သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယား နဲ႔ သံတမန္လမ္းေၾကာင္း ဖြင္႔ထားဖို႔ Biden အစိုးရကို ကၽြမ္းက်င္သူေတြ တိုက္တြန္း 


(Zawgyi/Unicode)

ေျမာက္ကိုရီးယား အစုိးရနဲ႔ ေစ႔စပ္ညွိႏိႈင္းေရးဆိုင္ရာ မူ၀ါဒေတြကို အေမရိကန္ဘက္က ျပန္သံုးသပ္ေနခ်ိန္မွာဘဲ ေျမာက္ကိုရီးယားနဲ႔ သံတမန္ေရး လမ္းဖြင့္ထားလိုတဲ႔ ဆႏၵကို အေမရိကန္ဘက္က ႀကိဳၿပီး ျပသထားဖို႔ ကြ်မ္းက်င္သူေတြက သမၼတ Joe Biden အစိုးရကို တိုက္တြန္းေနပါတယ္။

ဒီလို ေဆာင္ရြက္ထားရင္ ေဆြးေႏြးပြဲ အလားအလာနဲ႔ ပတ္သက္ၿပီး ေျမာက္ကိုရီးယားရဲ႕ တုံ႔ျပန္မႈကို ခန္႔မွန္း တြက္ခ်က္ႏုိင္မယ္လို႔ ေျပာဆိုေနၾကတာပါ။ ေျမာက္ကိုရီးယားရဲ႕ တုံ႔ျပန္မႈကို သံုးသပ္ တြက္ခ်က္ႏုိင္ေရး အတြက္ ေျမာက္ကိုရီးယားနဲ႔ ဆက္သြယ္ေရးလမ္းေၾကာင္း တရပ္ ထူေထာင္မႈကို အစိုးရရဲ႕ မူ၀ါဒ ျပန္လည္သံုးသပ္ခ်က္ တစိတ္တပိုင္း အေနနဲ႔ ေဆာင္ရြက္ဖို႔ သင့္ေတာ္ေၾကာင္း ႏုိင္ငံတကာ ဆက္ဆံေရးေကာင္စီရဲ႕ အေမရိကန္ ကိုရီးယား မူ၀ါဒေရးရာ အစီအစဥ္ ညႊန္ၾကားေရးမွဴး Scott Snyder က ေျပာပါတယ္။

အေမရိကန္ သမၼတ Joe Biden အေနနဲ႔ ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးႏုိင္ေရး ေဆာင္ရြက္ဖို႔ အထက္လႊတ္ေတာ္ အမတ္ Edward Markey နဲ႔ ေအာက္လႊတ္ေတာ္ အမတ္ Ro Khanna တို႔ကလည္း ၿပီးခဲ႔တဲ႔ ဗုဒၶဟူးေန႔က စာေပးပို႔ တိုက္တြန္းထားပါတယ္။

သမၼတ Biden အစိုးရဘက္ကေတာ့ ေျမာက္ကိုရီးယားရဲ႕ ႏ်ဴးကလီးယားနဲ႔ ဒံုးက်ည္ အစီအစဥ္ေတြရဲ႕ ၿခိမ္းေျခာက္မႈကို အေလးထား ေပမယ္လို႔လည္း ေျမာက္ကိုရီးယားနဲ႔ ထိေတြ႔ ဆက္ဆံမႈ အရိပ္အေယာင္ေတာ့ မေတြ႔ရေသးပါဘူး။ တခ်ိန္တည္းမွာဘဲ ေျမာက္ကိုရီးယား အစိုးရနဲ႔ ဘယ္လုိ ပုံစံ ညွိႏိႈင္းမလဲ ဆိုတာကို ဆံုးျဖတ္ႏုိင္ေရး အေမရိကန္ အစိုးရဘက္က မူ၀ါဒဆိုင္ရာ ျပန္လည္ သံုးသပ္ေနတာဟာလည္း အတိုင္းအတာ တခု အထိ အခ်ိန္ယူရမယ့္ အေနအထား ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

မြောက်ကိုရီးယား နဲ့ သံတမန်လမ်းကြောင်း ဖွင့်ထားဖို့ Biden အစိုးရကို ကျွမ်းကျင်သူတွေ တိုက်တွန်း

(Unicode)

မြောက်ကိုရီးယား အစိုးရနဲ့ စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ မူဝါဒတွေကို အမေရိကန်ဘက်က ပြန်သုံးသပ်နေချိန်မှာဘဲ မြောက်ကိုရီးယားနဲ့ သံတမန်ရေး လမ်းဖွင့်ထားလိုတဲ့ ဆန္ဒကို အမေရိကန်ဘက်က ကြိုပြီး ပြသထားဖို့ ကျွမ်းကျင်သူတွေက သမ္မတ Joe Biden အစိုးရကို တိုက်တွန်းနေပါတယ်။

ဒီလို ဆောင်ရွက်ထားရင် ဆွေးနွေးပွဲ အလားအလာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ တုံ့ပြန်မှုကို ခန့်မှန်း တွက်ချက်နိုင်မယ်လို့ ပြောဆိုနေကြတာပါ။ မြောက်ကိုရီးယားရဲ့ တုံ့ပြန်မှုကို သုံးသပ် တွက်ချက်နိုင်ရေး အတွက် မြောက်ကိုရီးယားနဲ့ ဆက်သွယ်ရေးလမ်းကြောင်း တရပ် ထူထောင်မှုကို အစိုးရရဲ့ မူဝါဒ ပြန်လည်သုံးသပ်ချက် တစိတ်တပိုင်း အနေနဲ့ ဆောင်ရွက်ဖို့ သင့်တော်ကြောင်း နိုင်ငံတကာ ဆက်ဆံရေးကောင်စီရဲ့ အမေရိကန် ကိုရီးယား မူဝါဒရေးရာ အစီအစဉ် ညွှန်ကြားရေးမှူး Scott Snyder က ပြောပါတယ်။

အမေရိကန် သမ္မတ Joe Biden အနေနဲ့ မြောက်ကိုရီးယားနဲ့ ဆွေးနွေးနိုင်ရေး ဆောင်ရွက်ဖို့ အထက်လွှတ်တော် အမတ် Edward Markey နဲ့ အောက်လွှတ်တော် အမတ် Ro Khanna တို့ကလည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စာပေးပို့ တိုက်တွန်းထားပါတယ်။

သမ္မတ Biden အစိုးရဘက်ကတော့ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေရဲ့ ခြိမ်းခြောက်မှုကို အလေးထား ပေမယ်လို့လည်း မြောက်ကိုရီးယားနဲ့ ထိတွေ့ ဆက်ဆံမှု အရိပ်အယောင်တော့ မတွေ့ရသေးပါဘူး။ တချိန်တည်းမှာဘဲ မြောက်ကိုရီးယား အစိုးရနဲ့ ဘယ်လို ပုံစံ ညှိနှိုင်းမလဲ ဆိုတာကို ဆုံးဖြတ်နိုင်ရေး အမေရိကန် အစိုးရဘက်က မူဝါဒဆိုင်ရာ ပြန်လည် သုံးသပ်နေတာဟာလည်း အတိုင်းအတာ တခု အထိ အချိန်ယူရမယ့် အနေအထား ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG