သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္နဲ႔ ဆက္ႏြယ္တဲ့ Google account မ်ား ဖ်က္သိမ္းခံရ


Google အမွတ္တံဆိပ္။ (ဧၿပီ ၂၉၊ ၂၀၁၈)

[Zawgyi/Unicode]

Google အင္တာနက္ေပၚမွာ ျမန္မာစစ္တပ္ဆက္သြယ္ေရး ကုမၸဏီေတြကေန မၾကာေသးခင္က ေၾကာ္ျငာထားတာေတြကို ဆန္းစစ္ေနၿပီး တပ္နဲ႔ ဆက္ႏြယ္တဲ့ Google အင္တာနက္ Account လိပ္စာေတြကိုလည္း ဖ်က္သိမ္းထားတယ္လို႔ Google ကုမၸဏီကဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းအၿပီး လူေတြဒါဇင္ေတြနဲ႔ခ်ီ အသက္ဆံုးရံႈးခဲ့ရတဲ့ေနာက္မွာ အေမရိကန္နည္းပညာလုပ္ငန္းေတြအေနနဲ႔ ကန္႔သတ္မႈေတြ လုပ္ေပးဖို႔ တက္ၾကြလူပ္ရွားသူေတြက ေတာင္းဆိုခဲ့အၿပီး Google နည္းပညာကုမၸဏီႀကီးက ဒီေန႔ အခုလိုေၾကညာလိုက္တာပါ။

Google ရဲ့ ေျပာခြင့္ရအမ်ိဳးသမီးက ျမန္မာစစ္တပ္နဲ႔ ပတ္သက္တဲ့ Google ဝန္ေဆာင္မႈ Email လိပ္စာ Accounts ေတြ ဖ်က္သိမ္းတာနဲ႔ YouTube အင္တာနက္ဗီဒီယိုေပၚက ထုတ္လႊင့္မႈလိုင္းေတြနဲ႔ ဗီဒီယိုေတြကို ျဖဳတ္ခ်တာအပါအဝင္ အေရးယူမႈေတြ လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံထဲက ျပည္သူေတြအေနနဲ႔ သတင္းအခ်က္အလက္ေတြ စံုစမ္းတာနဲ႔ ဆက္သြယ္တာေတြမွာ လံုလံုၿခံဳၿခံဳရွိေရးကို အဓိကဦးစားေပး ေဆာင္ရြက္ေနတယ္လို႔ Google ေျပာခြင့္ရသူက ဆက္ေျပာပါတယ္။

ျမန္မာစစ္တပ္နဲ႔ပတ္သက္လို႔ အခုဖ်က္သိမ္းထားတာေတြထဲမွာ Gmail Account လိပ္စာေတြ Blog ေပၚက ထုတ္ျပန္မႈေတြနဲ႔ Google Play Store က ဝန္ေဆာင္မႈေတြပါတယ္လို႔ Google က ရွင္းျပထားပါတယ္။

ဒီအေပၚ ျမန္မာစစ္တပ္ေျပာခြင့္ရကို Reuters သတင္းဌာနက ဆက္သြယ္ေမးျမန္းခြင့္ေတာင္းခဲ့ေပမဲ့ ျပန္မေျဖခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ Google account များ ဖျက်သိမ်းခံရ

Google အင်တာနက်ပေါ်မှာ မြန်မာစစ်တပ်ဆက်သွယ်ရေး ကုမ္ပဏီတွေကနေ မကြာသေးခင်က ကြော်ငြာထားတာတွေကို ဆန်းစစ်နေပြီး တပ်နဲ့ ဆက်နွယ်တဲ့ Google အင်တာနက် Account လိပ်စာတွေကိုလည်း ဖျက်သိမ်းထားတယ်လို့ Google ကုမ္ပဏီကဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းအပြီး လူတွေဒါဇင်တွေနဲ့ချီ အသက်ဆုံးရှုံးခဲ့ရတဲ့နောက်မှာ အမေရိကန်နည်းပညာလုပ်ငန်းတွေအနေနဲ့ ကန့်သတ်မှုတွေ လုပ်ပေးဖို့ တက်ကြွလူပ်ရှားသူတွေက တောင်းဆိုခဲ့အပြီး Google နည်းပညာကုမ္ပဏီကြီးက ဒီနေ့ အခုလိုကြေညာလိုက်တာပါ။

Google ရဲ့ ပြောခွင့်ရအမျိုးသမီးက မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ Google ဝန်ဆောင်မှု Email လိပ်စာ Accounts တွေ ဖျက်သိမ်းတာနဲ့ YouTube အင်တာနက်ဗီဒီယိုပေါ်က ထုတ်လွှင့်မှုလိုင်းတွေနဲ့ ဗီဒီယိုတွေကို ဖြုတ်ချတာအပါအဝင် အရေးယူမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံထဲက ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေ စုံစမ်းတာနဲ့ ဆက်သွယ်တာတွေမှာ လုံလုံခြုံခြုံရှိရေးကို အဓိကဦးစားပေး ဆောင်ရွက်နေတယ်လို့ Google ပြောခွင့်ရသူက ဆက်ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ပတ်သက်လို့ အခုဖျက်သိမ်းထားတာတွေထဲမှာ Gmail Account လိပ်စာတွေ Blog ပေါ်က ထုတ်ပြန်မှုတွေနဲ့ Google Play Store က ဝန်ဆောင်မှုတွေပါတယ်လို့ Google က ရှင်းပြထားပါတယ်။

ဒီအပေါ် မြန်မာစစ်တပ်ပြောခွင့်ရကို Reuters သတင်းဌာနက ဆက်သွယ်မေးမြန်းခွင့်တောင်းခဲ့ပေမဲ့ ပြန်မဖြေခဲ့ပါဘူး။

XS
SM
MD
LG