သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့် ကန်နိုင်ငံခြားရေးဝါဒမှာ ဦးစားပေး


နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ဂုဏ်ထူးဆောင် သံအမတ်ကြီး Sam Brownback
နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ဂုဏ်ထူးဆောင် သံအမတ်ကြီး Sam Brownback

အမေရိကန် နိုင်ငံခြားရေးဌာနဟာ ဘာသာရေးလွတ်လပ်ခွင့် ထွန်းကားရေးကို နိုင်ငံခြားရေးမူဝါဒရဲ့ ဦးစားပေးကိစ္စအဖြစ် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဘာသာရေးနှိပ်ကွပ်မှုကနေ လွတ်မြောက်လာကြတဲ့ မြောက်ကိုရီးယား၊ ရိုဟင်ဂျာ၊ ဝှီဂါ၊ ယာဇီးဒီ စတဲ့ လူတချို့ကို ဖိတ်ခေါ်ပြီး ဒီပြဿနာ ဘယ်လောက် အရေးကြီးနေတယ်ဆိုတာ နောက်သီတင်းပတ်ထဲ ဝါရှင်တန်မြို့တော်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒမှာ စတင်လုပ်ဆောင်မှု တရပ် ဖြစ်တယ်လို့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ဂုဏ်ထူးဆောင် သံအမတ်ကြီး Sam Brownback က ဆိုပါတယ်။ ဒီပြသနာဟာ အာရုံစူးစိုက်မှု အလုံအလောက် မရခဲ့သေးတဲ့ ပြဿနာတရပ် ဖြစ်တယ်လို့လည်း တယ်လီဖုန်းက တဆင့် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောကြားသွားပါတယ်။

ဘာသာရေးအုပ်စုနဲ့ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ နိုင်ငံခြားရေး ဝန်ကြီးတွေ အပါဝင် လူပေါင်း ၁,၀၀၀ ကျော် နိုင်ငံခြားရေးဌာနမှာ ဇူလိုင် ၁၆ က ၁၈ ထိ ကမ္ဘာတဝှမ်း ဘာသာရေးလွတ်လပ်ခွင့် အခြေအနေတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မကြာသေးမီက တိုက်ခိုက်ခံခဲ့ရတဲ့ San Diego မြို့က ဂျူးဘုရားကျောင်း၊ နယူးဇီလန်က ဗလီတွေနဲ့ အီစတာတုန်းက ဗုံးခွဲခြင်းခံရတဲ့ သီရီလင်္ကာနိုင်ငံတွေက ကိုယ်စားလှယ်တွေပါ ဒီဆွေးနွေးပွဲကို တက်ရောက်ကြမယ်လို့ မျှော်လင့်ရပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အဓိက စိုးရိမ်စရာ ဖြစ်နေတယ်လို့ အမေရိကန်က သတ်မှတ်ထားတဲ့ တရုတ်နဲ့ မြန်မာအပါအဝင် နိုင်ငံတချို့ရဲ့ အစိုးရ ကိုယ်စားလှယ်တွေကိုတော့ ဒီဆွေးနွေးပွဲကို ဖိတ်ကြားခြင်း မရှိဘူးလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG