သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚလာ ၁.၉ ႀတီလ်ံ ကိုဗစ္ေထာက္ပံ့ေရးဥပေဒ ကန္အထက္လႊတ္ေတာ္အတည္ျပဳ


Jeo Biden

Zawgyi/Unicode

အေမရိကန္ျပည္ေထာင္စုမွာ ေဒၚလာ ၁.၉ ႀတီလ်ံသုံးစြဲမယ့္ ကိုဗစ္ကပ္ေရာဂါကလ ေထာက္ပံ့ေရး ဥပေဒၾကမ္းကို အထက္လႊတ္ေတာ္က စေနေန႔မွာ အတည္ျပဳလိုက္ပါတယ္။ ဒါဟာ သမၼတ Joe Biden အတြက္ ဇႏၷဝါရီလ ၂၀ က သူ သမၼတ တာဝန္ယူၿပီးေနာက္ပိုင္းမွာ ပထမဆုံး အဓိကဥပေဒျပဳေရး ေအာင္ပြဲတခုျဖစ္ပါတယ္။


အကူအညီေတြေပးဖို႔ လာေနပါၿပီဆိုၿပီး ကတိေပးခဲ့တဲ့အတိုင္း ေဆာင္႐ြက္ႏိုင္ဖို႔ ေျခလွမ္းႀကီးတခုလွမ္းႏိုင္လိုက္ၿပီဆိုတာ ဒီေန႔ က်ေနာ္ ေျပာႏိုင္ပါၿပီလို႔ ဥပေဒၾကမ္းကိုအတည္ျပဳၿပီး မိနစ္ပိုင္းအတြင္းမွာပဲ သမၼတ Joe Biden က အိမ္ျဖဴေတာ္မွာ ေျပာဆိုပါတယ္။ ဒါက လြယ္လြယ္ကူကူ ေခ်ာေခ်ာေမြ႔ေမြ႔ မျဖစ္ခဲ့ဘူးဆိုတာ ရွင္းပါတယ္။ ဒါေပမဲ့ အသည္းအသန္၊ အေရးေပၚ လိုအပ္ေနတဲ့ အရာပါလို႔လည္းသူက ေျပာပါတယ္။


ဥပေဒၾကမ္းကို ဒီမိုကရက္ပါတီဝင္ေတြရဲ႕ ေထာက္ခံမႈရဖို႔ ေနာက္ဆုံးအခ်ိန္အထိ အေျပာင္းအလဲေတြ အမ်ားႀကီးလုပ္ခဲ့ရသလို အခ်ိန္အေတာ္ၾကာၾကာ ေဆြးေႏြးခဲ့ၾကရတာပါ။ အထက္လႊတ္ေတာ္အမတ္ ၁၀၀ ထဲမွာ ရီပတ္ဗလစ္ကန္ေတြဘက္က ေထာက္ခံမဲမပါဘဲ ေထာက္ခံမဲ ၅၀၊ ကန႔္ကြက္မဲ ၄၉ မဲနဲ႔ အတည္ျပဳလိုက္တာျဖစ္ပါတယ္။


အထက္လႊတ္ေတာ္အတည္ျပဳတဲ့ ဥပေဒၾကမ္းကို ဥပေဒအျဖစ္ သမၼတ Biden လက္မွတ္မထိုးခင္ ျပန္ညႇိႏႈိင္းအတည္ျပဳဖို႔ ေအာက္လႊတ္ေတာ္ကို ေပးပို႔လိုက္ၿပီျဖစ္ပါတယ္။
လူေတြရဲ႕ အသက္ေတြကိုကယ္တင္ဖို႔ သိပ္ကို အေရးႀကီးတဲ့ ဒီ ဥပေဒၾကမ္းကို ေအာက္လႊတ္ေတာ္မွာ ပါတီႏွစ္ရပ္စလုံး က ေထာက္ခံမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒီ ကပ္ေရာဂါဆိုးႀကီးေၾကာင့္ ႀကီးမားစြာထိခိုက္ ပ်က္ဆီးဆုံးရႈံးခဲ့တဲ့ ပကတိအေျခေန၊ စီးပြားေရးအဝန္းအဝိုင္းေတြကိုကူညီေရး ခိုင္မာျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ လိုအပ္ပါတယ္လို႔ ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

ဒေါ်လာ ၁.၉ တြီလျံ ကိုဗစ်ထောက်ပံ့ရေးဥပဒေ ကန်အထက်လွှတ်တော်အတည်ပြု

အမေရိကန်ပြည်ထောင်စုမှာ ဒေါ်လာ ၁.၉ တြီလျံသုံးစွဲမယ့် ကိုဗစ်ကပ်ရောဂါကလ ထောက်ပံ့ရေး ဥပဒေကြမ်းကို အထက်လွှတ်တော်က စနေနေ့မှာ အတည်ပြုလိုက်ပါတယ်။ ဒါဟာ သမ္မတ Joe Biden အတွက် ဇန္နဝါရီလ ၂၀ က သူ သမ္မတ တာဝန်ယူပြီးနောက်ပိုင်းမှာ ပထမဆုံး အဓိကဥပဒေပြုရေး အောင်ပွဲတခုဖြစ်ပါတယ်။
အကူအညီတွေပေးဖို့ လာနေပါပြီဆိုပြီး ကတိပေးခဲ့တဲ့အတိုင်း ဆောင်ရွက်နိုင်ဖို့ ခြေလှမ်းကြီးတခုလှမ်းနိုင်လိုက်ပြီဆိုတာ ဒီနေ့ ကျနော် ပြောနိုင်ပါပြီလို့ ဥပဒေကြမ်းကိုအတည်ပြုပြီး မိနစ်ပိုင်းအတွင်းမှာပဲ သမ္မတ Joe Biden က အိမ်ဖြူတော်မှာ ပြောဆိုပါတယ်။ ဒါက လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ မဖြစ်ခဲ့ဘူးဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ အသည်းအသန်၊ အရေးပေါ် လိုအပ်နေတဲ့ အရာပါလို့လည်းသူက ပြောပါတယ်။
ဥပဒေကြမ်းကို ဒီမိုကရက်ပါတီဝင်တွေရဲ့ ထောက်ခံမှုရဖို့ နောက်ဆုံးအချိန်အထိ အပြောင်းအလဲတွေ အများကြီးလုပ်ခဲ့ရသလို အချိန်အတော်ကြာကြာ ဆွေးနွေးခဲ့ကြရတာပါ။ အထက်လွှတ်တော်အမတ် ၁၀၀ ထဲမှာ ရီပတ်ဗလစ်ကန်တွေဘက်က ထောက်ခံမဲမပါဘဲ ထောက်ခံမဲ ၅၀၊ ကန့်ကွက်မဲ ၄၉ မဲနဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။
အထက်လွှတ်တော်အတည်ပြုတဲ့ ဥပဒေကြမ်းကို ဥပဒေအဖြစ် သမ္မတ Biden လက်မှတ်မထိုးခင် ပြန်ညှိနှိုင်းအတည်ပြုဖို့ အောက်လွှတ်တော်ကို ပေးပို့လိုက်ပြီဖြစ်ပါတယ်။
လူတွေရဲ့ အသက်တွေကိုကယ်တင်ဖို့ သိပ်ကို အရေးကြီးတဲ့ ဒီ ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ ပါတီနှစ်ရပ်စလုံး က ထောက်ခံမယ်လို့ မျှော်လင့်ပါတယ်။ ဒီ ကပ်ရောဂါဆိုးကြီးကြောင့် ကြီးမားစွာထိခိုက် ပျက်ဆီးဆုံးရှုံးခဲ့တဲ့ ပကတိအခြေနေ၊ စီးပွားရေးအဝန်းအဝိုင်းတွေကိုကူညီရေး ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက် လိုအပ်ပါတယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က ကြေညာချက် ထုတ်ပြန်ပါတယ်။

#USSenate #Covid19ReliefBill #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG