သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ အာဏာသိမ္း အၾကမ္းဖက္ ဖိႏွိပ္မႈ ဂ်ပန္တံု႔ျပန္ဖို႔ရွိ


ဂ်ပန္ ကက္ဘိနက္အဖြဲ႔ အတြင္းဝန္ခ်ဳပ္ Katsunobu Kato

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းထားတဲ့ စစ္တပ္က ဆႏၵျပျပည္သူေတြ အေပၚ အၾကမ္းဖက္ႏွိမ္နင္းမႈေတြကို အျပင္းအထန္ရႈတ္ခ်ေၾကာင္းနဲ႔ လက္တုန္႔ျပန္ ဖို႔ စဥ္းစားသံုးသပ္မွာ ျဖစ္ေၾကာင္း ဂ်ပန္ ကက္ဘိနက္အဖြဲ႔ အတြင္းဝန္ခ်ဳပ္ Katsunobu Kato က တနလၤာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားလိုက္ပါတယ္။

“ျမန္မာႏိုင္ငံတြင္းက အေျခအေနေတြကို ေစာင့္ၾကည့္ေနၿပီး စီးပြားေရးအရ ပူးေပါင္းေဆာင္ရြက္မႈေတြ၊ မူဝါဒေတြနဲ႔ ပတ္သက္လို႔ ဘယ္လိုဆက္ၿပီး တံု႔ျပန္သြားမလဲ ဆိုတာကို ေလ့လာ သံုးသပ္သြားမွာ ျဖစ္သလို ျမန္မာ့အေရး စိုးရိမ္ေနၾကတဲ့ တျခား ႏိုင္ငံေတြရဲ႕ တံု႔ျပန္မႈေတြကိုလည္း ထည့္သြင္း စဥ္းစားသြားမွာ ျဖစ္ေၾကာင္း" ေျပာသြားတာပါ။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီး ဒီမိုကေရစီေရး လိုလားသူေတြကို ပစ္ခတ္ႏွိမ္နင္းေနတာကို ကန္႔ကြက္တဲ့အေနနဲ႔ ျမန္မာနဲ႔ ကာကြယ္ေရးဆိုင္ရာ ပူးေပါင္း ေဆာင္ရြက္မႈေတြ ဆိုင္းငံ့ၿပီး စစ္ဘက္ပစၥည္း တင္ပို႔ေရာင္းခ်မႈေတြ ပိတ္ပင္မယ္လို႔ ေတာင္ကိုရီးယား ႏိုင္ငံက ၿပီးခဲ့တဲ့သီတင္းပတ္ထဲ ေျပာဆိုခဲ့ၿပီးတဲ့ေနာက္ ဂ်ပန္ႏိုင္ငံကလည္း ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အခုလို တံု႔ျပန္လာတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းစစ္တပ္က ႏိုင္ငံတကာရဲ႕ ထပ္တလဲလဲ ေတာင္းဆိုမႈေတြကို ဂ႐ုမစိုက္ပဲ အရပ္သားေတြ အေပၚအၾကမ္းဖက္ေနတာ ကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေၾကာင္းလည္း ဂ်ပန္အစိုးရ ေျပာၾကားလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာစစ်တပ် အာဏာသိမ်း အကြမ်းဖက် ဖိနှိပ်မှု ဂျပန်တုံ့ပြန်ဖို့ရှိ

(Unicode)

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က ဆန္ဒပြပြည်သူတွေ အပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေကို အပြင်းအထန်ရှုတ်ချကြောင်းနဲ့ လက်တုန့်ပြန် ဖို့ စဉ်းစားသုံးသပ်မှာ ဖြစ်ကြောင်း ဂျပန် ကက်ဘိနက်အဖွဲ့ အတွင်းဝန်ချုပ် Katsunobu Kato က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို စောင့်ကြည့်နေပြီး စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ၊ မူဝါဒတွေနဲ့ ပတ်သက်လို့ ဘယ်လိုဆက်ပြီး တုံ့ပြန်သွားမလဲ ဆိုတာကို လေ့လာ သုံးသပ်သွားမှာ ဖြစ်သလို မြန်မာ့အရေး စိုးရိမ်နေကြတဲ့ တခြား နိုင်ငံတွေရဲ့ တုံ့ပြန်မှုတွေကိုလည်း ထည့်သွင်း စဉ်းစားသွားမှာ ဖြစ်ကြောင်း" ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီရေး လိုလားသူတွေကို ပစ်ခတ်နှိမ်နင်းနေတာကို ကန့်ကွက်တဲ့အနေနဲ့ မြန်မာနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ဆိုင်းငံ့ပြီး စစ်ဘက်ပစ္စည်း တင်ပို့ရောင်းချမှုတွေ ပိတ်ပင်မယ်လို့ တောင်ကိုရီးယား နိုင်ငံက ပြီးခဲ့တဲ့သီတင်းပတ်ထဲ ပြောဆိုခဲ့ပြီးတဲ့နောက် ဂျပန်နိုင်ငံကလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က နိုင်ငံတကာရဲ့ ထပ်တလဲလဲ တောင်းဆိုမှုတွေကို ဂရုမစိုက်ပဲ အရပ်သားတွေ အပေါ်အကြမ်းဖက်နေတာ ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ဂျပန်အစိုးရ ပြောကြားလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG