သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပသူေတြသတ္ျဖတ္မႈရပ္ဖို႔ ကုလတိုက္တြန္း


ရန္ကုန္ ဘုရင့္ေနာင္တံတားအနီး ျမင္ကြင္း။ (မတ္ ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဆႏၵျပသူေတြကို သတ္ျဖတ္ေနတာ ရပ္ပါလို႔ ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီးရံုးေျပာခြင့္ရ Ravina Shamdasani က ျမန္မာစစ္တပ္ကို ေတာင္းဆိုလိုက္ပါတယ္။

ႏွိမ္နင္းၿဖိဳခြင္းမႈေတြ တိုးျမွင့္လုပ္ေဆာင္ေနတဲ့အေပၚ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီးရံုးက သိပ္ကို စိုးရိမ္ပါတယ္။ ဆႏၵျပသူေတြကို သတ္ျဖတ္ ဖမ္းဆီးေနတာ ရပ္ပါ။ အစိုးရကိုယ္တိုင္ ျမန္မာျပည္သူေတြအေပၚ အၾကမ္းဖက္ေနတာရပ္ေအာင္ အေရးယူေဆာင္ရြက္မႈေတြ လုပ္ဖို႔ ၾသဇာလႊမ္းႏိုင္သူေတြ အားလံုးမွာ တာဝန္ရွိတယ္လို႔ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီးက အေလးအနက္ေျပာၾကားထားတယ္လို႔ ေျပာခြင့္ရ Shamdasani က ဒီေန႔ သတင္းစာရွင္းပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ထဲက လံုျခံဳေရးတပ္ေတြလက္ခ်က္နဲ႔ ေသဆံုးသူ ၁၄၉ ေယာက္ထက္ မနည္းရွိတယ္လို႔ သူကေျပာပါတယ္။ ဖမ္းဆီးခံထားရစဥ္ ေသဆံုးတယ္လို႔ သိထားသူကလည္း ၅ ေယာက္ရွိတယ္လို႔ သိထားတဲ့အထဲက အနည္းဆံုး ၂ ေယာက္ရဲ႕ အေလာင္းေတြေပၚမွာ ကိုယ္ထိလက္ေရာက္ ညွဥ္းပန္း ႏွိပ္စက္ထားတဲ့ လကၡာေတြ ေတြ႕ရပါတယ္။ ဆက္လက္ ဖမ္းဆီးခံေနရတဲ့ သတင္းေထာက္ ၁၉ ေယာက္အပါအဝင္ သတင္းေထာက္ စုစုေပါင္း ၃၇ ေယာက္ေလာက္လည္း ဖမ္းဆီးခံခ့ဲရတဲ့အေၾကာင္း Switzerland ႏိုင္ငံ Geneva ၿမိဳ႕မွာလုပ္တဲ့ သတင္းစာရွင္းပြဲမွာ သူက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့တပတ္တည္းက စလို႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူေတြအေပၚ လံုျခံဳေရးတပ္ေတြက ေသေစေလာက္ေအာင္ အၾကမ္းဖက္တာေတြ ပိုတိုးလာတဲ့အတြက္ ေသဆံုးသူအေရအတြက္ တိုးလာပါတယ္။ တႏိုင္ငံလံုးမွာလည္း ဥပေဒမဲ့ ဖမ္းဆီးမႈေတြ ပိုမ်ားလာပါတယ္။ ဖမ္းဆီးခံထားရသူေတြ ႏွိပ္စက္ခံရတယ္ဆိုတဲ့ စိတ္မခ်မ္းသာစရာ သတင္းေတြလဲ ထြက္ေပၚလာေနပါတယ္။ မတရား ဖမ္းဆီးခံထားရသူေတြထဲက ရာနဲ႔ခ်ီရဲ႕ အေျခအေနကို မသိရေသးတဲ့အတြက္ ဒါဟာ ေဖ်ာက္ဖ်က္ပစ္တဲ့ အဆင့္ကို ေရာက္ေနတယ္လို႔ ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီးရံုးေျပာခြင့္ရ Ravina Shamdasani က ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းစြာဆႏၵျပေနသူေတြကို စစ္တပ္က ရက္ရက္စက္စက္ ဖိႏွိပ္ေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ဂ်ပန္ႏိ္ုင္ငံမွာ ဒီေန႔ ေျပာၾကားလိုက္ပါတယ္။ Biden အစိုးရရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးတေယာက္အေနနဲ႔ ပထမဆံုး ႏိ္ုင္ငံျခားခရီးစဥ္အျဖစ္ ဂ်ပန္ႏိုင္ငံကို ေရာက္ေနစဥ္ခုလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္ဟာ ဒီမိုကေရစီနည္းက် က်င္းပခဲ့တဲ့ေရြးေကာက္ပြဲရလဒ္ကို ေျပာင္းဖို႔ ႀကိဳးစားေနၿပီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပေနသူေတြကို ရက္ရက္စက္စက္ ဖိႏွိပ္ေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာၾကားခဲ့တာပါ။

ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi၊ ကာကြယ္ေရးဝန္ႀကီး Nobuo Kishi တို႔နဲ႔ Tokyo ၿမိဳ႕ေတာ္မွာ ဒီေန႔ ေတြ႕ဆံု ေဆြးေႏြးစဥ္အတြင္း အေမရိကန္နဲ႔ ဂ်ပန္ႏိုင္ငံတို႔ တန္ဖိုးထားတဲ့ ဒီမိုကေရစီတန္ဖိုးေတြ ျမန္မာႏိုင္ငံအပါအဝင္ အာရွေဒသထဲမွာ ထိခိုက္ေနတယ္လို႔လည္း ႏိုင္ငံျခားေရး ဝန္ႀကီး Blinken ကေျပာၾကားခဲ့ပါတယ္။

အေမရိကန္နဲ႔ ဂ်ပန္ႏိုင္ငံတို႔ဟာ ဒီမိုကေရစီ၊ လူ႔အခြင့္အေရး၊ တရားဥပေဒစိုးမိုးေရးစတဲ့ ဘံုတန္ဖိုးထားတဲ့ စံတန္ဖိုးေတြေၾကာင့္ အတူရပ္တည္ေနတာျဖစ္ပါတယ္။ က်ေနာ္တို႔ ႏိုင္ငံေတြမွာ ဒီတန္ဖိုးေတြေၾကာင့္ ပိုၿပီးခိုင္မာလာတာ ျမင္ေတြ႕ခဲ့ရၿပီးျဖစ္ပါတယ္။ ဒါေပမဲ့ ေဒသတြင္းက ျမန္မာ၊ တ႐ုတ္စတဲ့ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဒီမိုကေရစီ၊ လူ႔အခြင့္အေရး၊ တရားဥပေဒစိုးမိုးေရးေတြ ထိခိုက္ေနပါတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကေျပာၾကားခဲ့ပါတယ္။

အေျခအေန ပိုဆိုးလာေနတဲ့ ျမန္မာႏိုင္ငံမွာ ျပည္သူအမ်ားအျပား ေသေၾကဒဏ္ရာရတာကို စိုးရိမ္တယ္။ ဖမ္းဆီးခံထားသူေတြ ကို ျပန္လႊတ္ေပးေရးနဲ႔ ဒီမိုကေရစီစနစ္ ျပန္လည္ထူေထာင္ႏိုင္ေရးအတြက္ အျပင္းအထန္ႀကိဳးစားသြယ္မယ္လို႔ ဂ်ပန္နဲ႔ အေမရိကန္က သေဘာတူခဲ့ေၾကာင္း ဂ်ပန္ႏိုင္ငံဘက္က သတင္းေတြမွာ ေဖာ္ျပပါတယ္။

စစ္အာဏာသိမ္းခဲ့ၿပီးေနာက္ အစားအေသာက္နဲ႔ ေလာင္စာဆီေစ်းေတြ တက္ေနတာမို႔ အဆင္းရဲဆံုး လူတန္းစားေတြ ဒုကၡေရာက္ႏိုင္တယ္လို႔ ကုလသမဂၢ စားနပ္ရိကၡာအစီအစဥ္ WFP ကလည္း ဒီေန႔ သတိေပးလိုက္ပါတယ္။ အဓိကစားကုန္ျဖစ္တဲ့ ဆန္ေစ်းဟာ တခ်ဳိ႕ေနရာေတြမွာ ၂၀% ကေန ၃၅% အထိေစ်းတက္သြားခဲ့တယ္လို႔ WFP ကေျပာပါတယ္။ ဒါဟာ ဆင္းရဲသားေတြ ဒုကၡေရာက္မယ့္ လကၡ႑ာျဖစ္တယ္လို႔ WFP ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ဒါ႐ိုက္တာ Stephen Anderson ကေျပာပါတယ္။ ဇန္နဝါရီလနဲ႔ ေဖေဖာ္ဝါရီလၾကား ရန္ကုန္တဝိုက္မွာ စားအုန္းဆီေစ်းကလည္း ၂၀% ေလာက္ တက္သြားခဲ့သလို ေလာင္စာဆီေစ်းကလည္း ႏိုင္ငံတဝန္း ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ထဲက ၁၅% ေလာက္တက္သြားတယ္လို႔ WFP ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ေလာင္စာဆီေစ်းတက္တဲ့ ဂယက္ေၾကာင့္ ေနာက္ထပ္ စားေသာက္ကုန္ေစ်းေတြ တက္မွာကိုလည္း ျပည္သူေတြ စိုးရိမ္ေနၾကတာပါ။

ရန္ကုန္မွာ စားေရးေသာက္ေရး အခက္အခဲျဖစ္လာတ့ဲအတြက္ နယ္ေတြကေန အလုပ္လာလုပ္ေနၾကသူ ေတာ္ေတာ္မ်ားမ်ားလည္း ေနရပ္ေတြ ျပန္ေနၾကပါတယ္။ အထူးသျဖင့္ လႈိင္သာယာ၊ ေရႊျပည္သာ စက္မႈဇုန္ေတြမွာ အလုပ္လာေနၾကသူေတြဟာ လံုျခံဳေရးနဲ႔ စားေသာက္ ေနထိုင္ေရးအခက္အခဲျဖစ္ေနတာေၾကာင့္ ေနရပ္ၿမိဳ႕ေတြကို ျပန္သြားေနၾကတာျဖစ္ပါတယ္။ လႈိင္သာယာၿမိဳ႕နယ္မွာ ေသာက္သံုးေရ အေတာ္ေလး ရွားပါးေနတယ္လို႔လည္း ေဒသခံေတြက ေျပာေနၾကပါတယ္။

စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲေတြကေတာ့ ရန္ကုန္အပါအဝင္ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ဆက္ၿပီး ရွိေနပါတယ္။ ပဲခူး၊ မႏၲေလး၊ မံုရြာ၊ ေအာင္လံ၊ မိုးကုတ္၊ လြိဳင္ေကာ္၊ ထားဝယ္ စတဲ့ ေဒသစံုမွာ ျပည္သူေတြ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။ လံုျခံဳေရးတပ္ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ ရန္ကုန္မွာ ၁ ေယာက္၊ ေကာလင္းၿမိဳ႕မွာ ၂ ေယာက္ အနည္းဆုံး ဒီေန႔ ေသဆံုးတယ္လို႔ ေလာေလာဆယ္ အတည္ျပဳႏိုင္ပါတယ္။

ၿပီးခဲ့တဲ့ရက္ေတြက လံုျခံဳေရးတပ္ေတြ လက္ခ်က္နဲ႔ ရန္ကုန္ၿမိဳ႕မွာ ေသဆံုးခဲ့သူတခ်ဳိ႕ရဲ႕ စ်ာပနအခမ္းအနားေတြ ဒီေန႔လုပ္ခဲ့ၾကပါတယ္။

"က်မသားေလးဆိုရင္ အရမ္းလိမၼာပါတယ္။ က်မ သားတေယာက္ ဆံုးရံႈးလိုက္ၿပီ။ က်မသားေလးက ဆရာဝန္ပါ။ က်မသားေလးအတြက္ က်မ ေပးဆပ္ခဲ့တယ္။"

အသက္ ၁၉ ႏွစ္အရြယ္မွာ ကြယ္လြန္သြားတဲ့ ကိုခန္႔ျငားဟိန္းရဲ႕ မိခင္ျဖစ္ပါတယ္။ သူ႔ရဲ႕ စ်ာပနာကို ေဆးတကၠသိုလ္က ေက်ာင္းသူေက်ာင္းသားေတြနဲ႔ ဆရာဝန္ေလာက သူေတြလည္း လာေရာက္ႏႈတ္ဆက္ခဲ့ၾကပါတယ္။

"က်ေနာ္တို႔ ေဆးေလာကကေတာ့ ေလာေလာဆယ္အားျဖင့္ကေတာ့ အေစာဆံုးအေနနဲ႔ CDM ဆိုၿပီးေတာ့ စလုပ္ၾကတာေပါ့.. ဆရာဝန္အငယ္ေတြကေနၿပီးေတာ့။ စလုပ္ၾကတာဆိုတဲ့အခါက်ေတာ့ ဒီလိုမ်ိဳးေတြလည္း ေပးဆပ္ခဲ့ရၿပီးတဲ့အခါမွာေတာ့ ေဆးေလာကအေနဲ႔ က်ေနာ္ထင္ပါတယ္... ေလွ်ာ့သြားမယ့္လူေတာ့ တေယာက္မွ မရွိပါဘူး။ က်ေနာ္တို႔ကေတာ့ ဒီတိုက္ပဲြကို ဆံုးေအာင္ပဲ တိုက္ၾကပါလိမ့္မယ္။ ဆိုေတာ့ က်ဆံုးသြားတဲ့အသက္ေတြ အလကားမျဖစ္ေအာင္ မိဘျပည္သူေတြအေနနဲ႔ကလည္း အားလံုးဝိုင္းဝန္းၾကိဳးစားၾကဖို႔၊ က်ေနာ္တို႔ ေက်ာင္းသားေတြအားလံုးကလည္း ၾကိဳးစားၾကဖို႔ အဲဒါပဲ အေရးၾကီးတယ္လို႔ က်ေနာ္ျမင္ပါတယ္။"

စ်ာပနအခမ္းအနားမွာ စစ္အာဏာရွင္ဆန္႔က်င္တဲ့ သေကၤတ လက္ ၃ ေခ်ာင္းေထာင္ၿပီး ကမာၻမေၾကသီခ်င္းကိုလည္း သီဆို ႏႈတ္ဆက္ခဲ့ၾကပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လုံျခံဳေရးတပ္ဖဲြ႕ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ ေသဆံုးသူ ၁၄၀ ထက္မနည္းရွိၿပီး ၂,၁၀၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရပါတယ္။ ေသဆံုး၊ ဒဏ္ရာရတဲ့ အေျခအေနကို မသိရဘဲ ေပ်ာက္ဆံုးေနသူေတြလည္း ေတာ္ေတာ္မ်ားမ်ားရွိပါတယ္။

စစ္အာဏာသိ္မ္းယူအုပ္ခ်ဳပ္ခဲ့ၿပီးေနာက္ ျမန္မာျပည္ထဲက သတင္းမီဒီယာလုပ္ငန္းေတြ ထိခိုက္ေနခ်ိန္မွာပဲ ပုဂၢလိက ထုတ္ေဝေနတဲ့ထဲက ေနာက္ဆံုးက်န္တဲ့ စံေတာ္ခ်ိန္ေန႔စဥ္သတင္းစာ ထုတ္လုပ္မႈကို ရပ္ဆိုင္းလိုက္ၿပီမို႔ ျမန္မာႏိ္ုင္ငံမွာ လြတ္လပ္တဲ့ ပုဂၢလိကသတင္းစာထုတ္ေ၀မႈ အားလံုး ရပ္ဆိုင္းသြားၿပီျဖစ္ပါတယ္။

စံေတာ္ခ်ိန္ သတင္းဌာနအေနနဲ႔ ေန႔စဥ္ထုတ္သတင္းစာကိုေရာ အြန္လိုင္းအေျခခံၿပီးေရးသားတဲ့သတင္းလုပ္ငန္း အားလံုးကိုပါ ဒီကေန႔ မတ္လ ၁၇ ရက္ေန႔က စၿပီး ရပ္ဆိုင္းတယ္လို႔ ေၾကညာပါတယ္။ ေဖေဖာ္ဝါရီလ ၁ရက္ စစ္တပ္က အာဏာမသိမ္းခင္အထိ ျမန္မာႏိုင္ငံမွာ Daily Eleven, 7Day, ျမန္မာတိုင္းစ္, the Voice daily, စံေတာ္ခ်ိန္ စသျဖင့္ ပုဂၢလိကသတင္းစာ ၅ ခုထက္မနည္းရွိေနေပမဲ့ အာဏာသိမ္းၿပီးေနာက္ပိုင္း Eleven အပါအ၀င္ ပုဂၢလိကသတင္းစာတခ်ိဳ႕ ရပ္ဆိုင္းသြားပါမယ္။

7Day News ကိုေတာ့ ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီက မတ္လ ၈ ရက္ေန႔က လုပ္ငန္းလိုင္စင္႐ုပ္သိမ္းၿပီး ထုတ္ေ၀ခြင့္ပိတ္ခဲ့ပါတယ္။ သတင္းဌာနေတြအေနနဲ႔ လြတ္လြတ္လပ္လပ္သတင္းေဖာ္ျပဖို႔လုပ္လာရင္ အႏၲရာယ္ၾကံဳရႏိုင္သလို တဘက္မွာ ဆင္ဆာျဖတ္ေတာက္ေရးသားရင္လည္း လူထုနဲ႔ရင္ဆိုင္ရမယ့္အေျခအေနမ်ိဳး ေဘးၾကပ္နံၾကပ္ၾကံဳေနရတယ္လို႔ ရန္ကုန္ၿမိဳ႕က ဝါရင့္သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္က VOA ကို ေျပာပါတယ္။

လတ္တေလာအားျဖင့္ေတာ့ ႏိုင္ငံထုတ္ ေၾကးမံုနဲ႔ ျမန္မာ့အလင္းသတင္းစာ ၂ ေစာင္ပဲ ေန႔စဥ္ထုတ္ႏိုင္တယ္လို႔ ဆိုရေပမဲ့ အဲဒီက ၀န္ထမ္းအေတာ္မ်ားမ်ား CDM အၾကမ္းမဖက္အာဏာဖီဆန္ေရးလုပ္ေနတာမို႔လို႔ သတင္းအေတာ္မ်ားမ်ားဟာ စစ္တပ္ပိုင္ ျမ၀တီသတင္းဌာနက သတင္းေတြျဖစ္ေနပါတယ္။

မတ္လ ၈ ရက္ေန႔တုန္းက စစ္အုပ္ခ်ဳပ္ေရးေကာင္စီကေန ထုတ္ေ၀မႈ ပိတ္တဲ့သတင္းဌာနေတြထဲမွာ 7Day အျပင္ Myanmar Now, ေခတ္သစ္မီဒီယာနဲ႔ ႐ုပ္သံဌာနႀကီးႏွစ္ခုျဖစ္တဲ့ မဇိၥ်မနဲ႔ DVB သတင္းဌာနတို႔လည္း ပါ၀င္ပါတယ္။ ဒါေၾကာင့္ လက္ရွိလႊင့္ထုတ္ဆဲ သတင္းအသားေပး ပုဂၢလိက႐ုပ္သံဆိုလို႔ ၊ SkyNet ရဲ႕ OneNews သတင္းဌာနတခုပဲ ႐ုပ္သံ ပုဂၢလိကသတင္းဌာနရယ္လို႔ က်န္ပါေတာ့တယ္။ ႏိုင္ငံပိုင္ MRTV သတင္းဌာနဆိုရင္လည္း CDM ၀န္ထမ္းေတြ မ်ားတာေၾကာင့္၊ စစ္တပ္ပိုင္ ျမ၀တီက ထုတ္တဲ့သတင္းေတြကို ျပန္လႊင့္ေနတာေတြ႕ရပါတယ္။ ျမန္မာႏိ္ုင္ငံတြင္း စစ္တပ္က အာဏာသိမ္းၿပီးကတည္းက သတင္းမီဒီယာေတြကို ပစ္မွတ္ထားအေရးယူမႈေတြလုပ္ေနရာမွာ၊ သတင္းသမား ၃၇ ဦးထက္မနည္း ဖမ္းဆီးထိန္းသိမ္းတာခံခဲ့ရတယ္လို႔ ကုလသမဂၢ စာရင္းမွာ ေဖာ္ျပထားပါတယ္။

ဆႏၵျပသူေတြသတ္ျဖတ္မႈရပ္ဖို႔ ကုလတိုက္တြန္း
please wait

No media source currently available

0:00 0:08:01 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဆန္ဒပြသူတွေသတ်ဖြတ်မှုရပ်ဖို့ ကုလတိုက်တွန်း

မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို သတ်ဖြတ်နေတာ ရပ်ပါလို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးပြောခွင့်ရ Ravina Shamdasani က မြန်မာစစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။

နှိမ်နင်းဖြိုခွင်းမှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက သိပ်ကို စိုးရိမ်ပါတယ်။ ဆန္ဒပြသူတွေကို သတ်ဖြတ် ဖမ်းဆီးနေတာ ရပ်ပါ။ အစိုးရကိုယ်တိုင် မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နေတာရပ်အောင် အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ သြဇာလွှမ်းနိုင်သူတွေ အားလုံးမှာ တာဝန်ရှိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက အလေးအနက်ပြောကြားထားတယ်လို့ ပြောခွင့်ရ Shamdasani က ဒီနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ထဲက လုံခြုံရေးတပ်တွေလက်ချက်နဲ့ သေဆုံးသူ ၁၄၉ ယောက်ထက် မနည်းရှိတယ်လို့ သူကပြောပါတယ်။ ဖမ်းဆီးခံထားရစဉ် သေဆုံးတယ်လို့ သိထားသူကလည်း ၅ ယောက်ရှိတယ်လို့ သိထားတဲ့အထဲက အနည်းဆုံး ၂ ယောက်ရဲ့ အလောင်းတွေပေါ်မှာ ကိုယ်ထိလက်ရောက် ညှဉ်းပန်း နှိပ်စက်ထားတဲ့ လက္ခာတွေ တွေ့ရပါတယ်။ ဆက်လက် ဖမ်းဆီးခံနေရတဲ့ သတင်းထောက် ၁၉ ယောက်အပါအဝင် သတင်းထောက် စုစုပေါင်း ၃၇ ယောက်လောက်လည်း ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း Switzerland နိုင်ငံ Geneva မြို့မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့တပတ်တည်းက စလို့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် လုံခြုံရေးတပ်တွေက သေစေလောက်အောင် အကြမ်းဖက်တာတွေ ပိုတိုးလာတဲ့အတွက် သေဆုံးသူအရေအတွက် တိုးလာပါတယ်။ တနိုင်ငံလုံးမှာလည်း ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ပိုများလာပါတယ်။ ဖမ်းဆီးခံထားရသူတွေ နှိပ်စက်ခံရတယ်ဆိုတဲ့ စိတ်မချမ်းသာစရာ သတင်းတွေလဲ ထွက်ပေါ်လာနေပါတယ်။ မတရား ဖမ်းဆီးခံထားရသူတွေထဲက ရာနဲ့ချီရဲ့ အခြေအနေကို မသိရသေးတဲ့အတွက် ဒါဟာ ဖျောက်ဖျက်ပစ်တဲ့ အဆင့်ကို ရောက်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးပြောခွင့်ရ Ravina Shamdasani က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို စစ်တပ်က ရက်ရက်စက်စက် ဖိနှိပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဂျပန်နိုင်ငံမှာ ဒီနေ့ ပြောကြားလိုက်ပါတယ်။ Biden အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးတယောက်အနေနဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ဂျပန်နိုင်ငံကို ရောက်နေစဉ်ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလဒ်ကို ပြောင်းဖို့ ကြိုးစားနေပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေကို ရက်ရက်စက်စက် ဖိနှိပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာပါ။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi၊ ကာကွယ်ရေးဝန်ကြီး Nobuo Kishi တို့နဲ့ Tokyo မြို့တော်မှာ ဒီနေ့ တွေ့ဆုံ ဆွေးနွေးစဉ်အတွင်း အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ တန်ဖိုးထားတဲ့ ဒီမိုကရေစီတန်ဖိုးတွေ မြန်မာနိုင်ငံအပါအဝင် အာရှဒေသထဲမှာ ထိခိုက်နေတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီး Blinken ကပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးစတဲ့ ဘုံတန်ဖိုးထားတဲ့ စံတန်ဖိုးတွေကြောင့် အတူရပ်တည်နေတာဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံတွေမှာ ဒီတန်ဖိုးတွေကြောင့် ပိုပြီးခိုင်မာလာတာ မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသတွင်းက မြန်မာ၊ တရုတ်စတဲ့ နေရာတော်တော်များများမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးတွေ ထိခိုက်နေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောကြားခဲ့ပါတယ်။

အခြေအနေ ပိုဆိုးလာနေတဲ့ မြန်မာနိုင်ငံမှာ ပြည်သူအများအပြား သေကြေဒဏ်ရာရတာကို စိုးရိမ်တယ်။ ဖမ်းဆီးခံထားသူတွေ ကို ပြန်လွှတ်ပေးရေးနဲ့ ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်နိုင်ရေးအတွက် အပြင်းအထန်ကြိုးစားသွယ်မယ်လို့ ဂျပန်နဲ့ အမေရိကန်က သဘောတူခဲ့ကြောင်း ဂျပန်နိုင်ငံဘက်က သတင်းတွေမှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းခဲ့ပြီးနောက် အစားအသောက်နဲ့ လောင်စာဆီဈေးတွေ တက်နေတာမို့ အဆင်းရဲဆုံး လူတန်းစားတွေ ဒုက္ခရောက်နိုင်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP ကလည်း ဒီနေ့ သတိပေးလိုက်ပါတယ်။ အဓိကစားကုန်ဖြစ်တဲ့ ဆန်ဈေးဟာ တချို့နေရာတွေမှာ ၂၀% ကနေ ၃၅% အထိဈေးတက်သွားခဲ့တယ်လို့ WFP ကပြောပါတယ်။ ဒါဟာ ဆင်းရဲသားတွေ ဒုက္ခရောက်မယ့် လက္ခဏ္ဍာဖြစ်တယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Stephen Anderson ကပြောပါတယ်။ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလကြား ရန်ကုန်တဝိုက်မှာ စားအုန်းဆီဈေးကလည်း ၂၀% လောက် တက်သွားခဲ့သလို လောင်စာဆီဈေးကလည်း နိုင်ငံတဝန်း ဖေဖော်ဝါရီလ ၁ ရက်နေ့ထဲက ၁၅% လောက်တက်သွားတယ်လို့ WFP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လောင်စာဆီဈေးတက်တဲ့ ဂယက်ကြောင့် နောက်ထပ် စားသောက်ကုန်ဈေးတွေ တက်မှာကိုလည်း ပြည်သူတွေ စိုးရိမ်နေကြတာပါ။

ရန်ကုန်မှာ စားရေးသောက်ရေး အခက်အခဲဖြစ်လာတဲ့အတွက် နယ်တွေကနေ အလုပ်လာလုပ်နေကြသူ တော်တော်များများလည်း နေရပ်တွေ ပြန်နေကြပါတယ်။ အထူးသဖြင့် လှိုင်သာယာ၊ ရွှေပြည်သာ စက်မှုဇုန်တွေမှာ အလုပ်လာနေကြသူတွေဟာ လုံခြုံရေးနဲ့ စားသောက် နေထိုင်ရေးအခက်အခဲဖြစ်နေတာကြောင့် နေရပ်မြို့တွေကို ပြန်သွားနေကြတာဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်မှာ သောက်သုံးရေ အတော်လေး ရှားပါးနေတယ်လို့လည်း ဒေသခံတွေက ပြောနေကြပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကတော့ ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာ ဆက်ပြီး ရှိနေပါတယ်။ ပဲခူး၊ မန္တလေး၊ မုံရွာ၊ အောင်လံ၊ မိုးကုတ်၊ လွိုင်ကော်၊ ထားဝယ် စတဲ့ ဒေသစုံမှာ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ လုံခြုံရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ ၁ ယောက်၊ ကောလင်းမြို့မှာ ၂ ယောက် အနည်းဆုံး ဒီနေ့ သေဆုံးတယ်လို့ လောလောဆယ် အတည်ပြုနိုင်ပါတယ်။

ပြီးခဲ့တဲ့ရက်တွေက လုံခြုံရေးတပ်တွေ လက်ချက်နဲ့ ရန်ကုန်မြို့မှာ သေဆုံးခဲ့သူတချို့ရဲ့ ဈာပနအခမ်းအနားတွေ ဒီနေ့လုပ်ခဲ့ကြပါတယ်။

"ကျမသားလေးဆိုရင် အရမ်းလိမ္မာပါတယ်။ ကျမ သားတယောက် ဆုံးရှုံးလိုက်ပြီ။ ကျမသားလေးက ဆရာဝန်ပါ။ ကျမသားလေးအတွက် ကျမ ပေးဆပ်ခဲ့တယ်။"

အသက် ၁၉ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ ကိုခန့်ငြားဟိန်းရဲ့ မိခင်ဖြစ်ပါတယ်။ သူ့ရဲ့ ဈာပနာကို ဆေးတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဝန်လောက သူတွေလည်း လာရောက်နှုတ်ဆက်ခဲ့ကြပါတယ်။

"ကျနော်တို့ ဆေးလောကကတော့ လောလောဆယ်အားဖြင့်ကတော့ အစောဆုံးအနေနဲ့ CDM ဆိုပြီးတော့ စလုပ်ကြတာပေါ့.. ဆရာဝန်အငယ်တွေကနေပြီးတော့။ စလုပ်ကြတာဆိုတဲ့အခါကျတော့ ဒီလိုမျိုးတွေလည်း ပေးဆပ်ခဲ့ရပြီးတဲ့အခါမှာတော့ ဆေးလောကအနေဲ့ ကျနော်ထင်ပါတယ်... လျှော့သွားမယ့်လူတော့ တယောက်မှ မရှိပါဘူး။ ကျနော်တို့ကတော့ ဒီတိုက်ပွဲကို ဆုံးအောင်ပဲ တိုက်ကြပါလိမ့်မယ်။ ဆိုတော့ ကျဆုံးသွားတဲ့အသက်တွေ အလကားမဖြစ်အောင် မိဘပြည်သူတွေအနေနဲ့ကလည်း အားလုံးဝိုင်းဝန်းကြိုးစားကြဖို့၊ ကျနော်တို့ ကျောင်းသားတွေအားလုံးကလည်း ကြိုးစားကြဖို့ အဲဒါပဲ အရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်။"

ဈာပနအခမ်းအနားမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ သင်္ကေတ လက် ၃ ချောင်းထောင်ပြီး ကမ္ဘာမကြေသီချင်းကိုလည်း သီဆို နှုတ်ဆက်ခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၄၀ ထက်မနည်းရှိပြီး ၂,၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ သေဆုံး၊ ဒဏ်ရာရတဲ့ အခြေအနေကို မသိရဘဲ ပျောက်ဆုံးနေသူတွေလည်း တော်တော်များများရှိပါတယ်။

စစ်အာဏာသိမ်းယူအုပ်ချုပ်ခဲ့ပြီးနောက် မြန်မာပြည်ထဲက သတင်းမီဒီယာလုပ်ငန်းတွေ ထိခိုက်နေချိန်မှာပဲ ပုဂ္ဂလိက ထုတ်ဝေနေတဲ့ထဲက နောက်ဆုံးကျန်တဲ့ စံတော်ချိန်နေ့စဉ်သတင်းစာ ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီမို့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းစာထုတ်ဝေမှု အားလုံး ရပ်ဆိုင်းသွားပြီဖြစ်ပါတယ်။

စံတော်ချိန် သတင်းဌာနအနေနဲ့ နေ့စဉ်ထုတ်သတင်းစာကိုရော အွန်လိုင်းအခြေခံပြီးရေးသားတဲ့သတင်းလုပ်ငန်း အားလုံးကိုပါ ဒီကနေ့ မတ်လ ၁၇ ရက်နေ့က စပြီး ရပ်ဆိုင်းတယ်လို့ ကြေညာပါတယ်။ ဖေဖော်ဝါရီလ ၁ရက် စစ်တပ်က အာဏာမသိမ်းခင်အထိ မြန်မာနိုင်ငံမှာ Daily Eleven, 7Day, မြန်မာတိုင်းစ်, the Voice daily, စံတော်ချိန် စသဖြင့် ပုဂ္ဂလိကသတင်းစာ ၅ ခုထက်မနည်းရှိနေပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း Eleven အပါအဝင် ပုဂ္ဂလိကသတင်းစာတချို့ ရပ်ဆိုင်းသွားပါမယ်။

7Day News ကိုတော့ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီက မတ်လ ၈ ရက်နေ့က လုပ်ငန်းလိုင်စင်ရုပ်သိမ်းပြီး ထုတ်ဝေခွင့်ပိတ်ခဲ့ပါတယ်။ သတင်းဌာနတွေအနေနဲ့ လွတ်လွတ်လပ်လပ်သတင်းဖော်ပြဖို့လုပ်လာရင် အန္တရာယ်ကြုံရနိုင်သလို တဘက်မှာ ဆင်ဆာဖြတ်တောက်ရေးသားရင်လည်း လူထုနဲ့ရင်ဆိုင်ရမယ့်အခြေအနေမျိုး ဘေးကြပ်နံကြပ်ကြုံနေရတယ်လို့ ရန်ကုန်မြို့က ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်က VOA ကို ပြောပါတယ်။

လတ်တလောအားဖြင့်တော့ နိုင်ငံထုတ် ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာ ၂ စောင်ပဲ နေ့စဉ်ထုတ်နိုင်တယ်လို့ ဆိုရပေမဲ့ အဲဒီက ဝန်ထမ်းအတော်များများ CDM အကြမ်းမဖက်အာဏာဖီဆန်ရေးလုပ်နေတာမို့လို့ သတင်းအတော်များများဟာ စစ်တပ်ပိုင် မြဝတီသတင်းဌာနက သတင်းတွေဖြစ်နေပါတယ်။

မတ်လ ၈ ရက်နေ့တုန်းက စစ်အုပ်ချုပ်ရေးကောင်စီကနေ ထုတ်ဝေမှု ပိတ်တဲ့သတင်းဌာနတွေထဲမှာ 7Day အပြင် Myanmar Now, ခေတ်သစ်မီဒီယာနဲ့ ရုပ်သံဌာနကြီးနှစ်ခုဖြစ်တဲ့ မဇ္ဈိမနဲ့ DVB သတင်းဌာနတို့လည်း ပါဝင်ပါတယ်။ ဒါကြောင့် လက်ရှိလွှင့်ထုတ်ဆဲ သတင်းအသားပေး ပုဂ္ဂလိကရုပ်သံဆိုလို့ ၊ SkyNet ရဲ့ OneNews သတင်းဌာနတခုပဲ ရုပ်သံ ပုဂ္ဂလိကသတင်းဌာနရယ်လို့ ကျန်ပါတော့တယ်။ နိုင်ငံပိုင် MRTV သတင်းဌာနဆိုရင်လည်း CDM ဝန်ထမ်းတွေ များတာကြောင့်၊ စစ်တပ်ပိုင် မြဝတီက ထုတ်တဲ့သတင်းတွေကို ပြန်လွှင့်နေတာတွေ့ရပါတယ်။ မြန်မာနိုင်ငံတွင်း စစ်တပ်က အာဏာသိမ်းပြီးကတည်းက သတင်းမီဒီယာတွေကို ပစ်မှတ်ထားအရေးယူမှုတွေလုပ်နေရာမှာ၊ သတင်းသမား ၃၇ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းတာခံခဲ့ရတယ်လို့ ကုလသမဂ္ဂ စာရင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG