သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လိႈင္သာယာနဲ႔ ေရႊျပည္သာက တရုတ္ လုပ္ငန္းတခ်ိဳ႕ လက္သည္ မေပၚတဲ႔ မီးေလာင္မႈ


(Zawgyi/ Unicode)

စက္ရံု အလုပ္ရံု အမ်ားစု ရွိရာ ရန္ကုန္ လိႈင္သာယာမွာ တနဂၤေႏြေန႔က စစ္အာဏာသိမ္း ဆန္႔က်င္ ဆႏၵျပပြဲေတြ အတြင္း လံုၿခံဳေရး တပ္ဖြဲ႔ေတြက က်ည္အစစ္သံုး ပစ္ခတ္တာေၾကာင့္ အနည္းဆံုး လူ ၂ ဒါဇင္ေလာက္လည္း ေသဆံုးခဲ႔ရပါတယ္။ တၿပိဳင္တည္းမွာဘဲ ဘယ္သူ႔ လက္ခ်က္ဆိုတာ ရွင္းရွင္းလင္းလင္း မရွိဘဲ တရုတ္ လုပ္ငန္း တခ်ိဳ႕လည္း မီးေလာင္ခဲ႔ပါတယ္။ တရုတ္သံရံုးဘက္ကေတာ့ ခ်က္ခ်င္းဆိုသလိုဘဲ တရုတ္ရဲ႕ စီးပြားေရး လုပ္ငန္းေတြနဲ႔ တရုတ္ႏုိင္ငံသားေတြကို အကာအကြယ္ေပးဖို႔ ေတာင္းဆိုခဲ႔တာပါ။ စီးပြားေရး ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ တင္ျပေပးမွာပါ။

ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ စက္ရံု အလုပ္ရံုေတြ အမ်ားစု ရွိရာ ရန္ကုန္ လိႈင္သာယာနဲ႔ ေရႊျပည္သာမွာ တနဂၤေႏြေန႔က စက္ရံု အလုပ္ရံု တခ်ိဳ႕ မီးေလာင္ခဲ႔ပါတယ္။ စစ္တပ္ရဲ႕ အုပ္ခ်ဳပ္ေရး ေကာင္စီဘက္ကေတာ့ ရိႈ႕မီးလို႔ ေျပာပါတယ္။ ဘယ္သူ႔ လက္ခ်က္လဲ ဆိုတာေတာ့ မသိရပါဘူး။

တနဂၤေႏြေန႔က မီးေလာင္ခဲ႔တဲ႔ စက္ရံုေတြထဲမွာ အထည္ခ်ဳပ္ စက္ရံုေတြ အမ်ားစု ျဖစ္ၿပီး ဓာတ္ေျမ ၾသဇာ စက္ရံုလည္း ပါ၀င္ပါတယ္။ ေရႊျပည္သာၿမိဳ႕က အထည္ခ်ဳပ္ စက္ရံုတခု မီးေလာင္ေနတာကို Facebook လူမႈကြန္ရက္ကေန တိုက္ရိုက္ ထုတ္လႊင့္ျပသခဲ႔ၿပီး လမ္းသြား လမ္းလာေတြ အႏၱရာယ္ မျဖစ္ေအာင္ အရပ္သားေတြက ကူညီခဲ႔ၾကတာပါ။ ဆိုဒါ မိုဒါ အထည္ခ်ဳပ္ စက္ရံုလို႔ တိုက္ရိုက္ ထုတ္လႊင့္ျပသခဲ႔သူက ေျပာတဲ႔ စက္ရံု တခုလံုး နီးပါး မီးေလာင္ခဲ႔ခ်ိန္ေရာက္မွ မီးသတ္ကား တစီး ေရာက္လာတာလည္း ေတြ႔ရပါတယ္။

ေရႊျပည္သာမွာ ဆိုဒါမိုဒါ အထည္ခ်ဳပ္စက္ရံု၊ JCK အထည္ခ်ဳပ္ စက္ရံုနဲ႔ တျခား အထည္ခ်ဳပ္ စက္ရံု တခုလည္း ေလာင္တယ္လို႔ ေဒသခံက ေျပာပါတယ္။
စက္ရံု အလုပ္ရံုေတြ အခ်က္အခ်ာ ျဖစ္တဲ႔ လိႈင္သာယာမွာေတာ့ လုပ္သား အမ်ားစု ပါတဲ႔ သပိတ္ေတြ တနဂၤေႏြေန႔က က်ည္အစစ္နဲ႔ ပစ္ခတ္ ၿဖိဳခြင္းတာ အပါအ၀င္ စစ္တပ္နဲ႔ ရဲ က အင္အားသံုး ႏွိမ္နင္းတာေၾကာင့္ အနည္းဆံုး လူ ၂၂ ဦး ေသဆံုးေၾကာင္း ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း AAPP က ထုတ္ျပန္ခဲ႔ပါတယ္။ လိႈင္သာယာမွာ ဆႏၵျပပြဲေတြမွာ ပစ္ခတ္ ၿဖိဳခြင္းမႈ အတြင္း အေသအေပ်ာက္ မ်ားခဲ႔တာနဲ႔ အတူဘဲ စက္ရံု တခ်ိဳ႕လည္း မီးေလာင္ခဲ႔ပါတယ္။ အလားတူဘဲ ဘယ္သူ႔ လက္ခ်က္လဲ ဆိုတာ မသိရပါဘူး။

လိႈင္သာယာက Global Fashion အထည္ခ်ဳပ္စက္ရံု၊ ေ၀ၾကည္ အထည္ခ်ဳပ္စက္ရံု၊ ေရႊနဂါး ဓာတ္ေျမၾသဇာ စက္ရံု၊ ယြမ္ေဟာင္ အထည္ခ်ဳပ္စက္ရံု၊ စမ္းမားထက္ အထည္ခ်ဳပ္စက္ရံုတို႔ မီးရိႈ႕ခံရေၾကာင္း စစ္တပ္ရဲ႕ အုပ္ခ်ဳပ္ေရး ေကာင္စီ ထိန္းခ်ဳပ္ထားတဲ႔ ျမန္မာ့ ရုပ္သံက ေၾကညာသြားပါတယ္။ တခ်ိန္တည္းမွာဘဲ လိႈင္သာယာနဲ႔ ေရႊျပည္သာကို စစ္အုပ္ခ်ဳပ္ေရး မာရွယ္ေလာ ထုတ္ခဲ႔ပါတယ္။

လိႈင္သာယာမွာ တရုတ္စီးပြားေရးေတြ ဖ်က္ဆီး လုယက္ မီးရိႈ႕ခံရေၾကာင္း ျမန္မာဆိုင္ရာ တရုတ္သံရံုး ေျပာခြင့္ရက တနဂၤေႏြေန႔မွာ ေျပာဆိုပါတယ္။ အဖ်က္အေမွာင့္ လုပ္သူေတြက ဖ်က္ဆီးလုယက္ၿပီး မီးရိႈ႕တာ ျဖစ္ေၾကာင္း၊ တရုတ္ ၀န္ထမ္းေတြလည္း ဒဏ္ရာရၿပီး ပိတ္မိေနေၾကာင္း ေျပာဆိုေပမယ့္ ဒီအခ်က္ကိုေတာ့ ဗီြအိုေအ အေနနဲ႔ သီးသန္႔ အတည္မျပဳႏုိင္ပါဘူး။

တရုတ္ လုပ္ငန္းေတြနဲ႔ တရုတ္ ႏုိင္ငံသားေတြကို လံုၿခံဳေရး ယူေပးဖို႔ ရဲတပ္ဖြဲ႔ကို ေတာင္းဆိုခဲ႔ေၾကာင္းလည္း တရုတ္ သံရံုး ေျပာခြင့္ရရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။ ဒါေပမယ့္ ဆႏၵျပသူေတြ ေသဆံုး ထိခိုက္ဒဏ္ရာ ရရွိမႈကိုေတာ့ ထည့္သြင္း ေျပာဆိုျခင္း မရွိပါဘူး။ ျမန္မာ့ စစ္အာဏာသိမ္းမႈနဲ႔ ပတ္သက္ရင္ ျပည္တြင္းေရးသာ ျဖစ္ေၾကာင္း တရုတ္ဘက္က အခို္င္အမာ ေျပာဆိုထားတာပါ။

“ ျမန္မာႏုိင္ငံတြင္း အေျခအေနေတြ ဘယ္လိုဘဲ ေျပာင္းလဲသြားပါေစ တရုတ္- ျမန္မာ ဆက္ဆံေရးကို ျမွင့္တင္မယ့္ တရုတ္ရဲ႕ ပိုင္းျဖတ္ခ်က္ကေတာ့ ယိမ္းယိုင္သြားမွာ မဟုတ္သလို ျမန္မာနဲ႔ ခ်စ္ၾကည္ ရင္းႏွီးမႈ၊ ပူးေပါင္းေဆာင္ရြက္မႈကို ျမွင့္တင္ေရး တရုတ္ရဲ႕ ဦးတည္ခ်က္ကလည္း ေျပာင္းလဲမွာ မဟုတ္ဘူးလို႔ တရုတ္ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Zhao Lijian က မတ္လ ၁၂ ရက္ေန႔က ေျပာဆုိထားတာပါ။ ”

စစ္အာဏာသိမ္းမႈဟာ ျမန္မာ့ ျပည္တြင္းေရးသာ ျဖစ္တယ္ဆိုတဲ႔ တရုတ္ရဲ႕ ရပ္တည္ ေျပာဆိုခ်က္ကို စစ္အာဏာသိမ္း ဆန္႔က်င္တဲ႔ သန္းခ်ီတဲ႔ ျမန္မာ ျပည္သူေတြက ဘ၀င္မက်ပါဘူး။ ဒါေၾကာင့္ စစ္အာဏာသိမ္းၿပီးေနာက္ တရုတ္သံရံုးေရွ႕သြားၿပီး ဆႏၵျပခဲ႔ၾကတာပါ။ တရုတ္ဘက္ကေတာ့ စစ္အာဏာသိမ္းတာကို သူတို႔ ေထာက္ခံတယ္ ဆိုတာကို ျငင္းပါတယ္။ ဒါေပမယ့္ ထင္ထင္ေပၚေပၚ ကန္႔ကြက္ ရႈတ္ခ်မႈ မရွိပါဘူး။


တနဂၤေႏြေန႔က တရုတ္ စက္ရံု တခ်ိဳ႕ မီးေလာင္ၿပီး ခ်က္ခ်င္း ဆိုသလို ထြက္လာတဲ႔ ျမန္မာ ဆိုင္ရာ တရုတ္သံရံုး ေျပာခြင့္ရ ထုတ္ျပန္ခ်က္မွာေတာ့ တရုတ္ - ျမန္မာ စီးပြားေရး ကုန္သြယ္ေရးမွာ ႏွစ္ဘက္ အက်ိဳးရွိေစတဲ႔ မူ၀ါဒကို အေျခခံၿပီး ျမန္မာ ျပည္သူေတြ အက်ိဳးရွိေရးကို တရုတ္က အေလးေပးတယ္လို႔ ေဖာ္ျပထားပါတယ္။ လိႈင္သာယာ စက္ရံုေတြ မီးေလာင္မႈကို တိုက္ခုိက္ခံရမႈလို႔ တရုတ္ သံရံုးက သံုးႏႈန္းၿပီး ဒီထဲမွာ ဆိုရင္ အထည္ခ်ဳပ္ စက္ရံု အမ်ားဆံုး ျဖစ္ေၾကာင္း၊ ဒီ အထည္ခ်ဳပ္ လုပ္ငန္းမွာဆိုရင္ ျမန္မာ အလုပ္သမား သိန္းနဲ႔ခ်ီၿပီး အလုပ္ေပးထားတာလို႔လည္း ေဖာ္ျပခဲ႔ပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ တရုတ္သံရံုးရဲ႕ ေၾကညာခ်က္မွာေတာ့ မွတ္ခ်က္ေပးသူေပါင္း ၄ေသာင္းခြဲေလာက္ ရွိခဲ႔ၿပီး အမ်ားစုက မႏွစ္သက္တဲ႔ သေဘာမ်ိဳး မွတ္ခ်က္ေပးၾကပါတယ္။ လိႈင္သာယာမွာ ျဖစ္တဲ႔ ကိစၥမွာ တရုတ္ရဲ႕ စီးပြားေရး လုပ္ငန္းေတြကို ဖ်က္စီးတာဟာ သိပ္ကို ဆိုးရြား ျပင္းထန္တယ္လုိ႔ သံုးႏႈန္းပါတယ္။ က်ဴးလြန္သူေတြကို ေဖာ္ထုတ္ အျပစ္ေပးဖို႔လည္း တရုတ္က ေတာင္းဆိုထားပါတယ္။ ဒါေပမယ့္ တရုတ္ လုပ္ငန္းေတြကို မီးရိႈ႕မႈနဲ႔ ပတ္သက္လို႔ေတာ့ ဘယ္အဖြဲ႔အစည္း လူပုဂၢိဳလ္ ကမွ တာ၀န္ရွိေၾကာင္း ေျပာဆိုမထားပါဘူး။

စစ္အာဏာသိမ္းၿပီးေနာက္ ႏုိင္ငံတြင္း မတည္မၿငိမ္ ျဖစ္ေနခ်ိန္မွာ တရုတ္ဘက္က ေရနံနဲ႔ သဘာ၀ ဓာတ္ေငြ႔ ပိုက္လုိင္းကို လံုၿခံဳေရး အတြက္ ျမန္မာ စစ္တပ္ကို တိုက္တြန္းထားတဲ႔ အစည္းအေ၀း မွတ္တမ္း တခုလည္း ေပါက္ၾကား ထြက္ခဲ႔ပါတယ္။
ၿပီးခဲ႔တဲ႔ သီတင္းပတ္တုန္းက ေနျပည္ေတာ္က ႏုိင္ငံျခားေရး ၀န္ႀကီးဌာန ရံုးခ်ဳပ္မွာ ဒုတိယ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခ်မ္းေအးကို ဖမ္းဆီးသြားတဲ႔ ကိစၥဟာလည္း တရုတ္ ေရနံပိုက္လိုင္း အေရး ေဆြးေႏြးမႈ သတင္းေပါက္ၾကားမႈ ျဖစ္ႏုိင္တယ္လုိ႔ သတင္းရင္းျမစ္ တခုက ဗီြအိုေအကို ေျပာပါတယ္။

ဒီ ေပါက္ၾကားထြက္လာတဲ႔ ႏုိင္ငံျခားေရး ဆုိင္ရာ အစည္းအေ၀း မွတ္တမ္းထဲမွာေတာ့ ျမန္မာျပည္ ကိုျဖတ္ၿပီး တရုတ္ဘက္ကို သြယ္တန္းထာတဲ႔ ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႕ ပိုက္လိုင္းေတြ လုံျခံဳေအာင္ အကာအကြယ္ေပးဖို႔ ျမန္မာစစ္တပ္ကို တ႐ုတ္က ေတာင္းဆိုထားတာပါ။ စစ္အာဏာသိမ္း ဆန႔္က်င္ ဆႏၵျပမႈေတြမွာ အာဏာသိမ္း အုပ္ခ်ဳပ္ေရး ေကာင္စီဘက္က အင္အားသံုး ဖိႏွိပ္လာတာနဲ႔ အတူဘဲ ျမန္မာႏုိင္ငံတြင္းက တရုတ္ စီးပြားေရး လုပ္ငန္းေတြ အေပၚ ၿခိမ္းေျခာက္ ေရးသားခ်က္ေတြလည္း လူမႈ ကြန္ရက္ မီဒီယာေတြမွာ ထင္သာ ျမင္သာ ေတြ႔လာရပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)
လှိုင်သာယာနဲ့ ရွှေပြည်သာက တရုတ် လုပ်ငန်းတချို့ လက်သည် မပေါ်တဲ့ မီးလောင်မှု


စက်ရုံ အလုပ်ရုံ အများစု ရှိရာ ရန်ကုန် လှိုင်သာယာမှာ တနင်္ဂနွေနေ့က စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေ အတွင်း လုံခြုံရေး တပ်ဖွဲ့တွေက ကျည်အစစ်သုံး ပစ်ခတ်တာကြောင့် အနည်းဆုံး လူ ၂ ဒါဇင်လောက်လည်း သေဆုံးခဲ့ရပါတယ်။ တပြိုင်တည်းမှာဘဲ ဘယ်သူ့ လက်ချက်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိဘဲ တရုတ် လုပ်ငန်း တချို့လည်း မီးလောင်ခဲ့ပါတယ်။ တရုတ်သံရုံးဘက်ကတော့ ချက်ချင်းဆိုသလိုဘဲ တရုတ်ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ စီးပွားရေး ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ စက်ရုံ အလုပ်ရုံတွေ အများစု ရှိရာ ရန်ကုန် လှိုင်သာယာနဲ့ ရွှေပြည်သာမှာ တနင်္ဂနွေနေ့က စက်ရုံ အလုပ်ရုံ တချို့ မီးလောင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီဘက်ကတော့ ရှို့မီးလို့ ပြောပါတယ်။ ဘယ်သူ့ လက်ချက်လဲ ဆိုတာတော့ မသိရပါဘူး။ တနင်္ဂနွေနေ့က မီးလောင်ခဲ့တဲ့ စက်ရုံတွေထဲမှာ အထည်ချုပ် စက်ရုံတွေ အများစု ဖြစ်ပြီး ဓာတ်မြေ သြဇာ စက်ရုံလည်း ပါဝင်ပါတယ်။

ရွှေပြည်သာမြို့က အထည်ချုပ် စက်ရုံတခု မီးလောင်နေတာကို Facebook လူမှုကွန်ရက်ကနေ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပြီး လမ်းသွား လမ်းလာတွေ အန္တရာယ် မဖြစ်အောင် အရပ်သားတွေက ကူညီခဲ့ကြတာပါ။ ဆိုဒါ မိုဒါ အထည်ချုပ် စက်ရုံလို့ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သူက ပြောတဲ့ စက်ရုံ တခုလုံး နီးပါး မီးလောင်ခဲ့ချိန်ရောက်မှ မီးသတ်ကား တစီး ရောက်လာတာလည်း တွေ့ရပါတယ်။ ရွှေပြည်သာမှာ ဆိုဒါမိုဒါ အထည်ချုပ်စက်ရုံ၊ JCK အထည်ချုပ် စက်ရုံနဲ့ တခြား အထည်ချုပ် စက်ရုံ တခုလည်း လောင်တယ်လို့ ဒေသခံက ပြောပါတယ်။

စက်ရုံ အလုပ်ရုံတွေ အချက်အချာ ဖြစ်တဲ့ လှိုင်သာယာမှာတော့ လုပ်သား အများစု ပါတဲ့ သပိတ်တွေ တနင်္ဂနွေနေ့က ကျည်အစစ်နဲ့ ပစ်ခတ် ဖြိုခွင်းတာ အပါအဝင် စစ်တပ်နဲ့ ရဲ က အင်အားသုံး နှိမ်နင်းတာကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ခဲ့ပါတယ်။ လှိုင်သာယာမှာ ဆန္ဒပြပွဲတွေမှာ ပစ်ခတ် ဖြိုခွင်းမှု အတွင်း အသေအပျောက် များခဲ့တာနဲ့ အတူဘဲ စက်ရုံ တချို့လည်း မီးလောင်ခဲ့ပါတယ်။ အလားတူဘဲ ဘယ်သူ့ လက်ချက်လဲ ဆိုတာ မသိရပါဘူး။

လှိုင်သာယာက Global Fashion အထည်ချုပ်စက်ရုံ၊ ဝေကြည် အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာ စက်ရုံ၊ ယွမ်ဟောင် အထည်ချုပ်စက်ရုံ၊ စမ်းမားထက် အထည်ချုပ်စက်ရုံတို့ မီးရှို့ခံရကြောင်း စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ ရုပ်သံက ကြေညာသွားပါတယ်။ တချိန်တည်းမှာဘဲ လှိုင်သာယာနဲ့ ရွှေပြည်သာကို စစ်အုပ်ချုပ်ရေး မာရှယ်လော ထုတ်ခဲ့ပါတယ်။
လှိုင်သာယာမှာ တရုတ်စီးပွားရေးတွေ ဖျက်ဆီး လုယက် မီးရှို့ခံရကြောင်း မြန်မာဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရက တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

အဖျက်အမှောင့် လုပ်သူတွေက ဖျက်ဆီးလုယက်ပြီး မီးရှို့တာ ဖြစ်ကြောင်း၊ တရုတ် ဝန်ထမ်းတွေလည်း ဒဏ်ရာရပြီး ပိတ်မိနေကြောင်း ပြောဆိုပေမယ့် ဒီအချက်ကိုတော့ ဗွီအိုအေ အနေနဲ့ သီးသန့် အတည်မပြုနိုင်ပါဘူး။ တရုတ် လုပ်ငန်းတွေနဲ့ တရုတ် နိုင်ငံသားတွေကို လုံခြုံရေး ယူပေးဖို့ ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့ကြောင်းလည်း တရုတ် သံရုံး ပြောခွင့်ရရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေ သေဆုံး ထိခိုက်ဒဏ်ရာ ရရှိမှုကိုတော့ ထည့်သွင်း ပြောဆိုခြင်း မရှိပါဘူး။ မြန်မာ့ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ရင် ပြည်တွင်းရေးသာ ဖြစ်ကြောင်း တရုတ်ဘက်က အခိုင်အမာ ပြောဆိုထားတာပါ။

“ မြန်မာနိုင်ငံတွင်း အခြေအနေတွေ ဘယ်လိုဘဲ ပြောင်းလဲသွားပါစေ တရုတ်- မြန်မာ ဆက်ဆံရေးကို မြှင့်တင်မယ့် တရုတ်ရဲ့ ပိုင်းဖြတ်ချက်ကတော့ ယိမ်းယိုင်သွားမှာ မဟုတ်သလို မြန်မာနဲ့ ချစ်ကြည် ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး တရုတ်ရဲ့ ဦးတည်ချက်ကလည်း ပြောင်းလဲမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Zhao Lijian က မတ်လ ၁၂ ရက်နေ့က ပြောဆိုထားတာပါ။ ”

စစ်အာဏာသိမ်းမှုဟာ မြန်မာ့ ပြည်တွင်းရေးသာ ဖြစ်တယ်ဆိုတဲ့ တရုတ်ရဲ့ ရပ်တည် ပြောဆိုချက်ကို စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ သန်းချီတဲ့ မြန်မာ ပြည်သူတွေက ဘဝင်မကျပါဘူး။ ဒါကြောင့် စစ်အာဏာသိမ်းပြီးနောက် တရုတ်သံရုံးရှေ့သွားပြီး ဆန္ဒပြခဲ့ကြတာပါ။ တရုတ်ဘက်ကတော့ စစ်အာဏာသိမ်းတာကို သူတို့ ထောက်ခံတယ် ဆိုတာကို ငြင်းပါတယ်။ ဒါပေမယ့် ထင်ထင်ပေါ်ပေါ် ကန့်ကွက် ရှုတ်ချမှု မရှိပါဘူး။

တနင်္ဂနွေနေ့က တရုတ် စက်ရုံ တချို့ မီးလောင်ပြီး ချက်ချင်း ဆိုသလို ထွက်လာတဲ့ မြန်မာ ဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရ ထုတ်ပြန်ချက်မှာတော့ တရုတ် - မြန်မာ စီးပွားရေး ကုန်သွယ်ရေးမှာ နှစ်ဘက် အကျိုးရှိစေတဲ့ မူဝါဒကို အခြေခံပြီး မြန်မာ ပြည်သူတွေ အကျိုးရှိရေးကို တရုတ်က အလေးပေးတယ်လို့ ဖော်ပြထားပါတယ်။ လှိုင်သာယာ စက်ရုံတွေ မီးလောင်မှုကို တိုက်ခိုက်ခံရမှုလို့ တရုတ် သံရုံးက သုံးနှုန်းပြီး ဒီထဲမှာ ဆိုရင် အထည်ချုပ် စက်ရုံ အများဆုံး ဖြစ်ကြောင်း၊ ဒီ အထည်ချုပ် လုပ်ငန်းမှာဆိုရင် မြန်မာ အလုပ်သမား သိန်းနဲ့ချီပြီး အလုပ်ပေးထားတာလို့လည်း ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ကြေညာချက်မှာတော့ မှတ်ချက်ပေးသူပေါင်း ၄သောင်းခွဲလောက် ရှိခဲ့ပြီး အများစုက မနှစ်သက်တဲ့ သဘောမျိုး မှတ်ချက်ပေးကြပါတယ်။ လှိုင်သာယာမှာ ဖြစ်တဲ့ ကိစ္စမှာ တရုတ်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဖျက်စီးတာဟာ သိပ်ကို ဆိုးရွား ပြင်းထန်တယ်လို့ သုံးနှုန်းပါတယ်။ ကျူးလွန်သူတွေကို ဖော်ထုတ် အပြစ်ပေးဖို့လည်း တရုတ်က တောင်းဆိုထားပါတယ်။ ဒါပေမယ့် တရုတ် လုပ်ငန်းတွေကို မီးရှို့မှုနဲ့ ပတ်သက်လို့တော့ ဘယ်အဖွဲ့အစည်း လူပုဂ္ဂိုလ် ကမှ တာဝန်ရှိကြောင်း ပြောဆိုမထားပါဘူး။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း မတည်မငြိမ် ဖြစ်နေချိန်မှာ တရုတ်ဘက်က ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်းကို လုံခြုံရေး အတွက် မြန်မာ စစ်တပ်ကို တိုက်တွန်းထားတဲ့ အစည်းအဝေး မှတ်တမ်း တခုလည်း ပေါက်ကြား ထွက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက နေပြည်တော်က နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးချုပ်မှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို ဖမ်းဆီးသွားတဲ့ ကိစ္စဟာလည်း တရုတ် ရေနံပိုက်လိုင်း အရေး ဆွေးနွေးမှု သတင်းပေါက်ကြားမှု ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ် တခုက ဗွီအိုအေကို ပြောပါတယ်။

ဒီ ပေါက်ကြားထွက်လာတဲ့ နိုင်ငံခြားရေး ဆိုင်ရာ အစည်းအဝေး မှတ်တမ်းထဲမှာတော့ မြန်မာပြည် ကိုဖြတ်ပြီး တရုတ်ဘက်ကို သွယ်တန်းထာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ လုံခြုံအောင် အကာအကွယ်ပေးဖို့ မြန်မာစစ်တပ်ကို တရုတ်က တောင်းဆိုထားတာပါ။ စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြမှုတွေမှာ အာဏာသိမ်း အုပ်ချုပ်ရေး ကောင်စီဘက်က အင်အားသုံး ဖိနှိပ်လာတာနဲ့ အတူဘဲ မြန်မာနိုင်ငံတွင်းက တရုတ် စီးပွားရေး လုပ်ငန်းတွေ အပေါ် ခြိမ်းခြောက် ရေးသားချက်တွေလည်း လူမှု ကွန်ရက် မီဒီယာတွေမှာ ထင်သာ မြင်သာ တွေ့လာရပါတယ်။

XS
SM
MD
LG