သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှု အမေရိကားနဲ့ ကနေဒါရောက်မြန်မာတွေ ဆက်လက်ဆန္ဒပြ


အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က ဆန္ဒပြပွဲ (၂၈ ဖေဖေါ်ဝါရီ ၂၀၂၁ photo - Ko Khin Maung Lay )
အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က ဆန္ဒပြပွဲ (၂၈ ဖေဖေါ်ဝါရီ ၂၀၂၁ photo - Ko Khin Maung Lay )

[ Zawgyi/ Unicode ]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို ပြန်လည်ရုပ်သိမ်း အဆုံးသတ် သွားစေရေးနဲ့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH ကော်မတီကို ထောက်ခံကြောင်း အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ရောက် မြန်မာနဲ့ တိုင်းရင်းသားမိသားစုတွေက တနင်္ဂနွေ နေ့လည်ပိုင်း ခရိုင်တရားရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဦးကျော်သက်က VOA ကို ပြောပါတယ်။

Fort Wayne,Indiana
Fort Wayne,Indiana


" မြန်မာပြည်မှာ Milk Tea လှုပ်ရှားမှု ဆန္ဒပြကြသလိုပဲ ကျနော်တို့ ဒီမှာလည်း လူရာနဲ့ချီ လာကြပါတယ်။ ပြည်တွင်းမှာ လက်ရှိ ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ ကိစ္စဟာဆိုရင် .. ကျနော်တို့ ဒီဖက်မှာ ကြားသိရတဲ့ အနေအထားအရ လူ(၂၀)ကျော် (၂၇)ယောက်လောက် ဝန်းကျင်အထိ လူငယ်အတော်များများ သေဆုံး ကျဆုံးနေတာကို ကြားသိရတဲ့အတွက် အတော်ကြီးကို စိတ်မကောင်းပါဘူး။ ဒါတွေဖြစ်လာတဲ့အတွက်ကြောင့် ကျနော်တို့ နိုင်ငံတကာကိုလည်း မြန်မာကိစ္စကို ဝိုင်းလုပ်ပေးကြဖို့ ဖိအားတွေ ပေးနေပါတယ်။ အထူးသဖြင့် အမေရိကန်အစိုးရကိုပါ။ နောက်တခုက CRPH ရဲ့အခန်းကဏ္ဍကို ကျနော်တို့ အာရုံစိုက်နေကြတယ်။ CRPH သည် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် အဖမ်းခံထားရတဲ့ အချိန်မှာ ကြားဖြတ်အစိုးရတရပ် ပေါ်လာဖို့အထိ ကျနော်တို့ မျှော်လင့်ထားတယ်။ အဲဒီအစိုးရကပဲ ပြည်သူကို ဆက်ပြီး ဦးဆောင်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲဒီတော့ CRPH ကို အတတ်နိုင်ဆုံး ကူညီ ထောက်ပံ့သွားဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ "

ကနေဒါနိုင်ငံ အော့တဝါမြို့က စစ်အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြပွဲ
ကနေဒါနိုင်ငံ အော့တဝါမြို့က စစ်အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြပွဲ


အလားတူ ကနေဒါနိုင်ငံ အော့တဝါမြို့မှာလည်း စနေနေ့က ချင်းတိုင်းရင်းအဖွဲ့တွေ ဦးဆောင်ပြီး ကရင်၊ ဗမာ၊ မွန် ရှမ်းတိုင်းရင်းသားတွေဟာ ရာသီဥတုအေးခဲတဲ့ ကြားကပဲ အော့တဝါမြို့က လွှတ်တော်အဆောက်အဦရှေ့ထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

" ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ .... ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး။.... ဒီမိုကရေစီရရှိရေး .. ဒို့အရေး ဒို့အရေး "

ဆန္ဒပြသူတွေဟာ ေအော့တဝါ ပါလီမန်ကနေ တရုတ်သံရုံးရှေ့ထိ သွားရောက် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး လူ(၂၅၀)ရှိတယ်လို့ သိရပါတယ်။

[ UNICODE ]

အင်ဒီယားနားပြည်နယ် ဖို့ဝိန်း ဆန္ဒပြပွဲ
အင်ဒီယားနားပြည်နယ် ဖို့ဝိန်း ဆန္ဒပြပွဲ






ဆန်ဒပွသူတှဟော အေော့တဝါ ပါလီမနျကနေ တရုတျသံရုံးရှေ့ထိ သှားရောကျ ဆန်ဒပွခဲ့ကွတာဖွဈပွီး လူ(၂၅၀)ရှိတယျလို့ သိရပါတယျ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG