သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္တာ၀န္က် ၾသစေၾတးလ်စစ္သားေတြအေပၚ စစ္ရာဇ၀တ္မႈ စြပ္စြဲခ်က္ စံုစမ္းစစ္ေဆးမည္ 


(Zawgyi/Unicode)

အာဖဂန္နစ္စတန္စစ္ပြဲမွာ ပါဝင္ဆင္ႏႊဲဖို႔ ေစလႊတ္ခဲ့တဲ့ Australia တပ္သားေတြ စစ္ရာဇဝတ္ျပစ္မႈ က်ဴးလြန္ျခင္းရွိမရွိ စံုစမ္းဖုိ႔ အထူးစံုစမ္းေရးမွဴးကို Australia အစိုးရက မၾကာခင္မွာ ခန္႔အပ္ေတာ့မွာ ျဖစ္ပါတယ္။

၂၀၀၅ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အတြင္း ေစလႊတ္ခဲ့တဲ့ အထူးတပ္သားေတြ စစ္သည္ေတာ္ က်င့္ဝတ္နဲ႔ အညီ လုပ္ေဆာင္မႈရွိမရွိ စံုစမ္းဖို႔ Australia အစိုးရက ခန္႔အပ္ခဲ့တဲ့ Australia ကာကြယ္ေရးတပ္ ADF စံုစမ္းေရးမွဴးရဲ႕ ၄ ႏွစ္တာ စံုစမ္းစစ္ေဆးမႈအၿပီးမွာ အခုလို လုပ္ေဆာင္တာျဖစ္ပါတယ္။

ဆယ္ႏွစ္ေက်ာ္ ပါဝင္ခဲ့တဲ့ အာဖဂန္ စစ္ပြဲအတြင္း Australia အထူးတပ္သားေတြ အေနနဲ႔ တရားမဲ့သတ္ျဖတ္မႈေတြ၊ ရက္စက္တဲ့ လုပ္ေဆာင္မႈေတြ လို စစ္ရာဇဝတ္မႈေျမာက္တဲ့ ျပစ္မႈေတြ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ ျဖစ္ရပ္ ၅၅ ခုကို စံုစမ္းစစ္ေဆးမွာ ျဖစ္ပါတယ္။

ဒီလိုစံုစမ္းစစ္ေဆးမႈဟာ အခ်ိန္ယူေဆာင္ရြက္ရမွာ ျဖစ္ေၾကာင္း Australia ဝန္ႀကီးခ်ဳပ္ Scott Morrison ကေျပာပါတယ္။

“အခုစံုစမ္းမႈဟာ တျခားႏုိင္ငံ စစ္ပြဲမွာ ျဖစ္ခဲ့တာကို စံုစမ္းရမွာ ျဖစ္ၿပီး ပါဝင္ပတ္သက္တဲ့ ျဖစ္ရပ္ေတြကလည္း အထူးရႈပ္ေထြးတာ ျဖစ္တဲ့အတြက္ အခ်က္လက္ရွာေဖြ စုေဆာင္းဖုိ႔ လုပ္ငန္းစဥ္က မလြယ္ကူေၾကာင္း ေျပာသြားတာပါ။ ဒါ့အျပင္ ဘာသာစကား အခက္အခဲေတြနဲ႔ ႏိုင္ငံတကာ ဥပေဒ ဆုိင္ရာေတြပါ ပါဝင္ေနတာေၾကာင့္ မလြယ္ကူေၾကာင္း ေျပာသြားတာပါ။

၄ ႏွစ္တာစံုစမ္းမႈကေနရတဲ့ အစီရင္ခံစာပါ အခ်က္လက္ေတြကို စစ္ေဆး္ဖုိ႔ အထူးစံုစမ္းေရးမႈးကို လာမယ့္ လေတြ အတြင္း ခန္႔အပ္မွာ ျဖစ္ပါတယ္။

၂၀၀၁ ခု စက္တင္ဘာ မွာ အေမရိကန္ျပည္ေထာင္စု အၾကမ္းဖက္တိုက္ခိုက္မႈ ခံခဲ့ရတဲ့ ေနာက္ပိုင္း ဆင္ႏြဲခဲ့တဲ့ အာဖဂန္စစ္ပြဲအတြက္ ႏိုင္ငံတကာ မဟာမိတ္တပ္ေတြနဲ႔ အတူ Australia ကလည္း ေစလႊတ္ခဲ့တာ ျဖစ္ၿပီး ဒီစစ္ပြဲအတြင္း အထူူးတပ္သား အမ်ားအျပား အပါအဝင္ Australia စစ္သည္ ၄၁ ဦး က်ဆံုးခဲ့ရတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

အာဖဂန်တာဝန်ကျ သြစတြေးလျစစ်သားတွေအပေါ် စစ်ရာဇဝတ်မှု စွပ်စွဲချက် စုံစမ်းစစ်ဆေးမည်

(Unicode)

အာဖဂန်နစ်စတန်စစ်ပွဲမှာ ပါဝင်ဆင်နွှဲဖို့ စေလွှတ်ခဲ့တဲ့ Australia တပ်သားတွေ စစ်ရာဇဝတ်ပြစ်မှု ကျူးလွန်ခြင်းရှိမရှိ စုံစမ်းဖို့ အထူးစုံစမ်းရေးမှူးကို Australia အစိုးရက မကြာခင်မှာ ခန့်အပ်တော့မှာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း စေလွှတ်ခဲ့တဲ့ အထူးတပ်သားတွေ စစ်သည်တော် ကျင့်ဝတ်နဲ့ အညီ လုပ်ဆောင်မှုရှိမရှိ စုံစမ်းဖို့ Australia အစိုးရက ခန့်အပ်ခဲ့တဲ့ Australia ကာကွယ်ရေးတပ် ADF စုံစမ်းရေးမှူးရဲ့ ၄ နှစ်တာ စုံစမ်းစစ်ဆေးမှုအပြီးမှာ အခုလို လုပ်ဆောင်တာဖြစ်ပါတယ်။

ဆယ်နှစ်ကျော် ပါဝင်ခဲ့တဲ့ အာဖဂန် စစ်ပွဲအတွင်း Australia အထူးတပ်သားတွေ အနေနဲ့ တရားမဲ့သတ်ဖြတ်မှုတွေ၊ ရက်စက်တဲ့ လုပ်ဆောင်မှုတွေ လို စစ်ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ် ၅၅ ခုကို စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီလိုစုံစမ်းစစ်ဆေးမှုဟာ အချိန်ယူဆောင်ရွက်ရမှာ ဖြစ်ကြောင်း Australia ဝန်ကြီးချုပ် Scott Morrison ကပြောပါတယ်။

“အခုစုံစမ်းမှုဟာ တခြားနိုင်ငံ စစ်ပွဲမှာ ဖြစ်ခဲ့တာကို စုံစမ်းရမှာ ဖြစ်ပြီး ပါဝင်ပတ်သက်တဲ့ ဖြစ်ရပ်တွေကလည်း အထူးရှုပ်ထွေးတာ ဖြစ်တဲ့အတွက် အချက်လက်ရှာဖွေ စုဆောင်းဖို့ လုပ်ငန်းစဉ်က မလွယ်ကူကြောင်း ပြောသွားတာပါ။ ဒါ့အပြင် ဘာသာစကား အခက်အခဲတွေနဲ့ နိုင်ငံတကာ ဥပဒေ ဆိုင်ရာတွေပါ ပါဝင်နေတာကြောင့် မလွယ်ကူကြောင်း ပြောသွားတာပါ။

၄ နှစ်တာစုံစမ်းမှုကနေရတဲ့ အစီရင်ခံစာပါ အချက်လက်တွေကို စစ်ဆေ်းဖို့ အထူးစုံစမ်းရေးမှုးကို လာမယ့် လတွေ အတွင်း ခန့်အပ်မှာ ဖြစ်ပါတယ်။

၂၀၀၁ ခု စက်တင်ဘာ မှာ အမေရိကန်ပြည်ထောင်စု အကြမ်းဖက်တိုက်ခိုက်မှု ခံခဲ့ရတဲ့ နောက်ပိုင်း ဆင်နွဲခဲ့တဲ့ အာဖဂန်စစ်ပွဲအတွက် နိုင်ငံတကာ မဟာမိတ်တပ်တွေနဲ့ အတူ Australia ကလည်း စေလွှတ်ခဲ့တာ ဖြစ်ပြီး ဒီစစ်ပွဲအတွင်း အထူူးတပ်သား အများအပြား အပါအဝင် Australia စစ်သည် ၄၁ ဦး ကျဆုံးခဲ့ရတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG