သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္-ဂ်ပန္ ႏိုင္ငံျခားေရးနဲ႔ ကာကြယ္ေရးဝန္ႀကီးေတြ ေတြ႔ဆံုေဆြးေႏြး


အေမရိကန္-ဂ်ပန္ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ကာကြယ္ေရးဝန္ႀကီးေတြ ေတြ႔ဆံုတဲ့ ျမင္ကြင္း။ (မတ္ ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

တ႐ုတ္ႏုိင္ငံက ပိုၿပီးေတာ့ေျပာင္က်က် လုပ္လာေနတာနဲ႔ ေျမာက္ကိုရီးယားရဲ႕ ရန္လိုမႈကို ရင္ဆိုင္ေနရခ်ိန္မွာ ပစိဖိတ္သမုဒၵရာ တဘက္တခ်က္စီက ႏုိင္ငံေတြၾကား မိတ္ဘက္ပူးေပါင္းေဆာင္ရြက္မႈကို ထပ္ေလာင္းအာမခံေရး အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ ကာကြယ္ေရးဝန္ႀကီး Lloyd Austin တို႔ဟာ ဂ်ပန္အစိုးရထဲက အလားတူဝန္ႀကီးေတြနဲ႔ ဒီကေန႔ တိုက်ဳိၿမိဳ႕ေတာ္မွာ ေတြ႔ဆံုေဆြးေႏြးၾကပါတယ္။

၂+၂ လို႔ သိထားၾကတဲ့ ဒီစည္းေဝးပြဲမွာ ဂ်ပန္ႏုိင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi ၊ ကာကြယ္ေရးဝန္ႀကီး Nobuo Kishi တို႔နဲ႔ အေမရိကန္ဝန္ႀကီးႏွစ္ဦး ေတြ႔ဆံုေဆြးေႏြးၾကတာပါ။ ဒါဟာျဖင့္ သမၼတ Joe Biden အစိုးရထဲက ဝန္ႀကီးေတြရဲ႕ ပထမဆံုး ျပည္ပခရီးစဥ္ျဖစ္ပါတယ္။

အေမရိကန္နဲ႔ ဂ်ပန္ ႏွစ္ႏုိင္ငံစလံုးဟာ "ဒီမုိကေရစီ၊ လူ႔အခြင့္အေရးနဲ႔ တရားဥပေဒစိုးမိုးေရးတို႔ကို ယံုၾကည္ေပမယ့္ ေဒသတြင္းမွာ ဒီစံတန္ဖိုးေတြ ၿခိမ္းေျခာက္ခံေနရတယ္။" လို႔ ဝန္ႀကီး Motegi နဲ႔ သီးျခားေဆြးေႏြးပြဲမတိုင္ခင္ ဝန္ႀကီး Blinken ကေျပာခဲ့ပါတယ္။

အေရွ႕တ႐ုတ္ပင္လယ္နဲ႔ ေတာင္တ႐ုတ္ပင္လယ္တြင္း အေျခမပ်က္ အေနအထားကို ေျပာင္းပစ္ဖုိ႔ တ႐ုတ္က ႀကိဳးစားေနတဲ့အေပၚ သူတို႔ႏွစ္ဦးစလံုး ကန္႔ကြက္တယ္လို႔ ဂ်ပန္ဝန္ႀကီး Motegi က ေနာက္ပိုင္းမွာ ေျပာခဲ့ပါတယ္။

အဲဒီပင္လယ္ေတြထဲမွာ တ႐ုတ္က စစ္အင္အား တုိးခ်ဲ႕တည္ေဆာက္ေနၿပီး နယ္ေျမအမ်ားစုကို ပိုင္ဆိုင္ေၾကာင္း ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်-ဂျပန် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံက ပိုပြီးတော့ပြောင်ကျကျ လုပ်လာနေတာနဲ့ မြောက်ကိုရီးယားရဲ့ ရန်လိုမှုကို ရင်ဆိုင်နေရချိန်မှာ ပစိဖိတ်သမုဒ္ဒရာ တဘက်တချက်စီက နိုင်ငံတွေကြား မိတ်ဘက်ပူးပေါင်းဆောင်ရွက်မှုကို ထပ်လောင်းအာမခံရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ဟာ ဂျပန်အစိုးရထဲက အလားတူဝန်ကြီးတွေနဲ့ ဒီကနေ့ တိုကျိုမြို့တော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

၂+၂ လို့ သိထားကြတဲ့ ဒီစည်းဝေးပွဲမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ၊ ကာကွယ်ရေးဝန်ကြီး Nobuo Kishi တို့နဲ့ အမေရိကန်ဝန်ကြီးနှစ်ဦး တွေ့ဆုံဆွေးနွေးကြတာပါ။ ဒါဟာဖြင့် သမ္မတ Joe Biden အစိုးရထဲက ဝန်ကြီးတွေရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဂျပန် နှစ်နိုင်ငံစလုံးဟာ "ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ယုံကြည်ပေမယ့် ဒေသတွင်းမှာ ဒီစံတန်ဖိုးတွေ ခြိမ်းခြောက်ခံနေရတယ်။" လို့ ဝန်ကြီး Motegi နဲ့ သီးခြားဆွေးနွေးပွဲမတိုင်ခင် ဝန်ကြီး Blinken ကပြောခဲ့ပါတယ်။

အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွင်း အခြေမပျက် အနေအထားကို ပြောင်းပစ်ဖို့ တရုတ်က ကြိုးစားနေတဲ့အပေါ် သူတို့နှစ်ဦးစလုံး ကန့်ကွက်တယ်လို့ ဂျပန်ဝန်ကြီး Motegi က နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။

အဲဒီပင်လယ်တွေထဲမှာ တရုတ်က စစ်အင်အား တိုးချဲ့တည်ဆောက်နေပြီး နယ်မြေအများစုကို ပိုင်ဆိုင်ကြောင်း ကြေညာထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG