သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးကြိုးပမ်းတုန်း အာဖဂန် အကြမ်းဖက်တိုက်ခိုက်မှု အရှိန်မြင့်


(Zawgyi/Unicode)

အာဖဂန်နစ်စတန်နိုင်ငံတွင်း တာလီဘန်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လျော့ပါး စေဖို့ အာဖဂန်ငြိမ်းချမ်းရေးဆိုင်ရာ အမေရိကန် -တာလီဘန် ညှိနှိုင်းရေးမှုးတွေ မေ ျှာ်လင့်နေချိန်မှာပဲ တိုက်ခိုက်မှုတွေ ပိုတိုးလာတယ်လို့ အာဖဂန်အစိုးရရဲ့ စောင့်ကြည့်အဖွဲ့ က ကြာသပတေးနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အာဖဂန်နစ်စတန်နိုင်ငံမှာ ၂၀၂၀ ဇူလိုင်လဆန်းကနေ စက်တင်ဘာလကုန် - ၃ လပတ်အတွင်း ရန်သူဘက်က နေ့စဉ် စတင်တိုက်ခိုက်မှု ဟာ ဧပြီလဆန်းကနေ ဇွန်လကုန် - ၃ လပတ်ထက် ရာခိုင်နှုန်း ၅၀ ပိုများလာခဲ့တယ်လို့ အာဖဂန်ပြန်လည်တည်ဆောက်ရေး ဆိုင်ရာ အထူးစုံစမ်းရေး အရာရှိတွေပါဝင်တဲ့ SIGAR အဖွဲ့ က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

အာဖဂန်နစ်စတန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကလည်း ဒီ ၃ လပတ် အတွင်း တိုက်ခိုက်မှုဟာ ပုံမှန်ထက် ပိုများနေတယ်လို့ ပြောပါတယ်။ အာဖဂန်နစ်စတန်နိုင်ငံ တလွှား တာလီဘန်တွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေအတွက် အမေရိကန်က ဝေဖန်နေတာနဲ့ တချိန်ထည်းမှာပဲ အာဖဂန်နိုင်ငံမှာ ရှိတဲ့ အမေရိကန်တပ်သားတွေကို ဆက်ပြီး ရုပ်သိမ်းနေတာပါ။ အခု အချိန်မှာ အာဖဂန်နိုင်ငံထဲမှာ ကျန်တဲ့ အမေရိကန်တပ်သားက ၄၅၀၀ လောက်ရှိပါတယ်။

ဒီ ၃ လပတ်ထဲမှာ အရပ်သား သေဆုံး ဒဏ်ရာရမှုရဲ့ ၈၃ % ထက်မနည်းက အစိုးရဆန့်ကျင်တဲ့ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ပြီး ဒီ အရပ်သား သေဆုံး ဒဏ်ရာရမှုရဲ့ ၃၈ % က တလီဘန်တွေရဲ့ လက်ချက်လို့ SIGAR အဖွဲ့အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ ဒါ့အပြင် တာလီဘန်တွေရဲ့ တိုက်ခိုက်မှုနှုန်း ဆက်လက် မြင့်မားနေမယ် ဆိုရင် ဒါဟာ အမေရိကန်နဲ့ ရထားတဲ့ သဘောတူညီချက်ကို မလိုက်နာရာရောက်မှာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောကြားချက်ကိုပါ ဖေါ်ပြထားတာပါ။

အာဖဂန်ပြန်လည်သွေးစည်းရေး ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad ကလည်း အာဖဂန်နိုင်ငံတွင်း တိုက်ခိုက်မှုတွေ လျှော့ချကြဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှပဲ တွန်းအားပေး ပြောကြားခဲ့သလို နိုင်ငံရေးအရ ညှှိုနှိုင်းမှုတွေ လုပ်နိုင်မယ့် အခွင့်အလန်းဟာ အမြဲ လမ်းပွင့်နေမှာ မဟုတ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)






XS
SM
MD
LG