သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်-ကနေဒါ နိုင်ငံသားတဦးကို အကျိုးဆောင်အဖြစ် မြန်မာစစ်အာဏာပိုင်တွေငှားရမ်း


 ကနေဒါနိုင်ငံသား အစ္စရေးလ် ထောက်လှမ်းရေး အရာရှိဟောင်း Ari Ben-Menashe (photo - twitter)
ကနေဒါနိုင်ငံသား အစ္စရေးလ် ထောက်လှမ်းရေး အရာရှိဟောင်း Ari Ben-Menashe (photo - twitter)

[ ZAWGYI / UNICODE ]

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေက အကျိုးဆောင်အဖြစ် သူနဲ့သူ့ကုမ္ပဏီကို ငှားရမ်းထားကြောင်း ကနေဒါနိုင်ငံ Dickens & Madson ကုမ္ပဏီက အစ္စရေး- ကနေဒါနိုင်ငံသားက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ်မှာရော၊ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို အကြမ်းဖက် ဖြိုခွင်းနေတဲ့ အပေါ်မှာပါ နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားတွေ တိုးနေချိန်မှာပဲ အစ္စရေးလ်-ကနေဒါ နိုင်ငံသား Ari Ben-Menashe ကို ငှားရမ်းလိုက်တဲ့ သတင်း ထွက်ပေါ်လာတာပါ။ အရင်က ဇင်ဘာဘွေသမ္မတ Robert Mugabe နဲ့ ဆူဒန် စစ်ခေါင်းဆောင်တွေအတွက် အကျိုးဆောင်ရွက်ပေးခဲ့သူဖြစ်တဲ့ Ben-Menashe ဟာ မြန်မာစစ်တပ်က သူတို့အပေါ် နားလည်မှုလွဲနေတယ်လို့ဆိုတဲ့ အမေရိကန်နဲ့ တခြားနိုင်ငံတွေနဲ့ ဆက်သွယ်ရာမှာ အကူအညီပေးဖို့ ငှားရမ်းထားတာ ဖြစ်ကြောင်းလည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

ရိုက်တာသတင်းဌာနက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းချိန်မှာ သူဟာ အာဏာသိမ်းစစ်တပ်က ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်ထားတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ နေပြည်တော်မှာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် တောင်ကိုရီးယား နိုင်ငံမှာ ရောက်နေတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းက ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖယ်ရှားနိုင်တဲ့အခါ သူ့ကို ဆုချဖို့ သဘောတူထားတယ်လို့လည်း ပြောပေမဲ့ ငွေကြေးပမာဏ ဘယ်လောက်ပေးမယ် ဆိုတာကိုတော့ မပြောပါဘူး။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက စစ်ဆင်ရေးတွေအတွင်း အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ပြန်လက်ခံနိုင်ဖို့ ဆော်ဒီအာရေဗီးယားနဲ့ UAE အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ရဲ့ အကူအညီ ရအောင်လည်း တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ အကျိုးဆောင်အဖြစ် ငှားရမ်းထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့တော့ မြန်မာစစ်အာဏာပိုင်တွေဖက်က တစုံတရာ ပြောဆိုထားတာတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်


[ UNICODE ]






XS
SM
MD
LG