သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားေရာက္ ကန္၀န္ႀကီး Blinken ျမန္မာစစ္အာဏာသိမ္းမႈ အေလးထားေျပာၾကား


(Zawgyi/Unicode)

အာရွခရီးစဥ္ တစိတ္တပိုင္းအျဖစ္ ေတာင္ကိုရီးယားႏိုင္ငံကို ေရာက္ေနတဲ့ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Antony Blinken ဟာ ေတာင္ကိုရီးယား ႏိုင္ငံျခားေရး၀န္ႀကီး Chung Eui-yong နဲ႔ ဗုဒၶဟူးေန႔က ေတြ႕ဆုံခဲ့ရာမွာ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ျမန္မာႏိုင္ငံ အပါအ၀င္ ေဒသတြင္းမွာ ဒီမိုကေရစီေရးအတြက္ စိန္ေခၚမႈေတြ ၾကံဳေနရတဲ့ အေျခအေနေတြကို အေလးထား ေျပာဆိုသြားပါတယ္။

"ျမန္မာႏုိင္ငံမွာ ဒီမုိကေရစီနည္းက် က်င္းပခဲ့တဲ့ ေရြးေကာက္ပဲြ ရလဒ္ကို ေျပာင္းလဲပစ္ဖို႔ စစ္တပ္က ႀကိဳးစားေနၿပီး၊ တိုင္းျပည္ အနာဂတ္အတြက္ ႐ိုး႐ိုးရွင္းရွင္း ကိုယ့္ဆႏၵကို ထုတ္ေဖာ္ၾကတဲ့ ဆႏၵျပသူေတြကိုလည္း ရက္ရက္စက္စက္ ၿဖိဳခြဲေနပါတယ္။" လို႔ ဝန္ႀကီး Blinken က ေျပာပါတယ္။

အေမရိကန္သမၼတ Joe Biden အစိုးရရဲ႕ ႏိုင္ငံျခားေရး၀န္ႀကီးအျဖစ္ ပထမဆုံးအႀကိမ္ အာရွခရီးထြက္လာတဲ့ ၀န္ႀကီး Blinken ဟာ ေတာင္ကိုရီးယားႏိုင္ငံ ခရီးစဥ္ မတိုင္ခင္ ဂ်ပန္ႏိုင္ငံကို ေရာက္ရွိစဥ္မွာလည္း ျမန္မာႏိုင္ငံ အေရးနဲ႔ ပတ္သက္လို႔ အေလးထား ေျပာဆိုခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က အရပ္သားအစိုးရ ေခါင္းေဆာင္ေတြကို ဖမ္းဆီးဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္တဲ့အေပၚ တုန္႔ျပန္တဲ့အေနနဲ႔ အေမရိကန္ ျပည္ေထာင္စုက ျမန္မာစစ္ေခါင္းေဆာင္ေတြနဲ႔ မိသားစု၀င္ေတြ၊ ဆက္ႏြယ္ေနတဲ့ လုပ္ငန္းေတြကိုလည္း ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ခ်မွတ္ထားပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ တပ္မေတာ္အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ သားျဖစ္သူ ေအာင္ျပည့္စုံ၊ သမီးျဖစ္သူ ခင္သီရိသက္မြန္ နဲ႔ သူတို႔ ဦးေဆာင္လုပ္ကိုင္ေနတဲ့ ကုမၸဏီ ၆ ခုကို အေရးယူလိုက္ေၾကာင္း အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာနက ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............

တောင်ကိုရီးယားရောက် ကန်ဝန်ကြီး Blinken မြန်မာစစ်အာဏာသိမ်းမှု အလေးထားပြောကြား

(Unicode)

အာရှခရီးစဉ် တစိတ်တပိုင်းအဖြစ် တောင်ကိုရီးယားနိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Chung Eui-yong နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ရာမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းမှာ ဒီမိုကရေစီရေးအတွက် စိန်ခေါ်မှုတွေ ကြုံနေရတဲ့ အခြေအနေတွေကို အလေးထား ပြောဆိုသွားပါတယ်။

"မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲပစ်ဖို့ စစ်တပ်က ကြိုးစားနေပြီး၊ တိုင်းပြည် အနာဂတ်အတွက် ရိုးရိုးရှင်းရှင်း ကိုယ့်ဆန္ဒကို ထုတ်ဖော်ကြတဲ့ ဆန္ဒပြသူတွေကိုလည်း ရက်ရက်စက်စက် ဖြိုခွဲနေပါတယ်။" လို့ ဝန်ကြီး Blinken က ပြောပါတယ်။

အမေရိကန်သမ္မတ Joe Biden အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံးအကြိမ် အာရှခရီးထွက်လာတဲ့ ဝန်ကြီး Blinken ဟာ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ် မတိုင်ခင် ဂျပန်နိုင်ငံကို ရောက်ရှိစဉ်မှာလည်း မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်လို့ အလေးထား ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် တုန့်ပြန်တဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေ၊ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေကိုလည်း ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံ၊ သမီးဖြစ်သူ ခင်သီရိသက်မွန် နဲ့ သူတို့ ဦးဆောင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၆ ခုကို အရေးယူလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG