သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လႊတ္ၿပီးသား တာလီဘန္ ၆၀၀ အာဖဂန္အစိုးရ ျပန္ဖမ္း


၂၀၂၀ ေမလအတြင္း အာဖဂန္အက်ဥ္းေထာင္က ျပန္လႊတ္ေပးခဲ့တဲ့ တာလီဘန္ အက်ဥ္းသားမ်ား။ (ေမ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

အာဖဂန္နစၥတန္ ၿငိမ္းခ်မ္းေရးအတြက္ အေမရိကန္နဲ႔ တာလီဘန္ေတြၾကား ရရွိခဲ့တဲ့ သေဘာတူညီခ်က္ အစိတ္အပိုင္းတခုအျဖစ္ အာဖဂန္အစိုးရက လႊတ္ေပးခဲ့တဲ့ တာလီဘန္ေတြထဲက ၆၀၀ ကို ျပန္ၿပီး ဖမ္းဆီးလိုက္တယ္လို႔ အာဖဂန္ အမ်ိဳးသားလံုၿခံဳေရးအႀကံေပး Hamdullah Mohib က တနဂၤေႏြေန႔မွာ ေၾကညာလိုက္ပါတယ္။

ဒီလူေတြဟာ အာဖဂန္အစိုးရတပ္ေတြနဲ႔ အရပ္သားေတြ ေသဆံုးေစတဲ့ လုပ္ေဆာင္မႈေတြ ျပန္လုပ္ေနတယ္လို႔လည္း ေျပာပါတယ္။

အေမရိကန္နဲ႔ တာလီဘန္တို႔ၾကား ၂၀၂၀ ေဖေဖာ္ဝါရီလမွာ ရခဲ့တဲ့ သေဘာတူညီခ်က္အရ အာဖဂန္အစိုးရက တာလီဘန္အက်ဥ္းသား ၅,၀၀၀ ေက်ာ္ကို ျပန္လႊတ္ေပးခဲ့ၿပီး အာဖဂန္တပ္သား ၁,၀၀၀ နဲ႔ အလဲအလွယ္ လုပ္ခဲ့တာပါ။ ဒီလို အလဲအလွယ္လုပ္ခဲ့တာကေန တာလီဘန္နဲ႔ အာဖဂန္အစိုးရတို႔ၾကား ၿငိမ္းခ်မ္းေရးအတြက္ ညႇိႏႈိင္းေဆြးေႏြးမႈေတြ လုပ္ဖုိ႔ လမ္းပြင့္ေစခဲ့တာပါ။

ဒါပမယ့္ ဒီလုိ အက်ဥ္းသား ျပန္လႊတ္ေပးခဲ့တာဟာ ၿငိမ္းခ်မ္းေရးႀကိဳးပမ္းမႈအတြက္ အရာမထင္တာေၾကာင့္ ေနာက္ထပ္ ျပန္လႊတ္ေပးေတာ့မွာ မဟုတ္ေၾကာင္းနဲ႔ သူတို႔ အရင္ျပန္လႊတ္ေပးသူေတြဟာ အာဖဂန္တပ္သားေတြနဲ႔ အရပ္သားေတြကို တိုက္ခိုက္ဖို႔ ႀကိဳးပမ္းေနၾကသလို တာလီဘန္ေတြဟာ သူတုိ႔ကတိေပးထားတဲ့အတိုင္း မလုပ္ေဆာင္ဘူးလို႔ Mohib က ကဘူးလ္မွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

တာလီဘန္ေျပာခြင့္ရ Zabihullah Mujahid ကေတာ့ ဒီစြပ္စြဲခ်က္ေတြ မဟုတ္မွန္ေၾကာင္းနဲ႔ အာဖဂန္အာဏာပိုင္ေတြ သူတို႔လူ ၆၀၀ ကို ျပန္ဖမ္းတယ္ဆိုတာ မမွန္ေၾကာင္း ေျပာပါတယ္။

တကယ္ေတာ့ ျပန္လြတ္လာသူေတြဟာ က်န္းမာေရးမေကာင္းတဲ့အတြက္ သူတုိ႔အိမ္ေတြ၊ ေဆး႐ုံေတြမွာ ေဆးကုသမႈ ခံယူေနတုန္း အစိုးရက ဝင္ေရာက္စီးနင္းခဲ့ခ်ိန္မွာ သူတို႔ထဲက ၄၀ ေသဆံုးခဲ့ရတယ္လို႔ ေျပာပါတယ္။

အာဖဂန္ၿငိမ္းခ်မ္းေရးရၿပီး အဲဒီက အေမရိကန္တပ္သားေတြ ဌာေနျပန္ႏိုင္ေရး ႀကိဳးပမ္းတဲ့အေနနဲ႔ သမၼတေဟာင္း Donald Trump လက္ထက္မွာ တာလီဘန္ေတြနဲ႔ ခ်ဳပ္ဆိုခဲ့တဲ့ သေဘာတူညီခ်က္ကို ျပန္လည္သံုးသပ္မွာ ျဖစ္ေၾကာင္း အာဖဂန္ အမ်ိဳးသားလံုၿခံဳေရး အႀကံေပးကို အေမရိကန္ အမ်ိဳးသားလံုၿခံဳေရး အႀကံေပး Jake Sullivan က ေသာၾကာေန႔က ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

လွှတ်ပြီးသား တာလီဘန် ၆၀၀ အာဖဂန်အစိုးရ ပြန်ဖမ်း

အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးအတွက် အမေရိကန်နဲ့ တာလီဘန်တွေကြား ရရှိခဲ့တဲ့ သဘောတူညီချက် အစိတ်အပိုင်းတခုအဖြစ် အာဖဂန်အစိုးရက လွှတ်ပေးခဲ့တဲ့ တာလီဘန်တွေထဲက ၆၀၀ ကို ပြန်ပြီး ဖမ်းဆီးလိုက်တယ်လို့ အာဖဂန် အမျိုးသားလုံခြုံရေးအကြံပေး Hamdullah Mohib က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။

ဒီလူတွေဟာ အာဖဂန်အစိုးရတပ်တွေနဲ့ အရပ်သားတွေ သေဆုံးစေတဲ့ လုပ်ဆောင်မှုတွေ ပြန်လုပ်နေတယ်လို့လည်း ပြောပါတယ်။

အမေရိကန်နဲ့ တာလီဘန်တို့ကြား ၂၀၂၀ ဖေဖော်ဝါရီလမှာ ရခဲ့တဲ့ သဘောတူညီချက်အရ အာဖဂန်အစိုးရက တာလီဘန်အကျဉ်းသား ၅,၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး အာဖဂန်တပ်သား ၁,၀၀၀ နဲ့ အလဲအလှယ် လုပ်ခဲ့တာပါ။ ဒီလို အလဲအလှယ်လုပ်ခဲ့တာကနေ တာလီဘန်နဲ့ အာဖဂန်အစိုးရတို့ကြား ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ လမ်းပွင့်စေခဲ့တာပါ။

ဒါပမယ့် ဒီလို အကျဉ်းသား ပြန်လွှတ်ပေးခဲ့တာဟာ ငြိမ်းချမ်းရေးကြိုးပမ်းမှုအတွက် အရာမထင်တာကြောင့် နောက်ထပ် ပြန်လွှတ်ပေးတော့မှာ မဟုတ်ကြောင်းနဲ့ သူတို့ အရင်ပြန်လွှတ်ပေးသူတွေဟာ အာဖဂန်တပ်သားတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းနေကြသလို တာလီဘန်တွေဟာ သူတို့ကတိပေးထားတဲ့အတိုင်း မလုပ်ဆောင်ဘူးလို့ Mohib က ကဘူးလ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တာလီဘန်ပြောခွင့်ရ Zabihullah Mujahid ကတော့ ဒီစွပ်စွဲချက်တွေ မဟုတ်မှန်ကြောင်းနဲ့ အာဖဂန်အာဏာပိုင်တွေ သူတို့လူ ၆၀၀ ကို ပြန်ဖမ်းတယ်ဆိုတာ မမှန်ကြောင်း ပြောပါတယ်။

တကယ်တော့ ပြန်လွတ်လာသူတွေဟာ ကျန်းမာရေးမကောင်းတဲ့အတွက် သူတို့အိမ်တွေ၊ ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေတုန်း အစိုးရက ဝင်ရောက်စီးနင်းခဲ့ချိန်မှာ သူတို့ထဲက ၄၀ သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။

အာဖဂန်ငြိမ်းချမ်းရေးရပြီး အဲဒီက အမေရိကန်တပ်သားတွေ ဌာနေပြန်နိုင်ရေး ကြိုးပမ်းတဲ့အနေနဲ့ သမ္မတဟောင်း Donald Trump လက်ထက်မှာ တာလီဘန်တွေနဲ့ ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်ကို ပြန်လည်သုံးသပ်မှာ ဖြစ်ကြောင်း အာဖဂန် အမျိုးသားလုံခြုံရေး အကြံပေးကို အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က သောကြာနေ့က ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG