သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပစ္ခတ္ႏွိမ္းနင္းမႈေတြၾကားက ညသပိတ္တိုက္ပဲြမ်ား


[ Zawgyi / Unicode ]

အာဏာသိမ္းထားတဲ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ရန္ကုန္တုိင္း လႈိင္သာယာနဲ႔ ေရႊျပည္သာ ၿမဳိ႕နယ္ေတြမွာ တနဂၤေႏြေန႔ညပုိင္းကစလို႔ စစ္အုပ္ခ်ဳပ္ေရးအမိန္႔ (Martial Law) ထုတ္ျပန္လုိက္ခ်ိန္မွာပဲ ရန္ကုန္ထဲက ၿမဳိ႕နယ္တခ်ဳိ႕မွာ ညသပိတ္ ဆႏၵျပပြဲေတြ ဆင္ႏႊဲခဲ့ၾကတာပါ။

တနဂၤေႏြ ေန႔လည္ပိုင္းက လႈိင္သာယာ ၿမဳိ႕နယ္က ဆႏၵျပ ျပည္သူေတြကို စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ပစ္ခတ္ ႏွိမ္နင္းမႈအတြင္း အရပ္သား ေသဆုံးမႈ အမ်ားအျပား ရွိခဲ့ၿပီးေနာက္ ညသပိတ္ေတြ ပိုအားေကာင္းလာတာျဖစ္တယ္လို႔ ၿမဳိ႕ခံေတြက ေျပာပါတယ္။

ေျမာက္ဒဂုံၿမဳိ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးရုံးနားက မဝတ လမ္းဆုံမွာ ညသပိတ္ ဆႏၵျပေနတဲ့လူအုပ္စုၾကီးကို စစ္တပ္နဲ႔ရဲက ပစ္ခတ္မႈေၾကာင့္ က်ည္ထိမွန္ ဒဏ္ရာရသူ အနည္းဆုံး (၅)ဦးရွိၿပီး စုိးရိမ္ရတဲ့ အေျခအေနမွာရွိတာကို ေဖ့စ္ဘြတ္ Live ထုတ္လႊင့္မႈမွာ ေတြ႔ရပါတယ္။

" .... ဒဏ္ရာက ေတာ္ေတာ္ႀကီးပါတယ္။ ေၾကာကေန လုံးဝ အသားစေတြ ထြက္သြားတဲ့ အေျခအေနပါ။ အကုန္လုံးကေတာ့ ေသနတ္က်ည္ အစစ္နဲ႔ ပစ္တာ ျဖစ္တဲ့အတြက္ သူတို႔ရဲ႕ထိခိုက္မႈကေတာ့ အခုျမင္ရတဲ့ အတုိင္းပါပဲ။ ေခါင္းထိတယ္ လည္ပင္းမွာထိထားတဲ့ လူငယ္ေတြ စိုးရိမ္ရတဲ့ အေနအထားမ်ဳိးမွာ ေတြ႔ရပါတယ္။ လက္ရွိမွာ က်မအတည္ျပဳရ သေလာက္ က်မရဲ႕ မ်က္ျမင္ကိုယ္ေတြ႔ကေတာ့ ၅ ေယာက္ကို အတည္ျပဳႏိုင္ပါတယ္။ "

ေတာင္ဒဂုံၿမဳိ႕နယ္မွာလည္း ညဖက္ ဆႏၵျပသူေတြကို စစ္တပ္နဲ႔ရဲက ပစ္ခတ္ႏွိမ္းနင္းတာေၾကာင့္ ဒဏ္ရာ အျပင္းထန္ရသူေတြ ရွိခဲ့ၿပီး ၊ အေသအေပ်ာက္ ရွိတယ္လို႔ ျပည္တြင္းသတင္းဌာန တခ်ဳိ႕ ဓါတ္ပုံေတြနဲ႔တကြ ေဖၚျပထားေပမယ့္ VOA က သီးျခားအတည္ျပဳႏုိင္ဖို႔ ႀကဳိးပမ္းေနဆဲ ျဖစ္ပါတယ္။

ေဒါပုံၿမဳိ႕နယ္မွာလည္း ရာခ်ီတဲ့လူေတြက လမ္းမႀကီးကို ပိတ္ၿပီး ထိုင္သပိတ္လုပ္ေနတာကုိလည္း လူမႈကြန္ယက္ မီဒီယာေပၚ တင္ထားတဲ့ ဗီဒီယုိမွာ ျမင္ရပါတယ္။ ေဒါပုံမွာေတာ့ ပစ္ခတ္ၿဖဳိခြင္း ခံရတဲ့ သတင္းေတာ့ မရရွိေသးပါဘူး။

ဒါေပမဲ့ အင္းစိန္လမ္းမႀကီးေပၚက သံလမ္းတဝိုက္မွာေတာ့ ညသပိတ္ ၿဖဳိခြင္း ခံရၿပီး ထိခိုက္က်ဆုံးမႈရွိေပမယ့္ ဘယ္ႏွေယာက္ ေသဆုံး ဒဏ္ရာရတယ္ဆိုတဲ့ စာရင္းအတိအက်ကို အတည္မျပဳႏိုင္ေသးပါဘူး။

ရန္ကုန္တိုင္းအျပင္ ဧရာဝတီတုိင္း ပုသိမ္ၿမဳိ႕မွာဆိုရင္လည္း ဥမၼာဒႏၲီရပ္ကြက္ေန ျပည္သူေတြ ညဘက္ဆႏၵျပေနတာကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔က ပစ္ခတ္တာေၾကာင့္ ဆႏၵျပျပည္သူ တဦး ေသဆုံးၿပီး၊ ၂ ဦး ဒဏ္ရာရတယ္လို႔ ပုသိမ္ၿမဳိ႕ခံ မီဒီယာေတြမွာ ေဖၚျပပါတယ္။ ထိခို္က္ ေသဆုံးမႈစာရင္းကိုေတာ့ VOA က သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးပါဘူး။

အလားတူ ပဲခူးၿမဳိ႕မွာလည္း စစ္အာဏာသိမ္း ဆန္႔က်င္ေရး ညဘက္ လူထုဆႏၵျပပဲြေတြ ရွိခဲ့တာကို Live ထုတ္လႊင့္မႈေတြမွာ ေတြ႕ရပါတယ္။

အခုလို လူေတြကုိယ္တုိင္ထြက္ ဟစ္ေၾကြးဆႏၵျပတဲ့ ညသပိတ္ေတြ ရွိသလုိပဲ ျမန္မာႏိုင္ငံက တခ်ဳိ႕ၿမဳိ႕နယ္ ေတြမွာဆိုရင္ လူမပါပဲ ဆိုင္းဘုတ္ေတြ ေထာင္ ၊ အသံသြင္းထားတဲ့ ေၾကြးေၾကာ္သံေတြ ဖြင့္ၿပီး လူမဲ့သပိတ္ ေတြကိုလည္း ဆင္ႏႊဲေနတာ ေတြ႔ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

ပစ်ခတ်နှိမ်းနင်းမှုတွေကြားက ညသပိတ်တိုက်ပွဲများ

အာဏာသိမ်းထားတဲ့ စစ်အုပ်ချုပ်ရေးကောင်စီက ရန်ကုန်တိုင်း လှိုင်သာယာနဲ့ ရွှေပြည်သာ မြို့နယ်တွေမှာ တနင်္ဂနွေနေ့ညပိုင်းကစလို့ စစ်အုပ်ချုပ်ရေးအမိန့် (Martial Law) ထုတ်ပြန်လိုက်ချိန်မှာပဲ ရန်ကုန်ထဲက မြို့နယ်တချို့မှာ ညသပိတ် ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ကြတာပါ။

တနင်္ဂနွေ နေ့လည်ပိုင်းက လှိုင်သာယာ မြို့နယ်က ဆန္ဒပြ ပြည်သူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက်ပစ်ခတ် နှိမ်နင်းမှုအတွင်း အရပ်သား သေဆုံးမှု အများအပြား ရှိခဲ့ပြီးနောက် ညသပိတ်တွေ ပိုအားကောင်းလာတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးနားက မဝတ လမ်းဆုံမှာ ညသပိတ် ဆန္ဒပြနေတဲ့လူအုပ်စုကြီးကို စစ်တပ်နဲ့ရဲက ပစ်ခတ်မှုကြောင့် ကျည်ထိမှန် ဒဏ်ရာရသူ အနည်းဆုံး (၅)ဦးရှိပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတာကို ဖေ့စ်ဘွတ် Live ထုတ်လွှင့်မှုမှာ တွေ့ရပါတယ်။

" .... ဒဏ်ရာက တော်တော်ကြီးပါတယ်။ ကျောကနေ လုံးဝ အသားစတွေ ထွက်သွားတဲ့ အခြေအနေပါ။ အကုန်လုံးကတော့ သေနတ်ကျည် အစစ်နဲ့ ပစ်တာ ဖြစ်တဲ့အတွက် သူတို့ရဲ့ထိခိုက်မှုကတော့ အခုမြင်ရတဲ့ အတိုင်းပါပဲ။ ခေါင်းထိတယ် လည်ပင်းမှာထိထားတဲ့ လူငယ်တွေ စိုးရိမ်ရတဲ့ အနေအထားမျိုးမှာ တွေ့ရပါတယ်။ လက်ရှိမှာ ကျမအတည်ပြုရ သလောက် ကျမရဲ့ မျက်မြင်ကိုယ်တွေ့ကတော့ ၅ ယောက်ကို အတည်ပြုနိုင်ပါတယ်။ "

တောင်ဒဂုံမြို့နယ်မှာလည်း ညဖက် ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်နှိမ်းနင်းတာကြောင့် ဒဏ်ရာ အပြင်းထန်ရသူတွေ ရှိခဲ့ပြီး ၊ အသေအပျောက် ရှိတယ်လို့ ပြည်တွင်းသတင်းဌာန တချို့ ဓါတ်ပုံတွေနဲ့တကွ ဖေါ်ပြထားပေမယ့် VOA က သီးခြားအတည်ပြုနိုင်ဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

ဒေါပုံမြို့နယ်မှာလည်း ရာချီတဲ့လူတွေက လမ်းမကြီးကို ပိတ်ပြီး ထိုင်သပိတ်လုပ်နေတာကိုလည်း လူမှုကွန်ယက် မီဒီယာပေါ် တင်ထားတဲ့ ဗီဒီယိုမှာ မြင်ရပါတယ်။ ဒေါပုံမှာတော့ ပစ်ခတ်ဖြိုခွင်း ခံရတဲ့ သတင်းတော့ မရရှိသေးပါဘူး။

ဒါပေမဲ့ အင်းစိန်လမ်းမကြီးပေါ်က သံလမ်းတဝိုက်မှာတော့ ညသပိတ် ဖြိုခွင်း ခံရပြီး ထိခိုက်ကျဆုံးမှုရှိပေမယ့် ဘယ်နှယောက် သေဆုံး ဒဏ်ရာရတယ်ဆိုတဲ့ စာရင်းအတိအကျကို အတည်မပြုနိုင်သေးပါဘူး။

ရန်ကုန်တိုင်းအပြင် ဧရာဝတီတိုင်း ပုသိမ်မြို့မှာဆိုရင်လည်း ဥမ္မာဒန္တီရပ်ကွက်နေ ပြည်သူတွေ ညဘက်ဆန္ဒပြနေတာကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ဆန္ဒပြပြည်သူ တဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရတယ်လို့ ပုသိမ်မြို့ခံ မီဒီယာတွေမှာ ဖေါ်ပြပါတယ်။ ထိခိုက် သေဆုံးမှုစာရင်းကိုတော့ VOA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အလားတူ ပဲခူးမြို့မှာလည်း စစ်အာဏာသိမ်း ဆန့်ကျင်ရေး ညဘက် လူထုဆန္ဒပြပွဲတွေ ရှိခဲ့တာကို Live ထုတ်လွှင့်မှုတွေမှာ တွေ့ရပါတယ်။

အခုလို လူတွေကိုယ်တိုင်ထွက် ဟစ်ကြွေးဆန္ဒပြတဲ့ ညသပိတ်တွေ ရှိသလိုပဲ မြန်မာနိုင်ငံက တချို့မြို့နယ် တွေမှာဆိုရင် လူမပါပဲ ဆိုင်းဘုတ်တွေ ထောင် ၊ အသံသွင်းထားတဲ့ ကြွေးကြော်သံတွေ ဖွင့်ပြီး လူမဲ့သပိတ် တွေကိုလည်း ဆင်နွှဲနေတာ တွေ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG