သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CDM လႈပ္ရွားမႈမွာ ပူးေပါင္းပါ၀င္သူ ျမန္မာသံ႐ုံး၀န္ထမ္းေတြ ပိုမ်ားလာ


ဂ်ာမဏီနိုင္ငံ ဘာလင္ျမိဳ ့ရွိ ျမန္မာသံရံုး

(Zawgyi/Unicode)

ႏိုင္ငံတကာမွာရွိၾကတဲ့ ျမန္မာသံ႐ုံးဝန္ထမ္းေတြ တေန႔ထက္တေန႔ CDM လႈပ္ရွားမႈထဲ ပါဝင္လာေနရာမွာ ဂ်ာမနီႏိုင္ငံ ဘာလင္ျမဳိ႕မွာရွိတဲ့ ျမန္မာသံ႐ုံး ဝန္ထမ္းတခ်ဳိ႕နဲ႔ အစၥေရးႏိုင္ငံ တဲလ္အဗစ္ျမဳိ႕ ျမန္မာသံ႐ုံးက အရာရွိတခ်ဳိ႕လည္း ေသာၾကာေန႔ကစၿပီး ႐ုံးမတက္ေတာ့ပဲ အရပ္သားအစိုးရ ေပၚလာမွသာ အလုပ္ျပန္ဆင္းမယ္လို႔ ေျပာဆိုလိုက္ၾကတဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။


အစၥေရးႏိုင္ငံ တဲလ္အဗစ္ျမဳိ႕ ျမန္မာသံ႐ုံးမွာ သံအမတ္ႀကီး ဦးေမာင္ေမာင္လင္း အပါအဝင္ ပထမအတြင္းဝန္၊ ဒုတိယအတြင္းဝန္နဲ ့သံအရာရွိ (၃)ဦးသာရွိတဲ့အနက္ ဒုတိယအတြင္းဝန္ ဦးေကာင္းထက္က CDM လို႔ေခၚတဲ့ အၾကမ္းမဖက္ အာဏာဖီဆန္ေရး လႈပ္ရွားမႈထဲ ပါဝင္လာတာပါ။ သူဘာေၾကာင့္ အခုလို CDM လုပ္ရသလဲ ဆိုတဲ့အေၾကာင္း VOA ကို ရွင္းျပပါတယ္။

“ ဘာျဖစ္လို ့က်ေနာ္ CDM movement မွာ ပါ၀င္လည္းဆိုေတာ့ ေဖာေဖာ္၀ါရီလ ၁ ရက္ေန ့အာဏာသိမ္းျဖစ္စဥ္မွာ ဒီဟာသည္ နိုင္ငံေတာ္အတြက္ အက်ိဳးမရွိေစဘူး။ တရား မမွ်တဘူးလို ့ယူဆတဲ့ အတြက္ေၾကာင့္ေသာ္လည္းေကာင္း၊ ျပီသြားေတာ့ ေနာက္တခုက က်ေနာ္တို ့ျပည္သူျပည္သားေတြ ျငိမ္းခ်မ္းစြာ ဆႏၵျပေနတဲ့ အေနအထားကို အၾကမ္းဖက္ျဖိဳခြင္းတဲ့ အေျခအေနေတြကို က်ေနာ့္အေနနဲ႔ လက္သင့္မခံနိုင္ဘူး။ အဲဒါေတြေၾကာင့္ က်ေနာ္ CDM movement မွာ ပါ၀င္ခဲ့ျခင္းျဖစ္ပါတယ္ခင္ဗ်။ ဒီလို CDM လုပ္တဲ့အတြက္ စိန္ေခၚမႈေတြနဲ႔ ပက္သက္ျပီးေတာ့လည္း က်ေနာ္အရင္ထဲက ၾကိဳျပီးေတြးထားပါတယ္ ။ ဒီၾကားထဲမွာလည္း ကိုယ္ေတြးထားတာထက္ ပိုတဲ့ မေမွ်ာ္လင့္တဲ့ အေနအထားေတြ၊ တံု ့ျပန္မႈေတြကိုလည္း ရင္ဆိုင္ရမယ္လို႔လည္း က်ေနာ္ထင္ပါတယ္ခင္ဗ်။ အဲဒီအတြက္ကို က်ေနာ္ တကိုယ္ရည္အတြက္ေသာ္လည္းေကာင္း၊ အမ်ားနဲ ့ေပါင္းျပီးေတာ့ေသာ္လည္းေကာင္း က်ေနာ္ျပင္ဆင္သြားဖို ့အစီအစဥ္ေတြရွိပါတယ္”

အေမရိကန္ျပည္ေထာင္စု ေလာ့စ္အိမ္းဂ်လိစ္ျမဳိ႕ ျမန္မာေကာင္စစ္ဝန္႐ုံးက ပထမအတြင္းဝန္ျဖစ္တဲ့ ဦးေအာင္ေက်ာ္ႏိုင္ကလည္း ေဖေဖၚဝါရီ (၅)ရက္ ေသာၾကာေန႔ကစလို႔ ႐ုံးမတက္ပဲ CDM လုပ္လိုက္ၿပီျဖစ္ေၾကာင္း ေျပာပါတယ္။

“CDM လုပ္ရတာကေတာ့ စစ္အုပ္စု စစ္အာဏာသိမ္းထားတာအျမန္ဆံုး က်ဆံုးဖို႔နဲ ့ဒီ အာဏာသိမ္း စစ္အုပ္စုရဲ့ ယႏၱယားကို ရပ္တန္႔သြားေစဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ ့က်ေနာ္က လုပ္မွာပါ။ အဲဒီေတာ့ ရံံုးကေတာ့ မသြားေတာ့ဘူးေပါ့ေလ။ ျပည္သူ ့အာဏာ ျပည္သူ႔အစိုးရ လက္ထဲေပါ့ေလ ျပန္ေရာက္တဲ့အထိ က်ေနာ္တို႔က ဒီဟာ လုပ္ရမွာေပါ့ေလ။ က်ေနာ္တို႔က ဒီၾကားထဲမွာလည္း ဘယ္လိုျဖစ္လာမလဲဆိုတာ ေမွ်ာ္မွန္းလို႔ေတာ့ မရဘူးေပါ့ေလ။ အဲလိုေတာ့ ရွိတာေပါ့။ ”

နယူးေယာက္ျမဳိ႕ ကုလသမဂၢဌာနခ်ဳပ္ဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက သူ႔အေနနဲ႔ NLD အရပ္သား အစိုးရအတြက္သာ တာဝန္ခံ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ေဖေဖၚဝါရီ (၂၆)ရက္ေန႔ ကုလသမဂၢအေထြေထြညီလာခံမွာ ေၾကညာလိုက္ၿပီး ေနာက္ပိုင္း ျမန္မာသံတမန္ဝန္ထမ္းေတြ တေယာက္ၿပီးတေယာက္ CDM လုပ္ရွားမႈထဲ ပါဝင္လာၾကတာ ေတြ႕ရပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ လုပ္သက္(၁၆)ႏွစ္ ရွိခဲ့ၿပီျဖစ္တဲ့ ေဒၚျမတ္ဇာဇာခိုင္ဟာ ဂ်ာမနီႏိုင္ငံ ဘာလင္ျမဳိ႕ ျမန္မာသံ႐ုံးက ဝန္ထမ္းတဦး ျဖစ္ပါတယ္။ သူဘာေၾကာင့္ CDM လႈပ္ရွားမႈထဲ ပါဝင္လာရသလဲဆိုတာကို ေျပာျပပါတယ္။

“ဒီစစ္အာဏာသိမ္း အုပ္စုကေနျပီးေတာ့ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔မွာ နိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ အေမေဒၚေအာင္ဆန္းစုၾကည္၊ သမၼတၾကီး ဦး၀င္းျမင့္၊ ဒီလိုမ်ဳိးေခါင္းေဆာင္ေတြအျပင္ ဒီမိုကေရစီနည္းအရ ေရြးေကာက္တင္ေျမွာက္ထားတဲ့ ျပည္သူကိုယ္စားလွယ္ေတြ၊ ေနာက္ျပီးေတာ့ လူထုေခါင္းေဆာင္ေတြ၊ အဲဒီလို လူပုဂၢိဳလ္ေတြကို ဥပေဒမဲ့ ဖမ္းဆီးတယ္။ က်မတို ့ျပည္သူလူထုေတြဟာဆိုရင္ မခံမရပ္နိုင္ ျဖစ္ၾကတယ္။ အကုန္လံုးဟာ လမ္းေပၚထြက္ျပီးေတာ့ ျငိမ္းျငိမ္းခ်မ္းခ်မ္း ဆႏၵျပၾကတယ္။ ဒါေတြအကုန္လံုးဟာဆိုရင္ ကိုယ့္ရဲ့ အသက္ကိုေတာင္ မငဲ့ပဲနဲ ့လမ္းေပၚထြက္ျပီးေတာ့ ကိုယ့္ရဲ့ ဆႏၵကိုေဖာ္ထုတ္ၾကတယ္။ က်မတို ့အကုန္လံုးဟာဆိုလို ့ရွိရင္ ဒီျဖစ္စဥ္ၾကီးမွာ ျပည္သူတေယာက္အေနနဲ ့တသားထဲ ခံစားရတယ္ေပါ့ေနာ္။ က်မဆိုလို ့ရွိရင္ ဒီ ၁ ရက္ေန႔ ထဲကေနျပီးေတာ့ ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္တယ္။ ကိုယ္လည္း ယူၾကံဳးမရျဖစ္တယ္ေပါ့ေနာ္။ ဒီျဖစ္ရပ္ေတြ အကုန္လံုးဟာဆိုလို ့ရွိရင္ က်မတို ့CDM လုပ္ဖို ့အတြက္ တြန္းအားပါပဲ။ ဒီဟာ အဓိက အခ်က္ပဲေပါ့ေနာ္။ က်မတို႔ရဲ႕ လူထုေခါင္းေဆာင္ကို ျပန္လႊတ္ရမယ္။ က်မတို႔ရဲ႕ ေခါင္းေဆာင္ေတြကေနျပီးေတာ့ စနစ္တက်အုပ္ခ်ဳပ္တဲ့ အစိုးရကိုပဲ ေမွ်ာ္လင့္ပါတယ္။

အလားတူ ႏိုင္ငံျခားေရးဌာနမွာ လုပ္သက္(၂၃)ႏွစ္ရွိၿပီး လက္ရွိ ဘာလင္ျမန္မာသံ႐ုံးမွာ တတိယအတြင္းဝန္ယူထားတဲ့ ေဒၚေခ်ာကလ်ာနဲ႔ ေနာက္ထပ္ တတိယအတြင္းဝန္ျဖစ္တဲ့ ဦးမ်ဳိးထက္ဆန္း တို႔ကလည္း CDM လႈပ္ရွားမႈထဲ ပါဝင္လာၾကၿပီျဖစ္ပါတယ္။

ဘာလင္ျမဳိ႕ ျမန္မာသံ႐ုံးမွာ သံအမတ္ႀကီး ေဒၚရင္ရင္ျမင့္ အပါအဝင္ သံအရာရွိနဲ႔ဝန္ထမ္း စုစုေပါင္း (၇)ဦးရွိတဲ့အနက္ (၃)ဦးက CDM လုပ္ၾကတာ ျဖစ္ပါတယ္။

ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံးမွာ သံအမႈထမ္း (၅)ဦး ( ဦးဇင္ဖုန္းတင့္၊ ေဒၚသက္ထားျမရည္စံ၊ ေဒၚၾကဴၾကဴျမင့္၊ ဦးေက်ာ္စြာထြန္း၊ ေဒၚစုစုေအာင္) က မတ္လ(၄)ရက္ကစၿပီး ႐ုံးတက္ရင္း CDM လုပ္ေဆာင္ေနၾကသလို၊ ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာျမဳိ႕ ျမန္မာသံ႐ုံးက သံ႐ုံးဝန္ထမ္း (၃)ဦး (ပထမအတြင္းဝန္ မေထြးၾတာနႏၵီ၊ ပထမအတြင္းဝန္ မခိုင္စႏၵီဝင္းမင္း ၊ ဒုတိယအတြင္းဝန္ မခင္ခ်မ္းေျမ႕)တို႔ကလည္း မတ္လ (၄)ရက္ေန႔မွာ CDM လႈပ္ရွားမႈထဲ ပါဝင္လာၾကတာ ျဖစ္ပါတယ္။

........................................................

တိုက္႐ိုက္ လင့္ခ္


CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်သူ မြန်မာသံရုံးဝန်ထမ်းတွေ ပိုများလာ

(Unicode)

နိုင်ငံတကာမှာရှိကြတဲ့ မြန်မာသံရုံးဝန်ထမ်းတွေ တနေ့ထက်တနေ့ CDM လှုပ်ရှားမှုထဲ ပါဝင်လာနေရာမှာ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ မြန်မာသံရုံး ဝန်ထမ်းတချို့နဲ့ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ မြန်မာသံရုံးက အရာရှိတချို့လည်း သောကြာနေ့ကစပြီး ရုံးမတက်တော့ပဲ အရပ်သားအစိုးရ ပေါ်လာမှသာ အလုပ်ပြန်ဆင်းမယ်လို့ ပြောဆိုလိုက်ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။


အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ မြန်မာသံရုံးမှာ သံအမတ်ကြီး ဦးမောင်မောင်လင်း အပါအဝင် ပထမအတွင်းဝန်၊ ဒုတိယအတွင်းဝန်နဲ့သံအရာရှိ (၃)ဦးသာရှိတဲ့အနက် ဒုတိယအတွင်းဝန် ဦးကောင်းထက်က CDM လို့ခေါ်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုထဲ ပါဝင်လာတာပါ။ သူဘာကြောင့် အခုလို CDM လုပ်ရသလဲ ဆိုတဲ့အကြောင်း VOA ကို ရှင်းပြပါတယ်။

“ ဘာဖြစ်လို့ကျနော် CDM movement မှာ ပါဝင်လည်းဆိုတော့ ဖောဖော်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းဖြစ်စဉ်မှာ ဒီဟာသည် နိုင်ငံတော်အတွက် အကျိုးမရှိစေဘူး။ တရား မမျှတဘူးလို့ယူဆတဲ့ အတွက်ကြောင့်သော်လည်းကောင်း၊ ပြီသွားတော့ နောက်တခုက ကျနော်တို့ပြည်သူပြည်သားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ အနေအထားကို အကြမ်းဖက်ဖြိုခွင်းတဲ့ အခြေအနေတွေကို ကျနော့်အနေနဲ့ လက်သင့်မခံနိုင်ဘူး။ အဲဒါတွေကြောင့် ကျနော် CDM movement မှာ ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျ။ ဒီလို CDM လုပ်တဲ့အတွက် စိန်ခေါ်မှုတွေနဲ့ ပက်သက်ပြီးတော့လည်း ကျနော်အရင်ထဲက ကြိုပြီးတွေးထားပါတယ် ။ ဒီကြားထဲမှာလည်း ကိုယ်တွေးထားတာထက် ပိုတဲ့ မမျှော်လင့်တဲ့ အနေအထားတွေ၊ တုံ့ပြန်မှုတွေကိုလည်း ရင်ဆိုင်ရမယ်လို့လည်း ကျနော်ထင်ပါတယ်ခင်ဗျ။ အဲဒီအတွက်ကို ကျနော် တကိုယ်ရည်အတွက်သော်လည်းကောင်း၊ အများနဲ့ပေါင်းပြီးတော့သော်လည်းကောင်း ကျနော်ပြင်ဆင်သွားဖို့အစီအစဉ်တွေရှိပါတယ်”

အမေရိကန်ပြည်ထောင်စု လော့စ်အိမ်းဂျလိစ်မြို့ မြန်မာကောင်စစ်ဝန်ရုံးက ပထမအတွင်းဝန်ဖြစ်တဲ့ ဦးအောင်ကျော်နိုင်ကလည်း ဖေဖေါ်ဝါရီ (၅)ရက် သောကြာနေ့ကစလို့ ရုံးမတက်ပဲ CDM လုပ်လိုက်ပြီဖြစ်ကြောင်း ပြောပါတယ်။

“CDM လုပ်ရတာကတော့ စစ်အုပ်စု စစ်အာဏာသိမ်းထားတာအမြန်ဆုံး ကျဆုံးဖို့နဲ့ဒီ အာဏာသိမ်း စစ်အုပ်စုရဲ့ ယန္တယားကို ရပ်တန့်သွားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကျနော်က လုပ်မှာပါ။ အဲဒီတော့ ရံုံးကတော့ မသွားတော့ဘူးပေါ့လေ။ ပြည်သူ့အာဏာ ပြည်သူ့အစိုးရ လက်ထဲပေါ့လေ ပြန်ရောက်တဲ့အထိ ကျနော်တို့က ဒီဟာ လုပ်ရမှာပေါ့လေ။ ကျနော်တို့က ဒီကြားထဲမှာလည်း ဘယ်လိုဖြစ်လာမလဲဆိုတာ မျှော်မှန်းလို့တော့ မရဘူးပေါ့လေ။ အဲလိုတော့ ရှိတာပေါ့။ ”

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့အနေနဲ့ NLD အရပ်သား အစိုးရအတွက်သာ တာဝန်ခံ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဖေဖေါ်ဝါရီ (၂၆)ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကြေညာလိုက်ပြီး နောက်ပိုင်း မြန်မာသံတမန်ဝန်ထမ်းတွေ တယောက်ပြီးတယောက် CDM လုပ်ရှားမှုထဲ ပါဝင်လာကြတာ တွေ့ရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လုပ်သက်(၁၆)နှစ် ရှိခဲ့ပြီဖြစ်တဲ့ ဒေါ်မြတ်ဇာဇာခိုင်ဟာ ဂျာမနီနိုင်ငံ ဘာလင်မြို့ မြန်မာသံရုံးက ဝန်ထမ်းတဦး ဖြစ်ပါတယ်။ သူဘာကြောင့် CDM လှုပ်ရှားမှုထဲ ပါဝင်လာရသလဲဆိုတာကို ပြောပြပါတယ်။

“ဒီစစ်အာဏာသိမ်း အုပ်စုကနေပြီးတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်၊ ဒီလိုမျိုးခေါင်းဆောင်တွေအပြင် ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူကိုယ်စားလှယ်တွေ၊ နောက်ပြီးတော့ လူထုခေါင်းဆောင်တွေ၊ အဲဒီလို လူပုဂ္ဂိုလ်တွေကို ဥပဒေမဲ့ ဖမ်းဆီးတယ်။ ကျမတို့ပြည်သူလူထုတွေဟာဆိုရင် မခံမရပ်နိုင် ဖြစ်ကြတယ်။ အကုန်လုံးဟာ လမ်းပေါ်ထွက်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြတယ်။ ဒါတွေအကုန်လုံးဟာဆိုရင် ကိုယ့်ရဲ့ အသက်ကိုတောင် မငဲ့ပဲနဲ့လမ်းပေါ်ထွက်ပြီးတော့ ကိုယ့်ရဲ့ ဆန္ဒကိုဖော်ထုတ်ကြတယ်။ ကျမတို့အကုန်လုံးဟာဆိုလို့ရှိရင် ဒီဖြစ်စဉ်ကြီးမှာ ပြည်သူတယောက်အနေနဲ့တသားထဲ ခံစားရတယ်ပေါ့နော်။ ကျမဆိုလို့ရှိရင် ဒီ ၁ ရက်နေ့ ထဲကနေပြီးတော့ တော်တော်လေး စိတ်မကောင်းဖြစ်တယ်။ ကိုယ်လည်း ယူကြုံးမရဖြစ်တယ်ပေါ့နော်။ ဒီဖြစ်ရပ်တွေ အကုန်လုံးဟာဆိုလို့ရှိရင် ကျမတို့CDM လုပ်ဖို့အတွက် တွန်းအားပါပဲ။ ဒီဟာ အဓိက အချက်ပဲပေါ့နော်။ ကျမတို့ရဲ့ လူထုခေါင်းဆောင်ကို ပြန်လွှတ်ရမယ်။ ကျမတို့ရဲ့ ခေါင်းဆောင်တွေကနေပြီးတော့ စနစ်တကျအုပ်ချုပ်တဲ့ အစိုးရကိုပဲ မျှော်လင့်ပါတယ်။

အလားတူ နိုင်ငံခြားရေးဌာနမှာ လုပ်သက်(၂၃)နှစ်ရှိပြီး လက်ရှိ ဘာလင်မြန်မာသံရုံးမှာ တတိယအတွင်းဝန်ယူထားတဲ့ ဒေါ်ချောကလျာနဲ့ နောက်ထပ် တတိယအတွင်းဝန်ဖြစ်တဲ့ ဦးမျိုးထက်ဆန်း တို့ကလည်း CDM လှုပ်ရှားမှုထဲ ပါဝင်လာကြပြီဖြစ်ပါတယ်။

ဘာလင်မြို့ မြန်မာသံရုံးမှာ သံအမတ်ကြီး ဒေါ်ရင်ရင်မြင့် အပါအဝင် သံအရာရှိနဲ့ဝန်ထမ်း စုစုပေါင်း (၇)ဦးရှိတဲ့အနက် (၃)ဦးက CDM လုပ်ကြတာ ဖြစ်ပါတယ်။

ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ သံအမှုထမ်း (၅)ဦး ( ဦးဇင်ဖုန်းတင့်၊ ဒေါ်သက်ထားမြရည်စံ၊ ဒေါ်ကြူကြူမြင့်၊ ဦးကျော်စွာထွန်း၊ ဒေါ်စုစုအောင်) က မတ်လ(၄)ရက်ကစပြီး ရုံးတက်ရင်း CDM လုပ်ဆောင်နေကြသလို၊ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မြန်မာသံရုံးက သံရုံးဝန်ထမ်း (၃)ဦး (ပထမအတွင်းဝန် မထွေးတြာနန္ဒီ၊ ပထမအတွင်းဝန် မခိုင်စန္ဒီဝင်းမင်း ၊ ဒုတိယအတွင်းဝန် မခင်ချမ်းမြေ့)တို့ကလည်း မတ်လ (၄)ရက်နေ့မှာ CDM လှုပ်ရှားမှုထဲ ပါဝင်လာကြတာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG