သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပစ္မိန္႔ကို ျငင္းဆန္ခဲ့တဲ့ ရဲဒုတပ္ၾကပ္ထာပန္း


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုေပၚမွာ ေတြ႔ရတဲ့ ရဲမ်ား။ (ေဖေဖာ္ဝါရီ ၂၈၊ ၂၀၂၁)

[Zawgyi/Unicode]

ခ်င္းျပည္နယ္၊ ကန္ပက္လက္ၿမိဳ႕မွာ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔က ဆႏၵျပသူေတြကို ေသနတ္နဲ႔ပစ္ဖို႔ အထက္အရာရွိက အမိန္႔ေပးခဲ့ေပမဲ့ သူမပစ္ဘဲ ျငင္းခဲ့တယ္လုိ႔ အိႏိၵယဘက္ ထြက္ေျပးခိုလံႈေနတဲ့ ရဲဒုတပ္ၾကပ္ ထာပန္းက ေျပာပါတယ္။

"ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ကစၿပီး ဆႏၵျပပြဲေတြကို ခြင့္မျပဳဘဲ ၿဖိဳခြဲရပါတယ္။ ဆႏၵျပသူေတြက မလိုက္နာဘူးဆိုရင္ ပစ္ဖို႔ က်ေနာ္တို႔အရာရွိက အမိန္႔ေပးပါတယ္။ က်ေနာ့္လူထုကုိ ပစ္ခတ္ရမယ့္ အရာရွိရဲ႕ အမိန္႔ကို က်ေနာ္မလိုက္နာႏုိင္တာေၾကာင့္ ထြက္ေျပးခဲ့တာပါ။"လို႔ အိႏိၵယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္၊ က်န္ဖိုင္းၿမိဳ႕မွာေရာက္ေနတဲ့ ရဲ ဒုတပ္ၾကပ္ ထာပန္းကေျပာပါတယ္။

သူဟာ မိသားစုကို ကန္ပက္လက္မွာ ခ်န္ထားခဲ့ၿပီး မတ္လ ၁ ရက္ေန႔မွာ အိႏိၵယဘက္ ထြက္ေျပးခိုလႈံခဲ့တာပါ။

ရဲတပ္ဖြဲ႔ရဲ႕တာဝန္ဟာ လူထုကို အကာအကြယ္ေပးဖို႔ျဖစ္ၿပီး ရဲနဲ႔စစ္တပ္က ျမန္မာလူထုကို ပစ္ခတ္တာဟာ ဥပေဒနဲ႔မညီတာေၾကာင့္ အမိန္႔ကို သူမလိုက္နာႏုိုင္တာျဖစ္တယ္လို႔လည္း ဒုတပ္ၾကပ္ထာပန္းက ေျပာပါတယ္။

ဘယ္သူဆိုတာ အမည္ထုတ္မေျပာတဲ့ သူ႔ရဲ႕အရာရွိက ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔မွာ ေပးတဲ့အမိန္႔ကို သူနဲ႔ တျခားလုပ္ေဖာ္ကိုင္ဘက္ ၆ ေယာက္ မလိုက္နာခဲ့ဘူးလို႔ ဒုတပ္ၾကပ္ထာပန္းက ေျပာပါတယ္။

ယူနီေဖာင္းဝတ္ထားတဲ့ ရဲဒုတပ္ၾကပ္ထာပန္း။ (မတ္ ၉၊ ၂၀၂၁)
ယူနီေဖာင္းဝတ္ထားတဲ့ ရဲဒုတပ္ၾကပ္ထာပန္း။ (မတ္ ၉၊ ၂၀၂၁)

ဒုတပ္ၾကပ္ထာပန္း ေျပာတာဟာ ႐ုိက္တာသတင္းဌာနက ၾကည့္ခြင့္ရခဲ့တဲ့ အိႏိၵယရဲတပ္ဖြဲ႔ ဌာနတြင္း လ ွ်ဳိ႕ဝွက္မွတ္တမ္းအရ ေနာက္ထပ္ ရဲ ဒုတပ္ၾကပ္တဦးနဲ႔ တပ္ဖြဲ႔ဝင္သံုးဦးတို႔ မတ္လ ၁ ရက္ေန႔က မီဇီုရမ္မွာ အိႏိၵယရဲတပ္ဖြဲ႔ကို ေျပာထားတာနဲ႔ ကိုက္ညီပါတယ္။

အိႏိၵယဘက္မွာ ခိုလံႈေနတဲ့ ရဲတပ္ဖြဲ႔ဝင္ ၈ ဦးကို ဖမ္းဆီးၿပီး ျပန္ပို႔ေပးဖို႔ ျမန္မာ စစ္ဘက္အုပ္ခ်ဳပ္ေရးေကာင္စီက အိႏိၵယဘက္ကို အေၾကာင္းၾကားထားပါတယ္။

မီဇိုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကေတာ့ ျမန္မာႏုိင္ငံက ထြက္ေျပးလာသူေတြကို သူ႔ျပည္နယ္အစိုးရက စားနပ္ရိကၡာနဲ႔ ေနစရာေပးထားမွာျဖစ္ၿပီး ျပန္ပို႔တာ၊ မပို႔တာကေတာ့ အိႏိၵယ ဗဟိုအစိုးရကိစၥျဖစ္တယ္လို႔ ႐ိုက္တာသတင္းဌာနကိုေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပစ်မိန့်ကို ငြင်းဆန်ခဲ့တဲ့ ရဲဒုတပ်ကြပ်ထာပန်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်ဖို့ အထက်အရာရှိက အမိန့်ပေးခဲ့ပေမဲ့ သူမပစ်ဘဲ ငြင်းခဲ့တယ်လို့ အိန္ဒိယဘက် ထွက်ပြေးခိုလှုံနေတဲ့ ရဲဒုတပ်ကြပ် ထာပန်းက ပြောပါတယ်။

"ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစပြီး ဆန္ဒပြပွဲတွေကို ခွင့်မပြုဘဲ ဖြိုခွဲရပါတယ်။ ဆန္ဒပြသူတွေက မလိုက်နာဘူးဆိုရင် ပစ်ဖို့ ကျနော်တို့အရာရှိက အမိန့်ပေးပါတယ်။ ကျနော့်လူထုကို ပစ်ခတ်ရမယ့် အရာရှိရဲ့ အမိန့်ကို ကျနော်မလိုက်နာနိုင်တာကြောင့် ထွက်ပြေးခဲ့တာပါ။"လို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့မှာရောက်နေတဲ့ ရဲ ဒုတပ်ကြပ် ထာပန်းကပြောပါတယ်။

သူဟာ မိသားစုကို ကန်ပက်လက်မှာ ချန်ထားခဲ့ပြီး မတ်လ ၁ ရက်နေ့မှာ အိန္ဒိယဘက် ထွက်ပြေးခိုလှုံခဲ့တာပါ။

ရဲတပ်ဖွဲ့ရဲ့တာဝန်ဟာ လူထုကို အကာအကွယ်ပေးဖို့ဖြစ်ပြီး ရဲနဲ့စစ်တပ်က မြန်မာလူထုကို ပစ်ခတ်တာဟာ ဥပဒေနဲ့မညီတာကြောင့် အမိန့်ကို သူမလိုက်နာနိုင်တာဖြစ်တယ်လို့လည်း ဒုတပ်ကြပ်ထာပန်းက ပြောပါတယ်။

ဘယ်သူဆိုတာ အမည်ထုတ်မပြောတဲ့ သူ့ရဲ့အရာရှိက ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ပေးတဲ့အမိန့်ကို သူနဲ့ တခြားလုပ်ဖော်ကိုင်ဘက် ၆ ယောက် မလိုက်နာခဲ့ဘူးလို့ ဒုတပ်ကြပ်ထာပန်းက ပြောပါတယ်။

ဒုတပ်ကြပ်ထာပန်း ပြောတာဟာ ရိုက်တာသတင်းဌာနက ကြည့်ခွင့်ရခဲ့တဲ့ အိန္ဒိယရဲတပ်ဖွဲ့ ဌာနတွင်း လ ျှို့ဝှက်မှတ်တမ်းအရ နောက်ထပ် ရဲ ဒုတပ်ကြပ်တဦးနဲ့ တပ်ဖွဲ့ဝင်သုံးဦးတို့ မတ်လ ၁ ရက်နေ့က မီဇီုရမ်မှာ အိန္ဒိယရဲတပ်ဖွဲ့ကို ပြောထားတာနဲ့ ကိုက်ညီပါတယ်။

အိန္ဒိယဘက်မှာ ခိုလှုံနေတဲ့ ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီးပြီး ပြန်ပို့ပေးဖို့ မြန်မာ စစ်ဘက်အုပ်ချုပ်ရေးကောင်စီက အိန္ဒိယဘက်ကို အကြောင်းကြားထားပါတယ်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ကတော့ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို သူ့ပြည်နယ်အစိုးရက စားနပ်ရိက္ခာနဲ့ နေစရာပေးထားမှာဖြစ်ပြီး ပြန်ပို့တာ၊ မပို့တာကတော့ အိန္ဒိယ ဗဟိုအစိုးရကိစ္စဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကိုပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG