သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းတြင္း ၿမိဳ႕နယ္ ၆ ခုမွာ စစ္အုပ္ခ်ဳပ္ေရးေၾကညာ


မတ္လ ၁၄ ရက္ေန႔က လိႈင္သာယာၿမိဳ႕နယ္ရွိ လမ္းတခုေပၚမွာ ေတြ႔ရတဲ့ စစ္တပ္ဖဲြ႔ဝင္မ်ား။ (မတ္ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္တိုင္းအတြင္းက ေနာက္ထပ္ ၿမိဳ႕နယ္ေလးခုကိုပါ စစ္အုပ္ခ်ဳပ္ေရးနယ္ေျမအျဖစ္ ေၾကညာလိုက္တာမို႔ ရန္ကုန္တိုင္းအတြင္း စစ္အုပ္ခ်ဳပ္ေရး သတ္မွတ္တဲ့နယ္ေျမ ၆ ၿမိဳ႕နယ္ရွိသြားပါၿပီ။ ရန္ကုန္ လိႈင္သာယာနဲ႔ ေရႊျပည္သာၿမိဳ႕နယ္ေတြကို မတ္လ ၁၄ ရက္ေန႔ ညေနပိုင္းက စစ္အုပ္ခ်ဳပ္နယ္ေျမအျဖစ္ ေၾကညာခဲ့သလို၊ ေျမာက္ဒဂံု၊ ေတာင္ဒဂံု၊ ဒဂံုဆိပ္ကမ္းနဲ႔ ေျမာက္ဥကၠလာပၿမိဳ႕နယ္ေတြကိုေတာ့ ဒီေန႔ မတ္လ ၁၅ ရက္ေန႔မနက္ပိုင္းမွာ စစ္အုပ္ခ်ဳပ္ေရးနယ္ေျမမ်ားအျဖစ္ သတ္မွတ္ေၾကညာခဲ့ပါတယ္။

စစ္အုပ္ခ်ဳပ္ေရးနယ္ေျမသတ္မွတ္မႈအရ အုပ္ခ်ဳပ္ေရးကိစၥရပ္မ်ားအျပင္ တရားစီရင္ေရးကိစၥရပ္ေတြကို သက္ဆိုင္ရာ နယ္ေျမတိုင္းမွဴးက တာ၀န္ယူေဆာင္ရြက္ႏိုင္ပါတယ္။ ဒါေၾကာင့္ ႏိုင္ငံေရးပုဒ္မေတြအျပင္ ရပ္ရြာၿငိမ္၀ပ္ပိျပားေရးဆိုင္ရာ ပုဒ္မႈေတြကိုပါ စစ္တရားရံုးဖဲြ႕ၿပီး အက်ဥ္းခ်ံဳ တရားစီရင္ႏိုင္ပါတယ္။

မတ္လ ၁၄ ရက္ေန႔တုန္းက စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး ဆႏၵျပလႈပ္ရွားမႈေတြကို ရဲနဲ႔ စစ္တပ္က အၾကမ္းဖက္ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ လိႈင္သာယာၿမိဳ႕နယ္တခုတည္းမွာပဲ လူဆယ္ဂဏန္းေသဆံုးၿပီး အေတာ္မ်ားမ်ား ထိခိုက္ဒဏ္ရာ ရခဲ့ပါတယ္။ လိႈင္သာယာၿမိဳ႕နယ္အတြင္းက တ႐ုတ္ပိုင္ အထည္ခ်ဳပ္စက္ရံုႏွစ္ခုမွာလည္း မီးေလာင္ကြြ်မ္းမႈ ရွိခဲ့ပါတယ္။

အဲဒီေနာက္ ညေနပိုင္းမွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက လိႈ္င္သာယာၿမိဳ႕နယ္ကို စစ္အုပ္ခ်ဳပ္ေရးနယ္ေျမသတ္မွတ္ၿပီး ရန္ကုန္တိုင္းမွဴးကို လုပ္ပိုင္ခြင့္လႊဲလိုက္တာပါ။ လိႈင္သာယာနဲ႔ ေရႊျပည္သာၿမိဳ႕နယ္ ႏွစ္ၿမိဳ႕နယ္ကို စစ္အုပ္ခ်ဳပ္ေရးေၾကညာၿပီးေနာက္ပိုင္း ညပိုင္းမွာေတာ့ ေတာင္ဒဂံု၊ ေျမာက္ဥကၠလာစတဲ့ ရန္ကုန္ေနရာအေတာ္မ်ားမ်ားမွာ ညသပိတ္ေတြဆက္ျဖစ္ခဲ့ၿပီး၊ စစ္တပ္နဲ႔ ရဲက ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ ေနာက္ထပ္ ေသဆံုးမႈေတြရွိခဲ့ပါတယ္။ အခု ဒီကေန႔ မတ္လ ၁၅ ရက္ေန႔မွာ စစ္အုပ္ခ်ဳပ္ေရးနယ္ေျမေၾကညာထားတဲ့ လိႈင္သာယာၿမိဳ႕နယ္အပါအ၀င္ ရန္ကုန္ေနရာတခ်ိဳ႕မွာ စစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵျပလႈပ္ရွားမႈေတြ ဆက္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်တိုင်းတွင်း မြို့နယ် ၆ ခုမှာ စစ်အုပ်ချုပ်ရေးကြေညာ

ရန်ကုန်တိုင်းအတွင်းက နောက်ထပ် မြို့နယ်လေးခုကိုပါ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာလိုက်တာမို့ ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေး သတ်မှတ်တဲ့နယ်မြေ ၆ မြို့နယ်ရှိသွားပါပြီ။ ရန်ကုန် လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေကို မတ်လ ၁၄ ရက်နေ့ ညနေပိုင်းက စစ်အုပ်ချုပ်နယ်မြေအဖြစ် ကြေညာခဲ့သလို၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေကိုတော့ ဒီနေ့ မတ်လ ၁၅ ရက်နေ့မနက်ပိုင်းမှာ စစ်အုပ်ချုပ်ရေးနယ်မြေများအဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးနယ်မြေသတ်မှတ်မှုအရ အုပ်ချုပ်ရေးကိစ္စရပ်များအပြင် တရားစီရင်ရေးကိစ္စရပ်တွေကို သက်ဆိုင်ရာ နယ်မြေတိုင်းမှူးက တာဝန်ယူဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပုဒ်မတွေအပြင် ရပ်ရွာငြိမ်ဝပ်ပိပြားရေးဆိုင်ရာ ပုဒ်မှုတွေကိုပါ စစ်တရားရုံးဖွဲ့ပြီး အကျဉ်းချုံ တရားစီရင်နိုင်ပါတယ်။

မတ်လ ၁၄ ရက်နေ့တုန်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ရဲနဲ့ စစ်တပ်က အကြမ်းဖက်ပစ်ခတ်နှိမ်နင်းတာကြောင့် လှိုင်သာယာမြို့နယ်တခုတည်းမှာပဲ လူဆယ်ဂဏန်းသေဆုံးပြီး အတော်များများ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ လှိုင်သာယာမြို့နယ်အတွင်းက တရုတ်ပိုင် အထည်ချုပ်စက်ရုံနှစ်ခုမှာလည်း မီးလောင်ကွျွမ်းမှု ရှိခဲ့ပါတယ်။

အဲဒီနောက် ညနေပိုင်းမှာ စစ်အုပ်ချုပ်ရေးကောင်စီက လှိုင်သာယာမြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပြီး ရန်ကုန်တိုင်းမှူးကို လုပ်ပိုင်ခွင့်လွှဲလိုက်တာပါ။ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ် နှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း ညပိုင်းမှာတော့ တောင်ဒဂုံ၊ မြောက်ဥက္ကလာစတဲ့ ရန်ကုန်နေရာအတော်များများမှာ ညသပိတ်တွေဆက်ဖြစ်ခဲ့ပြီး၊ စစ်တပ်နဲ့ ရဲက ပစ်ခတ်နှိမ်နင်းတာကြောင့် နောက်ထပ် သေဆုံးမှုတွေရှိခဲ့ပါတယ်။ အခု ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးနယ်မြေကြေညာထားတဲ့ လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်နေရာတချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေ ဆက်ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG