သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Serb စစ်ခေါင်းဆောင် Ratko Mladic ကို တသက်တကျွန်း ပြစ်ဒဏ်ချ


Serb စစ်ခေါင်းဆောင် Ratko Mladic
Serb စစ်ခေါင်းဆောင် Ratko Mladic

ယူဂိုစလားဗီးယားနိုင်ငံ မပြိုကွဲခင် ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း လက်နက်ကိုင် ပဋိပက္ခမှာ စစ်ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့မှုတွေအတွက် ဘော့စ်နီးယားဆဗ်တပ်ဖဲ့ွခေါင်းဆောင် Ratko Mladic ကို နယ်သာလန်နိုင်ငံ the Hague မြို့က ကုလသမဂ္ဂရဲ့ ယူဂိုဆလားဗီးယားဆိုင်ရာ စစ်ရာဇဝတ်ခုံရုံးက ဒီကနေ့ပဲ တသက်တကျွန်း စီရင်ချက်ချလိုက်ပါတယ်။

အပြစ်ပေးအရေးယူတာတွေ၊ သုတ်သင်ရှင်းလင်းမှုတွေ၊ သတ်ဖြတ်မှုတွေ၊ နေရပ်ကနှင်ထုတ်တာတွေ၊ အရပ်သားတွေအပေါ် ဥပဒေမဲ့ တိုက်ခိုက်မှုတွေ အပါအဝင် စွဲချက်ပေါင်း ၁၁ ခုအနက် ၁၀ ခုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ လူမျိုးတုန်းသတ်ဖြတ်မှု၊ သုတ်သင်ရှင်းလင်းမှုတွေလို၊ လူသားထုအပေါ် ကျုးလွန်တဲ့ အကျည်းတန်ဆုံး ရာဇဝတ်မှုတွေထဲမှာ အပါအဝင်ဖြစ်ခဲ့ကြောင်းလည်း စီရင်ချက်ကို ဖတ်ကြားရာမှာ တရားသူကြီး Alphons Orie ကပြောဆိုလိုက်ပါတယ်။

စစ်ခေါင်းဆောင်ဟောင်း Mladic ဟာ Srebrenica မြို့က ဘော့စနီးယား မူဆလင်တွေကို ရှင်းလင်းဖျက်ဆီးဖို့ ရည်ရွယ်ခဲ့ကြောင်းနဲ့ Sarajevo မြို့မှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ လက်ဖြောင့်သေနတ်သမားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ထိတ်လန့်ကြောက်ရွံ့အောင်၊ အရပ်သားတွေ သေဆုံးအောင် ကိုယ်တိုင်ညွှန်ကြားခဲ့ကြောင်းလည်း ခုံရုံးက ဆုံးဖြတ်ခဲ့တာပါ။

ဘော့စနီးယား ဆဗ်လူမျိုးတွေသာရှိမယ့် သမ္မတနိုင်ငံတော် ထူထောင်ဖို့ ရည်ရွယ်ကြိုးပမ်းလိုတဲ့ သဘောထားတွေကိုလည်း တရားရုံး ထောက်ပြခဲ့ပါတယ်။ အသက် ၇၅ နှစ် ရှိနေပြီဖြစ်တဲ့ Mladic ဒီကနေ့ တရားခွင်ကို ရောက်လာခဲ့ပေမဲ့ စီရင်ချက်ချမယ့်အချိန်မှာပဲ သန့်စင်ခန်းသွားဖို့ ခွင့်တောင်းခဲ့တာကြောင့်၊ တရားသူကြီးက ၅ မိနစ် အချိန်ပေးခဲ့ပေမဲ့ ၄၅ မိနစ်အထိ ကြာမြင့်ခဲ့တာပါ။

တရားခွင်ပြန်စချိန်မှာလည်း အကျိုးဆောင်ရှေ့နေက သူ့အမှုသည်ဟာ စိုးရိမ်ရလောက်အောင် သွေးတိုးနေကြောင်း ပြောဆိုခဲ့ပြီး၊ စီရင်ချက်ကို ဆက်မဖတ်ဖို့ ဒါမှမဟုတ်ဘည်း ဆုံးဖြတ်ချက်ကို ကျော်ဖတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း တရားသူကြီးကတော့ အစီအစဉ်အတိုင်း ဆောင်ရွက်မယ့် အကြောင်း ပြောဆိုခဲ့ရာက ဒေါသပေါက်ကွဲခဲ့တဲ့ Mladic ကို တရားခွင်ကနေ ခေါ်ထုတ်သွားဖို့လည်း တရားသူကြီးက အမိန့်ပေးခဲ့ရပါတယ်။

Serb စစ်ခေါင်းဆောင် Ratko Mladic ကို တသက်တကျွန်း ပြစ်ဒဏ်ချ
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG