သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္အုပ္ခ်ဳပ္ေရးေၾကာင့္ ေသဆုံးသူမ်ားစြာနဲ႔ အၾကမ္းဖက္မႈေတြ တိုးလာတဲ့အေျခအေန ကုလအတြင္းေရးမႉးခ်ဳပ္ အံ့အားသင့္တုန္လႈပ္


(Zawgyi/Unicode)

ျမန္မာ စစ္တပ္ ထိန္းခ်ဳပ္မႈေအာက္မွာ ႏုိင္ငံတြင္း အၾကမ္းဖက္မႈေတြ တုိးလာေနတာေၾကာင့္ တုန္လႈပ္ေျခာက္ျခားရေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ António Guterres က ေၾကညာခ်က္ ထုတ္ပါတယ္။

ဆႏၵျပသူေတြကို သတ္ျဖတ္မႈ၊ တရားဥပေဒမဲ႔ ဖမ္းဆီးမႈ၊ ဖမ္းဆီးထားသူေတြကို ႏွိပ္စက္ ညွဥ္းပန္းတယ္ဆိုတဲ႔ အစီရင္ခံခ်က္ေတြဟာဆိုရင္ အေျခခံ လူ႔အခြင့္အေရးေတြကို ခ်ိဳးေဖာက္မႈ၊ ေနာက္ ျမန္မာႏုိင္ငံ ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္လည္ ေရာက္ရရွိေရး၊ ထိန္းထိန္းသိမ္းသိမ္း ရွိေရးနဲ႔ ေဆြးေႏြးညွိႏိႈင္းေရး အတြက္ ကုလသမဂၢ လံုၿခံဳေရး ေကာင္စီရဲ႕ ေတာင္းဆိုခ်က္ကို ေျပာင္ေျပာင္တင္းတင္း အာခံတဲ႔ လုပ္ရပ္ ျဖစ္တယ္လို႔လည္း ေျပာဆိုလုိက္ပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္တပ္ရဲ႕ ဖိႏွိပ္မႈေတြ အဆံုးသတ္ႏုိင္ေရး ႏုိင္ငံတကာ အသိုင္းအ၀ိုင္းက ညွိႏိႈင္း ေပါင္းစပ္ၿပီး ကူညီေဆာင္ရြက္ၾကဖို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က တိုက္တြန္းထားေၾကာင္း ေျပာခြင့္ရရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ျမန္မာႏုိင္ငံတြင္းမွာ အေျခအေနေတြ တည္ၿငိမ္သြားေစၿပီး ေဆြးေႏြးညွိႏိႈင္းႏုိင္ေရး ေဖာ္ေဆာင္ဖို႔၊ ေနာက္ ဒီမိုကေရစီကို ျပန္လည္ ဦးလွည့္ႏုိင္ဖို႔ အတြက္ အေရးႀကီးတဲ႔ လိုအပ္ခ်က္ တခု အေနနဲ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ကို ႏုိင္ငံတြင္း လာေရာက္ခြင့္ ျပဳဖို႔လည္း စစ္တပ္ကို အတြင္းေရးမွဴးခ်ဳပ္က တိုက္တြန္းထားပါတယ္။

အာဏာသိမ္းထားတဲ႔ စစ္တပ္က ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ကို ႏုိင္ငံကို လာေရာက္ခြင့္ မေပးေသးပါဘူး။ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ အေနနဲ႔ကေတာ့ ျမန္မာျပည္သူေတြရဲ႕ ဒီမိုကေရစီ ေမွ်ာ္မွန္းခ်က္၊ ေနာက္ ျမန္မာျပည္သူေတြနဲ႔ ထပ္တူ ဆက္လက္ ရပ္တည္ေၾကာင္းလည္း ေျပာဆိုထားပါတယ္။


.............

မြန်မာစစ်အုပ်ချုပ်ရေးကြောင့် သေဆုံးသူများစွာနဲ့ အကြမ်းဖက်မှုတွေ တိုးလာတဲ့အခြေအနေ ကုလအတွင်းရေးမှူးချုပ် အံ့အားသင့်တုန်လှုပ်

(Unicode)

မြန်မာ စစ်တပ် ထိန်းချုပ်မှုအောက်မှာ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ တိုးလာနေတာကြောင့် တုန်လှုပ်ခြောက်ခြားရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ကြေညာချက် ထုတ်ပါတယ်။

ဆန္ဒပြသူတွေကို သတ်ဖြတ်မှု၊ တရားဥပဒေမဲ့ ဖမ်းဆီးမှု၊ ဖမ်းဆီးထားသူတွေကို နှိပ်စက် ညှဉ်းပန်းတယ်ဆိုတဲ့ အစီရင်ခံချက်တွေဟာဆိုရင် အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်မှု၊ နောက် မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် ရောက်ရရှိရေး၊ ထိန်းထိန်းသိမ်းသိမ်း ရှိရေးနဲ့ ဆွေးနွေးညှိနှိုင်းရေး အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ တောင်းဆိုချက်ကို ပြောင်ပြောင်တင်းတင်း အာခံတဲ့ လုပ်ရပ် ဖြစ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေ အဆုံးသတ်နိုင်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းက ညှိနှိုင်း ပေါင်းစပ်ပြီး ကူညီဆောင်ရွက်ကြဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားကြောင်း ပြောခွင့်ရရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အခြေအနေတွေ တည်ငြိမ်သွားစေပြီး ဆွေးနွေးညှိနှိုင်းနိုင်ရေး ဖော်ဆောင်ဖို့၊ နောက် ဒီမိုကရေစီကို ပြန်လည် ဦးလှည့်နိုင်ဖို့ အတွက် အရေးကြီးတဲ့ လိုအပ်ချက် တခု အနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ကို နိုင်ငံတွင်း လာရောက်ခွင့် ပြုဖို့လည်း စစ်တပ်ကို အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။

အာဏာသိမ်းထားတဲ့ စစ်တပ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ကို နိုင်ငံကို လာရောက်ခွင့် မပေးသေးပါဘူး။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ကတော့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ မျှော်မှန်းချက်၊ နောက် မြန်မာပြည်သူတွေနဲ့ ထပ်တူ ဆက်လက် ရပ်တည်ကြောင်းလည်း ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG