သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှု စိုးရိမ်ရတဲ့နိုင်ငံတွေထဲ ကန် ထည့်သွင်း


(Zawgyi/Unicode)

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၁၀ နိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်ရာမှာ အထူး စိုးရိမ်ရတဲ့ နိုင်ငံတွေအဖြစ် ထည့်သွင်း သတ်မှတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၇ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဘာသာရေး လွတ်လပ်မှုကို ပုံစံသွင်းပြီး ဆိုးဆိုးရွားရွား ဆက်လက် ချိုးဖောက်နေတဲ့ နိုင်ငံတွေကို အရေးယူတဲ့ ၁၉၉၈ ခုနှစ်၊ နိုင်ငံ တကာ ဘာသာရေး လွတ်လပ်ခွင့် အက် ဥပဒေ International Religious Freedom Act of 1998 အရ အခုလို ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ အတူ တရုတ်၊ အီရီထရီးယား၊ အီရန်၊ နိုင်ဂျီးရီးယား၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ဆော်ဒီ အာရေဘီးယား၊ တာဂျစ် ကစ္စတန်နဲ့ တာ့ခ်မင်နစ္စတန် နိုင်ငံတွေလည်း ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှု စိုးရိမ်ရတဲ့ နိုင်ငံတွေ အဖြစ် ထည့်သွင်း သတ်မှတ် ခံရပါတယ်။

အဲဒီနိုင်ငံတွေ နည်းတူ al-Shabaab, al-Qa’ida, Boko Haram, Hayat Tahrir al-Sham, the Houthis, Jamaat Nasr al-Islam wal Muslimin၊ ISIS, ISIS နဲ့ဆက်နွယ်နေတဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ Taliban အဖွဲ့တွေကိုလည်း ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှု အထူး စိုးရိမ်ရတဲ့ အဖွဲ့တွေ အဖြစ် သတ်မှတ် လိုက်ပါတယ်။

ဒါ့အပြင်၊ Comoros၊ ကျူးဘား၊ နိုင်ကာရာဂွာနဲ့ ရုရှားနိုင်ငံတွေကို အထူး စောင့်ကြည့်ရမယ့်နိုင်ငံတွေ စာရင်းမှာ ထည့်သွင်းထား ပါတယ်။ အဲဒီ နိုင်ငံတွေရဲ့ အစိုးရတွေက ဘာသာရေး လွတ်လပ်ခွင့်ကို ဆိုးဆိုးရွားရွား ချိုးဖောက်နေတာကို လက်ခံ ဒါမှမဟုတ် သူတို့ ကိုယ်တိုင်က ပါဝင် ဆောင်ရွက်နေတဲ့အတွက် အခုလို သတ်မှတ်တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ဆူဒန်နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတွေမှာတော့ တိုးတက်မှုတွေ ရှိတာကြောင့် အထူး စောင့်ကြည့်ရမယ့် စာရင်းကနေ ပယ်ဖျက်ကြောင်း လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)






XS
SM
MD
LG