သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ နဲ႔ အီရတ္မွာ ကန္တပ္ဖဲြ႔ ေလွ်ာ႔ခ်ေရး Trump ရဲ႕ အစီအစဥ္အေပၚ ေ၀ဖန္သူေတြရွိ 


(Zawgyi/Unicode)

အာဖဂန္နစၥတန္ နဲ႔ အီရတ္ႏိုင္ငံေတြမွာ ရွိေနတဲ့ အေမရိကန္တပ္ေတြကို လာမယ့္ သီတင္းပတ္ေတြအတြင္း အေမရိကန္ျပည္ေထာင္စုကို ပိုၿပီး ေခၚယူဖို႔ရွိ အစီအစဥ္ရွိေနေၾကာင္း ပင္တဂြန္ စစ္အရာရွိတဦးက ဗီြအိုေအကို အတည္ျပဳေျပာၾကားခဲ့ပါတယ္။ အာဖဂန္ နဲ႔ အီရတ္မွာရွိေနတဲ့အေမရိကန္ တပ္သား ၂၅၀၀ စီ ဟာ လာမယ့္ဇန္န၀ါရီ လလယ္မွာ သက္ဆိုင္ႏိုင္ငံအသီးသီးကေန ထြက္ခြာမွာျဖစ္တယ္လို႔ ဆိုပါတယ္။

အခု အေမရိကန္ တပ္အင္အားေလ်ာ့ခ်တာမ်ဳိး ေအာက္တိုဘာလက အမ်ဳိးသားလုံၿခံဳေရးအႀကံေပး Robert O'Brien ေရးဆဲြခဲ့တဲ့ အစီအစဥ္မ်ဳိးနဲ႔ အတူတူပဲျဖစ္ၿပီး အဲဒီတုန္းက ပင္တဂြန္ စစ္ဌာနခ်ဳပ္ဘက္က အတိျပဳေျပာၾကားတာမ်ဳိး မလုပ္ခဲ့ပါဘူး။ အဲဒီအစီအစဥ္အရဆိုရင္ အာဖဂန္နစၥတန္မွာ လက္ရွိ အေမရိကန္ တပ္သား ၂၀၀၀ ေလာက္နဲ႔ အီရတ္က အေမရိကန္တပ္သား ၅၀၀ ကို ျပန္ေခၚဖို႔ ျဖစ္ပါတယ္။

စစ္ဖက္ဆိုင္ရာ အေျပာင္းအလဲျဖစ္ႏိုင္ေျခရွိေနတဲ့ သတင္းေတြ တနလၤာေန႔က စတင္ ထြက္ေပၚလာခဲ့ၿပီးအထက္လႊတ္ေတာ္ လူမ်ားစုေခါင္းေဆာင္ Mitch McConnell လို သမၼတ Donald Trump ရဲ႕အႀကီးမားဆံုး မဟာမိတ္တခ်ဳိ႕အပါအ၀င္ အရာရွိေဟာင္းေတြ၊ ကြ်မ္းက်င္သူေတြၾကားမွာ ေ၀ဖန္ကန္႔ကြက္မႈေတြ အလ်င္အျမန္ထြက္ေပၚလာခဲ့ပါတယ္။

အာဖဂန္နစၥတန္မွာ အၾကမ္းဖက္သမားေတြကို တိုက္ဖ်က္ဖို႔ ဆိုၿပီး စစ္ပဲြျဖစ္ပြားဖို႔ ဘယ္ အေမရိကန္မွာ မလိုလားပါဘူး။ သူတို႔ရဲ႕တပ္ဖဲြ႔၀င္ေတြကိုလည္း အႏိုင္ရၿပီျဖစ္ပါတယ္။ ဒါေပမဲ့ အေမရိကန္တပ္ေတြကို အာဖဂန္နစၥတန္က အလ်င္အျမန္ရုပ္သိမ္းတာဟာ အေမရိကန္ မဟာမိတ္ေတြကို အထိနာေစၿပီး အေမရိကန္ႏိုင္ငံကို အႏၱရာယ္က်ေရာက္ေစလိုသူေတြအတြက္ ေက်နပ္ေစတဲ့ လုပ္ရပ္ျဖစ္တယ္လို႔ Mitch McConnell က ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

အာဖဂန် နဲ့ အီရတ်မှာ ကန်တပ်ဖွဲ့ လျှော့ချရေး Trump ရဲ့ အစီအစဉ်အပေါ် ဝေဖန်သူတွေရှိ

(Unicode)

အာဖဂန် နစ္စတန် နဲ့ အီရတ်နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန်တပ်တွေကို လာမယ့် သီတင်းပတ်တွေအတွင်း အမေရိကန်ပြည်ထောင်စုကို ပိုပြီး ခေါ်ယူဖို့ရှိ အစီအစဉ်ရှိနေကြောင်း ပင်တဂွန် စစ်အရာရှိတဦးက ဗွီအိုအေကို အတည်ပြုပြောကြားခဲ့ပါတယ်။အာဖဂန် နဲ့ အီရတ်မှာရှိနေတဲ့အမေရိကန် တပ်သား ၂၅၀၀ စီ ဟာ လာမယ့်ဇန်နဝါရီ လလယ်မှာ သက်ဆိုင်နိုင်ငံအသီးသီးကနေ ထွက်ခွာမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခု အမေရိကန် တပ်အင်အားလျော့ချတာမျိုး အောက်တိုဘာလက အမျိုးသားလုံခြုံရေးအကြံပေး Robert O'Brien ရေးဆွဲခဲ့တဲ့ အစီအစဉ်မျိုးနဲ့ အတူတူပဲဖြစ်ပြီး အဲဒီတုန်းက ပင်တဂွန် စစ်ဌာနချုပ်ဘက်က အတိပြုပြောကြားတာမျိုး မလုပ်ခဲ့ပါဘူး။ အဲဒီအစီအစဉ်အရဆိုရင် အာဖဂန်နစ္စတန်မှာ လက်ရှိ အမေရိကန် တပ်သား ၂၀၀၀ လောက်နဲ့ အီရတ်က အမေရိကန်တပ်သား ၅၀၀ ကို ပြန်ခေါ်ဖို့ ဖြစ်ပါတယ်။

စစ်ဖက်ဆိုင်ရာ အပြောင်းအလဲဖြစ်နိုင်ခြေရှိနေတဲ့ သတင်းတွေ တနင်္လာနေ့က စတင် ထွက်ပေါ်လာခဲ့ပြီးအထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell လို သမ္မတ Donald Trump ရဲ့အကြီးမားဆုံး မဟာမိတ်တချို့အပါအဝင် အရာရှိဟောင်းတွေ၊ ကျွမ်းကျင်သူတွေကြားမှာ ဝေဖန်ကန့်ကွက်မှုတွေ အလျင်အမြန်ထွက်ပေါ်လာခဲ့ပါတယ်။

အာဖဂန်နစ္စတန်မှာ အကြမ်းဖက်သမားတွေကို တိုက်ဖျက်ဖို့ ဆိုပြီး စစ်ပွဲဖြစ်ပွားဖို့ ဘယ် အမေရိကန်မှာ မလိုလားပါဘူး။ သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကိုလည်း အနိုင်ရပြီဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်တပ်တွေကို အာဖဂန်နစ္စတန်က အလျင်အမြန်ရုပ်သိမ်းတာဟာ အမေရိကန် မဟာမိတ်တွေကို အထိနာစေပြီး အမေရိကန်နိုင်ငံကို အန္တရာယ်ကျရောက်စေလိုသူတွေအတွက် ကျေနပ်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ Mitch McConnell က ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG