သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ ထိခုိက္မႈေတြ ကုစားေရး ဥပေဒၾကမ္း ကန္အထက္လႊတ္ေတာ္ အတည္ျပဳ


အေမရိကန္ အထက္လႊတ္ေတာ္

[ Zawgyi / Unicode ]

အေမရိကန္ ျပည္ေထာင္စု အတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႕ႏွံ႔မႈေတြေၾကာင့္ ထိခုိက္မႈေတြကို ျပန္လည္ ကုစားေရး ေဒၚလာ ၁ ဒသမ ၉ ထရီလီယံ သံုးမယ့္ ဥပေဒၾကမ္းကို အထက္လႊတ္ေတာ္က စေနေန႔မွာ အတည္ျပဳလိုက္ပါၿပီ။ ဥပေဒၾကမ္းမွာ ျပင္ဆင္ခ်က္ အမ်ားအျပား လုပ္ခဲ့ရၿပီးေနာက္မွာ ဒီမိုကရက္ ပါတီ၀င္ေတြရဲ႕ ေထာက္ခံမႈကို ရရွိခဲ႔တာပါ။ အထက္လႊတ္ေတာ္က အတည္ျပဳလိုက္တာဟာဆိုရင္ ဇန္န၀ါရီလ ၂၀ ရက္ေန႔က တာ၀န္စယူခဲ႔တဲ႔ သမၼတ Joe Biden အတြက္ ပထမဆံုးေသာ ဥပေဒျပဳေရး ဆိုင္ရာ ေအာင္ျမင္မႈႀကီး တခု ရဖို႔ နီးစပ္လာတာ ျဖစ္ပါတယ္။

အေမရိကန္ ကယ္ဆယ္ေရး အစီအစဥ္ကို မဲခြဲ အတည္ျပဳခဲ႔တဲ႔ အတြက္၊ အခက္အခဲ ကာလ အတြင္း အေမရိကန္ ျပည္သူေတြ အတြက္ အႀကိတ္အနယ္ ႀကိဳးစားခဲ႔ၾကတဲ႔ အထက္လႊတ္ေတာ္ အမတ္အားလံုးကို ေက်းဇူးတင္ေၾကာင္း သမၼတ Biden က ေျပာဆိုခဲ႔တာပါ။ ဒီလို ေဆာင္ရြက္ႏုိင္ဖို႔ မလြယ္ကူ မေခ်ာေမြ႔ခဲ႔ပါဘူး။ ဒါေပမယ့္လည္း အသည္းအသန္ လိုအပ္ေနတာပါလို႔ အထက္လႊတ္ေတာ္က အတည္ျပဳၿပီးေနာက္ မၾကာခင္မွာဘဲ သမၼတ Biden က ေျပာဆိုခဲ႔တာပါ။

အထက္လႊတ္ေတာ္က အတည္ျပဳလိုက္တဲ႔ ကိုရိုနာဗိုင္းရပ္စ္ ဆိုင္ရာ ကူညီ ကယ္ဆယ္ေရး ဥပေဒၾကမ္းကို ေအာက္လႊတ္ေတာ္မွာ ထပ္ၿပီး မဲခြဲဖို႔ လႊဲေပးရမွာ ျဖစ္ပါတယ္။ ဥပေဒၾကမ္းကို ေထာက္ခံသူ ၅၀- ကန္႔ကြက္သူ ၄၉ ဦးနဲ႔ အတည္ျပဳခဲ႔တာ ျဖစ္ၿပီး ရီပတ္ပလီကန္ ဘက္က တဦးမွ မေထာက္ခံခဲ႔ပါဘူး။ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးေၾကာင့္ ထိခိုက္ရတဲ႔ အလုပ္လက္မဲ႔ ျဖစ္သူေတြကို အပတ္စဥ္ ခံစားခြင့္ တိုးေပးေရး အျပန္အလွန္ အဆိုျပဳခ်က္ေတြမွာ ဒီမိုကရက္နဲ႔ ရီပတ္ပလီကန္ ၾကား နာရီနဲ႔ခ်ီ ညွိႏိႈင္းမရ ျဖစ္ခဲ႔ၿပီးေနာက္မွာ အခုလို ဥပေဒၾကမ္းကို အတည္ျပဳႏုိင္ခဲ႔တာ ျဖစ္ပါတယ္။ ဥပေဒၾကမ္းပါ အလုပ္လက္မဲ႔ ခံစားခြင့္နဲ႔ ပတ္သက္ၿပီး ဒီမိုကရက္ အမတ္ Joe Manchin နဲ႔ ေသာၾကာေန႔ ေႏွာင္းပိုင္းမွာ ဒီမိုကရက္ေတြ သေဘာတူညီခ်က္ ရယူႏုိင္ခဲ႔တာေၾကာင့္ အက်ပ္အတည္ကို ေက်ာ္လႊားႏုိင္ခဲ႔တာပါ။ အလုပ္လက္မဲ႔ ခံစားခြင့္ အျဖစ္ အပတ္စဥ္ ေဒၚလာ ၄၀၀ ေပးဖုိ႔ အေစာပုိင္းမွာ အဆိုျပဳခဲ့ေပမဲ့၊ ေနာက္ပုိင္းမွာေတာ့ ေဒၚလာ ၃၀၀ သတ္မွတ္လုိက္ၿပီး ဒီအထဲက အမ်ားစုကုိလည္း အခြန္သက္သာခြင့္ေပးဖုိ႔ အဆုိျပဳခဲ့ရာက ဒီမိုကရက္ လႊတ္ေတာ္ အမတ္ Manchin ရဲ႕ ေထာက္ခံမႈကို ရရွိခဲ႔တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

ကိုဗစ်ကြောင့် ထိခိုက်မှုတွေ ကုစားရေး ဥပဒေကြမ်း ကန်အထက်လွှတ်တော် အတည်ပြု

အမေရိကန် ပြည်ထောင်စု အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုတွေကြောင့် ထိခိုက်မှုတွေကို ပြန်လည် ကုစားရေး ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံ သုံးမယ့် ဥပဒေကြမ်းကို အထက်လွှတ်တော်က စနေနေ့မှာ အတည်ပြုလိုက်ပါပြီ။ ဥပဒေကြမ်းမှာ ပြင်ဆင်ချက် အများအပြား လုပ်ခဲ့ရပြီးနောက်မှာ ဒီမိုကရက် ပါတီဝင်တွေရဲ့ ထောက်ခံမှုကို ရရှိခဲ့တာပါ။ အထက်လွှတ်တော်က အတည်ပြုလိုက်တာဟာဆိုရင် ဇန်နဝါရီလ ၂၀ ရက်နေ့က တာဝန်စယူခဲ့တဲ့ သမ္မတ Joe Biden အတွက် ပထမဆုံးသော ဥပဒေပြုရေး ဆိုင်ရာ အောင်မြင်မှုကြီး တခု ရဖို့ နီးစပ်လာတာ ဖြစ်ပါတယ်။

အမေရိကန် ကယ်ဆယ်ရေး အစီအစဉ်ကို မဲခွဲ အတည်ပြုခဲ့တဲ့ အတွက်၊ အခက်အခဲ ကာလ အတွင်း အမေရိကန် ပြည်သူတွေ အတွက် အကြိတ်အနယ် ကြိုးစားခဲ့ကြတဲ့ အထက်လွှတ်တော် အမတ်အားလုံးကို ကျေးဇူးတင်ကြောင်း သမ္မတ Biden က ပြောဆိုခဲ့တာပါ။ ဒီလို ဆောင်ရွက်နိုင်ဖို့ မလွယ်ကူ မချောမွေ့ခဲ့ပါဘူး။ ဒါပေမယ့်လည်း အသည်းအသန် လိုအပ်နေတာပါလို့ အထက်လွှတ်တော်က အတည်ပြုပြီးနောက် မကြာခင်မှာဘဲ သမ္မတ Biden က ပြောဆိုခဲ့တာပါ။

အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ ကူညီ ကယ်ဆယ်ရေး ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ ထပ်ပြီး မဲခွဲဖို့ လွှဲပေးရမှာ ဖြစ်ပါတယ်။ ဥပဒေကြမ်းကို ထောက်ခံသူ ၅၀- ကန့်ကွက်သူ ၄၉ ဦးနဲ့ အတည်ပြုခဲ့တာ ဖြစ်ပြီး ရီပတ်ပလီကန် ဘက်က တဦးမှ မထောက်ခံခဲ့ပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ထိခိုက်ရတဲ့ အလုပ်လက်မဲ့ ဖြစ်သူတွေကို အပတ်စဉ် ခံစားခွင့် တိုးပေးရေး အပြန်အလှန် အဆိုပြုချက်တွေမှာ ဒီမိုကရက်နဲ့ ရီပတ်ပလီကန် ကြား နာရီနဲ့ချီ ညှိနှိုင်းမရ ဖြစ်ခဲ့ပြီးနောက်မှာ အခုလို ဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဥပဒေကြမ်းပါ အလုပ်လက်မဲ့ ခံစားခွင့်နဲ့ ပတ်သက်ပြီး ဒီမိုကရက် အမတ် Joe Manchin နဲ့ သောကြာနေ့ နှောင်းပိုင်းမှာ ဒီမိုကရက်တွေ သဘောတူညီချက် ရယူနိုင်ခဲ့တာကြောင့် အကျပ်အတည်ကို ကျော်လွှားနိုင်ခဲ့တာပါ။ အလုပ်လက်မဲ့ ခံစားခွင့် အဖြစ် အပတ်စဉ် ဒေါ်လာ ၄၀၀ ပေးဖို့ အစောပိုင်းမှာ အဆိုပြုခဲ့ပေမဲ့၊ နောက်ပိုင်းမှာတော့ ဒေါ်လာ ၃၀၀ သတ်မှတ်လိုက်ပြီး ဒီအထဲက အများစုကိုလည်း အခွန်သက်သာခွင့်ပေးဖို့ အဆိုပြုခဲ့ရာက ဒီမိုကရက် လွှတ်တော် အမတ် Manchin ရဲ့ ထောက်ခံမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG