သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သာသနာ႔၀န္ထမ္းမဲေပးခြင္႔ ခရစ္ယာန္ဂိုဏ္းခ်ဳပ္ ခ်ာလ္းစ္ဘို ေတာင္းဆို 


ကက္သလစ္ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး ခ်ားလ္စ္ဘို

(Zawgyi/Unicode)

ျမန္မာႏိုင္ငံရဲ႕ လက္ရွိ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ ျပဌာန္းထားတဲ့ သာသာနာ့၀န္ထမ္းေတြ ေရြးေကာက္ပြဲမွာ မဲေပးပိုင္ခြင့္ မရွိဘူးဆိုတဲ့ အခ်က္ကို ပယ္ဖ်က္ေပးဖို႔ ခရစ္ယာန္ ရဟန္းအမတ္ Cardinal Charles Bo က ေမတၱာရပ္ခံလိုက္ပါတယ္။

အေျခခံ ဥပေဒ ျပဌာန္းခ်က္အမွတ္ ၃၉၂ အရ ဗုဒၶဘာသာ ရဟန္းေတာ္ေတြ၊ သီလရွင္ေတြ၊ ခရစ္ယာန္ ကက္သလစ္ ဆရာေတာ္၊ ခရစ္ယာန္ သီလရွင္ေတြနဲ႔ မူဆလင္ တရားေဟာဆရာေတြ ေရြးေကာက္ပြဲေတြမွာ မဲေပးပိုင္ခြင့္ကို ပိတ္ပင္ထားပါတယ္။

ရဟန္းအမတ္ ဆရာေတာ္ တစ္ပါးအေနနဲ႔ ႏုိင္ငံသားေတြ မဲေပးၾကဖို႔ ေၾကညာခ်က္ေတြ ထုတ္ျပန္ျပီး မိန္႔ခြန္းေတြ ျမြက္ၾကားႏိုင္ေပမယ့္ ကိုယ္ကိုယ္တိုင္ကေတာ့ မဲေပးခြင့္ မရဘူးလို႔ Cardinal Charles Bo က ေထာက္ျပပါတယ္။ ဒါဟာ အလြန္႔ကို ထူးတဲ့ အစီအမံ တစ္ရပ္ျဖစ္ျပီး တစ္ျခား ဒီမိုကေရစီႏုိင္ငံေတြမွာ ဒါဟာ လိုအပ္ခ်က္တစ္ခုျဖစ္တယ္လို႔ သူ႔အေနနဲ႔ သတိျပဳမိျခင္း မရွိဘူးလို႔လည္း ဆိုပါတယ္။

ေရႊေရာင္လႊမ္းတဲ့ ျမန္မာျပည္မွာ ျပည္သူျပည္သားေတြအတြက္ေတာ့ လူသား ဂုဏ္သိကၡာနဲ႔ အမ်ားအက်ိဳးေဆာင္ဖို႔အတြက္ မဲေပးပိုင္ခြင့္ ဆိုတာ ထူးကဲမြန္ျမတ္တဲ့ အခြင့္အေရးတစ္ရပ္ျဖစ္ေၾကာင္း၊ ဒီ တာ၀န္ကို ေရွာင္ရွားသူေတြဟာ ကိုယ့္အႏၱရာယ္ကို သိရမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဘာသာေရး အစဥ္အလာေတြ ျပည့္ဖုံးေနျပီး ဘာသာေရး ေခါင္းေဆာင္ေတြက စာရိတၱပိုင္းဆုိင္ရာ ေခါင္းေဆာင္သူေတြအျဖစ္ ေဆာင္ရြက္ေနတဲ့ ႏုိင္ငံမွာ ဘာပါတီ ဘယ္ေခါင္းေဆာင္ကို မဲေပးပါလို႔ေတာ့ သူ႔အေနနဲ႔ ေျပာၾကားလိုျခင္း မရွိဘူးလို႔လည္း ဆိုပါတယ္။ ဒါေပမဲ့ ဘာသာေရး ေခါင္းေဆာင္ေတြအေနနဲ႔ ႏုိင္ငံသူ ႏုိင္ငံသားေတြကို မိမိတို႔ တန္ဖိုးကို အေျခခံျပီး ကိုယ္လိုခ်င္တဲ့ ေခါင္းေဆာင္ကို ေရြးခ်ယ္ မဲေပးဖို႔ တိုက္တြန္းဖို႔ တာ၀န္ရွိတယ္လို႔လည္း Cardinal Bo က ေျပာပါတယ္။

အသက္ ၇၁ ႏွစ္ အရြယ္ရွိျပီျဖစ္တဲ့ Cardinal Charles Bo ဟာ ျငိမ္းခ်မ္းေရးသာ တစ္ခုတည္းေသာ နည္းလမ္းျဖစ္သလို ျငိမ္းခ်မ္းေရးရဖို႔ ျဖစ္ႏိုင္ေၾကာင္းကိုလည္း သူရဲ႕ ၂၀၂၀ ျပည္ႏွစ္ ႏွစ္သစ္ကူး သ၀ဏ္လႊာမွာ ထုတ္ေဖာ္ေရးသားခဲ့သူ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

သာသနာ့ဝန်ထမ်းမဲပေးခွင့် ခရစ်ယာန်ဂိုဏ်းချုပ် ချာလ်းစ်ဘို တောင်းဆို

(Unicode)

မြန်မာနိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ သာသာနာ့ဝန်ထမ်းတွေ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် မရှိဘူးဆိုတဲ့ အချက်ကို ပယ်ဖျက်ပေးဖို့ ခရစ်ယာန် ရဟန်းအမတ် Cardinal Charles Bo က မေတ္တာရပ်ခံလိုက်ပါတယ်။

အခြေခံ ဥပဒေ ပြဌာန်းချက်အမှတ် ၃၉၂ အရ ဗုဒ္ဓဘာသာ ရဟန်းတော်တွေ၊ သီလရှင်တွေ၊ ခရစ်ယာန် ကက်သလစ် ဆရာတော်၊ ခရစ်ယာန် သီလရှင်တွေနဲ့ မူဆလင် တရားဟောဆရာတွေ ရွေးကောက်ပွဲတွေမှာ မဲပေးပိုင်ခွင့်ကို ပိတ်ပင်ထားပါတယ်။

ရဟန်းအမတ် ဆရာတော် တစ်ပါးအနေနဲ့ နိုင်ငံသားတွေ မဲပေးကြဖို့ ကြေညာချက်တွေ ထုတ်ပြန်ပြီး မိန့်ခွန်းတွေ မြွက်ကြားနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ မဲပေးခွင့် မရဘူးလို့ Cardinal Charles Bo က ထောက်ပြပါတယ်။ ဒါဟာ အလွန့်ကို ထူးတဲ့ အစီအမံ တစ်ရပ်ဖြစ်ပြီး တစ်ခြား ဒီမိုကရေစီနိုင်ငံတွေမှာ ဒါဟာ လိုအပ်ချက်တစ်ခုဖြစ်တယ်လို့ သူ့အနေနဲ့ သတိပြုမိခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။

ရွှေရောင်လွှမ်းတဲ့ မြန်မာပြည်မှာ ပြည်သူပြည်သားတွေအတွက်တော့ လူသား ဂုဏ်သိက္ခာနဲ့ အများအကျိုးဆောင်ဖို့အတွက် မဲပေးပိုင်ခွင့် ဆိုတာ ထူးကဲမွန်မြတ်တဲ့ အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း၊ ဒီ တာဝန်ကို ရှောင်ရှားသူတွေဟာ ကိုယ့်အန္တရာယ်ကို သိရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဘာသာရေး အစဉ်အလာတွေ ပြည့်ဖုံးနေပြီး ဘာသာရေး ခေါင်းဆောင်တွေက စာရိတ္တပိုင်းဆိုင်ရာ ခေါင်းဆောင်သူတွေအဖြစ် ဆောင်ရွက်နေတဲ့ နိုင်ငံမှာ ဘာပါတီ ဘယ်ခေါင်းဆောင်ကို မဲပေးပါလို့တော့ သူ့အနေနဲ့ ပြောကြားလိုခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ဘာသာရေး ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံသူ နိုင်ငံသားတွေကို မိမိတို့ တန်ဖိုးကို အခြေခံပြီး ကိုယ်လိုချင်တဲ့ ခေါင်းဆောင်ကို ရွေးချယ် မဲပေးဖို့ တိုက်တွန်းဖို့ တာဝန်ရှိတယ်လို့လည်း Cardinal Bo က ပြောပါတယ်။

အသက် ၇၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Cardinal Charles Bo ဟာ ငြိမ်းချမ်းရေးသာ တစ်ခုတည်းသော နည်းလမ်းဖြစ်သလို ငြိမ်းချမ်းရေးရဖို့ ဖြစ်နိုင်ကြောင်းကိုလည်း သူရဲ့ ၂၀၂၀ ပြည်နှစ် နှစ်သစ်ကူး သဝဏ်လွှာမှာ ထုတ်ဖော်ရေးသားခဲ့သူ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG