သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယားျပည္နယ္မွာ ပါေမာကၡခ်ဳပ္ေတြကို ဖမ္းဆီးမႈ နည္းပညာဆရာ/ဆရာမအဖဲြ႔ခ်ဳပ္ ရႈတ္ခ်


လိြဳင္ေကာ္ကြန္ပ်ဴတာတကၠသုိလ္ (ဓါတ္ပုံ - TTF နည္းပညာဆိုင္ရာ ဆရာမ်ားအဖဲြ႔ခ်ဳပ္ facebook page )

[ Zawgyi / Unicode ]

လြိဳင္ေကာ္ၿမဳိ႕ စက္မႈ နည္းပညာဆိုင္ရာ တကၠသုိလ္နဲ႔ ေက်ာင္းေတြက ေက်ာင္းအုပ္ဆရာႀကီး (၃)ဦးကို မတ္လ (၁၀)ရက္ေန႔က ဖမ္းဆီးလိုက္ၿပီး ပုဒ္မ ၅၀၅(က)နဲ႔ တရားစဲြဆို ထားပါတယ္။ ေအးခ်မ္းစြာ ပညာသင္ၾကားေပးေနတဲ့ ဒီဆရာႀကီး (၃)ဦးကို အျမန္ျပန္လႊတ္ေပးဖို႔ ျမန္မာႏိုင္ငံ နည္းပညာဆိုင္ရာ ဆရာမ်ားအဖြဲ႔ခ်ဳပ္ (Technological Teachers' Federation - TTF) က ေတာင္းဆိုလိုက္ပါတယ္။ အေၾကာင္းစုံကို ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

ကယားျပည္နယ္မွာရွိတဲ့ နည္းပညာတကၠသိုလ္ (လြိဳင္ေကာ္)ရဲ႕ပါေမာကၡခ်ဳပ္ ေဒါက္တာ ေဇာ္ဝင္းေအာင္၊ ကြန္ပ်ဴတာ တကၠသိုလ္(လြိဳင္ေကာ္)ရဲ႕ ပါေမာကၡခ်ဳပ္ ေဒါက္တာေအာင္ျမင့္ေအးနဲ႔ အစိုးရစက္မႈလက္မႈသိပၸံ(လြိဳင္ေကာ္)ရဲ႕ ေက်ာင္းအုပ္ဆရာႀကီး ေဒါက္တာ ေဇာ္လင္းထြန္းတို႔ကို စစ္အုပ္ခ်ဳပ္ေရး ေကာင္စီက မတ္လ (၁၀)ရက္ေန႔မွာ ဖမ္းဆီးလိုက္ေၾကာင္း အမည္မေဖၚလိုတဲ့ နည္းပညာဆိုင္ရာ ဆရာဆရာမမ်ားအဖြဲ႔ခ်ဳပ္ (TTF)ရဲ႕ ေျပာခြင့္ရ ဆရာတဦးက VOA ကိုေျပာပါတယ္။

"လိြဳင္ေကာ္က နည္းပညာတကၠသိုလ္ ပါေမာကၡခ်ဳပ္ တာဝန္ထမ္းေဆာင္ေနတဲ့ ေဒါက္တာ ေဇာ္ဝင္းေအာင္ရယ္ ၊ ေနာက္ ကြန္ပ်ဴတာတကၠသိုလ္(လိြဳင္ေကာ္)က ပါေမာကၡခ်ဳပ္ တာဝန္ထမ္းေဆာင္ေနတဲ့ ေဒါက္တာ ေအာင္ျမင့္ေအးနဲ႔ ေနာက္တခုက အစိုးရ စက္မႈလက္မႈသိပၸံ(လိြဳင္ေကာ္)ရဲ႕ ေက်ာင္းအုပ္ႀကီးတာဝန္ယူထားတဲ့ ေဒါက္တာ ေဇာ္လင္းထြန္းေပါ့ေနာ္။ သူတို႔ သုံးဦးက မတ္လ ၁၀ ရက္ေန႔ညေန ကယားျပည္နယ္ရုံးမွာ အစည္းအေဝး တက္ဖုိ႔ ေခၚေတာ့ သြားတက္တာပါ။ ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ဖိတ္တယ္လို႔ က်ေနာ္တို႔ ၾကားပါတယ္။ အစည္းအေဝးတက္ၿပီး အဲဒီအစည္းအေဝးက အျပန္မွာ သူတို႔ကို ျပန္မလႊတ္ေတာ့ပဲ ထိန္းသိမ္းထားတာပါခင္ဗ်။ "

ဒီ ေက်ာင္းအုပ္ဆရာႀကီးေတြ အခုလို ဖမ္းဆီးခံရတာဟာ စစ္တပ္နဲ႔ရဲ တပ္ဖြဲ႔ဝင္ေတြက ေက်ာင္းပုရဝုဏ္ထဲ တပ္လာစဲြတာကို လက္မခံတဲ့ အခ်က္နဲ႔ ဆက္စပ္ေနတယ္လို႔ ေျပာခြင့္ရ ဆရာကဆိုပါတယ္။

" က်ေနာ္တို႔ သုံးသပ္မိတာက သူတို႔ကို ဖမ္းဆီး မထိန္းသိမ္းခင္ ရက္ပိုင္းအလိုမွာ ကြန္ပ်ဴတာ တကၠသိုလ္ေရာ ၊ နည္းပညာတကၠသိုလ္ေရာမွာ တပ္က လုံၿခဳံေရးအရဆိုၿပီး ေနရာလာယူတာ ရွိတယ္ေပါ့။ အဲလိုမ်ဳိး လာၿပီး ေနရာယူတဲ့ တပ္ေတြကို နည္းပညာတကၠသိုလ္ ပါခ်ဳပ္ေရာ၊ ကြန္ပ်ဴတာတကၠသိုလ္ ပါခ်ဳပ္ေရာက သူတို႔ေက်ာင္းေတြမွာ လုံၿခဳံေရးအရ တာဝန္ယူေပးဖို႔ မလိုအပ္ဘူးဆိုၿပီး ျပန္လႊတ္လိုက္တယ္။ အဲလို ျဖစ္စဥ္ေတာ့ ရွိခဲ့ဖူးတယ္။ သို႔ေသာ္ ဒီ ပါခ်ဳပ္ ၂ ေယာက္ရယ္ ေက်ာင္းအုပ္ႀကီး ၁ ေယာက္ရယ္က CDM လုပ္ေနတယ္လို႔ က်ေနာ္တို႔ မသတ္မွတ္ ထားဘူးေပါ့ေနာ္။ "

ေက်ာင္းအုပ္ႀကီး ၃ ဦးစလုံးကို ခုေတာ့ ပုဒ္မ (၅၀၅-က) နဲ႔ တရားစဲြထားေၾကာင္းလည္း ေျပာပါတယ္။

" အခု က်ေနာ္တို႔ ၾကားထားသေလာက္ သူတို႔ကို ပုဒ္မ ၅၀၅(က) (တပ္မေတာ္ၿပဳိကဲြေအာင္ လႈံ႔ေဆာ္မႈ / လုပ္ေဆာင္မႈ) နဲ႔စဲြတယ္ ။ နည္းပညာတကၠသိုလ္ ပါေမာကၡခ်ဳပ္ဆိုရင္ ပုဒ္မတခု ထပ္တုိးတယ္ ေျပာတယ္။ (၁၀၉)ပါ ပါတယ္တဲ့။ အဲဒါက စစ္တပ္နဲ႔ရဲကို တာဝန္ဝတၱရား ေႏွာက္ယွက္မႈနဲ႔ စဲြသလားလို႔ က်ေနာ္တို႔ သုံးသပ္မိတယ္ေပါ့။ ဒါေပမယ့္ ေသခ်ာ အတည္ျပဳႏိုင္ဖို႔ က်ေနာ္တို႔စုံစမ္းေနပါတယ္။ ေလာေလာဆယ္ သူတို႔ကို လိြဳင္ေကာ္ေထာင္မွာ ထိန္းသိမ္းထားတယ္လို႔ ၾကားသိရပါတယ္။ မတ္လ ၂၄ မွာ သူတို႔ကို ရမန္ရုံးခ်ိန္း ယူမယ္ၾကားရပါတယ္ခင္ဗ်။ "

လိြဳင္ေကာ္နည္းပညာတကၠသုိလ္
လိြဳင္ေကာ္နည္းပညာတကၠသုိလ္


လတ္တေလာမွာေတာ့ ဒီေက်ာင္းအုပ္ႀကီးေတြ ျပန္လည္ လြတ္ေျမာက္ေရးအတြက္ နည္းပညာဆိုင္ရာ ဆရာဆရာမမ်ားအဖြဲ႔ခ်ဳပ္က ေဆာင္ရြက္ေနေၾကာင္း ေျပာခြင့္ရဆရာက ဆိုပါတယ္။

" ေလာေလာဆယ္ ဒီေန႔ က်ေနာ္တို႔ လုပ္ေနတာက သက္ဆိုင္ရာ မိသားစုဝင္ေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ နယ္ေျမခံ ေရွ႕ေနေတြနဲ႔ ညႇိႏႈိင္းဖုိ႔အတြက္ က်ေနာ္တို႔ ေဆာင္ရြက္ေနပါတယ္။ ေနာက္တခုကေတာ့ သက္ဆိုင္ရာ ပညာေရးဝန္ႀကီးဌာန အဆင့္ျမင့္ပညာဦးစီးဌာန ညႊန္ၾကားေရးမႉးခ်ဳပ္ေတြ အေနနဲ႔ ဒီကိစၥေပၚမွာ လိုက္ပါ ကူညီ ေဆာင္ရြက္ေပးဖို႔ က်ေနာ္တို႔ ညႇိႏႈိင္းေနတာေတာ့ ရွိပါတယ္။ အဓိကေးေတာ့ သူတုိ႔ကို ဖမ္းဆီးထားတာကို ျပန္လႊတ္ေပးဖို႔အတြက္ က်ေနာ္တို႔ အတတ္ႏိုင္ဆုံး ႀကဳိးစားေနတာပါ။ ေျပာခ်င္တာကေတာ့ CDM လုပ္ေနတဲ့ ဆရာဆရာမေတြကို ထိတ္လန္႔သြားေအာင္ ေၾကာက္သြားေအာင္ လုပ္ျပတဲ့နမူနာလို႔ပဲ က်ေနာ္တို႔ မွတ္ယူတယ္။ ဒါေပမဲ့ ဆရာ-ဆရာမေတြကေတာ့ ေၾကာက္သြားမွာ မဟုတ္ဘူး။ ေအးခ်မ္းစြာ ပညာသင္ေပးဖို႔ တာဝန္ထမ္းေနတဲ့ ဆရာေတြကို မတရားသျဖင့္ ဖမ္းဆီးသြားတာမ်ဳိးကေတာ့ ဒါ က်ေနာ္တို႔ အေနနဲ႔ လုံးဝ လက္ခံႏိုင္စရာ မရွိဘူး။ "

ေဖေဖၚဝါရီ(၁)ရက္ေန႔ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း ခုခိ်န္ထိ ျမန္မာႏိုင္ငံမွာ ဖမ္းဆီးခံရသူ စုစုေပါင္း (၂၀၄၅) ဦးရွိတဲ့အနက္ (၃၁၉)ဦးက ျပန္လည္လြတ္ေျမာက္လာခဲ့ေပမယ့္ (၁၇၂၆ )ဦး ကေတာ့ ခုခ်ိန္ထိ ဖမ္းဆီးခံေနရဆဲ/ တရားရင္ဆုိင္ ေနရဆဲျဖစ္ကာ၊ (၃)ဦးကေတာ့ ေထာင္ဒဏ္ခ်ခံလုိက္ရတယ္လို႔ AAPP ေခၚ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းရဲ႕ စာရင္းျပဳစုခ်က္အရ သိရပါတယ္။

[ Unicode ]

ကယားပြည်နယ်မှာ ပါမောက္ခချုပ်တွေကို ဖမ်းဆီးမှု နည်းပညာဆရာ/ဆရာမအဖွဲ့ချုပ် ရှုတ်ချ

လွိုင်ကော်မြို့ စက်မှု နည်းပညာဆိုင်ရာ တက္ကသိုလ်နဲ့ ကျောင်းတွေက ကျောင်းအုပ်ဆရာကြီး (၃)ဦးကို မတ်လ (၁၀)ရက်နေ့က ဖမ်းဆီးလိုက်ပြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆို ထားပါတယ်။ အေးချမ်းစွာ ပညာသင်ကြားပေးနေတဲ့ ဒီဆရာကြီး (၃)ဦးကို အမြန်ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ် (Technological Teachers' Federation - TTF)က တောင်းဆိုလိုက်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။


ကယားပြည်နယ်မှာရှိတဲ့ နည်းပညာတက္ကသိုလ် (လွိုင်ကော်)ရဲ့ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝင်းအောင်၊ ကွန်ပျူတာ တက္ကသိုလ်(လွိုင်ကော်)ရဲ့ ပါမောက္ခချုပ် ဒေါက်တာအောင်မြင့်အေးနဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)ရဲ့ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ဇော်လင်းထွန်းတို့ကို စစ်အုပ်ချုပ်ရေး ကောင်စီက မတ်လ (၁၀)ရက်နေ့မှာ ဖမ်းဆီးလိုက်ကြောင်း အမည်မဖေါ်လိုတဲ့ နည်းပညာဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ် ပြောခွင့်ရ ဆရာတဦးက VOA ကိုပြောပါတယ်။

"လွိုင်ကော်က နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ ဇော်ဝင်းအောင်ရယ် ၊ နောက် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)က ပါမောက္ခချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ အောင်မြင့်အေးနဲ့ နောက်တခုက အစိုးရ စက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)ရဲ့ ကျောင်းအုပ်ကြီးတာဝန်ယူထားတဲ့ ဒေါက်တာ ဇော်လင်းထွန်းပေါ့နော်။ သူတို့ သုံးဦးက မတ်လ ၁၀ ရက်နေ့ညနေ ကယားပြည်နယ်ရုံးမှာ အစည်းအဝေး တက်ဖို့ ခေါ်တော့ သွားတက်တာပါ။ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ဖိတ်တယ်လို့ ကျနော်တို့ ကြားပါတယ်။ အစည်းအဝေးတက်ပြီး အဲဒီအစည်းအဝေးက အပြန်မှာ သူတို့ကို ပြန်မလွှတ်တော့ပဲ ထိန်းသိမ်းထားတာပါခင်ဗျ။ "

ဒီ ကျောင်းအုပ်ဆရာကြီးတွေ အခုလို ဖမ်းဆီးခံရတာဟာ စစ်တပ်နဲ့ရဲ တပ်ဖွဲ့ဝင်တွေက ကျောင်းပုရဝုဏ်ထဲ တပ်လာစွဲတာကို လက်မခံတဲ့ အချက်နဲ့ ဆက်စပ်နေတယ်လို့ ပြောခွင့်ရ ဆရာကဆိုပါတယ်။

" ကျနော်တို့ သုံးသပ်မိတာက သူတို့ကို ဖမ်းဆီး မထိန်းသိမ်းခင် ရက်ပိုင်းအလိုမှာ ကွန်ပျူတာ တက္ကသိုလ်ရော ၊ နည်းပညာတက္ကသိုလ်ရောမှာ တပ်က လုံခြုံရေးအရဆိုပြီး နေရာလာယူတာ ရှိတယ်ပေါ့။ အဲလိုမျိုး လာပြီး နေရာယူတဲ့ တပ်တွေကို နည်းပညာတက္ကသိုလ် ပါချုပ်ရော၊ ကွန်ပျူတာတက္ကသိုလ် ပါချုပ်ရောက သူတို့ကျောင်းတွေမှာ လုံခြုံရေးအရ တာဝန်ယူပေးဖို့ မလိုအပ်ဘူးဆိုပြီး ပြန်လွှတ်လိုက်တယ်။ အဲလို ဖြစ်စဉ်တော့ ရှိခဲ့ဖူးတယ်။ သို့သော် ဒီ ပါချုပ် ၂ ယောက်ရယ် ကျောင်းအုပ်ကြီး ၁ ယောက်ရယ်က CDM လုပ်နေတယ်လို့ ကျနော်တို့ မသတ်မှတ် ထားဘူးပေါ့နော်။ "

ကျောင်းအုပ်ကြီး ၃ ဦးစလုံးကို ခုတော့ ပုဒ်မ (၅၀၅-က) နဲ့ တရားစွဲထားကြောင်းလည်း ပြောပါတယ်။

" အခု ကျနော်တို့ ကြားထားသလောက် သူတို့ကို ပုဒ်မ ၅၀၅(က) (တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု / လုပ်ဆောင်မှု) နဲ့စွဲတယ် ။ နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဆိုရင် ပုဒ်မတခု ထပ်တိုးတယ် ပြောတယ်။ (၁၀၉)ပါ ပါတယ်တဲ့။ အဲဒါက စစ်တပ်နဲ့ရဲကို တာဝန်ဝတ္တရား နှောက်ယှက်မှုနဲ့ စွဲသလားလို့ ကျနော်တို့ သုံးသပ်မိတယ်ပေါ့။ ဒါပေမယ့် သေချာ အတည်ပြုနိုင်ဖို့ ကျနော်တို့စုံစမ်းနေပါတယ်။ လောလောဆယ် သူတို့ကို လွိုင်ကော်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ ကြားသိရပါတယ်။ မတ်လ ၂၄ မှာ သူတို့ကို ရမန်ရုံးချိန်း ယူမယ်ကြားရပါတယ်ခင်ဗျ။ "

လတ်တလောမှာတော့ ဒီကျောင်းအုပ်ကြီးတွေ ပြန်လည် လွတ်မြောက်ရေးအတွက် နည်းပညာဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ဆောင်ရွက်နေကြောင်း ပြောခွင့်ရဆရာက ဆိုပါတယ်။

" လောလောဆယ် ဒီနေ့ ကျနော်တို့ လုပ်နေတာက သက်ဆိုင်ရာ မိသားစုဝင်တွေနဲ့ ချိတ်ဆက်ပြီးတော့ နယ်မြေခံ ရှေ့နေတွေနဲ့ ညှိနှိုင်းဖို့အတွက် ကျနော်တို့ ဆောင်ရွက်နေပါတယ်။ နောက်တခုကတော့ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တွေ အနေနဲ့ ဒီကိစ္စပေါ်မှာ လိုက်ပါ ကူညီ ဆောင်ရွက်ပေးဖို့ ကျနော်တို့ ညှိနှိုင်းနေတာတော့ ရှိပါတယ်။ အဓိကေးတော့ သူတို့ကို ဖမ်းဆီးထားတာကို ပြန်လွှတ်ပေးဖို့အတွက် ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားနေတာပါ။ ပြောချင်တာကတော့ CDM လုပ်နေတဲ့ ဆရာဆရာမတွေကို ထိတ်လန့်သွားအောင် ကြောက်သွားအောင် လုပ်ပြတဲ့နမူနာလို့ပဲ ကျနော်တို့ မှတ်ယူတယ်။ ဒါပေမဲ့ ဆရာ-ဆရာမတွေကတော့ ကြောက်သွားမှာ မဟုတ်ဘူး။ အေးချမ်းစွာ ပညာသင်ပေးဖို့ တာဝန်ထမ်းနေတဲ့ ဆရာတွေကို မတရားသဖြင့် ဖမ်းဆီးသွားတာမျိုးကတော့ ဒါ ကျနော်တို့ အနေနဲ့ လုံးဝ လက်ခံနိုင်စရာ မရှိဘူး။ "

ဖေဖေါ်ဝါရီ(၁)ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ခုချိန်ထိ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရသူ စုစုပေါင်း (၂၀၄၅) ဦးရှိတဲ့အနက် (၃၁၉)ဦးက ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် (၁၇၂၆ )ဦး ကတော့ ခုချိန်ထိ ဖမ်းဆီးခံနေရဆဲ/ တရားရင်ဆိုင် နေရဆဲဖြစ်ကာ၊ (၃)ဦးကတော့ ထောင်ဒဏ်ချခံလိုက်ရတယ်လို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG