သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေကာလင္းဆႏၵျပပဲြ ပစ္ခတ္ႏွိမ္နင္းမႈ ႏွစ္ဦးထက္မနည္း ေသဆံုး


စစ္ကိုင္းတိုင္းေဒသႀကီး ေကာလင္းၿမိဳ႕က ဆႏၵျပပဲြ ျမင္ကြင္း။ (ဓာတ္ပံု - စိုင္းလူမင္း - မတ္ ၁၃၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္ကိုင္းတိုင္းေဒသႀကီး ေကာလင္းၿမိဳ႕နယ္မွာ စစ္အာဏာသိမ္းမႈ ဆန႔္က်င္ေရး ဆႏၵျပလႈပ္ရွားသူေတြကို အာဏာပိုင္ေတြဘက္က ပစ္ခတ္တာေၾကာင့္ ႏွစ္ဦးထက္မနည္းေသဆုံးၿပီး ထိခိုက္ဒဏ္ရာရသူေတြလည္း ရွိပါတယ္။ မႏၲေလးမွာလည္း မေန႔က စစ္အာဏာသိမ္းမႈ ဆန႔္က်င္ဆႏၵျပသူေတြကို အာဏာပိုင္ေတြ ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ ငါးဦးထက္မနည္း ေသဆုံးခဲ့ပါတယ္။ နယ္ၿမိဳ႕အသီးသီးက ပစ္ခတ္မႈေတြနဲ႔ ေသဆုံးဒဏ္ရာရမႈအေျခအေနေတြနဲ႔ပတ္သက္လို႔ ကိုသားၫြန႔္ဦး စုစည္းတင္ျပထားပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ေကာလင္းၿမိဳ႕နယ္မွာ စစ္အာဏာသိမ္းဆန္႔က်င္ဆႏၵျပသူေတြကို ပစ္ခတ္ႏွိမ္နင္းလို႔ ေသဆံုးသူ ႏွစ္ဦးအထိ ရွိေနၿပီး ဒဏ္ရာရရွိသူေတြလည္း ရွိတယ္လို႔ ေကာ့လင္း ေဒသခံတစ္ဦးက ေျပာပါတယ္။

“ေလာေလာဆယ္ ႏွစ္ေယာက္ေသတယ္။ ေလးေယာက္ ဒဏ္ရာရတယ္။ ေလာေလာဆယ္ အထိ ပစ္ေနတုုန္းရွိေသးတယ္။ ရဲစခန္းကို ပိတ္ၿပီးေတာ့မွ တာယာေတြကို မီးရိႉ႕ေနၾကတယ္။ စခန္းကို ဘာမွမလုပ္ဘူးဆိုတာက စခန္းနားကို ကပ္ရင္ စခန္းက ပစ္ေတာ့တာပဲ။”

ဒီကေန႔ေန႔လယ္ပိုင္းက ပစ္ခတ္မႈအတြင္း ေသဆံုးတာကို ကိုယ္တိုင္ ျမင္ေတြ႔ခဲ့ရတယ္ လို႔လည္း ဆႏၵထုတ္ေဖာ္ရာမွာ ပါဝင္သူ တစ္ဦးကေျပာပါတယ္။

“ဂ်ိဳင္းေအာက္တစ္ခ်က္နဲ႔ ေၾကာတစ္ခ်က္မွန္သြားတယ္။ သူက က်ေနာ္တို႔နဲ႔ ေတာ္ေတာ္ ေဝးသြားတာ။ က်ေနာ္တို႔ လိုက္ဆြဲလိုက္ေသးတယ္။ လိုက္ဆြဲတဲ့ အခါမွာ မမိလိုက္ဘူး။ သူက ေက်ာ္တက္သြားၿပီးေတာ့မွ အဲဒီလုိမ်ိဳး ျဖစ္သြားတာ။ အခုေလာေလာဆယ္ အဲဒီအနားမွာ ျဖစ္တဲ့ဟာကေတာ့ အဲဒီတစ္ေယာက္ပဲရွိတယ္ဗ်၊ ဒဏ္ရာရတဲ့ သူေတြကေတာ့ မရွိပါဘူးဗ်ာ။ အခု အထိ တင္းမာမႈကေတာ့ရွိေနဆဲပဲဗ်။ က်ေနာ္တို႔ ျပည္သူနဲ႔ ရဲေတြနဲ႔။”

ညေန ၅ နာရီေက်ာ္တဲ့အထိ ျပည္သူေတြနဲ႔ လက္နက္ကုိင္တပ္ဖြဲ႔ေတြအၾကားက တင္းမာမႈေတြဟာ အရွိန္ေလ်ာ့မသြားေသးဘူးလုိ႔လည္း ေဒသခံေတြက ေျပာပါတယ္။

ဒါအျပင့္ မႏၱေလးတိုင္းေဒသႀကီး သပိတ္က်င္းၿမိဳ႕နယ္နဲ႔ စဥ့္ကူးၿမိဳ႕နယ္အတြင္းက ေက်းရြာ တခ်ိဳ႕မွာလည္း မေန႔က ညေနပိုင္းက စစ္အာဏာရွင္ဆန္႔က်င္သူေတြကို အာဏာပိုင္ေတြ ဘက္က ပစ္ခတ္ခဲ့တာေၾကာင့္ ၅ ဦးေသဆံုးၿပီး ဒဏ္ရာအမ်ားအျပား ရရွိခဲ့ၾကတယ္လို႔ ေဒသခံ တစ္ဦးက ေျပာပါတယ္။

“ေသတာကေတာ့ ေခ်ာင္းႀကီးတစ္ေယာက္ က်ည္ေတာက္ေပါက္ နွစ္ေယာက္၊ ႏြယ္ရံု တစ္ေယာက္ ဖားၿပိဳတစ္ေယာက္၊ အားလံုး ငါးေယာက္ေပါ့။ ေခ်ာင္းႀကီးကေတာ့ သပိတ္က်င္းၿမိဳ႕နယ္ဗ်ာ။ က်ည္ေတာက္ေပါက္၊ ႏြယ္ရံု၊ ဖားၿပိဳက်ေတာ့ စဥ့္ကူးၿမိဳ႕နယ္ဗ်ာ။ တဆက္တည္းပဲ ၿမိဳ႕နယ္ေတြကေတာ့ဟုတ္။ က်ည္ေတာက္ေပါက္မွာ ဆယ္ေယာက္ေလာက္ေတာ့ ဒဏ္ရာရတယ္ ဒဏ္ရာျပင္းျပင္းေပါ့။ က်န္တဲ့သူေတြလည္း ရွိတယ္။ အဲဒါကေတာ့ နည္းနည္းပါးပါးေပါ့။”

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး လႈပ္ရွားမႈေတြလည္း ႏိုင္ငံအႏွံ႔ ႀကီးထြားလာေနတာပါ။ ကယားျပည္နယ္မွာဆိုရင္လည္း စစ္အာဏာရွင္ဆန္႔က်င္သူေတြရွိေပမဲ့လည္း အာဏာပိုင္ေတြဘက္က ပစ္ခတ္ ၿဖိဳခြင္းတာေတြေတာ့ ဒီကေန႔မရွိေသးဘူးလို႔ ကာယားျပည္နယ္က ေဒသခံတစ္ဦးကေျပာပါတယ္။

“ကယားျပည္နယ္မွာေတာ့ ဆႏၵျပတာေတြေတာ့ ရွိေနေသးတယ္။ တစ္စု၊ တစ္စုစီေပါ့။ ကိုယ္နဲ႔ နီးစပ္ရာေတြမွာ ဆႏၵျပၾကတယ္။ အဲဒီလိုမ်ိဳးေတာ့ ရွိတယ္။ ဆႏၵျပသူေတြကို ရာဘာ က်ည္နဲ႔ ပစ္တာေတြ မ်က္ရည္ယိုဗံုးေတြနဲ႔ ပစ္တာေတြကေတာ့ ေတာက္ေလွ်ာက္ ရွိေနတယ္ မေန႔ကအထိ ရွိတယ္။ ဒီေန႔ေတာ့ အဲဒီလို ပစ္တာေတြမၾကားရေသးဘူး။”

ဆႏၵျပသူေတြရဲ႕ အခြင့္အေရးကုိ ေလးစားဖုိ႔ အင္အားသုံးႏွိမ္နင္းတာေတြ မလုပ္ဖုိ႔ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းက သတိေပးေနခ်ိန္မွာပဲ ႏွိမ္နင္းမႈေတြနဲ႔ ဖမ္းဆီးမႈေတြ ဆက္လုပ္ေနတာပါ။

စစ္အာဏာရွင္ ဆန္႔က်င္ေရး လႈပ္ရွားသူေတြကို အာဏာပိုင္ေတြဘက္က ပစ္ခတ္ခဲ့တာေၾကာင့္ ေသဆံုးသြားသူ ၂၀၀ နီးပါးအထိ ရွိေနတယ္လို႔ ျမန္မာႏို္င္ငံ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရးအသင္း (AAPP)က မေန႔တုန္းက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အာဏာပိုင္ေတြဘက္က စစ္အာဏာရွင္ဆန္႔က်င္သူေတြကို ဖမ္းဆီးတာေတြ ပစ္ခတ္တာေတြ ရွိေနေပမဲ့လည္း ျမန္မာႏိုင္ငံအႏွံ႔ အာဏာရွင္ဆန္႔က်င္လႈပ္ရွားမႈေတြကေတာ့ ဒီကေန႔အထိ ဆက္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကောလင်းဆန္ဒပြပွဲ ပစ်ခတ်နှိမ်နင်းမှု နှစ်ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က ပစ်ခတ်တာကြောင့် နှစ်ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ မန္တလေးမှာလည်း မနေ့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို အာဏာပိုင်တွေ ပစ်ခတ်နှိမ်နင်းတာကြောင့် ငါးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ နယ်မြို့အသီးသီးက ပစ်ခတ်မှုတွေနဲ့ သေဆုံးဒဏ်ရာရမှုအခြေအနေတွေနဲ့ပတ်သက်လို့ ကိုသားညွန့်ဦး စုစည်းတင်ပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းလို့ သေဆုံးသူ နှစ်ဦးအထိ ရှိနေပြီး ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ကော့လင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“လောလောဆယ် နှစ်ယောက်သေတယ်။ လေးယောက် ဒဏ်ရာရတယ်။ လောလောဆယ် အထိ ပစ်နေတုန်းရှိသေးတယ်။ ရဲစခန်းကို ပိတ်ပြီးတော့မှ တာယာတွေကို မီးရှိူ့နေကြတယ်။ စခန်းကို ဘာမှမလုပ်ဘူးဆိုတာက စခန်းနားကို ကပ်ရင် စခန်းက ပစ်တော့တာပဲ။”

ဒီကနေ့နေ့လယ်ပိုင်းက ပစ်ခတ်မှုအတွင်း သေဆုံးတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ် လို့လည်း ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်သူ တစ်ဦးကပြောပါတယ်။

“ဂျိုင်းအောက်တစ်ချက်နဲ့ ကြောတစ်ချက်မှန်သွားတယ်။ သူက ကျနော်တို့နဲ့ တော်တော် ဝေးသွားတာ။ ကျနော်တို့ လိုက်ဆွဲလိုက်သေးတယ်။ လိုက်ဆွဲတဲ့ အခါမှာ မမိလိုက်ဘူး။ သူက ကျော်တက်သွားပြီးတော့မှ အဲဒီလိုမျိုး ဖြစ်သွားတာ။ အခုလောလောဆယ် အဲဒီအနားမှာ ဖြစ်တဲ့ဟာကတော့ အဲဒီတစ်ယောက်ပဲရှိတယ်ဗျ၊ ဒဏ်ရာရတဲ့ သူတွေကတော့ မရှိပါဘူးဗျာ။ အခု အထိ တင်းမာမှုကတော့ရှိနေဆဲပဲဗျ။ ကျနော်တို့ ပြည်သူနဲ့ ရဲတွေနဲ့။”

ညနေ ၅ နာရီကျော်တဲ့အထိ ပြည်သူတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြားက တင်းမာမှုတွေဟာ အရှိန်လျော့မသွားသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါအပြင့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာ တချို့မှာလည်း မနေ့က ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်သူတွေကို အာဏာပိုင်တွေ ဘက်က ပစ်ခတ်ခဲ့တာကြောင့် ၅ ဦးသေဆုံးပြီး ဒဏ်ရာအများအပြား ရရှိခဲ့ကြတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“သေတာကတော့ ချောင်းကြီးတစ်ယောက် ကျည်တောက်ပေါက် နှစ်ယောက်၊ နွယ်ရုံ တစ်ယောက် ဖားပြိုတစ်ယောက်၊ အားလုံး ငါးယောက်ပေါ့။ ချောင်းကြီးကတော့ သပိတ်ကျင်းမြို့နယ်ဗျာ။ ကျည်တောက်ပေါက်၊ နွယ်ရုံ၊ ဖားပြိုကျတော့ စဉ့်ကူးမြို့နယ်ဗျာ။ တဆက်တည်းပဲ မြို့နယ်တွေကတော့ဟုတ်။ ကျည်တောက်ပေါက်မှာ ဆယ်ယောက်လောက်တော့ ဒဏ်ရာရတယ် ဒဏ်ရာပြင်းပြင်းပေါ့။ ကျန်တဲ့သူတွေလည်း ရှိတယ်။ အဲဒါကတော့ နည်းနည်းပါးပါးပေါ့။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့ ကြီးထွားလာနေတာပါ။ ကယားပြည်နယ်မှာဆိုရင်လည်း စစ်အာဏာရှင်ဆန့်ကျင်သူတွေရှိပေမဲ့လည်း အာဏာပိုင်တွေဘက်က ပစ်ခတ် ဖြိုခွင်းတာတွေတော့ ဒီကနေ့မရှိသေးဘူးလို့ ကာယားပြည်နယ်က ဒေသခံတစ်ဦးကပြောပါတယ်။

“ကယားပြည်နယ်မှာတော့ ဆန္ဒပြတာတွေတော့ ရှိနေသေးတယ်။ တစ်စု၊ တစ်စုစီပေါ့။ ကိုယ်နဲ့ နီးစပ်ရာတွေမှာ ဆန္ဒပြကြတယ်။ အဲဒီလိုမျိုးတော့ ရှိတယ်။ ဆန္ဒပြသူတွေကို ရာဘာ ကျည်နဲ့ ပစ်တာတွေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တာတွေကတော့ တောက်လျှောက် ရှိနေတယ် မနေ့ကအထိ ရှိတယ်။ ဒီနေ့တော့ အဲဒီလို ပစ်တာတွေမကြားရသေးဘူး။”

ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို လေးစားဖို့ အင်အားသုံးနှိမ်နင်းတာတွေ မလုပ်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက သတိပေးနေချိန်မှာပဲ နှိမ်နင်းမှုတွေနဲ့ ဖမ်းဆီးမှုတွေ ဆက်လုပ်နေတာပါ။

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားသူ ၂၀၀ နီးပါးအထိ ရှိနေတယ်လို့ မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရေးအသင်း (AAPP)က မနေ့တုန်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာပိုင်တွေဘက်က စစ်အာဏာရှင်ဆန့်ကျင်သူတွေကို ဖမ်းဆီးတာတွေ ပစ်ခတ်တာတွေ ရှိနေပေမဲ့လည်း မြန်မာနိုင်ငံအနှံ့ အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေကတော့ ဒီကနေ့အထိ ဆက်ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG