(Zawgyi / Unicode)
အေမရိကန္နဲ႔ တာလီဘန္တို႔ၾကား မႏွစ္ကရရွိခဲ့တဲ့ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ကို ျပန္ၿပီးသံုးသပ္မွာျဖစ္ေၾကာင္း အေမရိကန္ အမ်ိဳးသားလံုၿခံဳေရးအႀကံေပး Jake Sullivan က အာဖဂန္နစၥတန္ အမ်ိဳးသားလံုၿခံဳေရးအႀကံေပးကို ေသာၾကာေန႔က တယ္လီဖုန္းနဲ႔ ဆက္သြယ္ေျပာၾကားခဲ့တယ္လို႔ သမၼတအိမ္ျဖဴေတာ္က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။
၂၀၂၀ ေဖေဖာ္ဝါရီမွာ ရခဲ့တဲ့ ဒီသေဘာတူညီခ်က္အရ အေမရိကန္တပ္ေတြကို အာဖဂန္နစၥတန္ကေန ၂၀၂၁ ေမလမွာ ႐ုပ္သိမ္းေပးရမွာျဖစ္ၿပီး အျပန္အလွန္အေနနဲ႔ တာလီဘန္ေတြဘက္က အၾကမ္းဖက္ႏွိမ္နင္းေရးကို အာမခံရမွာ ျဖစ္ပါတယ္။
ဒါေပမယ့္ အာဖဂန္မွာ အၾကမ္းဖက္မႈေတြ တိုးလာေနသလို အာဖဂန္အစိုးရနဲ႔ တာလီဘန္တို႔ၾကား အပစ္အခတ္ ရပ္စဲၾကဖို႔ ႏုိင္ငံတကာက ေတာင္းဆုိလာၾကတာပါ။
အာဖဂန္မွာ အပစ္အခတ္ရပ္စဲေရး၊ အာဏာခြဲေဝေရးေတြလို ကိစၥရပ္ေတြကို ေဆြးေႏြးဖို႔ ဆက္ၿပီး က်င္းပတဲ့ ဒုတိယအႀကိမ္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြအတြက္ Sullivan နဲ႔ အာဖဂန္အမ်ိဳးသားလံုၿခံဳေရး အႀကံေပး Hamdullah Mohib တို႔ ဒီလအေစာပိုင္းမွာ ပထမအခ်ီ ေတြ႔ဆံုပြဲ ျပဳလုပ္ခဲ့ပါတယ္။
တာလီဘန္ေတြအေနနဲ႔ သူတို႔ကတိေပးထားတဲ့အတိုင္း အၾကမ္းဖက္အဖြဲ႔ေတြနဲ႔ အဆက္သြယ္ျဖတ္မျဖတ္၊ အၾကမ္းဖက္မႈေတြ ေလွ်ာ့မေလွ်ာ့နဲ႔ အာဖဂန္အစိုးရနဲ႔ တျခားအဖြဲ႔ေတြၾကား အဓိပၸာယ္ရွိတဲ့ ညႇိႏႈိင္းမႈေတြလုပ္မလုပ္ ျပန္သံုးသပ္မွာ ျဖစ္ေၾကာင္း Sullivan က အဲဒီေတြ႔ဆံုပြဲမွာ ေျပာၾကားခဲ့တယ္လုိ႔ သမၼတအိမ္ျဖဴက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။
--------------------------
(Unicode)
ကန်-တာလီဘန် သဘောတူညီချက်ကို Biden အစိုးရ ပြန်သုံးသပ်မည်
အမေရိကန်နဲ့ တာလီဘန်တို့ကြား မနှစ်ကရရှိခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြန်ပြီးသုံးသပ်မှာဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က အာဖဂန်နစ္စတန် အမျိုးသားလုံခြုံရေးအကြံပေးကို သောကြာနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။
၂၀၂၀ ဖေဖော်ဝါရီမှာ ရခဲ့တဲ့ ဒီသဘောတူညီချက်အရ အမေရိကန်တပ်တွေကို အာဖဂန်နစ္စတန်ကနေ ၂၀၂၁ မေလမှာ ရုပ်သိမ်းပေးရမှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ တာလီဘန်တွေဘက်က အကြမ်းဖက်နှိမ်နင်းရေးကို အာမခံရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အာဖဂန်မှာ အကြမ်းဖက်မှုတွေ တိုးလာနေသလို အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ကြား အပစ်အခတ် ရပ်စဲကြဖို့ နိုင်ငံတကာက တောင်းဆိုလာကြတာပါ။
အာဖဂန်မှာ အပစ်အခတ်ရပ်စဲရေး၊ အာဏာခွဲဝေရေးတွေလို ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ဆက်ပြီး ကျင်းပတဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် Sullivan နဲ့ အာဖဂန်အမျိုးသားလုံခြုံရေး အကြံပေး Hamdullah Mohib တို့ ဒီလအစောပိုင်းမှာ ပထမအချီ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။
တာလီဘန်တွေအနေနဲ့ သူတို့ကတိပေးထားတဲ့အတိုင်း အကြမ်းဖက်အဖွဲ့တွေနဲ့ အဆက်သွယ်ဖြတ်မဖြတ်၊ အကြမ်းဖက်မှုတွေ လျှော့မလျှော့နဲ့ အာဖဂန်အစိုးရနဲ့ တခြားအဖွဲ့တွေကြား အဓိပ္ပာယ်ရှိတဲ့ ညှိနှိုင်းမှုတွေလုပ်မလုပ် ပြန်သုံးသပ်မှာ ဖြစ်ကြောင်း Sullivan က အဲဒီတွေ့ဆုံပွဲမှာ ပြောကြားခဲ့တယ်လို့ သမ္မတအိမ်ဖြူက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။