သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္ ၿငိမ္းခ်မ္းေရးအလားအလာ တာလီဘန္ တို႔ အီရန္ကိုသြားေရာက္ရွင္းျပ 


Taliban ကိုယ္စားလွယ္မ်ား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ တက္ေရာက္ (၂၀၂၀ စက္တင္ဘာလ)

(Zawgyi/Unicode)

အာဖဂန္ တာလီဘန္ အဆင့္ျမင့္ ေခါင္းေဆာင္အဖြဲ႕ တစ္ဖြဲ႕ အဂၤါေန႔က အီရန္နိုင္ငံကို သြားေရာက္ၿပီး အေမရိကန္ ၾကားဝင္ ေစ့စပ္ ေပးတဲ့ ၿငိမ္းခ်မ္းေရး ေစ့စပ္ ေဆြးေႏြးပြဲေတြအေပၚ အျမင္ခ်င္း ဖလွယ္ခဲ့ၾကပါတယ္။ အာဖဂန္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို ျပန္လွန္ သုံးသပ္ဖို႔အတြက္ တာလီဘန္ကိုယ္စားလွယ္အဖြဲ႕ Tehran ၿမိဳ႕ ကို လာေရာက္ဖို႔ အီရန္က တရားဝင္ ဖိတ္ၾကားခဲ့တာလို႔ အီရန္ နိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ Saeed Khatibzadeh က ေျပာပါတယ္။

တာလီဘန္တို႔ကို ဖိတ္ၾကားခဲ့တာက အာဖဂန္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ အဓိက က်တဲ့ အဖြဲ႕ေတြကို အကူအညီေပးဖို႔ အီရန္ရဲ့ မူဝါဒ တစိတ္တပိုင္း လုပ္ေဆာင္ခ်က္လို႔Saeed Khatibzadeh ကို ကိုးကားၿပီး အီရန္ နိုင္ငံပိုင္ သတင္းဌာနက ေျပာပါတယ္။

တာလီဘန္ ဧည့္သည္ေတြက အီရန္ အဆင့္ျမင့္ အရာရွိေတြနဲ႔ ေဆြးေႏြးခဲ့ၿပီး အီရန္ နိုင္ငံျခားေရး ဝန္ႀကီး Javad Zarif နဲ႔ ေတြ႕ဆုံဖို႔ ရွိတယ္လို႔ လည္း အီရန္ ေျပာခြင့္ရ Saeed က ေျပာပါတယ္။

ကာတာနိုင္ငံ ဒိုဟာၿမိဳ႕က နိုင္ငံေရး႐ုံးကို ဦးေဆာင္ေနသူတာလီဘန္ ဒုတိယေခါင္းေဆာင္ Mullah Abdul Ghani Baradar က တာလီဘန္ ကိုယ္စားလွယ္ အဖြဲ႕ကို ဦးေဆာင္လာတာပါ။

တာလီဘန္တို႔ဘက္ကေတာ့ အီရန္ တာဝန္ရွိသူေတြနဲ႔ အိမ္နီးခ်င္း ႏွစ္နိုင္ငံ ဆက္ဆံေရးနဲ႔ အာဖဂန္နဲ႔ ေဒသတြင္း လက္ရွိ နိုင္ငံေရး စီးပြားအေျခအေနေတြကို ေဆြးေႏြးမယ္လို႔ တရားဝင္ ထုတ္ျပန္ေၾကညာထားေပမယ့္ အေသးစိတ္ ထပ္မံ ေျပာၾကားျခင္း မရွိပါဘူး။

တာလီဘန္တို႔ကို အခုလို ဖိတ္ၾကားတာက အာဖဂန္ နစၥတန္မွာ ၿငိမ္းခ်မ္းေရး ရရွိဖို႔အေရး အီရန္တို႔ ပါဝင္ပတ္သက္ဖို႔ ဆႏၵ ျပင္းျပေန ၿပီး အေမရိကန္နဲ႔ဆက္ဆံေရး တိုးတက္ခ်င္ေနတာကို သမၼတ Joe Biden ရဲ့ အစိုးရသစ္ကို အီရန္တို႔ ျပသလိုတာေၾကာင့္လို႔ ေလ့လာ သူေတြက သုံးသပ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

အာဖဂန် ငြိမ်းချမ်းရေးအလားအလာ တာလီဘန် တို့ အီရန်ကိုသွားရောက်ရှင်းပြ

(Unicode)

အာဖဂန် တာလီဘန် အဆင့်မြင့် ခေါင်းဆောင်အဖွဲ့ တစ်ဖွဲ့ အင်္ဂါနေ့က အီရန်နိုင်ငံကို သွားရောက်ပြီး အမေရိကန် ကြားဝင် စေ့စပ် ပေးတဲ့ ငြိမ်းချမ်းရေး စေ့စပ် ဆွေးနွေးပွဲတွေအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။ အာဖဂန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လှန် သုံးသပ်ဖို့အတွက် တာလီဘန်ကိုယ်စားလှယ်အဖွဲ့ Tehran မြို့ ကို လာရောက်ဖို့ အီရန်က တရားဝင် ဖိတ်ကြားခဲ့တာလို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Saeed Khatibzadeh က ပြောပါတယ်။

တာလီဘန်တို့ကို ဖိတ်ကြားခဲ့တာက အာဖဂန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဓိက ကျတဲ့ အဖွဲ့တွေကို အကူအညီပေးဖို့ အီရန်ရဲ့ မူဝါဒ တစိတ်တပိုင်း လုပ်ဆောင်ချက်လို့Saeed Khatibzadeh ကို ကိုးကားပြီး အီရန် နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

တာလီဘန် ဧည့်သည်တွေက အီရန် အဆင့်မြင့် အရာရှိတွေနဲ့ ဆွေးနွေးခဲ့ပြီး အီရန် နိုင်ငံခြားရေး ဝန်ကြီး Javad Zarif နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ လည်း အီရန် ပြောခွင့်ရ Saeed က ပြောပါတယ်။

ကာတာနိုင်ငံ ဒိုဟာမြို့က နိုင်ငံရေးရုံးကို ဦးဆောင်နေသူတာလီဘန် ဒုတိယခေါင်းဆောင် Mullah Abdul Ghani Baradar က တာလီဘန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်လာတာပါ။

တာလီဘန်တို့ဘက်ကတော့ အီရန် တာဝန်ရှိသူတွေနဲ့ အိမ်နီးချင်း နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ အာဖဂန်နဲ့ ဒေသတွင်း လက်ရှိ နိုင်ငံရေး စီးပွားအခြေအနေတွေကို ဆွေးနွေးမယ်လို့ တရားဝင် ထုတ်ပြန်ကြေညာထားပေမယ့် အသေးစိတ် ထပ်မံ ပြောကြားခြင်း မရှိပါဘူး။

တာလီဘန်တို့ကို အခုလို ဖိတ်ကြားတာက အာဖဂန် နစ္စတန်မှာ ငြိမ်းချမ်းရေး ရရှိဖို့အရေး အီရန်တို့ ပါဝင်ပတ်သက်ဖို့ ဆန္ဒ ပြင်းပြနေ ပြီး အမေရိကန်နဲ့ဆက်ဆံရေး တိုးတက်ချင်နေတာကို သမ္မတ Joe Biden ရဲ့ အစိုးရသစ်ကို အီရန်တို့ ပြသလိုတာကြောင့်လို့ လေ့လာ သူတွေက သုံးသပ်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG