သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း ေရရွည္စီမံကိန္းေတြအတြက္ တ႐ုတ္စိုးရိမ္ပူပင္ဖြယ္ရွိ


ရခိုင္ျပည္နယ္ ေက်ာက္ျဖဴဆိပ္ကမ္း။ (ႏိုဝင္ဘာ ၁၀၊ ၂၀၁၃)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီး တႏိုင္ငံလုံး အုံႂကြမႈေတြျဖစ္လာခ်ိန္ တ႐ုတ္ႏိုင္ငံဟာ ျမန္မာျပည္တြင္းက သူ႔ရဲ႕ ေရရွည္စီမံကိန္းေတြအတြက္ စိုးရိမ္ပူပန္ေနေၾကာင္း အရပ္ဘက္ ႏိုင္ငံေရး၊ စီးပြားေရး ေစာင့္ၾကည့္ ေလ့လာသူေတြက ေျပာလိုက္ပါတယ္။ အျပည့္အစုံကုိ ရန္ကုန္သတင္းေထာက္ေပးပို႔ထားတာကို ကိုသားၫြန္႔ဦး ေျပာျပေပးပါမယ္။

မတ္လ ၉ ရက္က ျမန္မာႏိုင္ငံျခားေရး ဝန္ႀကီးဌာန အရာရွိတခ်ိဳ႕ကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ဖမ္းဆီးလိုက္ၿပီး ဒါဟာ မၾကာေသးခင္က ေနျပည္ေတာ္မွာလုပ္တဲ့ ျမန္မာ- တ႐ုတ္ ႏွစ္ႏိုင္ငံၾကား စီမံကိန္းေတြရဲ႕ လုံၿခဳံေရးဆိုင္ရာ ပူးတြဲအစည္းအေဝး မွတ္တမ္းေတြ အရပ္ဘက္ကို ေပါက္ၾကားၿပီးေနာက္ အေရးယူလာမႈတခုလို႔ ယူဆရပါတယ္။

စာမ်က္ႏွာ ၆ မ်က္ႏွာပါတဲ့ ဒီအစည္းအေဝး မွတ္တမ္းမွာဆိုရင္ ရပ္ဝန္းနဲ႔ ပိုးလမ္းမ BRI စီမံကိန္း တစိတ္တပိုင္းျဖစ္တဲ့ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ပိုက္လိုင္း လုံၿခဳံေရးအတြက္ ႏွစ္ႏိုင္ငံ ညႇိႏႈိင္းေဆြးရတာလို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အႀကီးအကဲ ေျပာဆိုခ်က္ကို ေရးသားထားပါတယ္။ ျမန္မာ ျပည္ထဲေရး ဝန္ႀကီးဌာနဘက္ကလည္း ႏွစ္ဘက္သေဘာတူညီထားတဲ့ လုပ္ထုံးေတြအတိုင္း ဆက္လုပ္မယ့္အေၾကာင္း၊ ပိုက္လိုင္းလုံၿခဳံေရးဟာ ရဲတပ္ဖြဲ႕နဲ႔ မလုံေလာက္ဘဲ တပ္မေတာ္ကပါ ပါဝင္ေဆာင္႐ြက္ေနရေၾကာင္း ျပန္တုံ႔ျပန္ခဲ့တယ္လို႔ ေရးထားပါတယ္။

တ႐ုတ္ဟာ အရင္က ျမန္မာျပည္တြင္း ေက်ာက္မ်က္နဲ႔ သတၳဳတူးေဖာ္ေရးမွာ အဓိကပါဝင္ခဲ့ေပမဲ့ ေနာက္ပိုင္းမွာ မီးရထားလမ္း၊ ေရနံသဘာဝ ဓာတ္ေငြ႕ပိုက္လိုင္း၊ လွ်ပ္စစ္ဓာတ္အားလိုင္း ဒီလို ေရရွည္ရင္းႏွီးျမႇဳပ္ႏွံမႈဘက္ ေျပာင္းလဲခဲ့တာပါ။ မၿပီးျပတ္ေသးတဲ့ စီမံကိန္းေတြေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ လက္ရွိ ႏိုင္ငံေရး အၾကပ္အတည္းမွာ တ႐ုတ္ဘက္က စိုးရိမ္မႈေတြ ေသခ်ာေပါက္ရွိေၾကာင္း BRI စီမံကိန္းေတြကို ေစာင့္ၾကည့္ေလ့လာေနတဲ့ Sandhi Governance Institute (သႏၶိအဖြဲ႔) အမႈေဆာင္ ဒါ႐ိုက္တာ ဦးခိုင္ဝင္းက ဗြီအိုေအကို ေျပာပါတယ္။

“လက္ရွိ ရွိေနတဲ့ဟာေတြနဲ႔ ပတ္သက္လို႔ သူတို႔ရဲ႕ စိုးရိမ္ပူပန္မႈကေတာ့ ထင္ရွားတယ္။ ေတာ္ေတာ္ေလးကို စိုးရိမ္ေနတယ္လို႔ ထင္တယ္ေပါ့ေနာ္... infrastructure က ႏိုင္ငံေရးတည္ၿငိမ္ဖို႔က အရမ္းအေရးႀကီးတယ္ေလ။ အရင္းေၾကကာလကလည္း ၾကာတယ္။ မိုင္ေပါင္းမ်ားစြာ ေဆာက္ထားတဲ့ဟာႀကီးေတြက ပဋိပကၡတို႔ ျပည္တြင္းစစ္တို႔ ျဖစ္မယ္ဆိုရင္ ထိခိုက္ႏိုင္တယ္ဆိုေတာ့ သူတို႔က ဦးစားေပးေနရတာက တည္ၿငိမ္မႈေပါ့။ ဒါေၾကာင့္ သူတို႔ရဲ႕ အသုံးအႏႈန္းေတြ ဘာေတြကလည္း တည္ၿငိမ္ေစခ်င္တယ္။ အရင္တုန္းက အေျခအေန ျပန္သြားေစခ်င္တယ္ဆိုတဲ့ဟာမ်ိဳးေတြ ေျပာေနတာေလ။”

ေဖေဖာ္ဝါရီ ၂၃ ရက္ ျမန္မာ- တ႐ုတ္ အြန္လိုင္း အစည္းအေဝးကို ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၊ အျပည္ျပည္ဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ စီးပြားေရး ဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚျမတ္သီတာေအး၊ ၫႊန္ၾကားေရးမႉး ေဒၚျဖဴျဖဴစိုး၊ ႏိုင္ငံေရးရာဦးစီးဌာနက ေဒၚခင္နီလာစိုး၊ ျပည္ထဲေရး ဝန္ႀကီးဌာနက ရဲမႉးခ်ဳပ္ ေအာင္ေဌးျမင့္တို႔ တက္ေရာက္ခဲ့တာပါ။

တ႐ုတ္ဘက္ကေတာ့ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Mr Chen Hai၊ တ႐ုတ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ျပင္ပေရးရာဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ Mr Bal Tian နဲ႔ မႏၲေလးတိုင္း တ႐ုတ္ ေကာင္စစ္ဝန္ခ်ဳပ္ Mr Chen Chen တို႔တက္ေရာက္ပါတယ္။

ျပင္ပကိုေပါက္ၾကားလာတဲ့ တ႐ုတ္- ျမန္မာပူးေပါင္းေဆာင္႐ြက္မႈ စီမံကိန္းေတြရဲ႕ အႏၲရာယ္ ကင္းရွင္းေရးႏွင့္ လုံၿခဳံေရးဆိုင္ရာ ပူးတြဲအစည္းအေဝး မွတ္တမ္းဟာ တကယ္ ဟုတ္၊ မဟုတ္ဆိုတာကိုေတာ့ စစ္ေကာင္စီဘက္က တုံ႔ျပန္တာမရွိေသးပါဘူး။

တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန အရာရွိေျပာဆိုခ်က္မွာဆိုရင္ ျမန္မာျပည္တြင္း ဆႏၵျပမႈေတြနဲ႔အတူ တ႐ုတ္ဆန႔္က်င္ေရး လႈံ႕ေဆာ္မႈေတြ ျမင္ေနရေၾကာင္း၊ ေရနံပိုက္လိုင္းအေပၚ အႏၲရာယ္ေပးလာႏိုင္တဲ့အျပင္ ေျမာက္ပိုင္း လက္နက္ကိုင္ေတြေၾကာင့္ ထိခိုက္မႈရွိလာရင္ တ႐ုတ္ဝန္ထမ္းေတြရဲ႕ လုံၿခဳံမႈကို စိုးရိမ္ရေၾကာင္း အစည္းအေဝး မွတ္တမ္းမွာ ေရးသားထားပါတယ္။

တကယ္တမ္းေတာ့ ဒီေရနံပိုက္လိုင္း လုပ္ငန္းစေတြကတည္းက လုံၿခဳံေရးကို တ႐ုတ္ဘက္က ေသခ်ာျပင္ဆင္ထားခဲ့ေၾကာင္း ေရနံပိုက္လိုင္း ေစာင့္ၾကည့္ေရး အရပ္ဘက္အဖြဲ႕ (Myanmar-China Pipeline Watch Committee) က ကိုျမင့္ႀကိဳင္က ဗြီအိုေအကို ေျပာပါတယ္။

“ဒီဘက္က ဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ၊ လုပ္သည္ျဖစ္ေစ၊ မလုပ္သည္ျဖစ္ေစ သူတို႔ စိုးရိမ္တယ္ ဆိုတာကေတာ့ ေပၚတာေပါ့။ ဒီေကာင္က ကုန္းေပၚကေနျဖတ္တဲ့ေနရာ တခ်ိဳ႕ပဲ အေပၚက ေတာ္ေတာ္မ်ားမ်ားက ေျမႀကီးထဲကေန သြားတာမ်ားတယ္ေလ။ ေနာက္ ျမစ္ဆို ျမစ္ကေန၊ ေခ်ာင္းဆို ေခ်ာင္းကေန ျဖတ္တာေပါ့။ အဲဒီလိုသြားၾကတာမ်ားတယ္။ လုံၿခဳံေရးအရဆိုရင္ ဘယ္မွာ သြားရွိႏိုင္လဲဆိုရင္ ထပ္ဆင့္တြန္း စက္႐ုံရွိတယ္ေလ... သူထိုင္တဲ့ ၿမိဳ႕ေတြ ရွိၾကတယ္။ အဲဒီလိုေနရာမ်ိဳးေတြဆိုရင္ေတာ့ နည္းနည္းအႏၲရာယ္ ရွိတာေပါ့။ အဲဒါမ်ိဳးေတြဆိုရင္ တမ်ိဳး ျဖစ္ႏိုင္တယ္ေလ။”

ကိုဗစ္ကပ္ေရာဂါ အလြန္မွာလည္း ဒီကိစၥေတြနဲ႔ပတ္သက္ၿပီး ႏွစ္ဘက္ အစည္းအေဝးေတြကို တ႐ုတ္ႏုိင္ငံ ေဘဂ်င္းၿမိဳ႕၊ ဒါမွမဟုတ္ရင္ ေနျပည္ေတာ္မွာ က်င္းပႏိုင္ဖို႔ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနအရာရွိက ေဆြးေႏြးခဲ့ေၾကာင္း ဒီအစည္းအေဝး မွတ္တမ္းမွာ ေရးသားထားတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံတွင်း ရေရှည်စီမံကိန်းတွေအတွက် တရုတ်စိုးရိမ်ပူပင်ဖွယ်ရှိ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး တနိုင်ငံလုံး အုံကြွမှုတွေဖြစ်လာချိန် တရုတ်နိုင်ငံဟာ မြန်မာပြည်တွင်းက သူ့ရဲ့ ရေရှည်စီမံကိန်းတွေအတွက် စိုးရိမ်ပူပန်နေကြောင်း အရပ်ဘက် နိုင်ငံရေး၊ စီးပွားရေး စောင့်ကြည့် လေ့လာသူတွေက ပြောလိုက်ပါတယ်။ အပြည့်အစုံကို ရန်ကုန်သတင်းထောက်ပေးပို့ထားတာကို ကိုသားညွန့်ဦး ပြောပြပေးပါမယ်။

မတ်လ ၉ ရက်က မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတချို့ကို စစ်အုပ်ချုပ်ရေးကောင်စီက ဖမ်းဆီးလိုက်ပြီး ဒါဟာ မကြာသေးခင်က နေပြည်တော်မှာလုပ်တဲ့ မြန်မာ- တရုတ် နှစ်နိုင်ငံကြား စီမံကိန်းတွေရဲ့ လုံခြုံရေးဆိုင်ရာ ပူးတွဲအစည်းအဝေး မှတ်တမ်းတွေ အရပ်ဘက်ကို ပေါက်ကြားပြီးနောက် အရေးယူလာမှုတခုလို့ ယူဆရပါတယ်။

စာမျက်နှာ ၆ မျက်နှာပါတဲ့ ဒီအစည်းအဝေး မှတ်တမ်းမှာဆိုရင် ရပ်ဝန်းနဲ့ ပိုးလမ်းမ BRI စီမံကိန်း တစိတ်တပိုင်းဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးအတွက် နှစ်နိုင်ငံ ညှိနှိုင်းဆွေးရတာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲ ပြောဆိုချက်ကို ရေးသားထားပါတယ်။ မြန်မာ ပြည်ထဲရေး ဝန်ကြီးဌာနဘက်ကလည်း နှစ်ဘက်သဘောတူညီထားတဲ့ လုပ်ထုံးတွေအတိုင်း ဆက်လုပ်မယ့်အကြောင်း၊ ပိုက်လိုင်းလုံခြုံရေးဟာ ရဲတပ်ဖွဲ့နဲ့ မလုံလောက်ဘဲ တပ်မတော်ကပါ ပါဝင်ဆောင်ရွက်နေရကြောင်း ပြန်တုံ့ပြန်ခဲ့တယ်လို့ ရေးထားပါတယ်။

တရုတ်ဟာ အရင်က မြန်မာပြည်တွင်း ကျောက်မျက်နဲ့ သတ္ထုတူးဖော်ရေးမှာ အဓိကပါဝင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ မီးရထားလမ်း၊ ရေနံသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၊ လျှပ်စစ်ဓာတ်အားလိုင်း ဒီလို ရေရှည်ရင်းနှီးမြှုပ်နှံမှုဘက် ပြောင်းလဲခဲ့တာပါ။ မပြီးပြတ်သေးတဲ့ စီမံကိန်းတွေကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အကြပ်အတည်းမှာ တရုတ်ဘက်က စိုးရိမ်မှုတွေ သေချာပေါက်ရှိကြောင်း BRI စီမံကိန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ Sandhi Governance Institute (သန္ဓိအဖွဲ့) အမှုဆောင် ဒါရိုက်တာ ဦးခိုင်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“လက်ရှိ ရှိနေတဲ့ဟာတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကတော့ ထင်ရှားတယ်။ တော်တော်လေးကို စိုးရိမ်နေတယ်လို့ ထင်တယ်ပေါ့နော်... infrastructure က နိုင်ငံရေးတည်ငြိမ်ဖို့က အရမ်းအရေးကြီးတယ်လေ။ အရင်းကြေကာလကလည်း ကြာတယ်။ မိုင်ပေါင်းများစွာ ဆောက်ထားတဲ့ဟာကြီးတွေက ပဋိပက္ခတို့ ပြည်တွင်းစစ်တို့ ဖြစ်မယ်ဆိုရင် ထိခိုက်နိုင်တယ်ဆိုတော့ သူတို့က ဦးစားပေးနေရတာက တည်ငြိမ်မှုပေါ့။ ဒါကြောင့် သူတို့ရဲ့ အသုံးအနှုန်းတွေ ဘာတွေကလည်း တည်ငြိမ်စေချင်တယ်။ အရင်တုန်းက အခြေအနေ ပြန်သွားစေချင်တယ်ဆိုတဲ့ဟာမျိုးတွေ ပြောနေတာလေ။”

ဖေဖော်ဝါရီ ၂၃ ရက် မြန်မာ- တရုတ် အွန်လိုင်း အစည်းအဝေးကို နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်မြတ်သီတာအေး၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူစိုး၊ နိုင်ငံရေးရာဦးစီးဌာနက ဒေါ်ခင်နီလာစိုး၊ ပြည်ထဲရေး ဝန်ကြီးဌာနက ရဲမှူးချုပ် အောင်ဌေးမြင့်တို့ တက်ရောက်ခဲ့တာပါ။

တရုတ်ဘက်ကတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr Chen Hai၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြင်ပရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Mr Bal Tian နဲ့ မန္တလေးတိုင်း တရုတ် ကောင်စစ်ဝန်ချုပ် Mr Chen Chen တို့တက်ရောက်ပါတယ်။

ပြင်ပကိုပေါက်ကြားလာတဲ့ တရုတ်- မြန်မာပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေရဲ့ အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးတွဲအစည်းအဝေး မှတ်တမ်းဟာ တကယ် ဟုတ်၊ မဟုတ်ဆိုတာကိုတော့ စစ်ကောင်စီဘက်က တုံ့ပြန်တာမရှိသေးပါဘူး။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိပြောဆိုချက်မှာဆိုရင် မြန်မာပြည်တွင်း ဆန္ဒပြမှုတွေနဲ့အတူ တရုတ်ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေ မြင်နေရကြောင်း၊ ရေနံပိုက်လိုင်းအပေါ် အန္တရာယ်ပေးလာနိုင်တဲ့အပြင် မြောက်ပိုင်း လက်နက်ကိုင်တွေကြောင့် ထိခိုက်မှုရှိလာရင် တရုတ်ဝန်ထမ်းတွေရဲ့ လုံခြုံမှုကို စိုးရိမ်ရကြောင်း အစည်းအဝေး မှတ်တမ်းမှာ ရေးသားထားပါတယ်။

တကယ်တမ်းတော့ ဒီရေနံပိုက်လိုင်း လုပ်ငန်းစတွေကတည်းက လုံခြုံရေးကို တရုတ်ဘက်က သေချာပြင်ဆင်ထားခဲ့ကြောင်း ရေနံပိုက်လိုင်း စောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့ (Myanmar-China Pipeline Watch Committee) က ကိုမြင့်ကြိုင်က ဗွီအိုအေကို ပြောပါတယ်။

“ဒီဘက်က ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ သူတို့ စိုးရိမ်တယ် ဆိုတာကတော့ ပေါ်တာပေါ့။ ဒီကောင်က ကုန်းပေါ်ကနေဖြတ်တဲ့နေရာ တချို့ပဲ အပေါ်က တော်တော်များများက မြေကြီးထဲကနေ သွားတာများတယ်လေ။ နောက် မြစ်ဆို မြစ်ကနေ၊ ချောင်းဆို ချောင်းကနေ ဖြတ်တာပေါ့။ အဲဒီလိုသွားကြတာများတယ်။ လုံခြုံရေးအရဆိုရင် ဘယ်မှာ သွားရှိနိုင်လဲဆိုရင် ထပ်ဆင့်တွန်း စက်ရုံရှိတယ်လေ... သူထိုင်တဲ့ မြို့တွေ ရှိကြတယ်။ အဲဒီလိုနေရာမျိုးတွေဆိုရင်တော့ နည်းနည်းအန္တရာယ် ရှိတာပေါ့။ အဲဒါမျိုးတွေဆိုရင် တမျိုး ဖြစ်နိုင်တယ်လေ။”

ကိုဗစ်ကပ်ရောဂါ အလွန်မှာလည်း ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်ဘက် အစည်းအဝေးတွေကို တရုတ်နိုင်ငံ ဘေဂျင်းမြို့၊ ဒါမှမဟုတ်ရင် နေပြည်တော်မှာ ကျင်းပနိုင်ဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနအရာရှိက ဆွေးနွေးခဲ့ကြောင်း ဒီအစည်းအဝေး မှတ်တမ်းမှာ ရေးသားထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG