သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆာဘီးယား စစ်ခေါင်းဆောင် ဖမ်းဆီးမှု ကန့်ကွက်ဆန္ဒပြ


ဆာဘီးယား စစ်ခေါင်းဆောင် ဖမ်းဆီးမှု ကန့်ကွက်ဆန္ဒပြ
ဆာဘီးယား စစ်ခေါင်းဆောင် ဖမ်းဆီးမှု ကန့်ကွက်ဆန္ဒပြ

ဆာဘီးယားမှာ စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲခံထားရသူ ရတ်ကို မလာဒစ်ရှ် (Ratko Mladic) ကို ဖမ်းဆီးခဲ့မှုအပေါ် ကန့်ကွက်ကြတဲ့ ဘဲလ်ဂရိတ် (Belgrade) မြို့တော်က ဆန္ဒပြပွဲ အဆုံးသတ်ချိန်မှာ ဆန္ဒပြသူတွေက ရဲတွေကို ပုလင်းတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့လို့ အကြမ်းဖက်အသွင် ပြောင်းခဲ့ပါတယ်။

မလာဒစ်ရှ်ကို ဖမ်းတဲ့အတွက် ဆန့်ကျင် ဆန္ဒပြကြဖို့ ဆာဘီးယားက အမျိုးသားရေး အယူစွဲပြင်းထန်တဲ့ ရက်ဒီကယ်လ် (Radical) ပါတီက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြဖို့ ဆော်သြထားတာပါ။ ဒါပေမဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲမှာ ကြမ်းကြမ်းရမ်းရမ်းရှိသူ တချို့က အမှိုက်ပုံးတွေကို မှောက်၊ မီးရှူး မီးပန်းတွေ ပစ်ဖောက်၊ ဆိုင်ပြတင်းပေါက်တွေကို ရိုက်ခွဲ ဖျက်ဆီးခဲ့ကြပါတယ်။

အနည်းဆုံး အယောက် ၇၀ အဖမ်းခံရသလို ၁၂ ယောက်လောက် ဒဏ်ရာရသွားကြပြီး တချို့လည်း တော်တော်လေး အခြေအနေ ဆိုးတယ်လို့ ဆာဘီးယား ရုပ်သံသတင်းက ထုတ်လွှင့်သွားပါတယ်။

ရဲ ၁ ယောက်နဲ့ လူ ၃ ယောက်ကို အရေးပေါ်ကို ပို့ခဲ့ရပါတယ်။ လူပေါင်း ၁၀,၀၀၀ လောက်ရှိမယ့် ဆန္ဒပြပွဲမှာ မလာဒစ်ရှ်ရဲ့ ဇနီးနဲ့ သားတို့လည်း ပါဝင် ဆန္ဒပြကြပါတယ်။

၁၉၉၅ ခုနှစ်တုန်းက ဆာဘရန်နီဆာ (Serbrenica) မြို့မှာ မွတ်ဆလင် အမျိုးသားနဲ့ ယောက်ျားလေးပေါင်း ၈,၀၀၀ လောက်အထိကို သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး မလာဒစ်ရှ်ကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တရားစွဲထားပါတယ်။

ဒုတိယကမ္ဘာစစ်ပွဲ နောက်ပိုင်း ဥရောပမှာ အဆိုးဝါးဆုံး လူတွေ အစုလိုက် အပြုံလိုက် အသတ်ခံရမှုမှာ သူ့အဖေနဲ့ လုံးဝ မပတ်သက်ပါဘူးလို့ မလာဒစ်ရှ်ရဲ့သားက သတင်းထောက်တွေကို တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

သူ့ဖခင်ဟာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ လက်နက်စွဲကိုင် တိုက်ခိုက်သူတွေ အများကြီးကိုတောင် ကယ်ဆယ်ပေးခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ တခြားဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက သူ့အဖေမသိဘဲ ဖြစ်ခဲ့တာလို့ ဒရေကို မလာဒစ်ရှ် (Drako Mladic) က ပြောပါတယ်။

XS
SM
MD
LG