CRPH ယာယီဝန်ကြီးများ အခန်းကဏ္ဍ
ခေတ္တ ဒုသမ္မတ အပါအဝင် အရေးပါတဲ့ အစိုးရအဖွဲ့ယာယီဝန်ကြီးတွေကို CRPH က ခန့်အပ်လိုက်တာဟာ မြန်မာအနေနဲ့ ICC အပါအဝင် အခြားအရေးကြီးတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာစာချုပ်တွေမှာ လက်မှတ်ရေးထိုးနိုင်ရေး ရည်ရွယ်တယ်လို့ ယာယီနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။