သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္အစိုးရနဲ႔ တာလီဘန္ ပထမဆံုးအႀကိမ္ထိပ္တိုက္ေဆြးေႏြးမည္


တာလီဘန္ ကိုယ္စားလွယ္အဖဲြ႔ကို ကာတာႏုိင္ငံ၊ Doha ၿမိဳ႕မွာ ေတြ႔ရ။ (စက္တင္ဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

အာဖဂန္နစၥတန္ႏုိင္ငံ ၿငိမ္းခ်မ္းေရးအတြက္ အစိုးရတာ၀န္ရွိသူေတြနဲ႔ တာလီဘန္ ကိုယ္စားလွယ္ေတြ ကာတာႏုိင္ငံ၊ Doha ၿမိဳ ႔မွာ ဒီကေန႔ ပထမဆုံး မ်က္ႏွာခ်င္းဆုိင္ေဆြးေႏြးေတာ့မွာပါ။ အာဖဂန္နစၥတန္ကေန အေမရိကန္တပ္ဖြဲ႔ေတြ ေလ ွ်ာ့ခ်လိုက္ခ်ိန္မွာ ျပည္တြင္းၿငိမ္းခ်မ္းေရးရဖို႔ ႏွစ္ဘက္ကိုယ္စားလွယ္ေတြ ႀကိ္ဳးပမ္းေနၾကတာျဖစ္ပါတယ္။

ထိေရာက္မႈရွိတဲ့ ေဆြးေႏြးပြဲျဖစ္ေျမာက္ေရးအတြက္ ႏွစ္ဘက္ကိုယ္စားလွယ္ အဖြဲ႔၀င္ တခ်ိဳ႕ တနလၤာေန႔မွာ ႀကိဳတင္ ေတြ႔ဆုံ ညွိႏိႈင္းခဲ့ၾကပါေသးတယ္။ ဒီကေန႔က်င္းပမယ့္ ေဆြးေႏြးပြဲမွာ လိုက္နာရမယ့္စည္းကမ္းေတြ၊ ေဆြးေႏြးမယ့္အေၾကာင္းအရာေတြနဲ႔ လုပ္ငန္းအစီအစဥ္ေတြကို ႏွစ္ဘက္ကိုယ္စားလွယ္အဖြဲ႔က တာ၀န္ရွိသူတခ်ိဳ ႔ ဆက္ၿပီး ေဆြးေႏြးေနၾကပါတယ္လို႔ အာဖဂန္အစိုးရ ကိုယ္စားလွယ္အဖြဲ႔ အဆင့္ျမင့္အရာရွိ Nader Nadery ကေျပာပါတယ္။

တာလီဘန္ေျပာခြင့္ရသူ Muhammad Naeem ကေတာ့ ဒီကေန႔ေတြ႔ဆုံပြဲမွာ အေထြေထြအေၾကာင္းအရာေတြကို ေျပာဆိုေဆြြးေႏြးၾကမွာျဖစ္ၿပီး တိက်တဲ့ အေၾကာင္းအရာနဲ႔အစီအစဥ္ေတြ သေဘာတူထားတာမရွိဘူးလို႔ ရိုက္တာသတင္းဌာနကို တယ္လီဖုန္းနဲ႔ေျပာဆိုခဲ့ပါတယ္။

အာဖဂန္သမၼတရုံးတာ၀န္ရွိသူ တေယာက္ကလည္း ဒီေဆြးေႏြးပြဲရဲ ႔ထိပ္တန္းဦးစားေပးကတာ့ တာလီဘန္ေတြ အပစ္အခတ္ရပ္ဖို႔ ဒါမွမဟုတ္ အၾကမ္းဖက္မႈေတြ သိသိသာသာေလ ွ်ာ႔ခ်ေပးဖို႔ျဖစ္တယ္လို႔ ေျပာပါတယ္။ သမုိင္း၀င္ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ဖြင့္ပြဲအခမ္းအနားကို Doha မွာ စေနေန႔က က်င္းပခဲ့တဲ့ေနာက္မွာလည္း အာဖဂန္နစၥတန္ႏုိင္ငံထဲမွာ အၾကမ္းဖက္တုိက္ခိုက္မႈေတြဆက္ၿပီး ေပၚေပါက္ေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အာဖဂန်အစိုးရနဲ့ တာလီဘန် ပထမဆုံးအကြိမ်ထိပ်တိုက်ဆွေးနွေးမည်

အာဖဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းရေးအတွက် အစိုးရတာဝန်ရှိသူတွေနဲ့ တာလီဘန် ကိုယ်စားလှယ်တွေ ကာတာနိုင်ငံ၊ Doha မြို့မှာ ဒီကနေ့ ပထမဆုံး မျက်နှာချင်းဆိုင်ဆွေးနွေးတော့မှာပါ။ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့တွေ လေ ျှာ့ချလိုက်ချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ နှစ်ဘက်ကိုယ်စားလှယ်တွေ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

ထိရောက်မှုရှိတဲ့ ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် နှစ်ဘက်ကိုယ်စားလှယ် အဖွဲ့ဝင် တချို့ တနင်္လာနေ့မှာ ကြိုတင် တွေ့ဆုံ ညှိနှိုင်းခဲ့ကြပါသေးတယ်။ ဒီကနေ့ကျင်းပမယ့် ဆွေးနွေးပွဲမှာ လိုက်နာရမယ့်စည်းကမ်းတွေ၊ ဆွေးနွေးမယ့်အကြောင်းအရာတွေနဲ့ လုပ်ငန်းအစီအစဉ်တွေကို နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့က တာဝန်ရှိသူတချို့ ဆက်ပြီး ဆွေးနွေးနေကြပါတယ်လို့ အာဖဂန်အစိုးရ ကိုယ်စားလှယ်အဖွဲ့ အဆင့်မြင့်အရာရှိ Nader Nadery ကပြောပါတယ်။

တာလီဘန်ပြောခွင့်ရသူ Muhammad Naeem ကတော့ ဒီကနေ့တွေ့ဆုံပွဲမှာ အထွေထွေအကြောင်းအရာတွေကို ပြောဆိုဆွေးနွေးကြမှာဖြစ်ပြီး တိကျတဲ့ အကြောင်းအရာနဲ့အစီအစဉ်တွေ သဘောတူထားတာမရှိဘူးလို့ ရိုက်တာသတင်းဌာနကို တယ်လီဖုန်းနဲ့ပြောဆိုခဲ့ပါတယ်။

အာဖဂန်သမ္မတရုံးတာဝန်ရှိသူ တယောက်ကလည်း ဒီဆွေးနွေးပွဲရဲ့ထိပ်တန်းဦးစားပေးကတာ့ တာလီဘန်တွေ အပစ်အခတ်ရပ်ဖို့ ဒါမှမဟုတ် အကြမ်းဖက်မှုတွေ သိသိသာသာလေ ျှာ့ချပေးဖို့ဖြစ်တယ်လို့ ပြောပါတယ်။ သမိုင်းဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို Doha မှာ စနေနေ့က ကျင်းပခဲ့တဲ့နောက်မှာလည်း အာဖဂန်နစ္စတန်နိုင်ငံထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဆက်ပြီး ပေါ်ပေါက်နေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG