သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္-ေတာင္ကိုရီးယား စစ္ေရးေလ႔က်င္႔မႈ စစ္အင္အားေလွ်ာ႔ခ်မည္


ေတာင္ကိုရီးယား ကမ္းေျခတခုတြင္ အေမရိကန္- ေတာင္ကိုရီးယား ပူးတဲြစစ္ေရးေလ့က်င့္စဥ္ ( ၂၀၁၆ )

[ Zawgyi/ Unicode ]

ေတာင္ကိုရီးယားနဲ႔ အေမရိန္တပ္ေတြ ပူးတဲြၿပီး ေႏြဦး စစ္ေရးေလ့က်င့္မႈကို ဒီသီတင္းပတ္ထဲ လုပ္သြားဖို႔ရွိေပမယ့္ ၊ ကိုဗစ္ ကပ္ေရာဂါကာလျဖစ္တာေၾကာင့္ အရင္လို ပုံမွန္မဟုတ္ပဲ ႏွစ္ဖက္ စစ္အင္အားပမာဏကို ေလွ်ာ့ခ်ျပီး လုပ္သြားမယ္လို႔ ေတာင္ကိုရီးယားအစိုးရက တနဂၤေႏြ ေန႔မွာ ေၾကညာပါတယ္။

၉ ရက္ၾကာမယ့္ ဒီပူးတဲြ စစ္ေရးေလ့က်င့္မႈကို တနလၤာေန႔မွာ စတင္မွာျဖစ္ၿပီး ၊ ကြန္ပ်ဴတာစနစ္နဲ႔ တၿပဳိက္နက္ထဲ အမိန္႔ေပးတဲ့ စစ္ေရးေလ့က်င့္မႈကုိ လုပ္သြားမယ္လို႔ ေတာင္ကိုရီးယား ပူးတဲြ စစ္ဦးစီးခ်ဳပ္က သူ႔ရဲ႕ ေၾကညာခ်က္မွာ ေဖၚျပပါတယ္။

ေတာင္ကိုရီးယားနဲ႔ အေမရိကန္ ႏွစ္ဖက္တပ္ေတြဟာ ကိုဗစ္ကပ္ေရာဂါအေျခအေနကိုေရာ ၊ လိုအပ္တဲ့အခ်ိန္မွာ တုိက္ပဲြအတြက္ အဆင္သင့္ျဖစ္ေနေအာင္နဲ႔ ၊ ကိုရီးယားကၽြန္းဆြယ္မွာ ႏ်ဴကလီးယားလက္နက္ ကင္းစင္ေရး စတဲ့ ဘက္ေပါင္းစုံကို ထည့္သြင္းစဥ္းစားရင္း ၊ ကုိဗစ္ရွိေနတဲ့ၾကားက အခုလို စစ္ေရးပူးတဲြ ေလ့က်င့္မႈ ဆက္လုပ္သြားဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီ စစ္ေရးေလ့က်င့္မႈထဲမွာ အမိုးအကာအျပင္ဘက္ ထြက္ၿပီးလုပ္ရတဲ့ စစ္ေရးနည္းဗ်ဴဟာေတြ ပါဝင္ျခင္းမရွိပဲ ၊ ကိုဗစ္ေၾကာင့္ စစ္သည္နဲ႔ အသံုးအေဆာင္ အင္အားကိုလည္း ပုံမွန္ထက္ ေလွ်ာ့ခ်ထားမွာ ျဖစ္တယ္လို႔ Yonhap သတင္းမွာ ေဖၚျပပါတယ္။ ခုလို ေတာင္ကိုရီးယား- အေမရိကန္ ပူးတဲြ စစ္ေရး ေလ့က်င့္မႈကို ေျမာက္ကိုရီးယားက အနီးကပ္ ေစာင့္ၾကည့္ေလ့ရွိၿပီး တကယ့္စစ္ပဲြအတြက္ အစမ္းေလ့က်င့္ေနျခင္း ျဖစ္သာျဖစ္တယ္လုိ႔ တုန္႔ျပန္ေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု စစ်အင်အားလျှော့ချမည်

တောင်ကိုရီးယားနဲ့ အမေရိန်တပ်တွေ ပူးတွဲပြီး နွေဦး စစ်ရေးလေ့ကျင့်မှုကို ဒီသီတင်းပတ်ထဲ လုပ်သွားဖို့ရှိပေမယ့် ၊ ကိုဗစ် ကပ်ရောဂါကာလဖြစ်တာကြောင့် အရင်လို ပုံမှန်မဟုတ်ပဲ နှစ်ဖက် စစ်အင်အားပမာဏကို လျှော့ချပြီး လုပ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရက တနင်္ဂနွေ နေ့မှာ ကြေညာပါတယ်။

၉ ရက်ကြာမယ့် ဒီပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့မှာ စတင်မှာဖြစ်ပြီး ၊ ကွန်ပျူတာစနစ်နဲ့ တပြိုက်နက်ထဲ အမိန့်ပေးတဲ့ စစ်ရေးလေ့ကျင့်မှုကို လုပ်သွားမယ်လို့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်က သူ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် နှစ်ဖက်တပ်တွေဟာ ကိုဗစ်ကပ်ရောဂါအခြေအနေကိုရော ၊ လိုအပ်တဲ့အချိန်မှာ တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေအောင်နဲ့ ၊ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ကင်းစင်ရေး စတဲ့ ဘက်ပေါင်းစုံကို ထည့်သွင်းစဉ်းစားရင်း ၊ ကိုဗစ်ရှိနေတဲ့ကြားက အခုလို စစ်ရေးပူးတွဲ လေ့ကျင့်မှု ဆက်လုပ်သွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ စစ်ရေးလေ့ကျင့်မှုထဲမှာ အမိုးအကာအပြင်ဘက် ထွက်ပြီးလုပ်ရတဲ့ စစ်ရေးနည်းဗျူဟာတွေ ပါဝင်ခြင်းမရှိပဲ ၊ ကိုဗစ်ကြောင့် စစ်သည်နဲ့ အသုံးအဆောင် အင်အားကိုလည်း ပုံမှန်ထက် လျှော့ချထားမှာ ဖြစ်တယ်လို့ Yonhap သတင်းမှာ ဖေါ်ပြပါတယ်။ ခုလို တောင်ကိုရီးယား- အမေရိကန် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို မြောက်ကိုရီးယားက အနီးကပ် စောင့်ကြည့်လေ့ရှိပြီး တကယ့်စစ်ပွဲအတွက် အစမ်းလေ့ကျင့်နေခြင်း ဖြစ်သာဖြစ်တယ်လို့ တုန့်ပြန်လေ့ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG