သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စက္႐ံုအလုပ္႐ံုအာလံုး သပိတ္ေမွာက္ၾကဖို႔ အလုပ္သမားသမဂၢေတြ ေဆာ္ၾသ


(Zawgyi/Unicode)

စစ္အာဏာသိမ္းမႈကုိ ဆန္႔က်င္ ကန္႔ကြက္တဲ့ လူထု ေတာင္းဆုိ ဆႏၵျပမႈေတြ ႏုိင္ငံအ၀ွမ္း အရွိန္ျမင့္ ျဖစ္ေပၚေနခ်ိန္မွာဘဲ အာဏာဖီဆန္ေရး သပိတ္လႈပ္ရွားမႈမွာ ပုဂၢလိက စက္႐ုံ၊ အလုပ္႐ုံက လုပ္သားေတြအားလုံး ပါဝင္လာဖို႔ အလုပ္သမား သမဂၢအဖြဲ႕အစည္းေတြ စုေပါင္းၿပီး တိုက္တြန္းလိုက္ၾကပါတယ္။

စီးပြားေရးတခုလုံး ရပ္တန႔္ဖို႔ ရည္႐ြယ္ၿပီး အၾကမ္းမဖက္ဘဲ အာဏာဖီဆန္တဲ့ သပိတ္လႈပ္ရွားမႈကို တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ဒီကေန႔ မတ္လ ၈ ရက္ေန႔ကေန စတင္လုပ္ေဆာင္ဖို႔ အလုပ္သမားအဖြဲ႕အစည္း ၂၀ ေက်ာ္က တိုက္တြန္းလိုက္တာပါ။

ႏိုင္ငံ့ဝန္ထမ္းေတြရဲ႕ အာဏာဖီဆန္ေရး လႈပ္ရွားမႈ CDM နဲ႔ ေက်ာင္းသားလူငယ္ေတြရဲ႕ သပိတ္အားေကာင္းေနၿပီး ပုဂၢလိက စက္႐ုံ၊ အလုပ္႐ုံေတြမွာ လုပ္ကိုင္ေနၾကတဲ့ အလုပ္သမားေတြလည္း ပါဝင္လာဖို႔လည္း အလုပ္သမားအဖြဲ႕အစည္းေတြက တိုက္တြန္းလိုက္တာပါ။ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အာဏာသိမ္းၿပီး ရက္ပိုင္းအတြင္းမွာပဲ အလုပ္သမား အဖြဲ႕အစည္းေပါင္းစုံ အစည္းအေဝးလုပ္ၿပီး အခုလို အစီအစဥ္ေတြ ေရးဆြဲခဲ့ေၾကာင္း ဗမာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမား သမဂၢမ်ားအဖြဲ႕အခ်ဳပ္ ဗဟိုစည္း႐ုံးေရး ေကာ္မတီဝင္ ကိုေက်ာ္ေက်ာ္က ေျပာပါတယ္။

“ က်ေနာ္တို႔ ဆုံးျဖတ္ထားတာ တခုရွိတယ္၊ မတ္လ ၂၇ ရက္မတိုင္ခင္ ႏိုင္ငံေတာ္ရဲ႕ ယႏၲရားအားလုံး ရပ္တန႔္ေရးကို က်ေနာ္တို႔ လႈပ္ရွားၾကမယ္ဆိုၿပီး ဆုံးျဖတ္ထားတာ ရွိတယ္။ တဖက္က CDM ဆိုတဲ့ဟာက အုပ္ခ်ဳပ္ေရး ယႏၲရား ရပ္တန႔္သြားေအာင္ လုပ္သလိုပဲ အလုပ္သမား အဖြဲ႕အစည္းေတြရဲ႕ လႈပ္ရွားမႈကလည္း စီးပြားေရး ယႏၲရားအားလုံး ရပ္တန႔္သြားေအာင္ လုပ္ဖို႔အတြက္ တြန္းအားတခု ျဖစ္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။”

စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အာဏာရယူၿပီးေနာက္ပိုင္း ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီတခ်ိဳ႕ဟာ ျပည္တြင္းလုပ္ငန္းေတြကို ရပ္တန႔္လိုက္ပါတယ္။ ျပည္တြင္း အထည္ခ်ဳပ္အပါအဝင္ ကုန္ထုတ္လုပ္ငန္းတခ်ိဳ႕ကလည္း ဝန္ထမ္းအင္အားနည္းသြားေၾကာင့္ လည္ပတ္ဖို႔ အခက္အခဲႀကဳံေနရပါတယ္။

ေဖေဖာ္ဝါရီလဆန္းကတည္းက လစာမဲ့ ခြင့္ေပးထားတဲ့ စက္မႈဇုံ စက္႐ုံအမ်ားစုက မတ္လဆန္းမွာ ျပန္ဖြင့္ၾကပါတယ္။ ျပည္ပ ကုန္အမွာေတြက ေလးလပိုင္း ျမန္မာႏွစ္ကူး ကာလအထိပဲ ရွိေနၿပီး လက္တေလာ အေျခအေနေတြေၾကာင့္ သၾကၤန္ေနာက္ပိုင္း လုပ္ငန္းအေျခအေနကို မွန္းလို႔မရေၾကာင္း ေ႐ြလင္ပန္းစက္မႈဇုံ ဥကၠ႒ ဦးေအးေသာင္းက ဗြီအိုေအကို ေျပာပါတယ္။ ဒီရက္ပိုင္းမွာေတာ့ သြားေရးလာေရးကအစ ခက္ခဲမႈေတြရွိေနလို႔ စက္႐ုံေတြမွာ လုပ္သားအင္အား ထက္ဝက္ေလာက္ ေလ်ာ့က်သြားေၾကာင္း သူကေျပာပါတယ္။

“ ဒါကိုယ္ပိုင္ဆႏၵအရဘာျဖစ္ခ်င္လဲ ဆႏၵသြားျပခ်င္တာညႇိ၊ စက္႐ုံ HR ေတြနဲ႔ညႇိ၊ မန္ေနဂ်ာေတြနဲ႔ညႇိ၊ ညႇိလို႔မရရင္ တာဝန္ခံေတြနဲ႔ညႇိ၊ ညႇိလို႔မရရင္ ေနာက္ဘိတ္ဆုံး သူေဌးနဲ႔ညႇိေပါ့ေနာ္၊ လုံးဝမရဘူး ဆိုရင္ေတာ့ က်ေနာ္တို႔ ဇုံ႐ုံးကလူေတြ လာညႇိေပးၾကတာေပါ့ဗ်ာ။ ဘာျဖစ္လို႔လဲဆိုေတာ့ CMP ( လက္ခစားအထည္ခ်ဳပ္) ရဲ႕သဘာဝက အေလ်ာ္အစား ရွိတာကိုး။ ေအာ္ဒါတခုယူထားတယ္ဆို ဘယ္ေန႔တင္ရမယ္ဆိုတဲ့ target က ရွိၿပီးသား။ ေနာက္ပိုင္းက ယုံၾကည္မႈ နည္းလာတယ္ဆိုရင္ေတာ့ ေအာ္ဒါက တျဖည္းျဖည္းနဲ႔ ေပ်ာက္သြားမွာေပါ့ ဒါကေတာ့ သဘာဝကိုး။ က်ေနာ္ျမင္ေနတာကေတာ့ လတ္တေလာ သၾကၤန္အထိကေတာ့ ေအာ္ဒါေတြက ရွိၾကေသးတာေပါ့၊ သြားေတာ့ သြားေနၾကေသးတာေပါ့ ရာႏႈန္းျပည့္ေတာ့ ဘယ္စက္႐ုံမွ မလည္ႏိုင္ဘူးေပါ့။ ဥပမာ လူ ၁၀၀၀ ရွိတဲ့စက္႐ုံက လူ ၅၀၀ ေလာက္လာတယ္၊ လူ ၂၀၀၀ ရွိတဲ့စက္႐ုံက လူ ၁၀၀၀ ေလာက္ပဲလာတယ္၊ ၅၀ ရာခိုင္ႏႈန္းေလာက္ကေတာ့ လာၾကပါတယ္။ “

စက္႐ုံလုပ္သားေတြလည္း သပိတ္လႈပ္ရွားမႈမွာ အသီးသီးပါဝင္လာေနၾကတာမွာ တခ်ိဳ႕ကေတာ့ အခက္အခဲေတြေၾကာင့္ အလုပ္ကထြက္ၿပီး ေနရပ္ကို ျပန္ေနၾကပါတယ္။

“ ရန္ကုန္မွာေနတဲ့ စက္႐ုံဝန္ထမ္းေတြကေတာ့ ဒီလမွာ လစာေတြနည္းၾကတယ္၊ အိမ္လစာေတြရွိတယ္ေပါ့၊ စားဝတ္ေနေရးရွိတယ္၊ လုံးဝအဆင္မေျပ ၾကပါဘူး။ နယ္ကို ဒီလ ၅ ရက္ လစာထုတ္ၿပီး ေနာက္ပိုင္း နယ္ျပန္တဲ့သူေတြ မ်ားပါတယ္ရွင့္။”

လႈိင္သာယာက စက္႐ုံအလုပ္သမားတဦး ေျပာသြားတာပါ။

စက္႐ုံအမ်ားစုရွိတဲ့ လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ ဒဂုံဆိပ္ကမ္း ဒီေနရာေတြမွာ လူငယ္ေတြရဲ႕ သပိတ္လႈပ္ရွားမႈေတြ ဆက္အားေကာင္းေနပါတယ္။ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အာဏယူထားတဲ့ တလေက်ာ္အတြင္းမွာ သပိတ္လႈပ္ရွားမႈေတြကို ၿဖိဳခြဲတာမွာ ေသဆုံးသူ ၅၀ ေက်ာ္နဲ႔ ဖမ္းဆီးထိန္းသိမ္း ခံရသူ ၂,၀၀၀ နီးပါးရွိလာတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

စက်ရုံအလုပ်ရုံအာလုံး သပိတ်မှောက်ကြဖို့ အလုပ်သမားသမဂ္ဂတွေ ဆော်သြ

(Unicode)

စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်တဲ့ လူထု တောင်းဆို ဆန္ဒပြမှုတွေ နိုင်ငံအဝှမ်း အရှိန်မြင့် ဖြစ်ပေါ်နေချိန်မှာဘဲ အာဏာဖီဆန်ရေး သပိတ်လှုပ်ရှားမှုမှာ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံက လုပ်သားတွေအားလုံး ပါဝင်လာဖို့ အလုပ်သမား သမဂ္ဂအဖွဲ့အစည်းတွေ စုပေါင်းပြီး တိုက်တွန်းလိုက်ကြပါတယ်။

စီးပွားရေးတခုလုံး ရပ်တန့်ဖို့ ရည်ရွယ်ပြီး အကြမ်းမဖက်ဘဲ အာဏာဖီဆန်တဲ့ သပိတ်လှုပ်ရှားမှုကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီကနေ့ မတ်လ ၈ ရက်နေ့ကနေ စတင်လုပ်ဆောင်ဖို့ အလုပ်သမားအဖွဲ့အစည်း ၂၀ ကျော်က တိုက်တွန်းလိုက်တာပါ။

နိုင်ငံ့ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM နဲ့ ကျောင်းသားလူငယ်တွေရဲ့ သပိတ်အားကောင်းနေပြီး ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေလည်း ပါဝင်လာဖို့လည်း အလုပ်သမားအဖွဲ့အစည်းတွေက တိုက်တွန်းလိုက်တာပါ။ စစ်အုပ်ချုပ်ရေးကောင်စီ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ အလုပ်သမား အဖွဲ့အစည်းပေါင်းစုံ အစည်းအဝေးလုပ်ပြီး အခုလို အစီအစဉ်တွေ ရေးဆွဲခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့အချုပ် ဗဟိုစည်းရုံးရေး ကော်မတီဝင် ကိုကျော်ကျော်က ပြောပါတယ်။

“ ကျနော်တို့ ဆုံးဖြတ်ထားတာ တခုရှိတယ်၊ မတ်လ ၂၇ ရက်မတိုင်ခင် နိုင်ငံတော်ရဲ့ ယန္တရားအားလုံး ရပ်တန့်ရေးကို ကျနော်တို့ လှုပ်ရှားကြမယ်ဆိုပြီး ဆုံးဖြတ်ထားတာ ရှိတယ်။ တဖက်က CDM ဆိုတဲ့ဟာက အုပ်ချုပ်ရေး ယန္တရား ရပ်တန့်သွားအောင် လုပ်သလိုပဲ အလုပ်သမား အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုကလည်း စီးပွားရေး ယန္တရားအားလုံး ရပ်တန့်သွားအောင် လုပ်ဖို့အတွက် တွန်းအားတခု ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”

စစ်အုပ်ချုပ်ရေးကောင်စီ အာဏာရယူပြီးနောက်ပိုင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတချို့ဟာ ပြည်တွင်းလုပ်ငန်းတွေကို ရပ်တန့်လိုက်ပါတယ်။ ပြည်တွင်း အထည်ချုပ်အပါအဝင် ကုန်ထုတ်လုပ်ငန်းတချို့ကလည်း ဝန်ထမ်းအင်အားနည်းသွားကြောင့် လည်ပတ်ဖို့ အခက်အခဲကြုံနေရပါတယ်။

ဖေဖော်ဝါရီလဆန်းကတည်းက လစာမဲ့ ခွင့်ပေးထားတဲ့ စက်မှုဇုံ စက်ရုံအများစုက မတ်လဆန်းမှာ ပြန်ဖွင့်ကြပါတယ်။ ပြည်ပ ကုန်အမှာတွေက လေးလပိုင်း မြန်မာနှစ်ကူး ကာလအထိပဲ ရှိနေပြီး လက်တလော အခြေအနေတွေကြောင့် သင်္ကြန်နောက်ပိုင်း လုပ်ငန်းအခြေအနေကို မှန်းလို့မရကြောင်း ရွေလင်ပန်းစက်မှုဇုံ ဥက္ကဋ္ဌ ဦးအေးသောင်းက ဗွီအိုအေကို ပြောပါတယ်။ ဒီရက်ပိုင်းမှာတော့ သွားရေးလာရေးကအစ ခက်ခဲမှုတွေရှိနေလို့ စက်ရုံတွေမှာ လုပ်သားအင်အား ထက်ဝက်လောက် လျော့ကျသွားကြောင်း သူကပြောပါတယ်။

“ ဒါကိုယ်ပိုင်ဆန္ဒအရဘာဖြစ်ချင်လဲ ဆန္ဒသွားပြချင်တာညှိ၊ စက်ရုံ HR တွေနဲ့ညှိ၊ မန်နေဂျာတွေနဲ့ညှိ၊ ညှိလို့မရရင် တာဝန်ခံတွေနဲ့ညှိ၊ ညှိလို့မရရင် နောက်ဘိတ်ဆုံး သူဌေးနဲ့ညှိပေါ့နော်၊ လုံးဝမရဘူး ဆိုရင်တော့ ကျနော်တို့ ဇုံရုံးကလူတွေ လာညှိပေးကြတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ CMP ( လက်ခစားအထည်ချုပ်) ရဲ့သဘာဝက အလျော်အစား ရှိတာကိုး။ အော်ဒါတခုယူထားတယ်ဆို ဘယ်နေ့တင်ရမယ်ဆိုတဲ့ target က ရှိပြီးသား။ နောက်ပိုင်းက ယုံကြည်မှု နည်းလာတယ်ဆိုရင်တော့ အော်ဒါက တဖြည်းဖြည်းနဲ့ ပျောက်သွားမှာပေါ့ ဒါကတော့ သဘာဝကိုး။ ကျနော်မြင်နေတာကတော့ လတ်တလော သင်္ကြန်အထိကတော့ အော်ဒါတွေက ရှိကြသေးတာပေါ့၊ သွားတော့ သွားနေကြသေးတာပေါ့ ရာနှုန်းပြည့်တော့ ဘယ်စက်ရုံမှ မလည်နိုင်ဘူးပေါ့။ ဥပမာ လူ ၁၀၀၀ ရှိတဲ့စက်ရုံက လူ ၅၀၀ လောက်လာတယ်၊ လူ ၂၀၀၀ ရှိတဲ့စက်ရုံက လူ ၁၀၀၀ လောက်ပဲလာတယ်၊ ၅၀ ရာခိုင်နှုန်းလောက်ကတော့ လာကြပါတယ်။ “

စက်ရုံလုပ်သားတွေလည်း သပိတ်လှုပ်ရှားမှုမှာ အသီးသီးပါဝင်လာနေကြတာမှာ တချို့ကတော့ အခက်အခဲတွေကြောင့် အလုပ်ကထွက်ပြီး နေရပ်ကို ပြန်နေကြပါတယ်။

“ ရန်ကုန်မှာနေတဲ့ စက်ရုံဝန်ထမ်းတွေကတော့ ဒီလမှာ လစာတွေနည်းကြတယ်၊ အိမ်လစာတွေရှိတယ်ပေါ့၊ စားဝတ်နေရေးရှိတယ်၊ လုံးဝအဆင်မပြေ ကြပါဘူး။ နယ်ကို ဒီလ ၅ ရက် လစာထုတ်ပြီး နောက်ပိုင်း နယ်ပြန်တဲ့သူတွေ များပါတယ်ရှင့်။”

လှိုင်သာယာက စက်ရုံအလုပ်သမားတဦး ပြောသွားတာပါ။

စက်ရုံအများစုရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း ဒီနေရာတွေမှာ လူငယ်တွေရဲ့ သပိတ်လှုပ်ရှားမှုတွေ ဆက်အားကောင်းနေပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီ အာဏယူထားတဲ့ တလကျော်အတွင်းမှာ သပိတ်လှုပ်ရှားမှုတွေကို ဖြိုခွဲတာမှာ သေဆုံးသူ ၅၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံရသူ ၂,၀၀၀ နီးပါးရှိလာတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG