သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္ဘက္အတြက္ ႏိုင္ငံတကာအက်ိဳးေဆာင္အဖဲြ႔ ေဒၚလာႏွစ္သန္းနဲ႔ ငွားရမ္း


ရန္ကုန္ၿမိဳ႕ ဆႏၵျပပဲြျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၈၊ ၂၀၂၁)

[Zawgyi/Unicode]

အစၥေရးလ္ႏြယ္ဖြား ကေနဒါႏိုင္ငံသားတစ္ဦးကို ျမန္မာ အာဏာသိမ္း စစ္ဘက္အုပ္ခ်ဳပ္ေရးေကာင္စီက အေမရိကန္ ေဒၚလာ ၂,၀၀၀,၀၀၀ ေပးၿပီး အက်ဳိးေဆာင္အျဖစ္ ငွားရမ္းထားတယ္ဆိုတာ အေမရိကန္ တရားေရးဌာနရဲ႕ မွတ္တမ္းေတြအရ သိရတဲ့အေၾကာင္း ႐ိုက္တာသတင္းမွာ ေရးထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာနဲ႔ပတ္သက္ၿပီး အေျခအေနမွန္ကို အေမရိကန္ျပည္ေထာင္စုနဲ႔ တျခားႏုိင္ငံေတြကို ရွင္းလင္းေျပာဆိုရာမွာ အေထာက္အကူျပဳေပးဖို႔ စစ္ဘက္အုပ္ခ်ဳပ္ေရးေကာင္စီက အက်ဳိးေဆာင္ ငွားရမ္းထားတာပါ။

Ari Ben-Menashe နဲ႔ ကေနဒါႏုိင္ငံ၊ မြန္ထရီယယ္လ္ၿမိဳ႕အေျခစိုက္ သူ႔ရဲ႕ကုမၸဏီျဖစ္တဲ့ Dickens & Madson က အေမရိကန္၊ ေဆာ္ဒီ အာေရးဘီးယား၊ အာရပ္ဘ္ေစာ္ဘြားမ်ားျပည္ေထာင္စု၊ အစၥေရးလ္နဲ႔ ႐ုရွားႏုိင္ငံတို႔အျပင္ ကုလသမဂၢလို ႏုိင္ငံတကာအဖြဲ႔အစည္းေတြမွာပါျမန္မာ စစ္ဘက္အုပ္ခ်ဳပ္ေရးေကာင္စီကို ကိုယ္စားျပဳၿပီး ေျပာဆို စည္း႐ံုးသြားမွာျဖစ္ပါတယ္။

ဒီကုမၸဏီအေနနဲ႔ "ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ရဲ႕အက်ဳိးစီးပြားအတြက္ မူဝါဒေတြ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရာမွာ အေထာက္အကူျပဳသြားဖို႔နဲ႔ တိုင္းျပည္ရဲ႕ အေျခအေနမွန္ကို ကူညီရွင္းျပသြားမယ္။" လို႔ အေမရိကန္ တရားေရးဌာနထံ တနလၤာေန႔က တင္သြင္းခဲ့တဲ့ သေဘာတူညီခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

အေမရိကန္ ျပည္ပကိုယ္စားလွယ္မ်ား မွတ္ပံုတင္ျခင္းဆိုင္ရာ ဥပေဒအရ ဒီသေဘာတူညီခ်က္ကို တရားေရးဌာနထံ တင္သြင္းရတာျဖစ္ၿပီး အြန္လိုင္းမွာ ထုတ္ျပန္ထားပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး စစ္ဘက္အုပ္ခ်ဳပ္ေရးေကာင္စီကို ႐ိုက္တာသတင္းဌာနက တယ္လီဖုန္းဆက္ ေမးျမန္းခဲ့ေပမဲ့ လက္ခံေျဖဆိုျခင္းမရွိခဲ့ပါဘူး။

Ben-Meashe ဟာ အရင္ကလည္း ဇင္ဘာေဘြသမၼတ Robert Mugabe နဲ႔ ဆူဒန္ စစ္ေခါင္းေဆာင္ေတြအတြက္ အက်ဳိးေဆာင္အျဖစ္ လုပ္ေပးခဲ့ဖူးပါတယ္။

ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြအေနနဲ႔ တ႐ုတ္အစိုးရကို ခြာၿပီး အေနာက္ႏုိင္ငံေတြနဲ႔ ပိုၿပီးနီးစပ္ခ်င္တယ္ဆိုတာ အေမရိကန္အစိုးရကို ေျပာဆိုစည္း႐ံုးဖို႔ သူ႔ကိုတာဝန္ေပးထားတယ္လုိ႔ Ben-Menashe က ႐ိုက္တာသတင္းဌာနကိုေျပာပါတယ္။

၂၀၁၇ ခုႏွစ္ ရခိုင္ျပည္နယ္ စစ္ဆင္ေရးအတြင္း ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးသြားတဲ့ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြကို ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြက ျပန္ၿပီးလက္ခံခ်င္တယ္လို႔လည္း Ben-Menashe ကေျပာပါတယ္။ ႐ိုဟင္ဂ်ာလို႔ေခၚဆိုတာကို လက္မခံတဲ့ ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြဟာ ရခိုင္ျပည္နယ္စစ္ဆင္ေရးအတြင္း လူမ်ဳိးတံုးသတ္ျဖတ္မႈကို က်ဴးလြန္ခဲ့တယ္လို ကုလသမဂၢက စြပ္စြဲထားတာပါ။

သေဘာတူညီခ်က္ကို ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးနဲ႔ Ben-Menashe တို႔ လက္မွတ္ေရးထိုးထားတာျဖစ္ၿပီး အေမရိကန္ ဘ႑ာေရးဌာနနဲ႔ ကေနဒါအစိုးရတို႔က ဒဏ္ခတ္အေရးယူထားတဲ့ထဲမွာ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးနဲ႔ ထိပ္တန္း ဗုိလ္ခ်ဳပ္ႀကီးေတြ ပါဝင္ပါတယ္။

အေမရိကန္က ဒဏ္ခတ္အေရးယူထားသူေတြအတြက္ ခြင့္ျပဳခ်က္မရဘဲ အက်ဳိးေဆာင္ေပးမယ္ဆုိရင္ ဒါဟာ အေမရိကန္ဥပေဒကို ခ်ဳိးေဖာက္ရာက်ႏုိင္တယ္လို႔ အေမရိကန္ ဘ႑ာေရးဌာနမွာ ဒဏ္ခတ္အေရးယူမႈဆိုင္ရာ အႀကီးတန္းအၾကံေပးအျဖစ္ လုပ္ေဆာင္ခဲ့ဖူးသူ Peter Kucik ကေျပာပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး အေမရိကန္ဘ႑ာေရးဌာနက မွတ္ခ်က္ေပးဖို႔ ျငင္းပါတယ္။

Ben-Menashe ကေတာ့ သူ႔အေနနဲ႔ စစ္ဘက္အုပ္ခ်ဳပ္ေရးေကာင္စီကေပးတဲ့ အက်ဳိးေဆာင္ခကို လက္ခံရယူဖုိ႔ အေမရိကန္ဘ႑ာေရးဌာန၊ ျပည္ပပိုင္ဆိုင္မႈကြပ္ကြဲေရး႐ံုး (OFAC) နဲ႔ ကေနဒါအစိုးရတို႔ဆီကေန လိုင္စင္ေတြ လုိအပ္မယ္ဆုိတာ ဥပေဒေၾကာင္းအရ အၾကံျပဳခ်က္ရထားၿပီး စစ္ဘက္အုပ္ခ်ဳပ္ေရးေကာင္စီအတြက္ အက်ဳိးေဆာင္ေပးျခင္းအားျဖင့္ ဥပေဒကို ခ်ိဳးေဖာက္တာျဖစ္မွာ မဟုတ္ဘူးလို႔ ႐ိုက္တာသတင္းဌာနကိုေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာစစ်ဘက်အတွက် နိုင်ငံတကာအကျိုးဆောင်အဖွဲ့ ဒေါ်လာနှစ်သန်းနဲ့ ငှားရမ်း

အစ္စရေးလ်နွယ်ဖွား ကနေဒါနိုင်ငံသားတစ်ဦးကို မြန်မာ အာဏာသိမ်း စစ်ဘက်အုပ်ချုပ်ရေးကောင်စီက အမေရိကန် ဒေါ်လာ ၂,၀၀၀,၀၀၀ ပေးပြီး အကျိုးဆောင်အဖြစ် ငှားရမ်းထားတယ်ဆိုတာ အမေရိကန် တရားရေးဌာနရဲ့ မှတ်တမ်းတွေအရ သိရတဲ့အကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာနဲ့ပတ်သက်ပြီး အခြေအနေမှန်ကို အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေကို ရှင်းလင်းပြောဆိုရာမှာ အထောက်အကူပြုပေးဖို့ စစ်ဘက်အုပ်ချုပ်ရေးကောင်စီက အကျိုးဆောင် ငှားရမ်းထားတာပါ။

Ari Ben-Menashe နဲ့ ကနေဒါနိုင်ငံ၊ မွန်ထရီယယ်လ်မြို့အခြေစိုက် သူ့ရဲ့ကုမ္ပဏီဖြစ်တဲ့ Dickens & Madson က အမေရိကန်၊ ဆော်ဒီ အာရေးဘီးယား၊ အာရပ်ဘ်စော်ဘွားများပြည်ထောင်စု၊ အစ္စရေးလ်နဲ့ ရုရှားနိုင်ငံတို့အပြင် ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေမှာပါမြန်မာ စစ်ဘက်အုပ်ချုပ်ရေးကောင်စီကို ကိုယ်စားပြုပြီး ပြောဆို စည်းရုံးသွားမှာဖြစ်ပါတယ်။

ဒီကုမ္ပဏီအနေနဲ့ "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့အကျိုးစီးပွားအတွက် မူဝါဒတွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အထောက်အကူပြုသွားဖို့နဲ့ တိုင်းပြည်ရဲ့ အခြေအနေမှန်ကို ကူညီရှင်းပြသွားမယ်။" လို့ အမေရိကန် တရားရေးဌာနထံ တနင်္လာနေ့က တင်သွင်းခဲ့တဲ့ သဘောတူညီချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ပကိုယ်စားလှယ်များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ဒီသဘောတူညီချက်ကို တရားရေးဌာနထံ တင်သွင်းရတာဖြစ်ပြီး အွန်လိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး စစ်ဘက်အုပ်ချုပ်ရေးကောင်စီကို ရိုက်တာသတင်းဌာနက တယ်လီဖုန်းဆက် မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

Ben-Meashe ဟာ အရင်ကလည်း ဇင်ဘာဘွေသမ္မတ Robert Mugabe နဲ့ ဆူဒန် စစ်ခေါင်းဆောင်တွေအတွက် အကျိုးဆောင်အဖြစ် လုပ်ပေးခဲ့ဖူးပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ တရုတ်အစိုးရကို ခွာပြီး အနောက်နိုင်ငံတွေနဲ့ ပိုပြီးနီးစပ်ချင်တယ်ဆိုတာ အမေရိကန်အစိုးရကို ပြောဆိုစည်းရုံးဖို့ သူ့ကိုတာဝန်ပေးထားတယ်လို့ Ben-Menashe က ရိုက်တာသတင်းဌာနကိုပြောပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် စစ်ဆင်ရေးအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို မြန်မာစစ်ဗိုလ်ချုပ်တွေက ပြန်ပြီးလက်ခံချင်တယ်လို့လည်း Ben-Menashe ကပြောပါတယ်။ ရိုဟင်ဂျာလို့ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ရခိုင်ပြည်နယ်စစ်ဆင်ရေးအတွင်း လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်လို ကုလသမဂ္ဂက စွပ်စွဲထားတာပါ။

သဘောတူညီချက်ကို ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ Ben-Menashe တို့ လက်မှတ်ရေးထိုးထားတာဖြစ်ပြီး အမေရိကန် ဘဏ္ဍာရေးဌာနနဲ့ ကနေဒါအစိုးရတို့က ဒဏ်ခတ်အရေးယူထားတဲ့ထဲမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေ ပါဝင်ပါတယ်။

အမေရိကန်က ဒဏ်ခတ်အရေးယူထားသူတွေအတွက် ခွင့်ပြုချက်မရဘဲ အကျိုးဆောင်ပေးမယ်ဆိုရင် ဒါဟာ အမေရိကန်ဥပဒေကို ချိုးဖောက်ရာကျနိုင်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနမှာ ဒဏ်ခတ်အရေးယူမှုဆိုင်ရာ အကြီးတန်းအကြံပေးအဖြစ် လုပ်ဆောင်ခဲ့ဖူးသူ Peter Kucik ကပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမေရိကန်ဘဏ္ဍာရေးဌာနက မှတ်ချက်ပေးဖို့ ငြင်းပါတယ်။

Ben-Menashe ကတော့ သူ့အနေနဲ့ စစ်ဘက်အုပ်ချုပ်ရေးကောင်စီကပေးတဲ့ အကျိုးဆောင်ခကို လက်ခံရယူဖို့ အမေရိကန်ဘဏ္ဍာရေးဌာန၊ ပြည်ပပိုင်ဆိုင်မှုကွပ်ကွဲရေးရုံး (OFAC) နဲ့ ကနေဒါအစိုးရတို့ဆီကနေ လိုင်စင်တွေ လိုအပ်မယ်ဆိုတာ ဥပဒေကြောင်းအရ အကြံပြုချက်ရထားပြီး စစ်ဘက်အုပ်ချုပ်ရေးကောင်စီအတွက် အကျိုးဆောင်ပေးခြင်းအားဖြင့် ဥပဒေကို ချိုးဖောက်တာဖြစ်မှာ မဟုတ်ဘူးလို့ ရိုက်တာသတင်းဌာနကိုပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG