သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာတဝန္း စား‌ေသာက္ကုန္နဲ႔ ေလာင္စာဆီေစ်းတက္


ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ စစ္အာဏာသိမ္းၿပီး ရန္ကုန္ၿမိဳ႕ရွိ ေစ်း တခုရဲ႕ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ႏုိင္ငံေရးမတည္မၿငိမ္ျဖစ္ၿပီး ကုန္စည္ကူးသန္းမႈနဲ႔ အေရာင္းအဝယ္ေတြအေပၚ ထိခိုက္ေနတာနဲ႔အမ ွ် စားေသာက္ကုန္နဲ႔ ေလာင္စာဆီေတြ ေစ်းတက္လာေနတဲ့အေပၚ ကုလသမဂၢ စားနပ္ရိကၡာအစီအစဥ္ (WFP) က ဒီကေန႔ သတိေပးလိုက္ပါတယ္။

တခ်ဳိ႕ၿမိဳ႕ျပေဒသေတြမွာ စားေသာက္ကုန္ေစ်းႏႈန္းေတြ အတက္ဘက္ျပေနတယ္ဆိုတာ WFP ရဲ႕ စားေသာက္ကုန္ေစ်းႏႈန္း ေစာင့္ၾကည့္ေရးကေန ေတြ႔ရွိထားပါတယ္။

ရန္ကုန္ၿမိဳ႕ ပတ္ဝန္းက်င္ေဒသေတြမွာ ေဖေဖာ္ဝါရီလဆန္းကတည္းကဆိုရင္ စားအုန္းဆီေစ်းႏႈန္း ၂၀% တက္သြားၿပီးေတာ့ ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕ေတြရဲ႕ ပတ္ဝန္းက်င္ေဒသေတြမွာ ေဖေဖာ္ဝါရီလ ေနာက္ဆံုးပတ္ကတည္းကဆိုရင္ ဆန္ေစ်းႏႈန္း ၄% တက္သြားတယ္လို႔ WFP ကေျပာပါတယ္။

ႏုိင္ငံတဝန္းအေနနဲ႔ဆိုရင္ WFP က ေစာင့္ၾကည့္ေနတဲ့ေစ်းကြက္ေတြမွာ ဆန္ေစ်းႏႈန္းဟာ ဇန္နဝါရီလလယ္ကေန ေဖေဖာ္ဝါရီလလည္အတြင္း ပ ွ်မ္းမ ွ်ျခင္း ၃% တက္သြားပါတယ္။ ဒါေပမယ့္လည္း ကခ်င္ျပည္နယ္က ဗန္းေမာ္နဲ႔ ပူတာအုိလိုၿမိဳ႕ေတြမွာေတာ့ ၂၀ ကေန ၃၅% ထိ တက္သြားတယ္လို႔ WFP ကေျပာပါတယ္။

"ကနဦး အရိပ္လကၡဏာေတြကေတာ့ သိပ္ကို စိုးရိမ္စရာပါပဲ၊ အထူးသျဖင့္ စားေရးကို တစ္ရက္ခ်င္း ေျဖရွင္းေနရတဲ့ အားကိုးအားထားအမဲ့ဆံုး လူထုအတြက္ သိပ္ကို စိုးရိမ္စရာေကာင္းပါတယ္။ COVID-19 ကပ္ေရာဂါအေရးအျပင္ ဒီစားကုန္ေစ်းႏႈန္းေတြ ဆက္ၿပီး အတက္ျပေနရင္ေတာ့ အဆင္းရဲဆံုးနဲ႔ အားကိုးအားထားအမဲ့ဆံုးလူထု ဝဝလင္လင္စားရဖို႔အေရးဟာ ဆိုးဆိုးရြားရြား ထိခိုက္လာဖြယ္ရွိပါတယ္။" လို႔ WFP ရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ ၫႊန္ၾကားေရးမွဴး Stephen Anderson ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာတဝန်း စား‌သောက်ကုန်နဲ့ လောင်စာဆီဈေးတက်

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်ပြီး ကုန်စည်ကူးသန်းမှုနဲ့ အရောင်းအဝယ်တွေအပေါ် ထိခိုက်နေတာနဲ့အမ ျှ စားသောက်ကုန်နဲ့ လောင်စာဆီတွေ ဈေးတက်လာနေတဲ့အပေါ် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီကနေ့ သတိပေးလိုက်ပါတယ်။

တချို့မြို့ပြဒေသတွေမှာ စားသောက်ကုန်ဈေးနှုန်းတွေ အတက်ဘက်ပြနေတယ်ဆိုတာ WFP ရဲ့ စားသောက်ကုန်ဈေးနှုန်း စောင့်ကြည့်ရေးကနေ တွေ့ရှိထားပါတယ်။

ရန်ကုန်မြို့ ပတ်ဝန်းကျင်ဒေသတွေမှာ ဖေဖော်ဝါရီလဆန်းကတည်းကဆိုရင် စားအုန်းဆီဈေးနှုန်း ၂၀% တက်သွားပြီးတော့ ရန်ကုန်နဲ့ မန္တလေးမြို့တွေရဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကတည်းကဆိုရင် ဆန်ဈေးနှုန်း ၄% တက်သွားတယ်လို့ WFP ကပြောပါတယ်။

နိုင်ငံတဝန်းအနေနဲ့ဆိုရင် WFP က စောင့်ကြည့်နေတဲ့ဈေးကွက်တွေမှာ ဆန်ဈေးနှုန်းဟာ ဇန်နဝါရီလလယ်ကနေ ဖေဖော်ဝါရီလလည်အတွင်း ပ ျှမ်းမ ျှခြင်း ၃% တက်သွားပါတယ်။ ဒါပေမယ့်လည်း ကချင်ပြည်နယ်က ဗန်းမော်နဲ့ ပူတာအိုလိုမြို့တွေမှာတော့ ၂၀ ကနေ ၃၅% ထိ တက်သွားတယ်လို့ WFP ကပြောပါတယ်။

"ကနဦး အရိပ်လက္ခဏာတွေကတော့ သိပ်ကို စိုးရိမ်စရာပါပဲ၊ အထူးသဖြင့် စားရေးကို တစ်ရက်ချင်း ဖြေရှင်းနေရတဲ့ အားကိုးအားထားအမဲ့ဆုံး လူထုအတွက် သိပ်ကို စိုးရိမ်စရာကောင်းပါတယ်။ COVID-19 ကပ်ရောဂါအရေးအပြင် ဒီစားကုန်ဈေးနှုန်းတွေ ဆက်ပြီး အတက်ပြနေရင်တော့ အဆင်းရဲဆုံးနဲ့ အားကိုးအားထားအမဲ့ဆုံးလူထု ဝဝလင်လင်စားရဖို့အရေးဟာ ဆိုးဆိုးရွားရွား ထိခိုက်လာဖွယ်ရှိပါတယ်။" လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Stephen Anderson ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG