သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒသတြင္းအစည္းအေဝး ျမန္မာစစ္အုပ္ခ်ဳပ္ေကာင္စီကို ဖိတ္ၾကားမႈ သီရိလကၤာေဝဖန္ခံေနရ


သီရိလကၤာႏိုင္ငံ Colombo ရွိ ျမန္မာသံရံုးအျပင္ဘက္မွာ ေတြ႔ရတဲ့ စစ္အာဏာဆန္႔က်င္ဆႏၵထုတ္ေဖာ္သူမ်ား။ (မတ္ ၁၀၊ ၂၀၂၁)

[Zawgyi/Unicode]

ေရွ႕လက်ရင္က်င္းပမယ့္ ေဒသဆိုင္ရာ အစည္းအေဝးတစ္ခုကိုတက္ဖို႔ ျမန္မာ စစ္ဘက္အုပ္ခ်ဳပ္ေရးေကာင္စီက ႏုိင္ငံျခားေရးဝန္ႀကီးအျဖစ္ ခန္႔ထားသူ ဦးဝဏၰေမာင္လြင္ကို သီရိလကၤာႏုိင္ငံက ဖိတ္ၾကားထားတဲ့အတြက္ အျပင္းအထန္ ေဝဖန္ခံေနရပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို သီရိလကၤာအစိုးရက ေထာက္ခံတယ္ဆုိၿပီး ဆိုရွယ္မီဒီယာေပၚမွာ ျပစ္တင္ေဝဖန္ေနၾကတာပါ။

ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ ေရြးေကာက္ခံအစိုးရကို ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းျဖဳတ္ခ်ခဲ့တဲ့ စစ္ဘက္အုပ္ခ်ဳပ္ေရးေကာင္စီကို ႏုိင္ငံတကာက တရားဝင္အသိအမွတ္ျပဳတာ မရွိေသးပါဘူး။ ဒါေပမဲ့လည္း ဦးဝဏၰေမာင္လြင္ဟာ ေဒသတြင္း ႏိုင္ငံျခားေရးဝန္ႀကီးတခ်ဳိ႕နဲ႔ လူကိုယ္တိုင္ေရာ အြန္လိုင္းကေနပါ ေတြ႔ဆံုတာေတြရွိထားပါတယ္။

ဧၿပီလ ၁ ရက္ေန႔မွာ အြန္လိုင္းကေနက်င္းပမယ့္ ဘဂၤလားပင္လယ္ေအာ္ နည္းပညာနဲ႔ စီးပြားေရး က႑ေပါင္းစံု ပူးေပါင္းေဆာင္ရြက္မႈအဖြဲ႔ (BIMSTEC) အစည္းအေဝးကို တက္ဖုိ႔ သီရိလကၤာရဲ႕ ဖိတ္ၾကားစာကို AFP သတင္းဌာနက ေတြ႔ခဲ့ရပါတယ္။

ဒီအစည္းအေဝးကို တက္ဖို႔ ဘဂၤလားေဒ့ရွ္၊ ဘူတန္၊ အိႏိၵယ၊ နီေပါလ္၊သီရိလကၤာ၊ ျမန္မာနဲ႔ ထိုင္း ႏုိင္ငံျခားေရးဝန္ႀကီးေတြကို ဖိတ္ၾကားထားတာပါ။

ဒီဖိတ္ၾကားခ်က္အေပၚ ျမန္မာတက္ႂကြလႈပ္ရွားသူေတြက သီရိလကၤာ ႏုိင္ငံျခားေရးဌာနရဲ႕ လူမႈကြန္ယက္မီဒီယာေတြေပၚမွာ ျပစ္တင္ ေဝဖန္ေနၾကပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး သီရိလကၤာႏုိင္ငံျခားေရးဌာနက မွတ္ခ်က္ေပးေျပာဆိုတာမရွိေသးပါဘူး။ သီရိလကၤာနဲ႔ ျမန္မာႏုိင္ငံတို႔ဟာ ေထရဝါဒဗုဒၶဘာသာကို ကိုးကြယ္တာခ်င္း တူညီတာေၾကာင့္ ဘာသာေရးအရ နီးစပ္တဲ့ဆက္ဆံေရးရွိထားပါတယ္။

ဒီအေတာအတြင္းမွာပဲ သီရိလကၤာႏုိင္ငံ၊ ကိုလမ္ဘိုၿမိဳ႕ေတာ္က ျမန္မာသံ႐ံုးအျပင္ဘက္မွာ သီရိလကၤာတက္ႂကြလႈပ္ရွားသူ ဒါဇင္ေပါင္းမ်ားစြာ ဒီကေန႔စုေဝးၿပီး ျမန္မာ စစ္အာဏာသိမ္းမႈကို ကန္႔ကြက္ ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒေသတွင်းအစည်းအဝေး မြန်မာစစ်အုပ်ချုပ်ကောင်စီကို ဖိတ်ကြားမှု သီရိလင်္ကာဝေဖန်ခံနေရ

ရှေ့လကျရင်ကျင်းပမယ့် ဒေသဆိုင်ရာ အစည်းအဝေးတစ်ခုကိုတက်ဖို့ မြန်မာ စစ်ဘက်အုပ်ချုပ်ရေးကောင်စီက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်ထားသူ ဦးဝဏ္ဏမောင်လွင်ကို သီရိလင်္ကာနိုင်ငံက ဖိတ်ကြားထားတဲ့အတွက် အပြင်းအထန် ဝေဖန်ခံနေရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို သီရိလင်္ကာအစိုးရက ထောက်ခံတယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပြစ်တင်ဝေဖန်နေကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းဖြုတ်ချခဲ့တဲ့ စစ်ဘက်အုပ်ချုပ်ရေးကောင်စီကို နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုတာ မရှိသေးပါဘူး။ ဒါပေမဲ့လည်း ဦးဝဏ္ဏမောင်လွင်ဟာ ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးတချို့နဲ့ လူကိုယ်တိုင်ရော အွန်လိုင်းကနေပါ တွေ့ဆုံတာတွေရှိထားပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ အွန်လိုင်းကနေကျင်းပမယ့် ဘင်္ဂလားပင်လယ်အော် နည်းပညာနဲ့ စီးပွားရေး ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) အစည်းအဝေးကို တက်ဖို့ သီရိလင်္ကာရဲ့ ဖိတ်ကြားစာကို AFP သတင်းဌာနက တွေ့ခဲ့ရပါတယ်။

ဒီအစည်းအဝေးကို တက်ဖို့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါလ်၊သီရိလင်္ကာ၊ မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ကြားထားတာပါ။

ဒီဖိတ်ကြားချက်အပေါ် မြန်မာတက်ကြွလှုပ်ရှားသူတွေက သီရိလင်္ကာ နိုင်ငံခြားရေးဌာနရဲ့ လူမှုကွန်ယက်မီဒီယာတွေပေါ်မှာ ပြစ်တင် ဝေဖန်နေကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး သီရိလင်္ကာနိုင်ငံခြားရေးဌာနက မှတ်ချက်ပေးပြောဆိုတာမရှိသေးပါဘူး။ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတို့ဟာ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်တာချင်း တူညီတာကြောင့် ဘာသာရေးအရ နီးစပ်တဲ့ဆက်ဆံရေးရှိထားပါတယ်။

ဒီအတောအတွင်းမှာပဲ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့တော်က မြန်မာသံရုံးအပြင်ဘက်မှာ သီရိလင်္ကာတက်ကြွလှုပ်ရှားသူ ဒါဇင်ပေါင်းများစွာ ဒီကနေ့စုဝေးပြီး မြန်မာ စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG