သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Los Angeles ၿမိဳ႕ ျမန္မာေကာင္စစ္၀န္ရုံးခ်ဳပ္က ပထမအတြင္း၀န္ CDM မွာ ပါ၀င္ 


Los Angeles ၿမိဳ႕ ျမန္မာေကာင္စစ္၀န္ရုံးခ်ဳပ္က ပထမအတြင္း၀န္ ဦးေအာင္ေက်ာ္ႏုိင္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္ကို ဆန္႔က်င္ေနၾကတဲ့ CDM လႈပ္ရွားမႈမွာ အေမရိကန္ေရာက္ သံ႐ုံး၀န္ထမ္းေတြ ပါ၀င္လာေနၾကတာမွာ အခုေနာက္ဆုံး ကာလီဖုိးနီးယားျပည္နယ္ Los Angeles ၿမိဳ႕က ျမန္မာ ေကာင္စစ္၀န္ရုံးခ်ဳပ္မွာ ပထမအတြင္း၀န္အျဖစ္ တာ၀န္ထမ္းေဆာင္ေနတဲ့ ဦးေအာင္ေက်ာ္ႏုိင္လည္း မတ္လ ၅ ရက္၊ ေသာၾကာေန႔က စၿပီး CDM လႈပ္ရွားမွာ ပါ၀င္လာၿပီ ျဖစ္ပါတယ္။ အေမရိကန္ႏုိင္ငံ၊ နယူးေယာက္ၿမိဳ႕မွာရွိတဲ့ ကုလသမဂၢဆုိင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မုိးထြန္းအပါအ၀င္ ၀ါရွင္တန္ ဒီစီၿမိဳ႕မွာရွိတဲ့ ျမန္မာသံရုံး၀န္ထမ္း ၆ ဦး၊ Los Angeles ၿမိဳ႕ ေကာင္စစ္၀န္ရုံးက တျခား ၀န္ထမ္းတဦးတုိ႔ CDM မွာ ပူးေပါင္း ပါ၀င္လာၾကၿပီးတဲ့ေနာက္ ဦးေအာင္ေက်ာ္ႏုိင္လဲ အခုလုိ ပါ၀င္လာတာ ျဖစ္ပါတယ္။ ဦးေအာင္ေက်ာ္ႏုိင္ကုိ ကုိေဇာ္၀င္းလႈိင္က ဆက္သြယ္ ေမးျမန္းထားပါတယ္။

ဦးေအာင္ေက်ာ္ႏုိင္။ ။ ေဖေဖာ္၀ါရီ ၁ ရက္ေန႔ကေနစၿပီး စစ္အာဏာသိမ္းခဲ့တယ္ ။ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းမွာ က်ေနာ္တုိ႔ ျပည္သူေတြနဲ႔ အထူးသျဖင့္ Generation Z ဒီလူငယ္ေတြကေနၿပီးေတာ့ ၿငိမ္းခ်မ္းစြာ ဆႏၵျပၾကတယ္ေပါ့ဗ်ာ။ ျမန္မာႏိုင္ငံမွာ ဆႏၵေဖာ္ထုတ္ၾကတယ္ စစ္အာဏာသိမ္းတာ အလုိမရွိဘူးဆိုၿပီးေတာ့ အဲလို ဆႏၵေဖာ္ထုတ္ၾကတာကို စစ္အာဏာသိမ္း အုပ္စုက ဒီလူငယ္ေတြကို ရက္ရက္စက္စက္ သတ္ျဖတ္ႏိွမ္နင္းတာေတြေပါ့ဗ်ာ ၊ တုတ္ေတြနဲ႔ရိုက္၊ စႏိုက္ပါေတြနဲ႔ ပစ္၊ သတ္ျဖတ္တာေတြက ျဖစ္လာေတာ့ ျဖစ္လာတဲ့အေျခအေနက တေန႔တျခား ပိုၿပီးေတာ့ ဆိုးလာတယ္ ။ ပိုၿပီး ဆိုးလာတဲ့အခ်ိန္မွာ ဒီ မတ္လ ၃ ရက္ေန႔က ျဖစ္တဲ့ဟာကို ၾကည့္ရတဲ့အခါက်ေတာ့ ေတာ္ေတာ္ေလးကို က်ေနာ္တို႔မွာ ရင္ထဲမွာ မခံစားႏိုင္ေတာ့ဘူးဗ်။ အဲလို မခံစားႏိုင္ေတာ့တဲ့အခါက်ေတာ့ အဲဒီလို ျဖစ္ၿပီးေတာ့ က်ေနာ္ဆံုးျဖတ္လိုက္ရတာေပါ့ CDM လုပ္ဖို႔ကို ဟုတ္ကဲ့။

ကုိေဇာ္၀င္းလႈိင္။ ။ ဦးေအာင္ေက်ာ္ႏုိင္ ေျပာတာကေတာ့ ဒီ မတ္လ ၃ ရက္ေန႔က ေနာက္ဆံုးျဖစ္သြားတဲ့ အၾကမ္းဖက္ ၿဖိဳခြဲမႈေၾကာင့္ ဒီဆံုးျဖတ္ခ်က္ ခ်ဖို႔ျဖစ္သြားတယ္ေပါ့ CDM လုပ္ဖို႔က။

ဦးေအာင္ေက်ာ္ႏုိင္။ ။ ဟုတ္ကဲ့ ေရွ႕ပိုင္းမွာလည္း ျဖစ္ေတာ့ ျဖစ္ေနတာေပါ့ေလ ဒါေပမယ့္ စဥ္းစားေနတာေပ့ါ။ ဒါေတြကေတာ့ ေတာ္ေတာ္အေျခအေနဆိုးလာတဲ့အခါက်ေတာ့ က်ေနာ္တို႔ ရင္ထဲမွာ ဘယ္လိုမွ ခံစားလို႔ မရေတာ့ဘူးေပါ့ဗ်ာ ။ ဒါလူတိုင္းလည္း ဒီလိုျဖစ္မယ္ဆိုတာ က်ေနာ္ ထင္ပါတယ္ ယံုၾကည္ပါတယ္ ဟုတ္။

ကုိေဇာ္၀င္းလႈိင္။ ။ ဦးေအာင္ေက်ာ္ႏုိင္ အခုဆံုးျဖတ္ခ်က္ေတာ့ ခ်လိုက္ၿပီေပါ့ေနာ္ အခုဒါ ေရွ႕ေလွ်ာက္ေရာ ဒီဟာႀကီးက ရွင္းရွင္းေျပာရရင္ေတာ့ ဒီမိုကေရစီ လႈပ္ရွားမႈက ဘယ္ေလာက္အထိ ၾကာမလဲ ၊ ျမန္မလား ေႏွးမလားဆိုတာ ဘယ္သူမွ အတိအက် မေျပာႏိုင္ဘူးေလ ဆိုေတာ့ ဦးေအာင္ေက်ာ္ႏုိင္က ဘယ္ေလာက္အထိ စိတ္ပိုင္းျဖတ္ထားပါသလဲ ဒါကို CDM လုပ္ဖို႔အတြက္ေလ။

ဦးေအာင္ေက်ာ္ႏုိင္။ ။ CDM လုပ္ရတာကေတာ့ စစ္အာဏာသိမ္းတာ အျမန္ဆံုး က်ဆံုးဖို႔နဲ႔ အာဏာသိမ္း စစ္အုပ္စုရဲ႕ ယႏၱရားကို ရပ္တန္႔သြားဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ က်ေနာ္က စၿပီးေတာ့ ဒီေန႔လုပ္တာေတာ့ မဟုတ္ပါဘူး ၊ မနက္ျဖန္မွ က်ေနာ္ စလုပ္မွာပါ။ အဲဒီေတာ့ ရံုးကေတာ့ မသြားေတာ့ဘူးေပါ့ေလ ျပည္သူ႔အာဏာ ျပည္သူ႕အစိုးရလက္ထဲ ျပန္ေရာက္တဲ့အထိ က်ေနာ္တို႔က ဒါ လုပ္ရမွာေပါ့ေလ။ က်ေနာ္တို႔ ၾကားထဲမွာလည္း ဘယ္လိုျဖစ္လာမယ္ဆိုတာေတာ့ ဘာမွ မေမွ်ာ္မွန္းလို႔ မရပါဘူး အဲလိုေတာ့ ရွိတာေပါ့။

ကုိေဇာ္၀င္းလႈိင္။ ။ ဟုတ္ကဲ့ စစ္အာဏာရွင္စနစ္ႀကီး ျပဳတ္က်သြားတဲ့အထိ အၿပီးတိုင္အထိ ဆက္လက္ၿပီးေတာ့ လုပ္ေဆာင္သြားဖို႔ ဆံုးျဖတ္ခ်က္ ခ်ထားတယ္ေပါ့။

ဦးေအာင္ေက်ာ္ႏုိင္။ ။ ဟုတ္ကဲ့ပါ။

ကုိေဇာ္၀င္းလႈိင္။ ။ ဒီ Los Angeles ကပဲ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ဦးေအာင္ေက်ာ္ႏုိင္သိတဲ့အတိုင္း ေဒၚျမျမၾကည္လည္း CDM လုပ္ထားတယ္ဆိုေတာ့ ဦးေအာင္ေက်ာ္ႏုိင္ တို႔ ရံုးကဆိုရင္ ၂ ေယာက္ရွိၿပီေပါ့ေနာ္။ ဆိုေတာ့ ဦးေအာင္ေက်ာ္ႏုိင္ အခုလို ဆံုးျဖတ္ခ်က္ခ်တဲ့ေနရာမွာ ကိုယ့္လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း ၊ အထက္အရာရွိနဲ႔ျဖစ္ျဖစ္ ေပါ့ေနာ္ တိုင္ပင္ေဆြးေႏြးတာေတြေရာ ရွိခဲ့သလား။

ဦးေအာင္ေက်ာ္ႏုိင္။ ။ က်ေနာ္တို႔က အဲဒါကိုေတာ့ ဒီလိုျဖစ္ေနတယ္ ဒါႀကီးက ခံစားလို႔မရဘူးဆိုတာေလာက္ေတာ့ က်ေနာ္တို႔ အခ်င္းခ်င္းေတာ့ ေျပာတာေပါ့ေနာ္။ ဒါေပမယ့္ က်ေနာ္ ဒီလိုမ်ိဳးလုပ္သြားေတာ့ ဘယ္သူမွ က်ေနာ္မတိုင္ပင္ဘူး က်ေနာ္လုပ္မယ္ဆိုတာကေတာ့ က်ေနာ္မေျပာဘူးေလ။ လုပ္လုိက္ၿပီဆိုမွ ငါေတာ့ ဒီလို လုပ္လိုက္ၿပီ ၊ မနက္ျဖန္ ငါရံုးမတက္ဘူး ဒါပဲ က်ေနာ္ေျပာထားလိုက္တယ္။

ကုိေဇာ္၀င္းလႈိင္။ ။ ဦးေအာင္ေက်ာ္ႏုိင္ကေတာ့ ဒီေသာၾကာေန႔ကစၿပီးေတာ့ ရံုးမတက္ေတာ့ဘူး ကိုယ့္ CDM လုပ္ငန္းကို စတင္အေကာင္အထည္ေဖာ္ၿပီ ၊ ကိုယ့္တဦးတေယာက္အေနနဲ႔ပဲ။

ဦးေအာင္ေက်ာ္ႏုိင္။ ။ ဟုတ္ကဲ့ အေရွ႕မွာလည္း မျမၾကည္ကလည္း သူစလုပ္တဲ့ေန႔ကေန စၿပီး သူလည္း ရံုးလာမတက္ဘူး။ ရံုးကေတာ့ လိုက္ၿပီးေတာ့ ရံုးျပန္တက္ဖို႔ဆိုၿပီးေတာ့ ေခၚတယ္ေပါ့ေလ ။ ဒါေပမယ့္ သူ ရံုးလာမတက္ဘူးေပါ့ေနာ္ အဲလိုအေျခအေနဆိုေတာ့ က်ေနာ့္ကိုလည္း မနက္ျဖန္က်ေတာ့ က်ေနာ့္ကို ဘာဆက္ေျပာလာမလဲဆုိတာကို က်ေနာ္ ေစာင့္ၾကည့္ရမွာေပါ့ေလ။ ေလာေလာလတ္လတ္ကေတာ့ ျပန္ရံုးတက္ဖို႔အစီအစဥ္ မရွိေသးပါဘူး။

ကုိေဇာ္၀င္းလႈိင္။ ။ ဆိုေတာ့ ဦးေအာင္ေက်ာ္ႏိုင္ အခုလို ကိုယ့္ဆံုးျဖတ္ခ်က္နဲ႔ လုပ္လိုက္တဲ့အတြက္ အဆိုးဆံုးဘာျဖစ္ႏိုင္မယ္လို႔ တြက္မိထားသလဲ။ အခုဆိုရင္ CDM လုပ္တဲ့အတြက္ အလုပ္ျပဳတ္ႏိုင္တယ္ေပါ့ေနာ္ ျမန္မာျပည္ထဲမွာလည္း ၀န္ထမ္းေတြကို အဲလို ဖိအားေပးတာေတြ ဘာေတြ ဦးေအာင္ေက်ာ္ႏုိင္ တို႔လည္း ၾကားသိေနမွာေပါ့ ။ ဆိုေတာ့ ကိုယ္ဒီမွာရွိေနတဲ့ ကိုယ့္ရာထူးတာ၀န္ေတြ ဆံုးရံႈးသြားႏိုင္တယ္၊ ကိုယ့္ မိသားစုအေနနဲ႔ ႏိုင္ငံျခားမွာ အခက္အခဲေတြ ရင္ဆိုင္ရႏိုင္တယ္ဆိုတဲ့ အေတြးမ်ိဳးေတြေရာ ရွိခဲ့သလား။

ဦးေအာင္ေက်ာ္ႏုိင္။ ။ ဟုတ္ကဲ့ ရွိပါတယ္ခင္ဗ်ာ၊ ဒါကေတာ့ က်ေနာ့္ရာထူး ဆံုးရံႈးသြားႏိုင္တဲ့အေျခအေနအထိ ေတြးထားပါတယ္။ က်န္တဲ့အခက္အခဲေတြလည္း ရွိလာႏိုင္ပါတယ္၊ ရွိမယ္လို႔ က်ေနာ္ ေမွ်ာ္မွန္းထားပါတယ္။ ဒါကေတာ့ က်ေနာ္ၾကံဳလာသမွ် ျဖစ္လာသမွ်ကို က်ေနာ္ ရင္ဆိုင္ရမွာ ေပါ့ေလ။

ကုိေဇာ္၀င္းလႈိင္။ ။ CDM လုပ္ဖို႔အတြက္ ဆံုးျဖတ္ခ်က္ မခ်ခင္မွာျဖစ္ျဖစ္၊ အခု ဆံုးျဖတ္ခ်က္ ခ်ၿပီးတဲ့အခါမွာျဖစ္ျဖစ္၊ အခု ျမန္မာျပည္ထဲမွာ ဖြဲ႔ထားတဲ့ CRPH နဲ႔ ဒါမွမဟုတ္လည္း CRPH ႏိုင္ငံတကာရံုးနဲ႔ ဆက္သြယ္မႈရွိသလား အဆက္အသြယ္ရွိသလား သူတို႔နဲ႔ စကားေျပာတာေတြ ဘာေတြရွိပါသလား။

ဦးေအာင္ေက်ာ္ႏုိင္။ ။ အခုအခ်ိန္အထိေတာ့ က်ေနာ္မရွိေသးပါဘူး ဟုတ္ကဲ့

ကုိေဇာ္၀င္းလႈိင္။ ။ ဆက္သြယ္ဖို႔ အစီအစဥ္ေရာ ရွိလားခင္ဗ်။

ဦးေအာင္ေက်ာ္ႏုိင္။ ။ ဆက္သြယ္ဖို႔ကေတာ့ က်ေနာ္လည္း ဘယ္လို ေျပာရမွန္းမသိဘူးခင္ဗ် ၊ က်ေနာ့္မွာ ဖုန္း Contact ေတြဘာေတြ ေလာေလာလတ္လတ္ေတာ့ မရွိေသးဘူးခင္ဗ်။

CDM လႈပ္ရွားမႈမွာ ပူးေပါင္းပါ၀င္ခဲ့တဲ့ Los Angeles ျမန္မာ ေကာင္စစ္၀န္ရုံးခ်ဳပ္က ပထမအတြင္း၀န္ ဦးေအာင္ေက်ာ္ႏုိင္ ကို ဆက္သြယ္ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


................

Los Angeles မြို့ မြန်မာကောင်စစ်ဝန်ရုံးချုပ်က ပထမအတွင်းဝန် CDM မှာ ပါဝင်

(Unicode)

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်နေကြတဲ့ CDM လှုပ်ရှားမှုမှာ အမေရိကန်ရောက် သံရုံးဝန်ထမ်းတွေ ပါဝင်လာနေကြတာမှာ အခုနောက်ဆုံး ကာလီဖိုးနီးယားပြည်နယ် Los Angeles မြို့က မြန်မာ ကောင်စစ်ဝန်ရုံးချုပ်မှာ ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးအောင်ကျော်နိုင်လည်း မတ်လ ၅ ရက်၊ သောကြာနေ့က စပြီး CDM လှုပ်ရှားမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် ဝါရှင်တန် ဒီစီမြို့မှာရှိတဲ့ မြန်မာသံရုံးဝန်ထမ်း ၆ ဦး၊ Los Angeles မြို့ ကောင်စစ်ဝန်ရုံးက တခြား ဝန်ထမ်းတဦးတို့ CDM မှာ ပူးပေါင်း ပါဝင်လာကြပြီးတဲ့နောက် ဦးအောင်ကျော်နိုင်လဲ အခုလို ပါဝင်လာတာ ဖြစ်ပါတယ်။ ဦးအောင်ကျော်နိုင်ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးအောင်ကျော်နိုင်။ ။ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစပြီး စစ်အာဏာသိမ်းခဲ့တယ် ။ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ ပြည်သူတွေနဲ့ အထူးသဖြင့် Generation Z ဒီလူငယ်တွေကနေပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်ပေါ့ဗျာ။ မြန်မာနိုင်ငံမှာ ဆန္ဒဖော်ထုတ်ကြတယ် စစ်အာဏာသိမ်းတာ အလိုမရှိဘူးဆိုပြီးတော့ အဲလို ဆန္ဒဖော်ထုတ်ကြတာကို စစ်အာဏာသိမ်း အုပ်စုက ဒီလူငယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းတာတွေပေါ့ဗျာ ၊ တုတ်တွေနဲ့ရိုက်၊ စနိုက်ပါတွေနဲ့ ပစ်၊ သတ်ဖြတ်တာတွေက ဖြစ်လာတော့ ဖြစ်လာတဲ့အခြေအနေက တနေ့တခြား ပိုပြီးတော့ ဆိုးလာတယ် ။ ပိုပြီး ဆိုးလာတဲ့အချိန်မှာ ဒီ မတ်လ ၃ ရက်နေ့က ဖြစ်တဲ့ဟာကို ကြည့်ရတဲ့အခါကျတော့ တော်တော်လေးကို ကျနော်တို့မှာ ရင်ထဲမှာ မခံစားနိုင်တော့ဘူးဗျ။ အဲလို မခံစားနိုင်တော့တဲ့အခါကျတော့ အဲဒီလို ဖြစ်ပြီးတော့ ကျနော်ဆုံးဖြတ်လိုက်ရတာပေါ့ CDM လုပ်ဖို့ကို ဟုတ်ကဲ့။

ကိုဇော်ဝင်းလှိုင်။ ။ ဦးအောင်ကျော်နိုင် ပြောတာကတော့ ဒီ မတ်လ ၃ ရက်နေ့က နောက်ဆုံးဖြစ်သွားတဲ့ အကြမ်းဖက် ဖြိုခွဲမှုကြောင့် ဒီဆုံးဖြတ်ချက် ချဖို့ဖြစ်သွားတယ်ပေါ့ CDM လုပ်ဖို့က။

ဦးအောင်ကျော်နိုင်။ ။ ဟုတ်ကဲ့ ရှေ့ပိုင်းမှာလည်း ဖြစ်တော့ ဖြစ်နေတာပေါ့လေ ဒါပေမယ့် စဉ်းစားနေတာပေ့ါ။ ဒါတွေကတော့ တော်တော်အခြေအနေဆိုးလာတဲ့အခါကျတော့ ကျနော်တို့ ရင်ထဲမှာ ဘယ်လိုမှ ခံစားလို့ မရတော့ဘူးပေါ့ဗျာ ။ ဒါလူတိုင်းလည်း ဒီလိုဖြစ်မယ်ဆိုတာ ကျနော် ထင်ပါတယ် ယုံကြည်ပါတယ် ဟုတ်။

ကိုဇော်ဝင်းလှိုင်။ ။ ဦးအောင်ကျော်နိုင် အခုဆုံးဖြတ်ချက်တော့ ချလိုက်ပြီပေါ့နော် အခုဒါ ရှေ့လျှောက်ရော ဒီဟာကြီးက ရှင်းရှင်းပြောရရင်တော့ ဒီမိုကရေစီ လှုပ်ရှားမှုက ဘယ်လောက်အထိ ကြာမလဲ ၊ မြန်မလား နှေးမလားဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူးလေ ဆိုတော့ ဦးအောင်ကျော်နိုင်က ဘယ်လောက်အထိ စိတ်ပိုင်းဖြတ်ထားပါသလဲ ဒါကို CDM လုပ်ဖို့အတွက်လေ။

ဦးအောင်ကျော်နိုင်။ ။ CDM လုပ်ရတာကတော့ စစ်အာဏာသိမ်းတာ အမြန်ဆုံး ကျဆုံးဖို့နဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ ယန္တရားကို ရပ်တန့်သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်က စပြီးတော့ ဒီနေ့လုပ်တာတော့ မဟုတ်ပါဘူး ၊ မနက်ဖြန်မှ ကျနော် စလုပ်မှာပါ။ အဲဒီတော့ ရုံးကတော့ မသွားတော့ဘူးပေါ့လေ ပြည်သူ့အာဏာ ပြည်သူ့အစိုးရလက်ထဲ ပြန်ရောက်တဲ့အထိ ကျနော်တို့က ဒါ လုပ်ရမှာပေါ့လေ။ ကျနော်တို့ ကြားထဲမှာလည်း ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ ဘာမှ မမျှော်မှန်းလို့ မရပါဘူး အဲလိုတော့ ရှိတာပေါ့။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ စစ်အာဏာရှင်စနစ်ကြီး ပြုတ်ကျသွားတဲ့အထိ အပြီးတိုင်အထိ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ချက် ချထားတယ်ပေါ့။

ဦးအောင်ကျော်နိုင်။ ။ ဟုတ်ကဲ့ပါ။

ကိုဇော်ဝင်းလှိုင်။ ။ ဒီ Los Angeles ကပဲ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဦးအောင်ကျော်နိုင်သိတဲ့အတိုင်း ဒေါ်မြမြကြည်လည်း CDM လုပ်ထားတယ်ဆိုတော့ ဦးအောင်ကျော်နိုင် တို့ ရုံးကဆိုရင် ၂ ယောက်ရှိပြီပေါ့နော်။ ဆိုတော့ ဦးအောင်ကျော်နိုင် အခုလို ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ကိုယ့်လုပ်ဖော်ကိုင်ဖက်အချင်းချင်း ၊ အထက်အရာရှိနဲ့ဖြစ်ဖြစ် ပေါ့နော် တိုင်ပင်ဆွေးနွေးတာတွေရော ရှိခဲ့သလား။

ဦးအောင်ကျော်နိုင်။ ။ ကျနော်တို့က အဲဒါကိုတော့ ဒီလိုဖြစ်နေတယ် ဒါကြီးက ခံစားလို့မရဘူးဆိုတာလောက်တော့ ကျနော်တို့ အချင်းချင်းတော့ ပြောတာပေါ့နော်။ ဒါပေမယ့် ကျနော် ဒီလိုမျိုးလုပ်သွားတော့ ဘယ်သူမှ ကျနော်မတိုင်ပင်ဘူး ကျနော်လုပ်မယ်ဆိုတာကတော့ ကျနော်မပြောဘူးလေ။ လုပ်လိုက်ပြီဆိုမှ ငါတော့ ဒီလို လုပ်လိုက်ပြီ ၊ မနက်ဖြန် ငါရုံးမတက်ဘူး ဒါပဲ ကျနော်ပြောထားလိုက်တယ်။

ကိုဇော်ဝင်းလှိုင်။ ။ ဦးအောင်ကျော်နိုင်ကတော့ ဒီသောကြာနေ့ကစပြီးတော့ ရုံးမတက်တော့ဘူး ကိုယ့် CDM လုပ်ငန်းကို စတင်အကောင်အထည်ဖော်ပြီ ၊ ကိုယ့်တဦးတယောက်အနေနဲ့ပဲ။

ဦးအောင်ကျော်နိုင်။ ။ ဟုတ်ကဲ့ အရှေ့မှာလည်း မမြကြည်ကလည်း သူစလုပ်တဲ့နေ့ကနေ စပြီး သူလည်း ရုံးလာမတက်ဘူး။ ရုံးကတော့ လိုက်ပြီးတော့ ရုံးပြန်တက်ဖို့ဆိုပြီးတော့ ခေါ်တယ်ပေါ့လေ ။ ဒါပေမယ့် သူ ရုံးလာမတက်ဘူးပေါ့နော် အဲလိုအခြေအနေဆိုတော့ ကျနော့်ကိုလည်း မနက်ဖြန်ကျတော့ ကျနော့်ကို ဘာဆက်ပြောလာမလဲဆိုတာကို ကျနော် စောင့်ကြည့်ရမှာပေါ့လေ။ လောလောလတ်လတ်ကတော့ ပြန်ရုံးတက်ဖို့အစီအစဉ် မရှိသေးပါဘူး။

ကိုဇော်ဝင်းလှိုင်။ ။ ဆိုတော့ ဦးအောင်ကျော်နိုင် အခုလို ကိုယ့်ဆုံးဖြတ်ချက်နဲ့ လုပ်လိုက်တဲ့အတွက် အဆိုးဆုံးဘာဖြစ်နိုင်မယ်လို့ တွက်မိထားသလဲ။ အခုဆိုရင် CDM လုပ်တဲ့အတွက် အလုပ်ပြုတ်နိုင်တယ်ပေါ့နော် မြန်မာပြည်ထဲမှာလည်း ဝန်ထမ်းတွေကို အဲလို ဖိအားပေးတာတွေ ဘာတွေ ဦးအောင်ကျော်နိုင် တို့လည်း ကြားသိနေမှာပေါ့ ။ ဆိုတော့ ကိုယ်ဒီမှာရှိနေတဲ့ ကိုယ့်ရာထူးတာဝန်တွေ ဆုံးရှုံးသွားနိုင်တယ်၊ ကိုယ့် မိသားစုအနေနဲ့ နိုင်ငံခြားမှာ အခက်အခဲတွေ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ အတွေးမျိုးတွေရော ရှိခဲ့သလား။

ဦးအောင်ကျော်နိုင်။ ။ ဟုတ်ကဲ့ ရှိပါတယ်ခင်ဗျာ၊ ဒါကတော့ ကျနော့်ရာထူး ဆုံးရှုံးသွားနိုင်တဲ့အခြေအနေအထိ တွေးထားပါတယ်။ ကျန်တဲ့အခက်အခဲတွေလည်း ရှိလာနိုင်ပါတယ်၊ ရှိမယ်လို့ ကျနော် မျှော်မှန်းထားပါတယ်။ ဒါကတော့ ကျနော်ကြုံလာသမျှ ဖြစ်လာသမျှကို ကျနော် ရင်ဆိုင်ရမှာ ပေါ့လေ။

ကိုဇော်ဝင်းလှိုင်။ ။ CDM လုပ်ဖို့အတွက် ဆုံးဖြတ်ချက် မချခင်မှာဖြစ်ဖြစ်၊ အခု ဆုံးဖြတ်ချက် ချပြီးတဲ့အခါမှာဖြစ်ဖြစ်၊ အခု မြန်မာပြည်ထဲမှာ ဖွဲ့ထားတဲ့ CRPH နဲ့ ဒါမှမဟုတ်လည်း CRPH နိုင်ငံတကာရုံးနဲ့ ဆက်သွယ်မှုရှိသလား အဆက်အသွယ်ရှိသလား သူတို့နဲ့ စကားပြောတာတွေ ဘာတွေရှိပါသလား။

ဦးအောင်ကျော်နိုင်။ ။ အခုအချိန်အထိတော့ ကျနော်မရှိသေးပါဘူး ဟုတ်ကဲ့

ကိုဇော်ဝင်းလှိုင်။ ။ ဆက်သွယ်ဖို့ အစီအစဉ်ရော ရှိလားခင်ဗျ။

ဦးအောင်ကျော်နိုင်။ ။ ဆက်သွယ်ဖို့ကတော့ ကျနော်လည်း ဘယ်လို ပြောရမှန်းမသိဘူးခင်ဗျ ၊ ကျနော့်မှာ ဖုန်း Contact တွေဘာတွေ လောလောလတ်လတ်တော့ မရှိသေးဘူးခင်ဗျ။

CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ Los Angeles မြန်မာ ကောင်စစ်ဝန်ရုံးချုပ်က ပထမအတွင်းဝန် ဦးအောင်ကျော်နိုင် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG