သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစၥေရးျမန္မာသံရံုး ဒုတိယအတြင္းဝန္ ဦးေကာင္းထက္ CDM ပါဝင္ 


အစၥေရးဆုိင္ရာ ျမန္မာသံ႐ံုး ဒုတိယအတြင္းဝန္ ဦးေကာင္းထက္

ZawGyi/Unicode

သံတမန္ဝန္ထမ္းေတြအေနနဲ႔ CDM အမိန္႔မနာခံေရး အၾကမ္းမဖက္လႈပ္ရွားမႈမွာ ပူးေပါင္းပါဝင္လာျခင္းအားျဖင့္ အစိုးရယႏၱရားကို တစံုတရာ အတိုင္းအတာထိ ရပ္တန္႔သြားဖို႔ အေထာက္အကူျဖစ္ေစတယ္လို႔ အစၥေရးႏိုင္ငံဆုိင္ရာ ျမန္မာသံရံုး ဒုတိယအတြင္းဝန္ ဦးေကာင္းထက္က ဗီြအိုေအကိုေျပာပါတယ္။ေသာၾကာေန႔က ကိုယ္ပုိင္ Facebook ကေန CDM မွာပူးေပါင္းပါဝင္ေၾကာင္းေၾကညာခဲ့ၿပီး သံရံုးတာဝန္ကေန ႏုတ္ထြက္ခဲ့တဲ့ ဦးေကာင္းထက္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး။ ။ အခုလိုမ်ဳိး အစၥေရးႏိုင္ငံဆုိင္ရာ ျမန္မာသံ႐ံုး ဒုတိယအတြင္းဝန္ ဦးေကာင္းထက္အေနနဲ႔ အခ်ိန္ေပးၿပီး က်မတို႔ကို အင္တာဗ်ဴးေပးတဲ့အတြက္ ေက်းဇူးတင္ေၾကာင္း ပထမဆံုး ေျပာၾကားလုိပါတယ္ရွင့္။ ဦးေကာင္းထက္တို႔လို သံတမန္အရာရွိေတြအေနနဲ႔ အခုလို CDM လႈပ္ရွားမႈမွာ ပါဝင္လာတဲ့အတြက္ ထိေရာက္မႈအတုိင္းအတာ ဘယ္ေလာက္ထိရွိလဲရွင့္။

ေျဖ။ ။ လတ္တေလာ ေရတိုကာလမွာေတာ့ သူတို႔အေနနဲ႔ ျပည္တြင္းမွာျဖစ္ပ်က္ေနတဲ့ အရွိတရား၊ အမွန္တရားေတြအေပၚမွာ ျပဳျပင္ေျပာင္းလဲထားတဲ့သတင္းစကားေတြကို က်ေနာ္တို႔ကေနတဆင့္ ထုတ္ေဖာ္ေျပာဆိုႏိုင္တဲ့အခြင့္အလမ္းေတြ နည္းသြားမယ္လို႔ ယူဆပါတယ္ခင္ဗ်။

ေမး။ ။ လက္ရွိ အစၥေရးအစိုးရက အခု ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေတာ့ စစ္တပ္က ဖြဲ႔စည္းလိုက္တဲ့ အုပ္ခ်ဳပ္ေရးေကာင္စီအေပၚမွာ သူတို႔ရဲ႕ သေဘာထားရပ္တည္ခ်က္ကို ဘယ္လို ေတြ႔ရလဲရွင့္။

ေျဖ။ ။ က်ေနာ္သိသေလာက္ေတာ့ စစ္အာဏာသိမ္းၿပီး တပတ္အၾကာမွာပဲ ျမန္မာႏိုင္ငံမွာရွိတဲ့ ရန္ကုန္ၿမိဳ႕အေျခစိုက္ အစၥေရးႏုိင္ငံသံ႐ံုးကေနၿပီး ဒီဟာကို ကန္႔ကြက္ပါတယ္ဆိုတဲ့ စာလည္း ပို႔ထားခဲ့တယ္လို႔လည္း သိရပါတယ္ခင္ဗ်။ ၿပီးေတာ့လည္း ကုလသမဂၢညီလာခံမွာ ေျပာတဲ့အခါမွာလည္း သူတို႔ဘက္က ဒါကို ဆန္႔က်င္ပါတယ္ဆိုတဲ့သေဘာမ်ဳိး ေျပာတာကိုလည္း က်ေနာ္ ၾကည့္လိုက္ရပါတယ္ခင္ဗ်။

ေမး။ ။ ဦးေကာင္းထက္အေနနဲ႔ ဒီလိုဆုံးျဖတ္လိုက္တဲ့အတြက္၊ ဒီလိုပါဝင္လာတဲ့အတြက္ လံုၿခံဳေရးအေနအထားေရာ ဘယ္လို ထိခုိက္မႈေတြ ရွိလာမလဲရွင့္။

ေျဖ။ ။ ေယဘုယ်အားျဖင့္ေျပာရမယ္ဆိုရင္ အစၥေရးႏုိင္ငံဟာ လံုၿခံဳေရးေကာင္းမြန္တဲ့ႏိုင္ငံျဖစ္ပါတယ္ခင္ဗ်။ ဒါေပမယ့္ ထိခိုက္မႈဆိုတဲ့ေနရာမွာ ႐ံုးပိုင္းဆိုင္ရာထိခိုက္မႈကေတာ့ က်ိန္းေသရွိလာပါလိမ့္မယ္ခင္ဗ်။ သက္ဆုိင္ရာ ဥပေဒ၊ ပုဒ္မတပ္ၿပီးေတာ့ အေရးယူတာမ်ဳိးလည္း ရွိလာႏုိင္ပါတယ္။

ေမး။ ။ ဦးေကာင္းထက္နဲ႔အတူ လုပ္ေဖာ္ကိုင္ဘက္ ျမန္မာသံ႐ံုးဝန္ထမ္းေတြေကာ-သူတို႔ရဲ႕အေျခအေနေပါ့ေနာ္၊ သူတို႔ရဲ႕သေဘာထားေတြေရာ ဘယ္လိုရွိလဲရွင့္။

ေျဖ။ ။ က်ေနာ့္ရဲ႕လုပ္ေဖာ္ကုိင္ဘက္တခ်ဳိ႕၊အသိမိတ္ေဆြ အေတာ္မ်ားမ်ားကေတာ့ အၾကမ္းဖက္ၿဖိဳခြင္းႏွိမ္နင္းတ့ဲကိစၥေတြ၊ ျပည္သူလူထု ေသေၾကပ်က္စီးေနၾကရတာေတြအေပၚ သူတို႔အေနနဲ႔ ဝမ္းနည္းတာလည္းရွိပါတယ္။ ဒီအေပၚမွာ လက္သင့္မခံႏုိင္တာမ်ဳိးလည္းရွိေနပါတယ္။ အဲဒီအခါက်ေတာ့ သူတို႔အေနနဲ႔တိုက္႐ိုက္ေသာ္လည္းေကာင္း၊ သြယ္ဝုိက္ေသာ္လည္းေကာင္း ထုတ္ေဖာ္ျပသတာမ်ိးေတြလည္း ရွိေနပါတယ္။ ဒါေၾကာင့္မို႔လို႔လည္း အၾကမ္းဖက္ႏွိမ္နင္းတ့ဲကိစၥေတြကို က်ေနာ့္ရဲ႕ CDM လႈပ္ရွားမႈမွာ ပါဝင္တဲ့ပံုစံနဲ႔ ထုတ္ေဖာ္ျပသတာျဖစ္ပါတယ္။ ဒါကိုသေဘာမတူေၾကာင္း CDM လႈပ္ရွားမႈမွာ ပါဝင္ထုတ္ေဖာ္ျပတာျဖစ္ပါတယ္။

ေမး။ ။ ဟုတ္ကဲ့၊ အခုဆိုရင္ နယူးေယာက္၊ ကုလသမဂၢမွာရွိတဲ့ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဆိုရင္လည္း သူက NLD အစိုးရကိုပဲ ကိုယ္စားျပဳတယ္ဆိုၿပီး ရပ္တည္လိုက္တယ္။ ဒီအေပၚမွာ ဦးေကာင္းထက္အျမင္ ဘယ္လို ရွိပါသလဲရွင့္။

ေျဖ။ ။ က်ေနာ့္အေနနဲ႔ကေတာ့ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းကို သူဒီလိုမ်ဳိး အနစ္နာခံေဆာင္ရြက္ေပးတာကနို ျပည္သူလူထုကိုယ္စား ေက်းဇူးအထူးတင္ရွိပါတယ္ခင္ဗ်။ အမွန္အတုိင္းေျပာရရင္ က်ေနာ္တို႔သံတမန္ေတြအေနနဲ႔ ဒါသည္ ေလးစားအားက်ဖြယ္ရာျဖစ္ပါတယ္ခင္ဗ်။ ဓမၼနဲ႔အဓမၼ ႏွစ္ဘက္ရပ္တဲ့အခါမွာ ဓမၼဘက္က ရပ္တည္ႏိုင္တဲ့သူ႔ကို က်ေနာ္တို႔ ေလးစားအားက် ဂုဏ္ယူပါတယ္။

အင္ၾကင္းႏိုင္။ ။ အစၥေရးႏိုင္ငံက ျမန္မာသံ႐ံုး ဒုတိယအတြင္းဝန္ ဦးေကာင္းထက္ကို ဆက္သြယ္ေမးျမန္းခဲ့တာပါရွင္။

တိုက္႐ိုက္ လင့္ခ္

Unicode

အစ္စရေးမြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးကောင်းထက် CDM ပါဝင်

သံတမန်ဝန်ထမ်းတွေအနေနဲ့ CDM အမိန့်မနာခံရေး အကြမ်းမဖက်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာခြင်းအားဖြင့် အစိုးရယန္တရားကို တစုံတရာ အတိုင်းအတာထိ ရပ်တန့်သွားဖို့ အထောက်အကူဖြစ်စေတယ်လို့ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးကောင်းထက်က ဗွီအိုအေကိုပြောပါတယ်။သောကြာနေ့က ကိုယ်ပိုင် Facebook ကနေ CDM မှာပူးပေါင်းပါဝင်ကြောင်းကြေညာခဲ့ပြီး သံရုံးတာဝန်ကနေ နုတ်ထွက်ခဲ့တဲ့ ဦးကောင်းထက်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အခုလိုမျိုး အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးကောင်းထက်အနေနဲ့ အချိန်ပေးပြီး ကျမတို့ကို အင်တာဗျူးပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပထမဆုံး ပြောကြားလိုပါတယ်ရှင့်။ ဦးကောင်းထက်တို့လို သံတမန်အရာရှိတွေအနေနဲ့ အခုလို CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့အတွက် ထိရောက်မှုအတိုင်းအတာ ဘယ်လောက်ထိရှိလဲရှင့်။

ဖြေ။ ။ လတ်တလော ရေတိုကာလမှာတော့ သူတို့အနေနဲ့ ပြည်တွင်းမှာဖြစ်ပျက်နေတဲ့ အရှိတရား၊ အမှန်တရားတွေအပေါ်မှာ ပြုပြင်ပြောင်းလဲထားတဲ့သတင်းစကားတွေကို ကျနော်တို့ကနေတဆင့် ထုတ်ဖော်ပြောဆိုနိုင်တဲ့အခွင့်အလမ်းတွေ နည်းသွားမယ်လို့ ယူဆပါတယ်ခင်ဗျ။

မေး။ ။ လက်ရှိ အစ္စရေးအစိုးရက အခု မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတော့ စစ်တပ်က ဖွဲ့စည်းလိုက်တဲ့ အုပ်ချုပ်ရေးကောင်စီအပေါ်မှာ သူတို့ရဲ့ သဘောထားရပ်တည်ချက်ကို ဘယ်လို တွေ့ရလဲရှင့်။

ဖြေ။ ။ ကျနော်သိသလောက်တော့ စစ်အာဏာသိမ်းပြီး တပတ်အကြာမှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ ရန်ကုန်မြို့အခြေစိုက် အစ္စရေးနိုင်ငံသံရုံးကနေပြီး ဒီဟာကို ကန့်ကွက်ပါတယ်ဆိုတဲ့ စာလည်း ပို့ထားခဲ့တယ်လို့လည်း သိရပါတယ်ခင်ဗျ။ ပြီးတော့လည်း ကုလသမဂ္ဂညီလာခံမှာ ပြောတဲ့အခါမှာလည်း သူတို့ဘက်က ဒါကို ဆန့်ကျင်ပါတယ်ဆိုတဲ့သဘောမျိုး ပြောတာကိုလည်း ကျနော် ကြည့်လိုက်ရပါတယ်ခင်ဗျ။

မေး။ ။ ဦးကောင်းထက်အနေနဲ့ ဒီလိုဆုံးဖြတ်လိုက်တဲ့အတွက်၊ ဒီလိုပါဝင်လာတဲ့အတွက် လုံခြုံရေးအနေအထားရော ဘယ်လို ထိခိုက်မှုတွေ ရှိလာမလဲရှင့်။

ဖြေ။ ။ ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင် အစ္စရေးနိုင်ငံဟာ လုံခြုံရေးကောင်းမွန်တဲ့နိုင်ငံဖြစ်ပါတယ်ခင်ဗျ။ ဒါပေမယ့် ထိခိုက်မှုဆိုတဲ့နေရာမှာ ရုံးပိုင်းဆိုင်ရာထိခိုက်မှုကတော့ ကျိန်းသေရှိလာပါလိမ့်မယ်ခင်ဗျ။ သက်ဆိုင်ရာ ဥပဒေ၊ ပုဒ်မတပ်ပြီးတော့ အရေးယူတာမျိုးလည်း ရှိလာနိုင်ပါတယ်။

မေး။ ။ ဦးကောင်းထက်နဲ့အတူ လုပ်ဖော်ကိုင်ဘက် မြန်မာသံရုံးဝန်ထမ်းတွေကော-သူတို့ရဲ့အခြေအနေပေါ့နော်၊ သူတို့ရဲ့သဘောထားတွေရော ဘယ်လိုရှိလဲရှင့်။

ဖြေ။ ။ ကျနော့်ရဲ့လုပ်ဖော်ကိုင်ဘက်တချို့၊အသိမိတ်ဆွေ အတော်များများကတော့ အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းတဲ့ကိစ္စတွေ၊ ပြည်သူလူထု သေကြေပျက်စီးနေကြရတာတွေအပေါ် သူတို့အနေနဲ့ ဝမ်းနည်းတာလည်းရှိပါတယ်။ ဒီအပေါ်မှာ လက်သင့်မခံနိုင်တာမျိုးလည်းရှိနေပါတယ်။ အဲဒီအခါကျတော့ သူတို့အနေနဲ့တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထုတ်ဖော်ပြသတာမျိးတွေလည်း ရှိနေပါတယ်။ ဒါကြောင့်မို့လို့လည်း အကြမ်းဖက်နှိမ်နင်းတဲ့ကိစ္စတွေကို ကျနော့်ရဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ပုံစံနဲ့ ထုတ်ဖော်ပြသတာဖြစ်ပါတယ်။ ဒါကိုသဘောမတူကြောင်း CDM လှုပ်ရှားမှုမှာ ပါဝင်ထုတ်ဖော်ပြတာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အခုဆိုရင် နယူးယောက်၊ ကုလသမဂ္ဂမှာရှိတဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဆိုရင်လည်း သူက NLD အစိုးရကိုပဲ ကိုယ်စားပြုတယ်ဆိုပြီး ရပ်တည်လိုက်တယ်။ ဒီအပေါ်မှာ ဦးကောင်းထက်အမြင် ဘယ်လို ရှိပါသလဲရှင့်။

ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို သူဒီလိုမျိုး အနစ်နာခံဆောင်ရွက်ပေးတာကနို ပြည်သူလူထုကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။ အမှန်အတိုင်းပြောရရင် ကျနော်တို့သံတမန်တွေအနေနဲ့ ဒါသည် လေးစားအားကျဖွယ်ရာဖြစ်ပါတယ်ခင်ဗျ။ ဓမ္မနဲ့အဓမ္မ နှစ်ဘက်ရပ်တဲ့အခါမှာ ဓမ္မဘက်က ရပ်တည်နိုင်တဲ့သူ့ကို ကျနော်တို့ လေးစားအားကျ ဂုဏ်ယူပါတယ်။

အင်ကြင်းနိုင်။ ။ အစ္စရေးနိုင်ငံက မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးကောင်းထက်ကို ဆက်သွယ်မေးမြန်းခဲ့တာပါရှင်။

#MyanmarMilitaryCoup #MyanamrProtest #CDMMyanamr #IsraelMyanmar

#WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG