သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဆိုဗိုသမ္မတ စစ်ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရ


ကိုဆိုဗိုသမ္မတ Hashim Thaci
ကိုဆိုဗိုသမ္မတ Hashim Thaci

(Zawgyi/Unicode)

စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ခံထားရကြောင်း ကိုဆိုဗိုသမ္မတ Hashim Thaciက ကြာသပတေးနေ့က အတည်ပြု ပြောဆိုလိုက်ပါတယ်။

သူ့အပေါ် အခုလို စွဲချက်တင်ထားတာကြောင့် ရာထူးက နုတ်ထွက်မယ်ဆိုတဲ့ ကတိအတိုင်း သမ္မတ ရာထူးက နုတ်ထွက်မယ် လို့ လည်း သတင်းစာ ရှင်းလင်းပွဲမှာThaciက ပြောပါတယ်။ သတင်းစာ ရှင်းလင်းပွဲ အပြီး Thaci က ကိုဆိုဗို သူပုန်ခေါင်းဆောင်ဟောင်း နှစ်ယောက်နဲ့အတူ နယ်သာလန်နိုင်ငံက တရားရုံးမှာ တရားရင်ဆိုင်ဖို့ the Hague မြို့ ကို ထွက်ခွာသွားတယ်လို့ ဒေသခံ မီဒီယာ တွေကို ကိုးကားပြီး AFP သတင်းက ပြောပါတယ်။

၁၉၉၈-၉၉ စစ်ဖြစ်ချိန် ဆာဘီးယား လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့စဉ်တုန်းကThaciက အယ်လ်ဘေးနီးယား တိုင်းရင်းသား ပျောက်ကြား တပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ ကိုဆိုဗို လွတ်မြောက်ရေးတပ်(UCK)ရဲ့ တပ်မှူး တစ်ဦး ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ၊ the Hague မြို့ အခြေစိုက် ကိုဆိုဗိုဆိုင်ရာ တရားစွဲဆိုရေး ကျွမ်းကျင်သူ ရုံးအဖွဲ့ (Specialist Prosecutors’ Office)က ကိုဆိုဗို သမ္မတThaciနဲ့ တခြား သံသယ တရားခံတွေကို လူသတ်မှု ၁၀၀ နီးပါး မှာ ရာဇဝတ်ကြောင်းအရ တာဝန်ရှိသူ တွေ အဖြစ် စွပ်စွဲထားတာပါ။

အဲဒီလို စွပ်စွဲခံထားရတဲ့ အထဲ ရာချီတဲ့ ကိုဆိုဗို အယ်လ်ဘေးနီးယား၊ ဆာ့ဘ်၊Romaနဲ့ တစ်ခြား တိုင်းရင်းသားတွေနဲ့ အတူ အတိုက် အခံတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပါဝင်တယ်လို့ တရားစွဲဆိုရေးဆိုင်ရာ ကျွမ်းကျင်သူ ရုံးအဖွဲ့(SPO)က ပြောပါတယ်။
ကိုဆိုဗို သမ္မတThaciကတော့ စစ်ရာဇဝတ်တွေမှာ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ကိုဆိုဗိုသမ္မတ စစ်ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံရ
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်


............

ကိုဆိုဗိုသမ်မတ စဈရာဇဝတျမှုနဲ့စှဲခကြျတငျခံရ

(Unicode)






XS
SM
MD
LG