သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမာနီခေါင်းဆောင် ၂ ဦး ထောင်ဒဏ် တသက်ထပ်ချ


 သမ္မတဟောင်း Khieu Sampha
သမ္မတဟောင်း Khieu Sampha

ကမ္ဘောဒီးယားနိုင်ငံမှာ သက်ရှိထင်ရှား ကျန်နေသေးတဲ့ ခမာနီခေါင်းဆောင် ၂ ယောက်ဟာ၊ ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက လူမျိုးတုန်း သတ်ဖြတ်မှုတွေအတွက် အပြစ်ရှိကြောင်း နိုင်ငံတကာ တရားခွင်က ဆုံးဖြတ်လိုက်ပြီး ထောင်ဒဏ်တသက် အပြစ်ပေးလိုက်ပါတယ်။

အသက် ၉၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ခမာနီခေါင်းဆောင်ဟောင်း Nuon Chea နဲ့ အသက် ၈၇ နှစ်အရွယ် သမ္မတဟောင်း Khieu Sampha တို့ဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ရှိကြောင်း ကုလသမဂ္ဂရဲ့ ပံ့ပိုးမှုနဲ့ဖွဲ့စည်းထားတဲ့ ကမ္ဘောဒီးယားနိုင်ငံက နိုင်ငံတကာ တရားခွင်က ဒီကနေ့ပဲ ဆုံးဖြတ်လိုက်တာပါ။ သူတို့ ၂ ဦးအပေါ် စွဲဆိုထားတဲ့ အမှုတွေထဲမှာတော့ လူသတ်မှု၊ သုတ်သင်ရှင်းလင်းမှု၊ ကျေးကျွန်ပြုမှု၊ ညှင်းပမ်းနှိပ်စက်မှု၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအပေါ် အခြေခံပြီး အရေးယူမှုတွေ ပါဝင်ပါတယ်။ ဗီယက်နမ်နဲ့ ချမ်လူမျိုးစုအနွယ်တွေကို သတ်ဖြတ်မှုအတွက် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ အရေးယူခံခဲ့ရသလို၊ ကိုယ့်သဘောဆန္ဒနဲ့ သတ်ဖြတ်ခဲ့မှု၊ ညှင်းပမ်းနှိပ်စက်မှုနဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ အပါအဝင် ဂျနီဗာသဘောတူညီချက်ကို ချိုးဖောက်တဲ့ အမှုတွေနဲ့လည်း စွဲဆိုခံခဲ့ကြရတာပါ။

ခမာနီကွန်မြူနစ် အုပ်စုမှာ သူတို့ ၂ ဦးဟာ သက်ရှိထင်ရှား ကျန်နေသေးတဲ့ အဆင့်အမြင့်ဆုံး ခေါင်းဆောင် ၂ ဦးလည်း ဖြစ်ပါတယ်။ ၂ ဦးစလုံးကတော့ အငတ်ဘေး၊ ညှင်းပမ်းနှိပ်စက်မှုနဲ့ အလုပ်ကြမ်းစခန်းတွေမှ ပင်ပမ်းလွန်းတဲ့ဒဏ်တွေ အပါအဝင် ဖိနှိပ်မှုမျိုးစုံနဲ့ လူ ၂ သန်းလောက် သေဆုံးခဲ့ရတာဟာ ဗီယက်နမ်နိုင်ငံကြောင့်လို့ ပြောဆိုထားတာပါ။

လူတော်တော်များများဟာလည်း ရိုက်နှက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီး၊ နောက်ပိုင်းမှာ ကမ္ဘောဒီးယားရဲ့ လူသတ်ကွင်းအဖြစ်နဲ့လည်း ထင်ရှားခဲ့ပါတယ်။ လတ်တလော တသက်တကျွန်း ပြစ်ဒဏ်ကျခံနေရတဲ့ ခမာနီခေါင်းဆောင်ဟောင်း ၂ ဦးဟာ အစောပိုင်း တရားခွင်တခုမှာလည်း လူတွေကို အစုလိုက်အပြုံလိုက် အတင်းအကျပ် ရွှေ့ပြောင်းမှုတွေနဲ့ လက်စဖျောက်တဲ့ လုပ်ရပ်တွေအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG