရးအစီအစဥ္ၿပီးလုိ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ စေတာ့မည္


(Zawgyi/Unicode)

ေနာက္ဆံုး အသုတ္ျဖစ္တဲ့ တာလီဘန္ အက်ဥ္းသား ၄၀၀ ေလာက္ ကို ျပန္လႊတ္ေပးလိုက္ၿပီလို႔ အာဖဂန္နစ္စတန္ အာဏာပိုင္ေတြက ၾကာသပေတးေန႔မွာ ေျပာပါတယ္။ ဒါဟာ ၂ ဘက္ အက်ဥ္းသား လဲလွယ္ေရး အစီအစဥ္ ၿပီးဆံုးသြားတာ ျဖစ္ၿပီး အာဖဂန္နစ္စတန္ အစိုးရနဲ႔ တာလီဘန္တို႔ၾကား အေမရိကန္ ၾကားဝင္ ေစ့စပ္ေပးတဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲစတင္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

အက်ဥ္းသားလဲလွယ္ေရး အစီအစဥ္ ၿပီးဆံုးသြားၿပီျဖစ္ေၾကာင္း အာဖရန္အစိုးရ ေျပာခြင့္ရ Javid Faisal က ေၾကညာခဲ့တာပါ။ ဒီအထဲမွာ အက်ဥ္းသားတစု အတြက္ ျပန္လႊတ္ေပးေရး မေပးေရး ဆံုးျဖတ္ခ်က္ ခ်ဖို႔ လိုေနေသး ေၾကာင္းနဲ႔ ဒါဟာ သူတုိ႔ထဲမွာ ႏိုင္ငံျခားသား ေတြကို တိုက္ခိုက္သူေတြပါ ပါေနတဲ့ အတြက္ အေနာက္ႏိုင္ငံတခ်ိဳ႕က ျပန္လႊတ္ေပးတာကို လက္မခံတဲ့ အတြက္ ျဖစ္ေၾကာင္းလည္း ရွင္းျပပါတယ္။

သံတမန္ေရး ႀကိဳးပမ္းမႈ ေတြ လုပ္ေနၿပီဲျဖစ္ၿပီး တိုက္ရိုက္ ေဆြးေႏြးမႈေတြကို ခ်က္ခ်င္း စႏိုင္မယ္လုိ႔ ထင္ေၾကာင္းလည္း Faisal ကေျပာပါတယ္။

တခိ်န္ထည္းမွာပဲ.ႏိုင္ငံေရးသမားေတြ၊ အရပ္ဖက္ လူမႈအဖြဲ႔အစည္းေတြြက တက္ၾကြလႈပ္ရွားသူေတြ၊ အမ်ိဳးသမီးေတြနဲ႔ အစိုးရအရာရွိေတြ အပါအဝင္ ၿငိမ္းခ်မ္းေရး ညွိႏႈိင္းသူေတြ ဟာ တာလီဘန္ေတြနဲ႔ စတင္ေဆြးေႏြးဖုိ႔ Qatar ႏုိင္ငံ Doha ၿမိဳ႕ိကို ေလယာဥ္နဲ႔ သြားေရာက္ေနၿပီ ျဖစ္ေၾကာင္းလည္း အာဖဂန္နစ္စတန္ အရာရွိေတြက ေျပာပါတယ္။

တာလီဘန္ေတြရဲ့ ညွိႏႈိင္းေရးအဖြဲ႔ဟာ Qatar ႏုိင္ငံ Doha ၿမိဳ႕မွာ အေျခစိုက္တာပါ။ ေဆြးေႏြးပဲြ ဘယ္အခ်ိန္မွာ စတင္မယ္ ဆိုတာေတာ့ အခုခ်ိန္ အထိ အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္ စေနေန႔ေလာက္မွာ စတင္ဖို႔ ျဖစ္ႏုိင္တယ္လို႔ တခ်ိဳ႕ သတင္းေတြမွာ ေရးသားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

အာဖဂန်-တာလီဘန် အကျဉ်းသားလှဲလှယ်ရေးအစီအစဉ်ပြီးလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတော့မည်
(Unicode)

နောက်ဆုံး အသုတ်ဖြစ်တဲ့ တာလီဘန် အကျဉ်းသား ၄၀၀ လောက် ကို ပြန်လွှတ်ပေးလိုက်ပြီလို့ အာဖဂန်နစ်စတန် အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒါဟာ ၂ ဖက် အကျဉ်းသား လဲလှယ်ရေး အစီအစဉ် ပြီးဆုံးသွားတာ ဖြစ်ပြီး အာဖဂန်နစ်စတန် အစိုးရနဲ့ တာလီဘန်တို့ကြား အမေရိကန် ကြားဝင် စေ့စပ်ပေးတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲစတင်နိုင်တော့မှာ ဖြစ်ပါတယ်။

အကျဉ်းသားလဲလှယ်ရေး အစီအစဉ် ပြီးဆုံးသွားပြီဖြစ်ကြောင်း အာဖရန်အစိုးရ ပြောခွင့်ရ Javid Faisal က ကြေညာခဲ့တာပါ။ ဒီအထဲမှာ အကျဉ်းသားတစု အတွက် ပြန်လွှတ်ပေးရေး မပေးရေး ဆုံးဖြတ်ချက် ချဖို့ လိုနေသေး ကြောင်းနဲ့ ဒါဟာ သူတို့ထဲမှာ နိုင်ငံခြားသား တွေကို တိုက်ခိုက်သူတွေပါ ပါနေတဲ့ အတွက် အနောက်နိုင်ငံတချို့က ပြန်လွှတ်ပေးတာကို လက်မခံတဲ့ အတွက် ဖြစ်ကြောင်းလည်း ရှင်းပြပါတယ်။

သံတမန်ရေး ကြိုးပမ်းမှု တွေ လုပ်နေပြီဲဖြစ်ပြီး တိုက်ရိုက် ဆွေးနွေးမှုတွေကို ချက်ချင်း စနိုင်မယ်လို့ ထင်ကြောင်းလည်း Faisal ကပြောပါတယ်။

တချိန်ထည်းမှာပဲ.နိုင်ငံရေးသမားတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးတွေနဲ့ အစိုးရအရာရှိတွေ အပါအဝင် ငြိမ်းချမ်းရေး ညှိနှိုင်းသူတွေ ဟာ တာလီဘန်တွေနဲ့ စတင်ဆွေးနွေးဖို့ Qatar နိုင်ငံ Doha မြို့ိကို လေယာဉ်နဲ့ သွားရောက်နေပြီ ဖြစ်ကြောင်းလည်း အာဖဂန်နစ်စတန် အရာရှိတွေက ပြောပါတယ်။

တာလီဘန်တွေရဲ့ ညှိနှိုင်းရေးအဖွဲ့ဟာ Qatar နိုင်ငံ Doha မြို့မှာ အခြေစိုက်တာပါ။ ဆွေးနွေးပွဲ ဘယ်အချိန်မှာ စတင်မယ် ဆိုတာတော့ အခုချိန် အထိ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် စနေနေ့လောက်မှာ စတင်ဖို့ ဖြစ်နိုင်တယ်လို့ တချို့ သတင်းတွေမှာ ရေးသားကြပါတယ်။

XS
SM
MD
LG