သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

"ရံုးတက္ရင္း ရုန္းထြက္" ၾကမယ္႔ ၀ါရွင္တန္ၿမိဳ႕ေတာ္က ျမန္မာသံ၀န္ထမ္းတခ်ိဳ႕ (ဦးေက်ာ္စြာထြန္းနဲ႔ ဆက္သြယ္ေမးျမန္း) 


၀ါရွင္တန္ၿမိဳ႕ေတာ္က ျမန္မာသံရံုး

(Zawgyi/Unicode)

သံရံုးေတြမွာ ဆက္လက္တာ၀န္ထမ္းေဆာင္ရင္း CDM အမိန္႔မနာခံေရး အၾကမ္းမဖက္လႈပ္ရွားမႈမွာ ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ၀ါရွင္တန္ဒီစီ ျမန္မာသံရံုး တတိယအတြင္း၀န္ ဦးေက်ာ္စြာထြန္းက ဗီြအိုေအ ကို ေျပာပါတယ္။ ၾကာသပေတးေန႔က ၀ါရွင္တန္ ျမန္မာသံရံုးက သံ၀န္ထမ္းငါးဦးဟာ ျမန္မာျပည္သူေတြနဲ႔ တသားတည္း ရပ္တည္ေၾကာင္း ျပသတဲ့အေနနဲ႔ CDM လႈပ္ရွားမႈမွာ ပူးေပါင္းပါ၀င္ေၾကာင္း ထုတ္ေဖၚေၾကညာခဲ့ၾကတာပါ။ အရပ္သားအစိုးရထံ အာဏာျပန္ရေရး ”ရံုးတက္ၿပီး ရုန္းထြက္” မယ့္သံရံုး၀န္ထမ္းေတြဆက္လက္ ေဆာင္ရြက္ မယ့္ အေျခအေနေတြနဲ႔ ပတ္သက္လို႔ ဦးေက်ာ္စြာထြန္းကို မအင္ၾကင္းႏိုင္က သီးသန္႔ ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္။ ။ အခု ၀ါရွင္တန္ဒီစီ ျမန္မာသံရံုး တတိယအတြင္း၀န္ ဦးေက်ာ္စြာထြန္း ဦးေဆာင္ၿပီးေတာ့ သံရံုး၀န္ထမ္း ၅ ေယာက္ကေန CDM အမိန္႔မနာခံေရး အၾကမ္းမဖက္လႈပ္ရွားမႈမွာ ပါ၀င္လာတယ္ဆိုတဲ့အခါက်ေတာ့ ဦးေက်ာ္စြာထြန္းတို႔ အခု ဘာဆက္လုပ္ဖို႔ရွိသလဲ။

ဦးေက်ာ္စြာထြန္း။ ။ ဘာဆက္လုပ္ဖို႔ရွိသလဲဆိုေတာ့ က်ေနာ္တို႔ရဲ႕ အဓိက ရည္ရြယ္ခ်က္က Government System ႀကီး down ဖို႔ကို ဦးတည္ရည္ရြယ္တယ္ အဲဒီအတြက္ကုိလည္း ဆက္လက္ေဆာင္ရြက္သြားမွာပါ။

အင္ၾကင္းႏိုင္။ ။ ဆိုလိုတာက အခုဆိုရင္ ဦးေက်ာ္စြာထြန္း ကိုယ္တိုင္ တတိယအတြင္း၀န္နဲ႔ ဆက္ၿပီးေတာ့ တာ၀န္ထမ္းေဆာင္မယ္ တဖက္မွာလည္း CDM မွာ ပါ၀င္တယ္ဆိုတဲ့ အေနအထားလားရွင့္။

ဦးေက်ာ္စြာထြန္း။ ။ ဟုတ္ပါတယ္ခင္ဗ်။

အင္ၾကင္းႏိုင္။ ။ အဲဒီေတာ့ လက္ရွိမွာက်ေတာ့ သံရံုးမွာက သံအမတ္ႀကီး ဦးေအာင္လင္းလည္း ရွိေနတဲ့အခါက်ေတာ့ ဦးေက်ာ္စြာထြန္းတို႕က CDM မွာ ပါ၀င္လာတယ္ဆိုတဲ့အခါက်ေတာ့ သံအမတ္ႀကီး ဦးေအာင္လင္းနဲ႕ ဆက္ဆံေရး ဘယ္လိုရွိမလဲရွင့္။

ဦးေက်ာ္စြာထြန္း။ ။ သံအမတ္ႀကီး က က်ေနာ္တို႔ကို နဂိုကတည္းက ေရြးခ်ယ္ပိုင္ခြင့္ေပးထားပါတယ္။ လြတ္လပ္စြာ သေဘာထားကြဲလြဲပိုင္ခြင့္ေပးထားပါတယ္။ ဘာတခုမွ က်ေနာ္တို႔ကို တားျမစ္ထားျခင္း ၊ ခ်ဳပ္ကိုင္ထားျခင္းမရွိပါဘူး အဲဒါေလးေတာ့ ေျပာပါရေစ။

အင္ၾကင္းႏိုင္။ ။ သူကိုယ္တိုင္ကေတာ့ CDM ထဲမွာ ပါ၀င္ဖို႔က်ေတာ့ အခုဆိုရင္ နယူးေရာက္က ကုလဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းလိုမ်ိဳးေပါ့ေနာ္ သူက စစ္အာဏာသိမ္းတာကုိဆန္႔က်င္တယ္ဆိုတာမ်ိဳး၊ ေဒၚေအာင္ဆန္းစုၾကည္ အရပ္သားအစိုးရကိုသာ သူက ကိုယ္စားျပဳတယ္ဆိုတာမ်ိဳးေပါ့။ ဦးေအာင္လင္းဘက္ကေရာ အဲလို ျပတ္ျပတ္သားသားရပ္တည္လာမယ့္အေျခအေနေရာ ဘယ္လိုရွိမလဲရွင့္။

ဦးေက်ာ္စြာထြန္း။ ။ အဲဒါကေတာ့ က်ေနာ္မေျပာပါရေစနဲ႔ ၊ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါက တဦးတေယာက္ ပုဂလိက ခံစားခ်က္ျဖစ္တဲ့အတြက္ေၾကာင့္ သူကိုယ္တိုင္ေျပာတာ သူကိုယ္တိုင္ေျဖတာပဲ ေကာငး္ပါလိမ့္မယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ က်ေနာ္က တမ်ိဳးေျပာလိုက္ ၊ သူက တခုလုပ္တယ္ ဆိုရင္လည္း က်ေနာ္လည္း မေကာင္းပါဘူး။ သူလည္း မေကာင္းပါဘူး။ အဲဒီအတြက္ ကာယကံရွင္ေတြကိုပဲ တိုက္ရိုက္ေမးတာက ပိုၿပီးသင့္ေတာ္မယ္လို႔ ထင္ပါတယ္။

အင္ၾကင္းႏိုင္။ ။ ဟုတ္ကဲ့။ ဦးေက်ာ္စြာထြန္းတို႔က်ေတာ့ အခုဆက္ၿပီး သံအမတ္ႀကီးကလည္း ေရြးခ်ယ္ပိုင္ခြင့္ေပးထားတာဆိုေတာ့ သံရံုးကိစၥေတြမွာလည္း ဆက္ၿပီး လုပ္ေဆာင္မယ္ဆိုရင္ ဘယ္လိုပံုစံမ်ိဳးေဆာင္ရြက္မလဲရွင့္။ ဘာျဖစ္လို႔လဲဆိုေတာ့ စစ္တပ္က ဖြဲ႔စည္းထားတဲ့ အုပ္ခ်ဳပ္ေရးေကာင္စီကလည္း ညႊန္ၾကားခ်က္ေတြကေတာ့ လာမွာေပါ့ေနာ္။ အဲဒီလို ညႊန္ၾကားခ်က္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဦးေက်ာ္စြာထြန္းတို႔ ဘယ္လို ဆက္လုပ္ဖို႔ရွိသလဲရွင့္။

ဦးေက်ာ္စြာထြန္း။ ။ က်ေနာ္အရင္ဆံုးေျပာပါရေစ အထဲမွာ လုပ္တဲ့ CDM Movement က ရံုးမတက္ပဲ ရုန္းထြက္တာပါ။ ဒီက CDM Movement က ရံုးတက္ၿပီးေတာ့ ရုန္းထြက္တာပါ။ ဒီမွာ ရံုးတက္ၿပီးေတာ့ ရုန္းထြက္တယ္ဆိုတာမွာ က်ေနာ္တို႔ အာဏာဖီဆန္ျခင္းလို႔ ေျပာလို႔ရပါတယ္။ အဓိက ဒီ စစ္ေကာင္စီအစိုးရဲ႕ အာေဘာ္ေတြ၊ လမ္းညြန္ခ်က္ေတြမွာ က်ေနာ္တုိ႔ လိုက္နာက်င့္သံုးျခင္းမရွိပဲနဲ႔ က်ေနာ္တို႔ အခုလက္ရွိဆိုရင္ မအင္ၾကင္းႏိုင္တို႔လည္းသိပါတယ္ က်ေနာ္တို႔ ျမန္မာျပည္ကို ျပန္တဲ့ relief flight ေတြ၊ သံရံုးဆိုင္ရာ ကိစၥရပ္ေတြ အစစ ျမန္မာလူမ်ိဳးအက်ိဳးအတြက္ေပါ့ေနာ္ က်ေနာ္တို႔ မလုပ္မျဖစ္ဆိုတာေတြရွိပါတယ္။ က်ေနာ္တို႔မွ မလုပ္ေပးရင္ သူတို႔ ဘယ္လိုလုပ္ၾကမလဲ အဲဒါမ်ိဳးေလးေတြေပါ့။ အခုလက္ရွိ ျပည္သူေတြအတြက္ လုပ္ရမယ္ ့ အလုပ္ေတြရွိပါတယ္ က်ေနာ္တို႔ ျမန္မာလူမ်ိဳးေတြအတြက္ သူတို႔ရဲ႕ ေကာင္းက်ိဳးေတြအတြက္ရွိပါတယ္ အဲဒါေတြကေတာ့ က်ေနာ္တုိ႔ ဆက္လုပ္မွာပါ။ က်ေနာ္တုိ႔ရဲ႕ သေဘာထားနဲ႔ မသက္ဆိုင္တာေတြကိုေတာ့ သူတို႔ အမိန္႔နာခံၿပီး လုပ္ေဆာင္ေပးသြားမွာ မဟုတ္ပါဘူး။

အင္ၾကင္းႏိုင္။ ။ အခုဒါဆိုရင္ အခုလို သံရံုး၀န္ထမ္းေတြက CDM မွာ ပါ၀င္ေပမယ့္ သံရံုးအလုပ္ေတြ အထူးသျဖင့္ ဒီ အေမရိကန္မွာရွိေနတဲ့ ျမန္မာႏိုင္ငံသားေတြအတြက္ သံရံုးရဲ႕ လုပ္ေဆာင္ရမယ့္ တာ၀န္ေတြကိုေတာ့ မပ်က္ ေဆာင္ရြက္သြားမယ္ဆိုတဲ့အေနအထားလားရွင့္။

ဦးေက်ာ္စြာထြန္း။ ။ ဟုတ္ပါတယ္ခင္ဗ် ၊ ေနာက္ၿပီးေတာ့ အခုလက္ရွိ CRPH က်ေနာ္တို႔ ေမွ်ာ္မွန္းတဲ့ ဒီမိုကေရစီအစိုးရ ေပၚထြန္းေရးအတြက္ အခု CRPH ကေန ဖဲြ႕စည္းထားတဲ့ ယာယီအစိုးရကိုလည္း ႏိုင္ငံတကာ အသိအမွတ္ျပဳေအာင္ ၊ အာဏာသက္ေရာက္ႏိုင္ေအာင္ က်ေနာ္တုိ႔ အကူအညီေတာင္းသြားမယ္။

အင္ၾကင္းႏိုင္။ ။ ဒါဆိုရင္ ဦးေက်ာ္စြာထြန္းတို႔ အခုလို CDM အမိန္႔မနာခံေရးမွာ ပါ၀င္လာတယ္ တဖက္မွာလည္း ရံုးဆက္တက္မယ္ဆိုေတာ့ မိသားစုအေပၚမွာ CDM Movement မွာ ပါ၀င္တဲ့အတြက္ ထိခိုက္လာႏိုင္ေျခ ရွိသလားရွင့္။

ဦးေက်ာ္စြာထြန္း။ ။ ဒါကေတာ့ က်ေန္ာတို႔လည္း အတိအက် မေျပာျပႏိုင္ဘူးခင္ဗ်။ ဘာျဖစ္လို႔လဲဆိုေတာ့ လူေတြစိတ္ထဲကို က်ေနာ္တို႔ ျမင္ႏိုင္စြမ္းမရွိတဲ့အတြက္ေၾကာင့္ ဘာျဖစ္လာမလဲဆိုတာလည္း က်ေနာ္တို႔ မေျပာႏိုင္ပါဘူး။ က်ေနာ္တို႔ ၅ ေယာက္ကေတာ့ ေမွ်ာ္မွန္းၿပီးသားပါ ဘာပဲ ျဖစ္လာျဖစ္လာဆိုၿပီးေတာ့ က်ေနာ္တို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့တာပါ။

အင္ၾကင္းႏိုင္။ ။ အဲဒီေတာ့ လံုၿခံဳေရးအေနအထားေရာ ဘယ္လိုျဖစ္လာႏိုင္မလဲရွင့္။ ဦးေက်ာ္စြာထြန္းတို႔ ၅ ေယာက္စလံုး CDM မွာပါ၀င္လာတဲ့ သံရံုး၀န္ထမ္းေတြ ၅ ေယာက္စလံုးရဲ႕ လံုၿခံဳေရး အေျခအေနေရာ။

ဦးေက်ာ္စြာထြန္း။ ။ က်ေနာ္တို႔ ယံုၾကည္ပါတယ္ခင္ဗ်။ ဒီလို ဒီမိုကေရစီ ႏိုင္ငံႀကီးမွာ ေနေနတဲ့ ကာလအတြင္း က်ေန္ာတို႔ရဲ႕ အသက္အိုးအိမ္စည္းစိမ္ေတာ့ လံုၿခံဳမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

အင္ၾကင္းႏိုင္။ ။ ဒီမွာရွိတဲ့အသိုင္းအ၀ိုင္းေပါ့ေနာ္၊ ၀ါရွင္တန္ဒီစီ၊ ဗာဂ်ီးနီးယား ၊ ေမရီလန္း ျမန္မာအသိုင္းအ၀ိုင္းကေနၿပီးေတာ့ သံရံုး၀န္ထမ္းေတြအေနနဲ႔ CDM မွာ ပါ၀င္ဖို႔ဆိုၿပီးေတာ့ ေတာင္းဆိုလာတာေတြရွိတယ္ေပါ့ ။ အဲလိုေတာင္းဆိုလာတဲ့အခ်ိန္မွာ အခုခ်ိန္ေရာက္မွ ဦးေက်ာ္စြာထြန္းတို႔ CDM မွာ ပါတယ္ဆိုၿပီေတာ့ ဆံုးျဖတ္ခ်က္ခ်လိုက္တဲ့ အေၾကာင္းအရင္းကို ေျပာျပပါဦး။

ဦးေက်ာ္စြာထြန္း။ ။ တကယ့္တကယ္ အခ်ိန္အတိအက်ေျပာမယ္ဆိုရင္ က်ေနာ္တို႔ ေနျပည္ေတာ္မွာ ပစ္ခံရတဲ့ ကေလးမေလး အသက္ဆံုးရံႈးသြားတဲ့အခ်ိန္ကစၿပီးေတာ့ က်ေနာ္တို႔ ရင္ထဲမွာ မေကာင္းခဲ့ၾကတာေပါ့။ က်ေနာ္တို႔ ငိုေၾကြးခဲ့ပါတယ္။ အဲဒီအခ်ိန္ကေနၿပီးေတာ့ က်ေနာ္တို႔ တေယာက္နဲ႔တေယာက္ ဆႏၵေလးေတြ ဖလွယ္ၾကပါတယ္။ အဲဒီအခ်ိန္ကစၿပီး က်ေနာ္တို႔ အေကာင္အထည္ေဖာ္ပါတယ္။ ျဖစ္လာႏိုင္တဲ့ အက်ိဳးဆက္ေတြကို က်ေန္ာတို႔ စဥ္းစားထားၾကပါတယ္။ ဘယ္လိုေျပာမလဲဆုိရင္ က်ေနာ္တို႔ ဒီ Movement ထဲ ပါဖို႔ က်ေနာ္တို႔ ႀကိဳးစားခဲ့တာ လြန္ခဲ့တဲ့ ၂ ပတ္ေက်ာ္၊ ၃ ပတ္ကတည္းကပါ။ အခုမွ မဟုတ္ပါဘူး။ ေထာက္ရွဴခဲ့တာေပါ့ဗ်ာ။ အရာအားလံုးကို က်ေနာ္တို႔ ေထာက္ရွဳခဲ့ရင္နဲ႔ အခ်ိန္ ၾကာျမင့္ခဲ့တာပါ။ ဒါေပမယ့္ ဒီေန႔မွာေတာ့ က်ေနာ္တို႔ ေနာက္ဆံုး Finalize လုပ္ၿပီး decision ခ်ျဖစ္သြားတယ္လို႔ က်ေနာ္တို႔ ေျပာပါရေစ။

အင္ၾကင္းႏိုင္။ ။ အခု ဒီ CDM Movement မွာ ပါ၀င္လာတဲ့ ဦးေက်ာ္စြာထြန္းတို႔အေနနဲ႔ နယူးေရာက္မွာရွိတဲ့ ကုလဆိုင္ရာ ျမန္မာအျမဲတမ္းကိုယ္စားလွယ္ရံုးနဲ႔ေရာ အထူးသျဖင့္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ ဘယ္လိုပူးေပါင္းေဆာင္ရြက္ဖို႔ ရွိသလဲရွင့္။

ဦးေက်ာ္စြာထြန္း။ ။ ဒါကေတာ့ လက္တေလာ မျဖစ္ ေသးပါဘူး။ ဆိုလိုတာက က်ေနာ္တို႔ PR ႀကီးအေနနဲ႔လည္း က်ေနာ္တုိ႔အေပၚ ခိုင္းေစခ်င္တာေတြရွိမလဲ။ က်ေနာ္တို႔ကေတာ့ ေဆာင္ရြက္ေပးဖို႔ အသင့္ပါပဲ။

အင္ၾကင္းႏိုင္။ ။ က်မတို႔ ၾကားတာ မေန႔ကဆိုရင္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ရံုးအဖြဲ႔ရွိရာ ေနရာကို ၀ါရွင္တန္မွာရွိတဲ့ စစ္သံမွဴးဘက္က လာတယ္ဆိုတာမ်ိဳးေတြ လာၿပီးေတာ့ ဖိအားေပးမယ္ဆိုတဲ့ သတင္းေတြထြက္ေပၚလာတဲ့ အေနအထားေတြလည္းရွိေတာ့ ဒီအေပၚမွာ ဦးေက်ာ္စြာထြန္းတို႔ ဘယ္လို ေျပာျပႏိုင္မလဲရွင့္။

ဦးေက်ာ္စြာထြန္း။ ။ အဲဒါကေတာ့ က်ေနာ္ေတာ္ ေတာင္းဆိုခ်င္တာ တခုရွိပါတယ္။ တကယ့္လက္ေတြ႔ အေျခအေနကို စံုစမ္းေပးပါ။ ဘာလုပ္သလဲဆိုတာ။ က်ေနာ္က အတြင္းလူျဖစ္တဲ့အတြက္ေၾကာင့္ က်ေနာ္ေျပာျပပါမယ္။ မေန႔က သံအမတ္ႀကီးက က်ေနာ္တို႔ကို ေျပာပါတယ္။ သူ နယူးေယာက္သြားပါမယ္၊ ဟုိဘက္မွာလည္း လူခ်င္းတူေပမယ့္ သံရံုးတရံုးနဲ႔ တရံုး ထမ္းေဆာင္ျခင္းတူေပမယ့္ အေတြးအေခၚ စိတ္ဓါတ္ခ်င္းမတူၾကပါဘူးခင္ဗ်။ အဲဒါဆိုေတာ့ ဟိုဘက္မွာလည္း ၾကားက အငယ္ေတြေပါ့ဗ်ာ PR ႀကီးရယ္ ေနာက္ သူ႔ေအာက္က တာ၀န္ထမ္းေဆာင္ေနတဲ့ အငယ္ေတြထဲမွာ သူတို႔ ဘာဆက္လုပ္ရမလဲ ဟိုဟာလုပ္ရမလားဆိုတာ ဇေ၀ဇ၀ါနဲ႔ ရင္ဆိုင္ေနရတဲ့ အေနအထားေလးေတြရွိပါတယ္။ အဲဒီအေပၚမွာ ဒီ က်ေနာ္တို႔ ၀ါရွင္တန္ၿမိဳ႕ေတာ္က သံအမတ္ႀကီးက သြားေရာက္အားေပးျခင္းနဲ႔ ေဆြးေႏြးျခင္းတခုပဲရွိပါတယ္ က်န္တဲ့ရည္ရြယ္ခ်က္ကေတာ့ တခုမွ မပါပါဘူး။

အင္ၾကင္းႏိုင္။ ။ ဟုတ္ကဲ့ သံအမတ္ႀကီး ဦးေအာင္လင္းက သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ေရာ ေတြ႔ခဲ့ေသးလား။

ဦးေက်ာ္စြာထြန္း။ ။ က်ေနာ္ၾကားမိသေလာက္ကေတာ့ မေတြ႔ခဲ့ပါဘူး လို႔ၾကားပါတယ္။

အင္ၾကင္းႏိုင္။ ။ ဟုတ္ကဲ့။ ဦးေက်ာ္စြာထြန္းတို႔ေရာ သံအမတ္ႀကီးတို႔ဘက္က လြတ္လပ္စြာ ေရြးခ်ယ္ပိုင္ခြင့္ ေပးထားတယ္ဆိုေပမယ့္ ေနာက္ပိုင္းမွာ ဖိအားေပးတာမ်ိဳးေရာ ျဖစ္လာႏိုင္သလားရွင့္

ဦးေက်ာ္စြာထြန္း။ ။ မျဖစ္လာႏိုင္ပါဘူး က်ေနာ္က ဒီသံအမတ္ႀကီးနဲ႔ ေနခဲ့တာ ၃ ႏွစ္ေက်ာ္ တာ၀န္ထမ္းေဆာင္ခဲ့တဲ့အခ်ိန္မွာ ဒီသံအမတ္ႀကီးရဲ႕ စိတ္ဓါတ္နဲ႔ သေဘာထားကို ေကာင္းစြာသိပါတယ္။

အင္ၾကင္းႏိုင္။ ။အဲဒီေတာ့ အခု ျမန္မာႏိုင္ငံမွာဆိုရင္လည္း အၾကမ္းဖက္ ၿဖိဳခြဲႏိွမ္နင္းေနတာေၾကာင့္ လူေသဆံုးမႈေတြဆိုရင္ ၅၀ ေလာက္ေတာင္ရွိေနၿပီျဖစ္တဲ့အတြက္ ဒီအေပၚမွာေရာ ဦးေက်ာ္စြာထြန္းတို႔ အတတ္ႏိုင္ဆံုးေပါ့ေနာ္ ဒီဟာမ်ိဳးေတြ မျဖစ္ေအာင္ ရပ္တန္႔ႏိုင္ေအာင္ ဘယ္လိုေဆာင္ရြက္ေပးႏိုင္ဖို႔ ရွိလဲရွင့္။

ဦးေက်ာ္စြာထြန္း။ ။ ဒါကေတာ့ က်ေနာ္တို႔ ၀ါရွင္တန္မွာရွိတဲ့ က်ေနာ္တို႔ကေနၿပီးေတာ့ ေျမျပင္အေနအထားကို တိုက္ရိုက္ State department ပဲ ျဖစ္ျဖစ္ White House ပဲ ျဖစ္ျဖစ္ လက္ရွိအေနအထားကို လက္ေတြ႔က်က် သိႏိုင္ေအာင္ က်ေနာ္တို႔ Information ေတြ share လုပ္ဖို႔ ရွိပါတယ္။

အင္ၾကင္းႏိုင္။ ။အခုဆိုရင္ ဦးေက်ာ္စြာထြန္းတို႔ ၀ါရွင္တန္မွာရွိတဲ့ ျမန္မာသံရံုးက သံရံုး၀န္ထမ္း ၅ ဦးက ဒီ CDM မွာ ပါ၀င္လာတဲ့အတြက္ အေမရိကန္ ျပည္ေထာင္စုမွာ ရွိတဲ့ ျမန္မာအသိုင္းအ၀ိုင္းေရာ တျခားႏိုင္ငံေတြကေရာ ဒီ ျမန္မာအသိုင္းအ၀ိုင္းကေနၿပီးေတာ့ တကယ့္ကို နာမည္ေတြနဲ႔ ဂုဏ္ျပဳတာေတြလည္း ေတြ႔ရပါတယ္ ဒီအေပၚမွာ ဦးေက်ာ္စြာထြန္းတို႔ ဘယ္လို တံု႔ျပန္ခ်င္သလဲ။

ဦးေက်ာ္စြာထြန္း။ ။ အခုလို လက္ခံႀကိဳဆိုေပးတဲ့အတြက္ အမ်ားႀကီး ေက်းဇူးတင္ပါတယ္။ က်ေနာ္တို႔အေနနဲ႔လည္း က်ေနာ္တို႔ ယံုၾကည္တဲ့ အစိုးရတရပ္ တည္ေဆာက္ႏိုင္ေရးအတြက္ ကိုယ္စြမ္းဥာဏ္စြမ္း ရွိသမွ် က်ေနာ္တို႔ ဆက္လက္ေဆာင္ရြက္သြားပါမယ္။ က်ေနာ္တို႔လည္း ယံုၾကည္တဲ့အေနနဲ႔ ပါ၀င္ခဲ့တယ္ ၊ ထို႔အတူ လက္တေလာမွာ အမ်ားယံုၾကည္လက္ခံထားတဲ့ အစိုးရစနစ္ေျပာင္းလဲေရးအတြက္ ကိုယ္စြမ္း ရွိသမွ် ဥာဏ္စြမ္း ရွိသမွ် ဆက္လက္ေဆာင္ရြက္သြားပါမယ္လို႔ ေျပာခ်င္ပါတယ္။

၀ါရွင္တန္ဒီစီ ျမန္မာသံရံုး တတိယအတြင္း၀န္ ဦးေက်ာ္စြာထြန္းကို မအင္ၾကင္းႏိုင္ဆက္သြယ္ေမးျမန္းခဲ့တာပါ။


.............

"ရုံးတက်ရင်း ရုန်းထွက်" ကြမယ့် ဝါရှင်တန်မြို့တော်က မြန်မာသံဝန်ထမ်းတချို့ (ဦးကျော်စွာထွန်းနဲ့ ဆက်သွယ်မေးမြန်း)

(Unicode)

သံရုံးတွေမှာ ဆက်လက်တာဝန်ထမ်းဆောင်ရင်း CDM အမိန့်မနာခံရေး အကြမ်းမဖက်လှုပ်ရှားမှုမှာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝါရှင်တန်ဒီစီ မြန်မာသံရုံး တတိယအတွင်းဝန် ဦးကျော်စွာထွန်းက ဗွီအိုအေ ကို ပြောပါတယ်။ ကြာသပတေးနေ့က ဝါရှင်တန် မြန်မာသံရုံးက သံဝန်ထမ်းငါးဦးဟာ မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြောင်း ထုတ်ဖေါ်ကြေညာခဲ့ကြတာပါ။ အရပ်သားအစိုးရထံ အာဏာပြန်ရရေး ”ရုံးတက်ပြီး ရုန်းထွက်” မယ့်သံရုံးဝန်ထမ်းတွေဆက်လက် ဆောင်ရွက် မယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ ဦးကျော်စွာထွန်းကို မအင်ကြင်းနိုင်က သီးသန့် ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ အခု ဝါရှင်တန်ဒီစီ မြန်မာသံရုံး တတိယအတွင်းဝန် ဦးကျော်စွာထွန်း ဦးဆောင်ပြီးတော့ သံရုံးဝန်ထမ်း ၅ ယောက်ကနေ CDM အမိန့်မနာခံရေး အကြမ်းမဖက်လှုပ်ရှားမှုမှာ ပါဝင်လာတယ်ဆိုတဲ့အခါကျတော့ ဦးကျော်စွာထွန်းတို့ အခု ဘာဆက်လုပ်ဖို့ရှိသလဲ။

ဦးကျော်စွာထွန်း။ ။ ဘာဆက်လုပ်ဖို့ရှိသလဲဆိုတော့ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က Government System ကြီး down ဖို့ကို ဦးတည်ရည်ရွယ်တယ် အဲဒီအတွက်ကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာပါ။

အင်ကြင်းနိုင်။ ။ ဆိုလိုတာက အခုဆိုရင် ဦးကျော်စွာထွန်း ကိုယ်တိုင် တတိယအတွင်းဝန်နဲ့ ဆက်ပြီးတော့ တာဝန်ထမ်းဆောင်မယ် တဖက်မှာလည်း CDM မှာ ပါဝင်တယ်ဆိုတဲ့ အနေအထားလားရှင့်။

ဦးကျော်စွာထွန်း။ ။ ဟုတ်ပါတယ်ခင်ဗျ။

အင်ကြင်းနိုင်။ ။ အဲဒီတော့ လက်ရှိမှာကျတော့ သံရုံးမှာက သံအမတ်ကြီး ဦးအောင်လင်းလည်း ရှိနေတဲ့အခါကျတော့ ဦးကျော်စွာထွန်းတို့က CDM မှာ ပါဝင်လာတယ်ဆိုတဲ့အခါကျတော့ သံအမတ်ကြီး ဦးအောင်လင်းနဲ့ ဆက်ဆံရေး ဘယ်လိုရှိမလဲရှင့်။

ဦးကျော်စွာထွန်း။ ။ သံအမတ်ကြီး က ကျနော်တို့ကို နဂိုကတည်းက ရွေးချယ်ပိုင်ခွင့်ပေးထားပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ပေးထားပါတယ်။ ဘာတခုမှ ကျနော်တို့ကို တားမြစ်ထားခြင်း ၊ ချုပ်ကိုင်ထားခြင်းမရှိပါဘူး အဲဒါလေးတော့ ပြောပါရစေ။

အင်ကြင်းနိုင်။ ။ သူကိုယ်တိုင်ကတော့ CDM ထဲမှာ ပါဝင်ဖို့ကျတော့ အခုဆိုရင် နယူးရောက်က ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းလိုမျိုးပေါ့နော် သူက စစ်အာဏာသိမ်းတာကိုဆန့်ကျင်တယ်ဆိုတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည် အရပ်သားအစိုးရကိုသာ သူက ကိုယ်စားပြုတယ်ဆိုတာမျိုးပေါ့။ ဦးအောင်လင်းဘက်ကရော အဲလို ပြတ်ပြတ်သားသားရပ်တည်လာမယ့်အခြေအနေရော ဘယ်လိုရှိမလဲရှင့်။

ဦးကျော်စွာထွန်း။ ။ အဲဒါကတော့ ကျနော်မပြောပါရစေနဲ့ ၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက တဦးတယောက် ပုဂလိက ခံစားချက်ဖြစ်တဲ့အတွက်ကြောင့် သူကိုယ်တိုင်ပြောတာ သူကိုယ်တိုင်ဖြေတာပဲ ကောင်းပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က တမျိုးပြောလိုက် ၊ သူက တခုလုပ်တယ် ဆိုရင်လည်း ကျနော်လည်း မကောင်းပါဘူး။ သူလည်း မကောင်းပါဘူး။ အဲဒီအတွက် ကာယကံရှင်တွေကိုပဲ တိုက်ရိုက်မေးတာက ပိုပြီးသင့်တော်မယ်လို့ ထင်ပါတယ်။

အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့။ ဦးကျော်စွာထွန်းတို့ကျတော့ အခုဆက်ပြီး သံအမတ်ကြီးကလည်း ရွေးချယ်ပိုင်ခွင့်ပေးထားတာဆိုတော့ သံရုံးကိစ္စတွေမှာလည်း ဆက်ပြီး လုပ်ဆောင်မယ်ဆိုရင် ဘယ်လိုပုံစံမျိုးဆောင်ရွက်မလဲရှင့်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကောင်စီကလည်း ညွှန်ကြားချက်တွေကတော့ လာမှာပေါ့နော်။ အဲဒီလို ညွှန်ကြားချက်တွေနဲ့ ပတ်သက်ပြီးတော့ ဦးကျော်စွာထွန်းတို့ ဘယ်လို ဆက်လုပ်ဖို့ရှိသလဲရှင့်။

ဦးကျော်စွာထွန်း။ ။ ကျနော်အရင်ဆုံးပြောပါရစေ အထဲမှာ လုပ်တဲ့ CDM Movement က ရုံးမတက်ပဲ ရုန်းထွက်တာပါ။ ဒီက CDM Movement က ရုံးတက်ပြီးတော့ ရုန်းထွက်တာပါ။ ဒီမှာ ရုံးတက်ပြီးတော့ ရုန်းထွက်တယ်ဆိုတာမှာ ကျနော်တို့ အာဏာဖီဆန်ခြင်းလို့ ပြောလို့ရပါတယ်။ အဓိက ဒီ စစ်ကောင်စီအစိုးရဲ့ အာဘော်တွေ၊ လမ်းညွန်ချက်တွေမှာ ကျနော်တို့ လိုက်နာကျင့်သုံးခြင်းမရှိပဲနဲ့ ကျနော်တို့ အခုလက်ရှိဆိုရင် မအင်ကြင်းနိုင်တို့လည်းသိပါတယ် ကျနော်တို့ မြန်မာပြည်ကို ပြန်တဲ့ relief flight တွေ၊ သံရုံးဆိုင်ရာ ကိစ္စရပ်တွေ အစစ မြန်မာလူမျိုးအကျိုးအတွက်ပေါ့နော် ကျနော်တို့ မလုပ်မဖြစ်ဆိုတာတွေရှိပါတယ်။ ကျနော်တို့မှ မလုပ်ပေးရင် သူတို့ ဘယ်လိုလုပ်ကြမလဲ အဲဒါမျိုးလေးတွေပေါ့။ အခုလက်ရှိ ပြည်သူတွေအတွက် လုပ်ရမယ့် အလုပ်တွေရှိပါတယ် ကျနော်တို့ မြန်မာလူမျိုးတွေအတွက် သူတို့ရဲ့ ကောင်းကျိုးတွေအတွက်ရှိပါတယ် အဲဒါတွေကတော့ ကျနော်တို့ ဆက်လုပ်မှာပါ။ ကျနော်တို့ရဲ့ သဘောထားနဲ့ မသက်ဆိုင်တာတွေကိုတော့ သူတို့ အမိန့်နာခံပြီး လုပ်ဆောင်ပေးသွားမှာ မဟုတ်ပါဘူး။

အင်ကြင်းနိုင်။ ။ အခုဒါဆိုရင် အခုလို သံရုံးဝန်ထမ်းတွေက CDM မှာ ပါဝင်ပေမယ့် သံရုံးအလုပ်တွေ အထူးသဖြင့် ဒီ အမေရိကန်မှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် သံရုံးရဲ့ လုပ်ဆောင်ရမယ့် တာဝန်တွေကိုတော့ မပျက် ဆောင်ရွက်သွားမယ်ဆိုတဲ့အနေအထားလားရှင့်။

ဦးကျော်စွာထွန်း။ ။ ဟုတ်ပါတယ်ခင်ဗျ ၊ နောက်ပြီးတော့ အခုလက်ရှိ CRPH ကျနော်တို့ မျှော်မှန်းတဲ့ ဒီမိုကရေစီအစိုးရ ပေါ်ထွန်းရေးအတွက် အခု CRPH ကနေ ဖွဲ့စည်းထားတဲ့ ယာယီအစိုးရကိုလည်း နိုင်ငံတကာ အသိအမှတ်ပြုအောင် ၊ အာဏာသက်ရောက်နိုင်အောင် ကျနော်တို့ အကူအညီတောင်းသွားမယ်။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် ဦးကျော်စွာထွန်းတို့ အခုလို CDM အမိန့်မနာခံရေးမှာ ပါဝင်လာတယ် တဖက်မှာလည်း ရုံးဆက်တက်မယ်ဆိုတော့ မိသားစုအပေါ်မှာ CDM Movement မှာ ပါဝင်တဲ့အတွက် ထိခိုက်လာနိုင်ခြေ ရှိသလားရှင့်။

ဦးကျော်စွာထွန်း။ ။ ဒါကတော့ ကျနေ်ာတို့လည်း အတိအကျ မပြောပြနိုင်ဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေစိတ်ထဲကို ကျနော်တို့ မြင်နိုင်စွမ်းမရှိတဲ့အတွက်ကြောင့် ဘာဖြစ်လာမလဲဆိုတာလည်း ကျနော်တို့ မပြောနိုင်ပါဘူး။ ကျနော်တို့ ၅ ယောက်ကတော့ မျှော်မှန်းပြီးသားပါ ဘာပဲ ဖြစ်လာဖြစ်လာဆိုပြီးတော့ ကျနော်တို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။

အင်ကြင်းနိုင်။ ။ အဲဒီတော့ လုံခြုံရေးအနေအထားရော ဘယ်လိုဖြစ်လာနိုင်မလဲရှင့်။ ဦးကျော်စွာထွန်းတို့ ၅ ယောက်စလုံး CDM မှာပါဝင်လာတဲ့ သံရုံးဝန်ထမ်းတွေ ၅ ယောက်စလုံးရဲ့ လုံခြုံရေး အခြေအနေရော။

ဦးကျော်စွာထွန်း။ ။ ကျနော်တို့ ယုံကြည်ပါတယ်ခင်ဗျ။ ဒီလို ဒီမိုကရေစီ နိုင်ငံကြီးမှာ နေနေတဲ့ ကာလအတွင်း ကျနေ်ာတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တော့ လုံခြုံမယ်လို့ မျှော်လင့်ပါတယ်။

အင်ကြင်းနိုင်။ ။ ဒီမှာရှိတဲ့အသိုင်းအဝိုင်းပေါ့နော်၊ ဝါရှင်တန်ဒီစီ၊ ဗာဂျီးနီးယား ၊ မေရီလန်း မြန်မာအသိုင်းအဝိုင်းကနေပြီးတော့ သံရုံးဝန်ထမ်းတွေအနေနဲ့ CDM မှာ ပါဝင်ဖို့ဆိုပြီးတော့ တောင်းဆိုလာတာတွေရှိတယ်ပေါ့ ။ အဲလိုတောင်းဆိုလာတဲ့အချိန်မှာ အခုချိန်ရောက်မှ ဦးကျော်စွာထွန်းတို့ CDM မှာ ပါတယ်ဆိုပြီတော့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အကြောင်းအရင်းကို ပြောပြပါဦး။

ဦးကျော်စွာထွန်း။ ။ တကယ့်တကယ် အချိန်အတိအကျပြောမယ်ဆိုရင် ကျနော်တို့ နေပြည်တော်မှာ ပစ်ခံရတဲ့ ကလေးမလေး အသက်ဆုံးရှုံးသွားတဲ့အချိန်ကစပြီးတော့ ကျနော်တို့ ရင်ထဲမှာ မကောင်းခဲ့ကြတာပေါ့။ ကျနော်တို့ ငိုကြွေးခဲ့ပါတယ်။ အဲဒီအချိန်ကနေပြီးတော့ ကျနော်တို့ တယောက်နဲ့တယောက် ဆန္ဒလေးတွေ ဖလှယ်ကြပါတယ်။ အဲဒီအချိန်ကစပြီး ကျနော်တို့ အကောင်အထည်ဖော်ပါတယ်။ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ကျနေ်ာတို့ စဉ်းစားထားကြပါတယ်။ ဘယ်လိုပြောမလဲဆိုရင် ကျနော်တို့ ဒီ Movement ထဲ ပါဖို့ ကျနော်တို့ ကြိုးစားခဲ့တာ လွန်ခဲ့တဲ့ ၂ ပတ်ကျော်၊ ၃ ပတ်ကတည်းကပါ။ အခုမှ မဟုတ်ပါဘူး။ ထောက်ရှူခဲ့တာပေါ့ဗျာ။ အရာအားလုံးကို ကျနော်တို့ ထောက်ရှုခဲ့ရင်နဲ့ အချိန် ကြာမြင့်ခဲ့တာပါ။ ဒါပေမယ့် ဒီနေ့မှာတော့ ကျနော်တို့ နောက်ဆုံး Finalize လုပ်ပြီး decision ချဖြစ်သွားတယ်လို့ ကျနော်တို့ ပြောပါရစေ။

အင်ကြင်းနိုင်။ ။ အခု ဒီ CDM Movement မှာ ပါဝင်လာတဲ့ ဦးကျော်စွာထွန်းတို့အနေနဲ့ နယူးရောက်မှာရှိတဲ့ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးနဲ့ရော အထူးသဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ဖို့ ရှိသလဲရှင့်။

ဦးကျော်စွာထွန်း။ ။ ဒါကတော့ လက်တလော မဖြစ် သေးပါဘူး။ ဆိုလိုတာက ကျနော်တို့ PR ကြီးအနေနဲ့လည်း ကျနော်တို့အပေါ် ခိုင်းစေချင်တာတွေရှိမလဲ။ ကျနော်တို့ကတော့ ဆောင်ရွက်ပေးဖို့ အသင့်ပါပဲ။

အင်ကြင်းနိုင်။ ။ ကျမတို့ ကြားတာ မနေ့ကဆိုရင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ရုံးအဖွဲ့ရှိရာ နေရာကို ဝါရှင်တန်မှာရှိတဲ့ စစ်သံမှူးဘက်က လာတယ်ဆိုတာမျိုးတွေ လာပြီးတော့ ဖိအားပေးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတဲ့ အနေအထားတွေလည်းရှိတော့ ဒီအပေါ်မှာ ဦးကျော်စွာထွန်းတို့ ဘယ်လို ပြောပြနိုင်မလဲရှင့်။

ဦးကျော်စွာထွန်း။ ။ အဲဒါကတော့ ကျနော်တော် တောင်းဆိုချင်တာ တခုရှိပါတယ်။ တကယ့်လက်တွေ့ အခြေအနေကို စုံစမ်းပေးပါ။ ဘာလုပ်သလဲဆိုတာ။ ကျနော်က အတွင်းလူဖြစ်တဲ့အတွက်ကြောင့် ကျနော်ပြောပြပါမယ်။ မနေ့က သံအမတ်ကြီးက ကျနော်တို့ကို ပြောပါတယ်။ သူ နယူးယောက်သွားပါမယ်၊ ဟိုဘက်မှာလည်း လူချင်းတူပေမယ့် သံရုံးတရုံးနဲ့ တရုံး ထမ်းဆောင်ခြင်းတူပေမယ့် အတွေးအခေါ် စိတ်ဓါတ်ချင်းမတူကြပါဘူးခင်ဗျ။ အဲဒါဆိုတော့ ဟိုဘက်မှာလည်း ကြားက အငယ်တွေပေါ့ဗျာ PR ကြီးရယ် နောက် သူ့အောက်က တာဝန်ထမ်းဆောင်နေတဲ့ အငယ်တွေထဲမှာ သူတို့ ဘာဆက်လုပ်ရမလဲ ဟိုဟာလုပ်ရမလားဆိုတာ ဇဝေဇဝါနဲ့ ရင်ဆိုင်နေရတဲ့ အနေအထားလေးတွေရှိပါတယ်။ အဲဒီအပေါ်မှာ ဒီ ကျနော်တို့ ဝါရှင်တန်မြို့တော်က သံအမတ်ကြီးက သွားရောက်အားပေးခြင်းနဲ့ ဆွေးနွေးခြင်းတခုပဲရှိပါတယ် ကျန်တဲ့ရည်ရွယ်ချက်ကတော့ တခုမှ မပါပါဘူး။

အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ သံအမတ်ကြီး ဦးအောင်လင်းက သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ရော တွေ့ခဲ့သေးလား။

ဦးကျော်စွာထွန်း။ ။ ကျနော်ကြားမိသလောက်ကတော့ မတွေ့ခဲ့ပါဘူး လို့ကြားပါတယ်။

အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့။ ဦးကျော်စွာထွန်းတို့ရော သံအမတ်ကြီးတို့ဘက်က လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးထားတယ်ဆိုပေမယ့် နောက်ပိုင်းမှာ ဖိအားပေးတာမျိုးရော ဖြစ်လာနိုင်သလားရှင့်

ဦးကျော်စွာထွန်း။ ။ မဖြစ်လာနိုင်ပါဘူး ကျနော်က ဒီသံအမတ်ကြီးနဲ့ နေခဲ့တာ ၃ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာ ဒီသံအမတ်ကြီးရဲ့ စိတ်ဓါတ်နဲ့ သဘောထားကို ကောင်းစွာသိပါတယ်။

အင်ကြင်းနိုင်။ ။အဲဒီတော့ အခု မြန်မာနိုင်ငံမှာဆိုရင်လည်း အကြမ်းဖက် ဖြိုခွဲနှိမ်နင်းနေတာကြောင့် လူသေဆုံးမှုတွေဆိုရင် ၅၀ လောက်တောင်ရှိနေပြီဖြစ်တဲ့အတွက် ဒီအပေါ်မှာရော ဦးကျော်စွာထွန်းတို့ အတတ်နိုင်ဆုံးပေါ့နော် ဒီဟာမျိုးတွေ မဖြစ်အောင် ရပ်တန့်နိုင်အောင် ဘယ်လိုဆောင်ရွက်ပေးနိုင်ဖို့ ရှိလဲရှင့်။

ဦးကျော်စွာထွန်း။ ။ ဒါကတော့ ကျနော်တို့ ဝါရှင်တန်မှာရှိတဲ့ ကျနော်တို့ကနေပြီးတော့ မြေပြင်အနေအထားကို တိုက်ရိုက် State department ပဲ ဖြစ်ဖြစ် White House ပဲ ဖြစ်ဖြစ် လက်ရှိအနေအထားကို လက်တွေ့ကျကျ သိနိုင်အောင် ကျနော်တို့ Information တွေ share လုပ်ဖို့ ရှိပါတယ်။

အင်ကြင်းနိုင်။ ။အခုဆိုရင် ဦးကျော်စွာထွန်းတို့ ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးက သံရုံးဝန်ထမ်း ၅ ဦးက ဒီ CDM မှာ ပါဝင်လာတဲ့အတွက် အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ မြန်မာအသိုင်းအဝိုင်းရော တခြားနိုင်ငံတွေကရော ဒီ မြန်မာအသိုင်းအဝိုင်းကနေပြီးတော့ တကယ့်ကို နာမည်တွေနဲ့ ဂုဏ်ပြုတာတွေလည်း တွေ့ရပါတယ် ဒီအပေါ်မှာ ဦးကျော်စွာထွန်းတို့ ဘယ်လို တုံ့ပြန်ချင်သလဲ။

ဦးကျော်စွာထွန်း။ ။ အခုလို လက်ခံကြိုဆိုပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ကျနော်တို့အနေနဲ့လည်း ကျနော်တို့ ယုံကြည်တဲ့ အစိုးရတရပ် တည်ဆောက်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားပါမယ်။ ကျနော်တို့လည်း ယုံကြည်တဲ့အနေနဲ့ ပါဝင်ခဲ့တယ် ၊ ထို့အတူ လက်တလောမှာ အများယုံကြည်လက်ခံထားတဲ့ အစိုးရစနစ်ပြောင်းလဲရေးအတွက် ကိုယ်စွမ်း ရှိသမျှ ဉာဏ်စွမ်း ရှိသမျှ ဆက်လက်ဆောင်ရွက်သွားပါမယ်လို့ ပြောချင်ပါတယ်။

ဝါရှင်တန်ဒီစီ မြန်မာသံရုံး တတိယအတွင်းဝန် ဦးကျော်စွာထွန်းကို မအင်ကြင်းနိုင်ဆက်သွယ်မေးမြန်းခဲ့တာပါ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG