သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းတြင္း ဆႏၵျပမႈမ်ားဆက္ရွိ၊ ပစ္ခတ္မႈေၾကာင့္တဦးထက္မနည္း ေသဆံုး


ရန္ကုန္ဆႏၵျပပဲြအတြင္း ျဖိဳခြင္းခံရတဲ့ ျမင္ကြင္း။ (မတ္ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္တိုင္းအတြင္းက စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ ဆႏၵျပလႈပ္ရွားမႈေတြကို စစ္တပ္နဲ႔ရဲက ပစ္ခတ္ႏွိမ္နင္းလို႔ ေန႔စဥ္ထိခိုက္ေသဆံုးမႈေတြတိုးလာေပမဲ့ ဆႏၵျပမႈေတြကေတာ့ ဆက္ၿပီးရွိေနဆဲပါ။ ဒီကေန႔မွာေတာ့ ရန္ကုန္တိုင္းအတြင္း ပစ္ခတ္ႏွိမ္နင္းမႈေတြေၾကာင့္ တဦးထက္မနည္းေသဆံုးၿပီး ဒဏ္ရာအျပင္းအထန္ရသူေတြလည္း ရွိေနပါတယ္။ မဆုမြန္က ေျပာျပေပးပါမယ္။

ဒီကေန႔ မတ္လ ၁၆ ရက္ေန႔ ရန္ကုန္တိုင္း ေတာင္ဒဂံုၿမိဳ႕နယ္ရဲ႕ စစ္အာဏာသိမ္းဆန္႔က်င္ေရး သပိတ္ပစ္ခတ္ၿဖိဳခြဲခံရတာေၾကာင့္ တစ္ဦးေသဆံုး၊ ႏွစ္ဦး ဒဏ္ရာအျပင္းအထန္ရရွိတယ္လို႔ မ်က္ျမင္ တစ္ဦးက ေျပာပါတယ္။

“က်ေနာ္တို႔ အခုေတာ့ တစ္ေယာက္ကေတာ့ head shot ထိသြားေတာ့ သူက ပဲြခ်င္းၿပီး ထိသြားတယ္။ က်ေနာ္တုိ႔လည္း ေျပးေကာက္ဖို႔လုပ္ေတာ့ က်ေနာ္တို႔ပါ အပစ္ခံရတယ္ဗ်။ အဲ့ဒီလိုမ်ဳိး ေနာက္ ႏွစ္ေယာက္ပါ ထပ္ထိတာဗ်။ ေတာ္ေတာ္ကို အေျခအေနဆိုးတယ္။ အခုက ဒီတပ္က ဝိုင္းထားတာဆိုေတာ့ ဘာမွလုပ္လို႔မရဘူး။ အခုခ်ိန္ထိလည္း ဒီေတာင္ဒဂုံဂိတ္ေဟာင္းမွာလည္း တပ္ေတြက ေနရာခ်ထားလိုက္ၿပီဗ်ာ။ ဒီေတာင္ဒဂံုေက်ာင္းေပါ့ေနာ္ ... အ.ထ.က ၂ ေက်ာင္းမွာလည္း တပ္က ေနရာယူထားပါတယ္ဗ်။ ၿပီးေတာ့ ဒီထဲမွာ ကာထားတဲ့ က်ေနာ္တို႔ ဒိုင္ကာေတြေပါ့... defense line ေတြ အကုန္လံုးကို ဘိုဒိုဇာနဲ႔ ထိုးဖ်က္သိမ္းထားတယ္။ အခုရပ္ကြက္ေတြထဲကို မနက္က စၿပီးေတာ့ ဝင္တယ္။ ဝင္ၿပီးေတာ့ ျပန္ထြက္သြားတယ္ အဲ့ဒီလိုမ်ဳိးေတာ့ ရွိတယ္ဗ်၊ က်ည္အစစ္ေတြပဲ သံုးသြားတယ္၊ ရာဘာက်ည္ဆိုတာ သိပ္မရွိေတာ့ဘူး။”

ဒီေန႔ ၿဖိဳခြဲရာမွာ မ်က္ရည္ယိုဗံုး၊ ရာဘာက်ည္ေတြ သိပ္မသံုးေတာ့ဘဲ က်ည္အစစ္ပိုၿပီးေတာ့ သံုးလာတာေတြ႕ရသလို စစ္သားအင္အားကိုလည္း အလံုးအရင္းနဲ႔ သံုးထားတယ္လို႔ ေျပာပါတယ္။ ပစ္ခတ္ၿဖိဳခြဲၿပီး စစ္တပ္နဲ႔ ရဲေတြက ဆက္ၿပီးတပ္စြဲထားလို႔ သြားလာလႈပ္ရွားရ ခက္တယ္လို႔ ၿဖိဳခြဲခ်ိန္ႀကံဳေတြ႕ခဲ့သူ တစ္ဦးက ေျပာပါတယ္။

ေတာင္ဒဂံုၿမိဳ႕နယ္ထဲက ဆႏၵျပသူေတြ အဓိက ဆံုရပ္ေနရာျဖစ္တဲ့ ဂိတ္ေဟာင္း၊ သစ္ဆိုင္ေကြ႕၊ ၁၈ ေကြ႕ဒီသပိတ္သံုးခုကို အဓိကထားၿပီး အၾကမ္းဖက္ပစ္ခတ္ၿဖိဳခြဲခံရတယ္လို႔ ဆႏ̔ၵျပသူေတြ ေျပာၾကပါတယ္။ ခံစစ္အတားအဆီးေတြ စစ္တပ္နဲ႔ ရဲေတြက ဘိုဒိုဇာနဲ႔ ဖ်က္ဆီးလိုက္ပါတယ္။ ေတာင္ဒဂုံၿမိဳ႕နယ္မွာပဲ ဒီမေန႔ ၁၀ နာရီေလာက္က အသက္ ၅၀ အရြယ္ ဦးစည္သူေအာင္ဟာ ကြမ္းယာသြားဝယ္ဖို႔ လမ္းသြားရင္း ဦးေခါင္းပစ္ခံရၿပီး စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနတယ္လို႔ ေဆး႐ုံကူတင္ေပးသူ တစ္ဦးက ေျပာပါတယ္။

“သူကေလ လမ္းမွာ ကြမ္းယာသြားဝယ္တာတဲ့... ဆႏၵမျပဘူးဗ်။ အသက္အေျခအေနက ၅၀၊ ၅၀ ပါ၊ အရမ္းႀကီးေပါ့ေနာ္... အေျခအေနလည္း မေကာင္းဘူးဗ်။ ေဆး႐ုံမွာေပါ့ေနာ္။ သူက ဆရာဝန္ေတြက ကုေနတယ္ဗ်။ စိုးရိမ္တယ္ဗ်၊ ဒဏ္ရာက ေခါင္းပါ ဦးေခါင္းပါ။ ဘာမ်ားေျပာခ်င္လဲဆိုေတာ့ အခုအေျခအေနအရေတာ့ နည္းနည္းေတာ့ ဆိုးတယ္၊ ဆိုးေနတာေပါ့ေနာ္ ေတာင္ဒဂံုမွာ အေျခအေနက။ မေန႔ကဆိုရင္လည္း ေတာ္ေတာ္မ်ားမ်ား ေတာင္ဒဂံုက လူေတြ က်ဆံုးပါတယ္။”

လိႈင္ၿမိဳ႕နယ္က စစ္အာဏာသိမ္းဆန္႔က်င္ ကန္႔ကြက္မႈကို ညေန ၃ နာရီခြဲအထိ ၿဖိဳခြဲခံရတာ မရွိေသးပါဘူး။ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔ေတြရဲ႕အၾကမ္းဖက္ ပစ္သတ္ၿဖိဳခြဲလို႔ ေန႔စဥ္ ရက္ဆက္ဆိုသလို လူေသဆံုးဒဏ္ရာရေနရတာေၾကာင့္ ဆႏၵျပသူဘက္က ျပန္လည္ခုခံဖို႔ ျပင္ဆင္သြားမယ္လို႔ TU အင္ဂ်င္နီယာ တစ္ဦးက ေျပာပါတယ္။

“က်ေနာ္တို႔ သပိတ္က ၿဖိဳခြဲမခံရေသးဘူး။ ဒါေပမဲ့ ဟိုဘက္အျခမ္းေတြ သံလမ္းတို႔၊ အင္းစိန္တို႔ပါ အင္းစိန္တို႔ဘက္ကေတာ့ အသံေလးနည္းနည္းေတာ့ ၾကားတယ္။ ၿပီးေတာ့ ပိုဆိုးတာ က်ေနာ္တို႔ အင္တာနက္လည္းပ်က္သြားတဲ့အခါက်ေတာ့ သတင္းအခ်ိတ္အဆက္က နည္းနည္းေတာ့ လြတ္သြားတာေပ့ါ။ ဒါေပမဲ့ က်ေနာ္တို႔ တတ္ႏိုင္သေလာက္ေတာ့ ခ်ိတ္ဆက္ၿပီးေတာ့ အဲ့ဒီလူေတြနဲ႔ ဖုန္းဆက္လွမ္းေမး ဘာညာလုပ္ၾကတယ္။ က်ေနာ္တို႔ ဒီေန႔က်ေနာ္တို႔ အနားတဝိုက္ပတ္ဝန္းက်င္ကေတာ့... အဲ့ဒီလိႈင္ပတ္ဝန္းက်င္ကေတာ့ ဘာအသံမွ အေထြအထူးသိပ္မၾကားလိုက္ဘူး။ ဘာမ်ားေျပာခ်င္လဲဆိုေတာ့ က်ေနာ္တို႔က CRPH ရဲ႕ instruction အတိုင္းပဲ က်ေနာ္တို႔သြားမွာပဲ... က်ေနာ္တို႔ ျပန္လည္ခုခံမယ္။ ခုခံမယ္ဆိုတဲ့ အတိုင္းအတာမွာ က်ေနာ္တို႔ ျပည္သူေတြဆီကို အဲဒီလိုေတာ့ ေက်ာ္မလာနဲ႔ေပါ့။ တတ္ႏိုင္သေလာက္ ရွိိတဲ့ အင္အားနဲ႔ ရွိသမွ်နည္းလမ္းေတြ ခုခံသြားမယ္။”

စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ေတြက ေန႔စဥ္ အၾကမ္းဖက္ ပစ္သတ္ၿဖိဳခြဲမႈေၾကာင့္ ဆႏၵျပလူအင္အား ေလ်ာ့နည္းသြားေပမဲ့ ဆႏၵျပမႈေတြကေတာ့ ရန္ကုန္ ေနရာအႏွံ႔အျပားမွာ ဆက္ရွိေနပါတယ္။ ေသဆံုးဒဏ္ရာရမႈေတြ မ်ားတာေၾကာင့္ ဆႏၵျပအေရအတြက္နည္းလာတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“တခ်ဳိ႕က်ေတာ့ ဘယ္လိုေျပာမလဲ လမ္းေပၚထြက္ၿပီးေပါ့၊ ပူးေပါင္းေပးၾကပါ.. ဘာညာေျပာေတာ့။ တခ်ဳိ႕က်လည္း ေၾကာက္လို႔၊ တခ်ဳိ႕က်ေတာ့လည္း ဘာ plan မွ မရွိဘဲနဲ႔ ထြက္ၿပီးေတာ့.. အေသမခံႏိုင္ဘူးေပါ့ေနာ္။ plan ေတြ ေသခ်ာစီစဥ္ၿပီးမွ ထြက္ဖို႔ ဘာညာေျပာေနၾကတယ္။”

စမ္းေခ်ာင္းၿမိဳ႕ ဗဟိုလမ္းေပၚက စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး သပိတ္ကိုလည္း အသံဗံုး၊ မ်က္ရည္ယိုဗံုး၊ ေသနတ္ပစ္ေဖာက္ ၿဖိဳခြဲခဲ့ပါတယ္။ ဒါေပမဲ့ ရဲေတြက ေနာက္ျပန္ဆုတ္လိုက္တာနဲ႔ ဆႏၵျပသူေတြ ျပန္စု႐ုံၿပီးေတာ့ ဆႏၵဆက္ျပေနၾကပါတယ္။ ဒီေန႔ မနက္ပိုင္းကလည္း သာေကတၿမိဳ႕နယ္က သပိတ္စစ္ေၾကာင္းကို လက္နက္ကိုင္တပ္ဖြဲ႕ေတြဘက္က အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြင္းႏွိမ္နင္းမႈေတြ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်တိုင်းတွင်း ဆန္ဒပြမှုများဆက်ရှိ၊ ပစ်ခတ်မှုကြောင့်တဦးထက်မနည်း သေဆုံး

ရန်ကုန်တိုင်းအတွင်းက စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်နှိမ်နင်းလို့ နေ့စဉ်ထိခိုက်သေဆုံးမှုတွေတိုးလာပေမဲ့ ဆန္ဒပြမှုတွေကတော့ ဆက်ပြီးရှိနေဆဲပါ။ ဒီကနေ့မှာတော့ ရန်ကုန်တိုင်းအတွင်း ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် တဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေလည်း ရှိနေပါတယ်။ မဆုမွန်က ပြောပြပေးပါမယ်။

ဒီကနေ့ မတ်လ ၁၆ ရက်နေ့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး သပိတ်ပစ်ခတ်ဖြိုခွဲခံရတာကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိတယ်လို့ မျက်မြင် တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ အခုတော့ တစ်ယောက်ကတော့ head shot ထိသွားတော့ သူက ပွဲချင်းပြီး ထိသွားတယ်။ ကျနော်တို့လည်း ပြေးကောက်ဖို့လုပ်တော့ ကျနော်တို့ပါ အပစ်ခံရတယ်ဗျ။ အဲ့ဒီလိုမျိုး နောက် နှစ်ယောက်ပါ ထပ်ထိတာဗျ။ တော်တော်ကို အခြေအနေဆိုးတယ်။ အခုက ဒီတပ်က ဝိုင်းထားတာဆိုတော့ ဘာမှလုပ်လို့မရဘူး။ အခုချိန်ထိလည်း ဒီတောင်ဒဂုံဂိတ်ဟောင်းမှာလည်း တပ်တွေက နေရာချထားလိုက်ပြီဗျာ။ ဒီတောင်ဒဂုံကျောင်းပေါ့နော် ... အ.ထ.က ၂ ကျောင်းမှာလည်း တပ်က နေရာယူထားပါတယ်ဗျ။ ပြီးတော့ ဒီထဲမှာ ကာထားတဲ့ ကျနော်တို့ ဒိုင်ကာတွေပေါ့... defense line တွေ အကုန်လုံးကို ဘိုဒိုဇာနဲ့ ထိုးဖျက်သိမ်းထားတယ်။ အခုရပ်ကွက်တွေထဲကို မနက်က စပြီးတော့ ဝင်တယ်။ ဝင်ပြီးတော့ ပြန်ထွက်သွားတယ် အဲ့ဒီလိုမျိုးတော့ ရှိတယ်ဗျ၊ ကျည်အစစ်တွေပဲ သုံးသွားတယ်၊ ရာဘာကျည်ဆိုတာ သိပ်မရှိတော့ဘူး။”

ဒီနေ့ ဖြိုခွဲရာမှာ မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေ သိပ်မသုံးတော့ဘဲ ကျည်အစစ်ပိုပြီးတော့ သုံးလာတာတွေ့ရသလို စစ်သားအင်အားကိုလည်း အလုံးအရင်းနဲ့ သုံးထားတယ်လို့ ပြောပါတယ်။ ပစ်ခတ်ဖြိုခွဲပြီး စစ်တပ်နဲ့ ရဲတွေက ဆက်ပြီးတပ်စွဲထားလို့ သွားလာလှုပ်ရှားရ ခက်တယ်လို့ ဖြိုခွဲချိန်ကြုံတွေ့ခဲ့သူ တစ်ဦးက ပြောပါတယ်။

တောင်ဒဂုံမြို့နယ်ထဲက ဆန္ဒပြသူတွေ အဓိက ဆုံရပ်နေရာဖြစ်တဲ့ ဂိတ်ဟောင်း၊ သစ်ဆိုင်ကွေ့၊ ၁၈ ကွေ့ဒီသပိတ်သုံးခုကို အဓိကထားပြီး အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခံရတယ်လို့ ဆန္̔ဒပြသူတွေ ပြောကြပါတယ်။ ခံစစ်အတားအဆီးတွေ စစ်တပ်နဲ့ ရဲတွေက ဘိုဒိုဇာနဲ့ ဖျက်ဆီးလိုက်ပါတယ်။ တောင်ဒဂုံမြို့နယ်မှာပဲ ဒီမနေ့ ၁၀ နာရီလောက်က အသက် ၅၀ အရွယ် ဦးစည်သူအောင်ဟာ ကွမ်းယာသွားဝယ်ဖို့ လမ်းသွားရင်း ဦးခေါင်းပစ်ခံရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆေးရုံကူတင်ပေးသူ တစ်ဦးက ပြောပါတယ်။

“သူကလေ လမ်းမှာ ကွမ်းယာသွားဝယ်တာတဲ့... ဆန္ဒမပြဘူးဗျ။ အသက်အခြေအနေက ၅၀၊ ၅၀ ပါ၊ အရမ်းကြီးပေါ့နော်... အခြေအနေလည်း မကောင်းဘူးဗျ။ ဆေးရုံမှာပေါ့နော်။ သူက ဆရာဝန်တွေက ကုနေတယ်ဗျ။ စိုးရိမ်တယ်ဗျ၊ ဒဏ်ရာက ခေါင်းပါ ဦးခေါင်းပါ။ ဘာများပြောချင်လဲဆိုတော့ အခုအခြေအနေအရတော့ နည်းနည်းတော့ ဆိုးတယ်၊ ဆိုးနေတာပေါ့နော် တောင်ဒဂုံမှာ အခြေအနေက။ မနေ့ကဆိုရင်လည်း တော်တော်များများ တောင်ဒဂုံက လူတွေ ကျဆုံးပါတယ်။”

လှိုင်မြို့နယ်က စစ်အာဏာသိမ်းဆန့်ကျင် ကန့်ကွက်မှုကို ညနေ ၃ နာရီခွဲအထိ ဖြိုခွဲခံရတာ မရှိသေးပါဘူး။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့အကြမ်းဖက် ပစ်သတ်ဖြိုခွဲလို့ နေ့စဉ် ရက်ဆက်ဆိုသလို လူသေဆုံးဒဏ်ရာရနေရတာကြောင့် ဆန္ဒပြသူဘက်က ပြန်လည်ခုခံဖို့ ပြင်ဆင်သွားမယ်လို့ TU အင်ဂျင်နီယာ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ သပိတ်က ဖြိုခွဲမခံရသေးဘူး။ ဒါပေမဲ့ ဟိုဘက်အခြမ်းတွေ သံလမ်းတို့၊ အင်းစိန်တို့ပါ အင်းစိန်တို့ဘက်ကတော့ အသံလေးနည်းနည်းတော့ ကြားတယ်။ ပြီးတော့ ပိုဆိုးတာ ကျနော်တို့ အင်တာနက်လည်းပျက်သွားတဲ့အခါကျတော့ သတင်းအချိတ်အဆက်က နည်းနည်းတော့ လွတ်သွားတာပေ့ါ။ ဒါပေမဲ့ ကျနော်တို့ တတ်နိုင်သလောက်တော့ ချိတ်ဆက်ပြီးတော့ အဲ့ဒီလူတွေနဲ့ ဖုန်းဆက်လှမ်းမေး ဘာညာလုပ်ကြတယ်။ ကျနော်တို့ ဒီနေ့ကျနော်တို့ အနားတဝိုက်ပတ်ဝန်းကျင်ကတော့... အဲ့ဒီလှိုင်ပတ်ဝန်းကျင်ကတော့ ဘာအသံမှ အထွေအထူးသိပ်မကြားလိုက်ဘူး။ ဘာများပြောချင်လဲဆိုတော့ ကျနော်တို့က CRPH ရဲ့ instruction အတိုင်းပဲ ကျနော်တို့သွားမှာပဲ... ကျနော်တို့ ပြန်လည်ခုခံမယ်။ ခုခံမယ်ဆိုတဲ့ အတိုင်းအတာမှာ ကျနော်တို့ ပြည်သူတွေဆီကို အဲဒီလိုတော့ ကျော်မလာနဲ့ပေါ့။ တတ်နိုင်သလောက် ရှိတဲ့ အင်အားနဲ့ ရှိသမျှနည်းလမ်းတွေ ခုခံသွားမယ်။”

စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက နေ့စဉ် အကြမ်းဖက် ပစ်သတ်ဖြိုခွဲမှုကြောင့် ဆန္ဒပြလူအင်အား လျော့နည်းသွားပေမဲ့ ဆန္ဒပြမှုတွေကတော့ ရန်ကုန် နေရာအနှံ့အပြားမှာ ဆက်ရှိနေပါတယ်။ သေဆုံးဒဏ်ရာရမှုတွေ များတာကြောင့် ဆန္ဒပြအရေအတွက်နည်းလာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တချို့ကျတော့ ဘယ်လိုပြောမလဲ လမ်းပေါ်ထွက်ပြီးပေါ့၊ ပူးပေါင်းပေးကြပါ.. ဘာညာပြောတော့။ တချို့ကျလည်း ကြောက်လို့၊ တချို့ကျတော့လည်း ဘာ plan မှ မရှိဘဲနဲ့ ထွက်ပြီးတော့.. အသေမခံနိုင်ဘူးပေါ့နော်။ plan တွေ သေချာစီစဉ်ပြီးမှ ထွက်ဖို့ ဘာညာပြောနေကြတယ်။”

စမ်းချောင်းမြို့ ဗဟိုလမ်းပေါ်က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး သပိတ်ကိုလည်း အသံဗုံး၊ မျက်ရည်ယိုဗုံး၊ သေနတ်ပစ်ဖောက် ဖြိုခွဲခဲ့ပါတယ်။ ဒါပေမဲ့ ရဲတွေက နောက်ပြန်ဆုတ်လိုက်တာနဲ့ ဆန္ဒပြသူတွေ ပြန်စုရုံပြီးတော့ ဆန္ဒဆက်ပြနေကြပါတယ်။ ဒီနေ့ မနက်ပိုင်းကလည်း သာကေတမြို့နယ်က သပိတ်စစ်ကြောင်းကို လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းနှိမ်နင်းမှုတွေ ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG