သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CDM ေၾကာင့္ ဘဏ္နဲ႔လုပ္ငန္းအမ်ားစု ျပန္မဖြင့္ႏိုင္


ရန္ကုန္ၿမိဳ႕က စစ္အာဏာဖီဆန္တဲ့ CDM လႈပ္ရွားမႈျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္ရွား ဆႏၵျပမႈေတြ ဆက္ၿပီးလုပ္ေနၾကပါတယ္။ ျမန္မာႏိုင္ငံတဝန္းမွာရွိတဲ့ ပုဂၢလိက ဘဏ္ခဲြေတြကို ဒီေန႔မတ္လ ၈ ရက္ေန႔ကစၿပီး ျပန္ဖြင့္ဖို႔ ႏိုင္ငံေတာ္ ဗဟိုဘဏ္က အေၾကာင္းၾကားထားေပမဲ့ ဒီေန႔ ပုဂၢလိကဘဏ္ေတြ အားလုံးဆက္ၿပီး ပိတ္ထားၾကပါတယ္။ ဝန္ထမ္းေတြ CDM လႈပ္ရွားမႈထဲမွာ ပါဝင္ေနၾကတာ၊ သြားေရးလာေရး အခက္အခဲရွိေနတာနဲ႔ လံုျခံဳေရးအေျခအေနေတြေၾကာင့္ ဘဏ္ေတြ ျပန္ဖြင့္ဖို႔ အခက္အခဲရွိေနတယ္လို႔ ဘဏ္လုပ္ငန္းလုပ္ေနသူေတြက ေျပာပါတယ္။ ဆရာဝန္နဲ႔ ေဆးဝန္ထမ္းေတြ၊ အင္ဂ်င္နီယာေတြ၊ လွ်ပ္စစ္ဝန္ထမ္းေတြလည္း CDM မွာ ပါဝင္ေနၾကတဲ့အတြက္ လုပ္ငန္းေတြ ထိခိုက္ေနပါတယ္။ ပုဂၢလိကပိုင္ စက္ရံု၊ အလုပ္ရံုေတြမွာလည္း ဝန္ထမ္းေတြ CDM လုပ္ေနၾကတာမို႔ လုပ္ငန္းေတြ ရပ္ေနၾကပါတယ္။

အခုလိုအေျခအေနမွာပဲ CDM လႈပ္ရွားမႈကို ဆက္ၿပီးလုပ္သြားမယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH ကခန္႔အပ္ထားတဲ့ က်န္းမာေရးဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုးက ေျပာၾကားလိုက္ပါတယ္။

"CDM တံခါး က်ေနာ္ ပိတ္မယ္လို႔ ေျပာခဲ့တယ္။ ဘယ္ေတာ့မွ မပိတ္ေတာ့ပါဘူး။ အျမဲဖြင့္ထားမွာပါ။ ဝင္ခ်င္တဲ့သူ? အမွန္တရားဘက္ကို ျမင္လာတဲ့သူေတြအတြက္ တံခါးကို အျမဲတမ္းဖြင့္ထားမွာပါ။ မသိသားဆူးသြားမည္။ မ်က္စိမွိတ္ၿပီးေတာ့ အဓမၼနဲ႔ မတရားမႈကို သိရက္နဲ႔၊ မေကာင္းမႈကို သိရက္နဲ႔ ေထာက္ပံ့ေနတဲ့သူေတြ၊ CDM မလုပ္တဲ့သူေတြကို ဖယ္က်ဥ္ထားရမွာပဲ ျဖစ္ပါတယ္။"

ရံုးမတက္အာဏာဖီဆန္မႈမွာ ရဲေတြ၊ စစ္သားေတြ၊ သံတမန္ေတြ ပိုၿပီး ပါဝင္လာေနတယ္လို႔ ေဒါက္တာေဇာ္ေဝစိုးက သူ႔ရဲ႕ Facebook လူမႈကြန္ယက္ေပၚမွာ တင္ထားတဲ့ အသံဖိုင္ထဲမွာ ေျပာထားပါတယ္။ ေဆးရံုေတြ၊ ေက်ာင္းေတြထဲကို စစ္တပ္ေတြ ဝင္ေလ၊ ဝန္ထမ္းေတြ CDM လႈပ္ရွားမႈမွာ ပါဝင္ေလျဖစ္တယ္လို႔ သူကေျပာပါတယ္။ CDM လႈပ္ရွားမႈမွာ ေလာေလာဆယ္ပါဝင္ဖို႔ အခက္အခဲရွိေနၾကသူေတြ ပါဝင္လာေအာင္ ဆက္ၿပီး ဒီလႈပ္ရွားမႈကို လုပ္သြားမွာျဖစ္ေၾကာင္းလည္း ေနာက္အသံဖိုင္တခုမွာ ရွင္းျပထားၿပီး CDM မွာပါဝင္ေနၾကတဲ့ဝန္ထမ္းေတြလည္း ေက်းဇူးတင္ ဂုဏ္ျပဳေၾကာင္း ေျပာၾကားထားပါတယ္။ စစ္အာဏာရွင္စနစ္ကို ဆန္႔က်င္ ကန္႔ကြက္ ဆႏၵျပျပည္သူေတြအေနနဲ႔လည္း ထိပ္တိုက္မေတ႔ြဘဲ ၿငိမ္းခ်မ္းစြာ ဆႏၵျပဖို႔ ေဒါက္တာေဇာ္ေဝစိုးက တိုက္တြန္းပါတယ္။

"ျပည္သူအေပါင္းတို႔နဲ႔ Generation Z အေပါင္းတို႔ ခင္ဗ်ာ... အားလံုး လိမၼာပါးနပ္စြာနဲ႔ ေရွည္ၾကဥ္ၿပီးေတာ့ ျငိမ္းခ်မ္းစြာ ဆႏၵျပၾကပါ။ ထိပ္တိုက္မေတြ႔ပါနဲ႔။ သူတို႔ဟာသူတို႔ထားလိုက္ပါ။ သူတို႔ဘာမွ ျဖစ္မွာ မဟုတ္ေတာ့ပါဘူး။ အထိအခိုက္မခံပါနဲ႔။"

စစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵျပေတြအတြင္း လံုျခံဳေရးေတြလက္ခ်က္ေၾကာင့္ ေသဆံုးခဲ့ရသူေတြအတြက္ ဝမ္းနည္းဂုဏ္ျပဳတဲ့ အထိမ္းအမွတ္ကာလကိုလည္း မတ္လ ၁၂ ရက္ေန႔ကေန April လ ၁၁ ရက္ေန႔အထိ ၁ လ သတ္မွတ္တယ္လို႔ CRPH ဖြဲ႔စည္းထားတဲ့ အစိုးရဝန္ႀကီးအဖဲြ႕ဝင္ ေဒါက္တာေဇာ္ေဝစိုးက ေျပာပါတယ္။ ေနျပည္ေတာ္မွာ ေသနတ္ဒဏ္ရာနဲ႔ေ ပထမဆံုး ေသဆံုးခဲ့တဲ့ မျမသြဲ႔သြဲ႔ခိုင္ေသဆံုးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ကို အမွတ္ရတဲ့အေနနဲ႔ ၁၂ ေန႔က စၿပီး သတ္မွတ္တယ္လို႔ ေျပာပါတယ္။ တလတာကာလအတြင္း အလံတိုင္တဝက္လႊင့္တာ၊ ဝမ္းနည္းျခင္း အထိမ္းအမွတ္ အခမ္းအနားေတြ၊ ဆုေတာင္းပြဲေတြ၊ ကုသိုလ္ေကာင္းမႈေတြ လုပ္တာအျပင္ အထိမ္းအမွတ္ ေက်ာက္စာတိုင္ေတြ စိုက္ထူၾကမယ္လို႔ ေဒါက္တာေဇာ္ေဝစိုးက ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ထဲက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အာဏာသိမ္းယူ အုပ္ခ်ဳပ္ေနတဲ့အေပၚ ဆန္႔က်င္ဆႏၵျပမႈေတြလည္း ၿမိဳ႕အႏွံ႔မွာ ဆက္ၿပီးလုပ္ေနၾကသလို လံုျခံဳတပ္ဖဲြ႕ေတြကလည္း ပစ္ခတ္ၿဖိဳခဲြမႈေတြ ဆက္လုပ္ေနပါတယ္။

ဒီေန႔မတ္လ ၈ ရက္ေန႔ မနက္ပိုင္းက ျမစ္ႀကီးနားၿမိဳ႕ ေအာင္နန္းရပ္ကြက္က ဆႏၵျပေနၾကသူေတြကို လက္နက္ကိုင္လံုျခံဳေရးေတြ အင္အားသံုး ပစ္ခတ္ၿဖိဳခြဲေနတဲ့ အသံေတြျဖစ္ပါတယ္။ ဒီပစ္ခတ္မႈမွာ အသက္ ၂၃ ႏွစ္အရြယ္ ေမာင္ဖိုးလံုး ေခၚ ကိုဇင္မင္းထက္နဲ႔ အသက္ ၆၂ ႏွစ္အရြယ္ ဦးကိုကိုေလး ေခၚ ဦးခ်ဳိတားတို႔ ဦးေခါင္းေတြမွာ ေသနတ္ဒဏ္ရာေတြနဲ႔ ေသဆံုးခဲ့ၾကပါတယ္။ ဒဏ္ရာရသူ ၇ ေယာက္ထက္ မနည္းလည္း ရွိခဲ့ပါတယ္။ အစၥလာမ္ဘာသာဝင္ျဖစ္တဲ့ ဦးကိုကိုေလး ေခၚ ဦးခ်ဳိတားကို ဒီေန႔ ညေနပိုင္းမွာပဲ အသုဘအခမ္းအနားလုပ္ခဲ့တာမွာ ေတာ္ေတာ္မ်ားမ်ား လိုက္ပါ ပို႔ေဆာင္ ႏႈတ္ဆက္ခဲ့ၾကပါတယ္။

ဖ်ာပံုၿမိဳ႕မွာလည္း ဆႏၵျပသူေတြကို ဒီေန႔ ပစ္ခတ္ႏွိမ္နင္းမႈေၾကာင့္ ၁ ေယာက္ေသဆံုးခဲ့ပါတယ္။

ဖ်ာပံုၿမိဳ႕မွာ ပစ္ခတ္မႈအတြင္း အသက္ ၃၀ အရြယ္ ကိုသီဟဦး ေသနတ္ဒဏ္ရာနဲ႔ ေသဆံုးခဲ့သလို ၅ ေယာက္အနည္းဆံုး ဒဏ္ရာရခဲ့ၾကပါတယ္။ အခုလို ဆႏၵျပသူေတြအေပၚ ပစ္ခတ္ႏွိမ္ႏွင္းသလို စစ္အာဏာသိမ္းမႈ ဆန္႔က်င္လႈပ္ရွားမႈမွာ ပါဝင္တဲ့ ရံုးခန္းေတြကိုလည္း လံုျခံဳေရးေတြ ဝင္ေရာက္ဖ်က္ဆီး အၾကမ္းဖက္တာေတြ လုပ္ေနပါတယ္။

လွ်ပ္စစ္နဲ႔ စြမ္းအင္ ဝန္ႀကီးဌာနလက္ေအာက္က ရန္ကုန္လွ်ပ္စစ္ဓါတ္အားေပးေရးေကာ္ပိုေရးရွင္း (YESC) မွာ တာဝန္ထမ္းေဆာင္ေနၾကတဲ့ ဝန္ထမ္း ေထာင္ေက်ာ္က CDM လႈပ္ရွားမႈမွာ ပါဝင္ၿပီး ျပည္သူ႔ေရြးေကာက္ခံ အစိုးရျပန္တက္လာမွ အလုပ္ျပန္လုပ္မယ္လို႔ ဒီေန႔ မတ္လ ၈ ရက္ေန႔ ေန႔စဲြနဲ႔ ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ ျပည္သူ႔ဝန္ထမ္းအလုပ္က ႏုတ္ထြက္တာ မဟုတ္သလို၊ ျပည္သူအမ်ားရဲ႕ ဆႏၵကို ေလးစားတဲ့အေနနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္တာျဖစ္တယ္လို႔ YESC ထုတ္ျပန္ခ်က္မွာ ေရးထားပါတယ္။ အဲဒီေၾကညာခ်က္ထြက္လာခဲ့ၿပီးေနာက္ ရန္ကုန္တိုင္း မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္ထဲက လွ်ပ္စစ္မန္ေနဂ်ာရံုးထဲကို ရဲေတြ အတင္းဝင္ေရာက္ၿပီး ဝန္ထမ္းေတြကို ထိုးႀကိတ္၊ ပစၥည္းေတြ လုယူသြားတယ္လို႔ ရန္ကင္းၿမိဳ႕နယ္ YESC က ထုတ္ျပန္ခဲ့ပါတယ္။ ရန္ကုန္လွ်ပ္စစ္ဓါတ္အားေပးေရးေကာ္ပိုေရးရွင္း (YESC) မွာ တာဝန္ထမ္းေနတဲ့ ဝန္ထမ္း ၂,၀၀၀ ေလာက္ရွိတယ္လို႔ သိရပါတယ္။

ခုလို မဂၤလာေတာင္ၫြန္႔ လွ်ပ္စစ္ရံုးကို ဝင္ေရာက္ဖ်က္စီးသလို ရန္ကုန္ၿမိဳ႕ ပန္းပဲတန္းၿမိဳ႕နယ္ထဲမွာရွိတဲ့ Myanmar Now သတင္းဌာနကိုလည္း ရဲနဲ႔ စစ္တပ္အင္အား ရာဂဏန္း ဝင္ေရာက္ရွာေဖြၿပီး Computer ေတြ၊ စာရြက္စာတမ္းေတြ ယူသြားခဲ့ၾကပါတယ္။

သဃၤန္းကြၽန္း ၿမိဳ႕နယ္ထဲမွာရွိတဲ့ ၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္း လူ႔အဖြဲ႕အစည္း ႐ုံးခန္းကိုလည္း ဒီေန႔ စစ္တပ္က ဝင္ေရာက္ရွာေဖြၿပီး မီးခံေသတၱာ၊ ကြန္ျပဴတာနဲ႔ ႐ုံးအသုံးအ​ေဆာင္ပစၥည္းေတြ ယူသြားတယ္လို႔ ၈၈ မ်ဳိးဆက္ေတြက ေျပာပါတယ္။ ဗိုလ္ေထာင္ၿမိဳ႕နယ္ ၄၆ လမ္းထိပ္က လၻက္ရည္ဆိုင္တခုကိုလည္း ရဲေတြ ဝင္ေရာက္ဖ်က္ဆီးၿပီးေတာ့ ဆိုင္မွာစားေသာက္ေနသူ ၁၀ ေယာက္ေလာက္ကို ဖမ္းဆီးေခၚသြားပါတယ္။ ရန္ကုန္၊ မႏၲေလး၊ မံုရြာစတဲ့ ၿမိဳ႕ႀကီးေတြက ေဆးရံုေတြ၊ တကၠသိုလ္ေတြထဲမွာလည္း စစ္တပ္ေတြက ဝင္ေရာက္ တပ္စြဲထားၾကပါတယ္။

စစ္တပ္နဲ႔ ရဲေတြက ခုလို အရပ္သားျပည္သူေတြအေပၚ အင္အားသံုး ႏွိမ္နင္း ဖမ္းဆီးမႈေတြလုပ္ေနေပမဲ့ ျပည္သူေတြကေတာ့ စစ္အာဏာရွင္စနစ္ဆန္႔က်င္တဲ့ ဆႏၵျပမႈေတြကို ႏိုင္ငံအႏွံ႔ ၿမိဳ႕ေတြမွာ ဆက္လက္ေနၾကပါတယ္။ ဒီေန႔က်ေရာက္တဲ့ ႏိုင္ငံတကာ အမ်ဳိးသမီးမ်ားေန႔ အထိမ္းအမွတ္အျဖစ္ ျမန္မာႏိုင္ငံက အမ်ဳိးသမီးေတြက ထဘီအလံလႊင့္ ဆႏၵျပခဲ့ၾကသလို၊ အမ်ဳိးသားတခ်ဳိ႕ကလည္း ထဘီေခါင္းေပါင္းၿပီး ေထာက္ခံမႈ ျပသခဲ့ၾကပါတယ္။

"ဒီေန႔ ဒီခ်ိန္ထိ က်ေနာ္ဟာ ဒီလို လူတေယာက္ျဖစ္လာတယ္ဆိုတာ ဒီထဘီရဲ႕ ေက်းဇူးေတြ၊ ဒီထဘီရဲ႕ က်ေနာ့္ဘဝမွာ ပါဝင္ပတ္သက္မႈေတြ အမ်ားၾကီးရွိခဲ့တယ္။ ဒါေၾကာင့္မို႔လို႔ ဒီေန႔ထဘီဝတ္တဲ့ အမ်ိဳးသမီးအားလံုးကို က်ေနာ္တို႔ လက္ခုတ္တီးၿပီးေတာ့ ဂုဏ္ျပဳေပးၾကရေအာင္။"

ရန္ကုန္ၿမိဳ႕က ႏိုင္ငံတကာ အမ်ဳိးသမီးမ်ားေန႔ အထိမ္းအမွတ္ ထဘီအလံလႊင့္ ဆႏၵျပသူတေယာက္ ေျပာခဲ့တာျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စု ႏိုင္ငံျခားေရးဌာနကေပးတဲ့ ၂၀၂၁ ခုႏွစ္အတြက္ အမ်ဳိးသမီးသူရဲေကာင္းမ်ား ဆုကို ျမန္မာႏိုင္ငံက တိုင္းရင္းသားလူငယ္ေတြ၊ ဘာသာေရးအဖဲြ႕ေတြ ၾကား သင့္ျမတ္မႈရရွိေအာင္ ေဆာင္ရြက္ေနတဲ့ Wings Institute for Reconciliation အဖဲြ႕တည္ေထာင္သူတေယာက္ျဖစ္တဲ့ မၿဖိဳးၿဖိဳးေအာင္လည္း ရရွိပါတယ္။ ဆုေပးပြဲအခမ္းအနားကို မၾကာခင္အခ်ိန္မွာပဲ Online ကေန က်င္းပမွာျဖစ္ပါတယ္။ ဒီအခမ္းအနားကို အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကဦးေဆာင္က်င္းပမွာျဖစ္ၿပီး သမၼတကေတာ္ Dr. Jill Biden က အထူးမိန္႔ခြန္းေျပာၾကားမွာျဖစ္ပါတယ္။

တခ်ိန္ထဲမွာပဲ Australia ႏိုင္ငံက ျမန္မာ့တပ္မေတာ္ကို အကူအညီေပးေနတဲ့ အစီအစဥ္ေတြကို ရပ္လိုက္ေၾကာင္း ေၾကညာခဲ့ပါတယ္။

ျမန္မာစစ္တပ္နဲ႔ ထိေတြ႕ဆက္ဆံေရးကို ျပန္လည္သံုးသပ္ခဲ့ၿပီး ပူးေပါင္းေဆာင္ရြက္မႈအားလံုးကို ရပ္ဆိုင္းလိုက္ေၾကာင္း တနဂၤေႏြေန႔က ထုတ္ျပန္ေၾကညာခဲ့တယ္လို႔ ၾသစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီး Marise Payne ကေျပာၾကားခဲ့ပါတယ္။ ျမန္မာႏိုင္ငံကိုေပးေနတဲ့ ဖြံၿဖိဳးေရးအေထာက္အပံ့ေတြကိုလည္း ျပန္လည္သံုးသပ္ေနပါတယ္။ ဒါေပမဲ့ အာဆီယံအဖဲြ႕ထဲမွာ အဆင္းရဲဆံုး တႏိုင္ငံျဖစ္တဲ့ျမန္မာႏိုင္ငံက ျပည္သူေတြ ထိခိုက္မွာမ်ဳိးကိုေတာ့ ၾသစေၾတးလ်ႏိုင္ငံက လုပ္မွာ မဟုတ္ဘူးလို႔ ၾသစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။ အဲဒီအေထာက္အပံ့ေတြကို အစိုးရနဲ႔ အစိုးရနဲ႔ပါတ္သက္တဲ့ လုပ္ငန္းေတြကို ေပးေတာ့မွာ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္း ျမန္မာစစ္တပ္ကို ၾသစေၾတးလ်က တိုက္ခိုက္ေရးမဟုတ္တဲ့ သင္တန္းေတြ၊ အဂၤလိပ္စာသင္တန္းေတြ ေပးခဲ့ပါတယ္။ အဲဒီသင္တန္းေတြကို အေမရိကန္ေဒၚလာ ၁,၀၀၀,၀၀၀ ေက်ာ္သံုးစြဲခဲ့တယ္လို႔ တနဂၤေႏြေန႔က ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ ျမန္မာႏိုင္ငံမွာ ဖမ္းဆီးခံထားရတဲ့ ၾသစေၾတးလ်လူမ်ဳိး စီးပြားေရးပါေမာကၡ Sean Turnell သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔အပါအဝင္ တရားလက္လြတ္ဖမ္းဆီးခံထားရသူေတြ လြတ္ေျမာက္အေရးအတြက္ တျခားႏိုင္ငံေတြနဲ႔ ေဆြးေႏြးေဆာင္ရြက္ေနတယ္လို႔လည္း ၾသစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီး Marise Payne က ဒီေန႔သတင္းစာရွင္းပြဲမွာ ေျပာၾကားသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

CDM ကြောင့် ဘဏ်နဲ့လုပ်ငန်းအများစု ပြန်မဖွင့်နိုင်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှား ဆန္ဒပြမှုတွေ ဆက်ပြီးလုပ်နေကြပါတယ်။ မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ ပုဂ္ဂလိက ဘဏ်ခွဲတွေကို ဒီနေ့မတ်လ ၈ ရက်နေ့ကစပြီး ပြန်ဖွင့်ဖို့ နိုင်ငံတော် ဗဟိုဘဏ်က အကြောင်းကြားထားပေမဲ့ ဒီနေ့ ပုဂ္ဂလိကဘဏ်တွေ အားလုံးဆက်ပြီး ပိတ်ထားကြပါတယ်။ ဝန်ထမ်းတွေ CDM လှုပ်ရှားမှုထဲမှာ ပါဝင်နေကြတာ၊ သွားရေးလာရေး အခက်အခဲရှိနေတာနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ဘဏ်တွေ ပြန်ဖွင့်ဖို့ အခက်အခဲရှိနေတယ်လို့ ဘဏ်လုပ်ငန်းလုပ်နေသူတွေက ပြောပါတယ်။ ဆရာဝန်နဲ့ ဆေးဝန်ထမ်းတွေ၊ အင်ဂျင်နီယာတွေ၊ လျှပ်စစ်ဝန်ထမ်းတွေလည်း CDM မှာ ပါဝင်နေကြတဲ့အတွက် လုပ်ငန်းတွေ ထိခိုက်နေပါတယ်။ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံတွေမှာလည်း ဝန်ထမ်းတွေ CDM လုပ်နေကြတာမို့ လုပ်ငန်းတွေ ရပ်နေကြပါတယ်။

အခုလိုအခြေအနေမှာပဲ CDM လှုပ်ရှားမှုကို ဆက်ပြီးလုပ်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကခန့်အပ်ထားတဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်ပါတယ်။

"CDM တံခါး ကျနော် ပိတ်မယ်လို့ ပြောခဲ့တယ်။ ဘယ်တော့မှ မပိတ်တော့ပါဘူး။ အမြဲဖွင့်ထားမှာပါ။ ဝင်ချင်တဲ့သူ? အမှန်တရားဘက်ကို မြင်လာတဲ့သူတွေအတွက် တံခါးကို အမြဲတမ်းဖွင့်ထားမှာပါ။ မသိသားဆူးသွားမည်။ မျက်စိမှိတ်ပြီးတော့ အဓမ္မနဲ့ မတရားမှုကို သိရက်နဲ့၊ မကောင်းမှုကို သိရက်နဲ့ ထောက်ပံ့နေတဲ့သူတွေ၊ CDM မလုပ်တဲ့သူတွေကို ဖယ်ကျဉ်ထားရမှာပဲ ဖြစ်ပါတယ်။"

ရုံးမတက်အာဏာဖီဆန်မှုမှာ ရဲတွေ၊ စစ်သားတွေ၊ သံတမန်တွေ ပိုပြီး ပါဝင်လာနေတယ်လို့ ဒေါက်တာဇော်ဝေစိုးက သူ့ရဲ့ Facebook လူမှုကွန်ယက်ပေါ်မှာ တင်ထားတဲ့ အသံဖိုင်ထဲမှာ ပြောထားပါတယ်။ ဆေးရုံတွေ၊ ကျောင်းတွေထဲကို စစ်တပ်တွေ ဝင်လေ၊ ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်လေဖြစ်တယ်လို့ သူကပြောပါတယ်။ CDM လှုပ်ရှားမှုမှာ လောလောဆယ်ပါဝင်ဖို့ အခက်အခဲရှိနေကြသူတွေ ပါဝင်လာအောင် ဆက်ပြီး ဒီလှုပ်ရှားမှုကို လုပ်သွားမှာဖြစ်ကြောင်းလည်း နောက်အသံဖိုင်တခုမှာ ရှင်းပြထားပြီး CDM မှာပါဝင်နေကြတဲ့ဝန်ထမ်းတွေလည်း ကျေးဇူးတင် ဂုဏ်ပြုကြောင်း ပြောကြားထားပါတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြပြည်သူတွေအနေနဲ့လည်း ထိပ်တိုက်မတေ့ွဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းပါတယ်။

"ပြည်သူအပေါင်းတို့နဲ့ Generation Z အပေါင်းတို့ ခင်ဗျာ... အားလုံး လိမ္မာပါးနပ်စွာနဲ့ ရှေည်ကြဉ်ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒပြကြပါ။ ထိပ်တိုက်မတွေ့ပါနဲ့။ သူတို့ဟာသူတို့ထားလိုက်ပါ။ သူတို့ဘာမှ ဖြစ်မှာ မဟုတ်တော့ပါဘူး။ အထိအခိုက်မခံပါနဲ့။"

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတွေအတွင်း လုံခြုံရေးတွေလက်ချက်ကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းဂုဏ်ပြုတဲ့ အထိမ်းအမှတ်ကာလကိုလည်း မတ်လ ၁၂ ရက်နေ့ကနေ April လ ၁၁ ရက်နေ့အထိ ၁ လ သတ်မှတ်တယ်လို့ CRPH ဖွဲ့စည်းထားတဲ့ အစိုးရဝန်ကြီးအဖွဲ့ဝင် ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ နေပြည်တော်မှာ သေနတ်ဒဏ်ရာနဲ့ေ ပထမဆုံး သေဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်သေဆုံးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို အမှတ်ရတဲ့အနေနဲ့ ၁၂ နေ့က စပြီး သတ်မှတ်တယ်လို့ ပြောပါတယ်။ တလတာကာလအတွင်း အလံတိုင်တဝက်လွှင့်တာ၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားတွေ၊ ဆုတောင်းပွဲတွေ၊ ကုသိုလ်ကောင်းမှုတွေ လုပ်တာအပြင် အထိမ်းအမှတ် ကျောက်စာတိုင်တွေ စိုက်ထူကြမယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ထဲက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းယူ အုပ်ချုပ်နေတဲ့အပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေလည်း မြို့အနှံ့မှာ ဆက်ပြီးလုပ်နေကြသလို လုံခြုံတပ်ဖွဲ့တွေကလည်း ပစ်ခတ်ဖြိုခွဲမှုတွေ ဆက်လုပ်နေပါတယ်။

ဒီနေ့မတ်လ ၈ ရက်နေ့ မနက်ပိုင်းက မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်က ဆန္ဒပြနေကြသူတွေကို လက်နက်ကိုင်လုံခြုံရေးတွေ အင်အားသုံး ပစ်ခတ်ဖြိုခွဲနေတဲ့ အသံတွေဖြစ်ပါတယ်။ ဒီပစ်ခတ်မှုမှာ အသက် ၂၃ နှစ်အရွယ် မောင်ဖိုးလုံး ခေါ် ကိုဇင်မင်းထက်နဲ့ အသက် ၆၂ နှစ်အရွယ် ဦးကိုကိုလေး ခေါ် ဦးချိုတားတို့ ဦးခေါင်းတွေမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကြပါတယ်။ ဒဏ်ရာရသူ ၇ ယောက်ထက် မနည်းလည်း ရှိခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ ဦးကိုကိုလေး ခေါ် ဦးချိုတားကို ဒီနေ့ ညနေပိုင်းမှာပဲ အသုဘအခမ်းအနားလုပ်ခဲ့တာမှာ တော်တော်များများ လိုက်ပါ ပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။

ဖျာပုံမြို့မှာလည်း ဆန္ဒပြသူတွေကို ဒီနေ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ၁ ယောက်သေဆုံးခဲ့ပါတယ်။

ဖျာပုံမြို့မှာ ပစ်ခတ်မှုအတွင်း အသက် ၃၀ အရွယ် ကိုသီဟဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့သလို ၅ ယောက်အနည်းဆုံး ဒဏ်ရာရခဲ့ကြပါတယ်။ အခုလို ဆန္ဒပြသူတွေအပေါ် ပစ်ခတ်နှိမ်နှင်းသလို စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုမှာ ပါဝင်တဲ့ ရုံးခန်းတွေကိုလည်း လုံခြုံရေးတွေ ဝင်ရောက်ဖျက်ဆီး အကြမ်းဖက်တာတွေ လုပ်နေပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနလက်အောက်က ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း (YESC) မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်း ထောင်ကျော်က CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ပြည်သူ့ရွေးကောက်ခံ အစိုးရပြန်တက်လာမှ အလုပ်ပြန်လုပ်မယ်လို့ ဒီနေ့ မတ်လ ၈ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ ပြည်သူ့ဝန်ထမ်းအလုပ်က နုတ်ထွက်တာ မဟုတ်သလို၊ ပြည်သူအများရဲ့ ဆန္ဒကို လေးစားတဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ YESC ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ အဲဒီကြေညာချက်ထွက်လာခဲ့ပြီးနောက် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက လျှပ်စစ်မန်နေဂျာရုံးထဲကို ရဲတွေ အတင်းဝင်ရောက်ပြီး ဝန်ထမ်းတွေကို ထိုးကြိတ်၊ ပစ္စည်းတွေ လုယူသွားတယ်လို့ ရန်ကင်းမြို့နယ် YESC က ထုတ်ပြန်ခဲ့ပါတယ်။ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း (YESC) မှာ တာဝန်ထမ်းနေတဲ့ ဝန်ထမ်း ၂,၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

ခုလို မင်္ဂလာတောင်ညွန့် လျှပ်စစ်ရုံးကို ဝင်ရောက်ဖျက်စီးသလို ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ်ထဲမှာရှိတဲ့ Myanmar Now သတင်းဌာနကိုလည်း ရဲနဲ့ စစ်တပ်အင်အား ရာဂဏန်း ဝင်ရောက်ရှာဖွေပြီး Computer တွေ၊ စာရွက်စာတမ်းတွေ ယူသွားခဲ့ကြပါတယ်။

သင်္ဃန်းကျွန်း မြို့နယ်ထဲမှာရှိတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်းကိုလည်း ဒီနေ့ စစ်တပ်က ဝင်ရောက်ရှာဖွေပြီး မီးခံသေတ္တာ၊ ကွန်ပြူတာနဲ့ ရုံးအသုံးအဆောင်ပစ္စည်းတွေ ယူသွားတယ်လို့ ၈၈ မျိုးဆက်တွေက ပြောပါတယ်။ ဗိုလ်ထောင်မြို့နယ် ၄၆ လမ်းထိပ်က လ္ဘက်ရည်ဆိုင်တခုကိုလည်း ရဲတွေ ဝင်ရောက်ဖျက်ဆီးပြီးတော့ ဆိုင်မှာစားသောက်နေသူ ၁၀ ယောက်လောက်ကို ဖမ်းဆီးခေါ်သွားပါတယ်။ ရန်ကုန်၊ မန္တလေး၊ မုံရွာစတဲ့ မြို့ကြီးတွေက ဆေးရုံတွေ၊ တက္ကသိုလ်တွေထဲမှာလည်း စစ်တပ်တွေက ဝင်ရောက် တပ်စွဲထားကြပါတယ်။

စစ်တပ်နဲ့ ရဲတွေက ခုလို အရပ်သားပြည်သူတွေအပေါ် အင်အားသုံး နှိမ်နင်း ဖမ်းဆီးမှုတွေလုပ်နေပေမဲ့ ပြည်သူတွေကတော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို နိုင်ငံအနှံ့ မြို့တွေမှာ ဆက်လက်နေကြပါတယ်။ ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံက အမျိုးသမီးတွေက ထဘီအလံလွှင့် ဆန္ဒပြခဲ့ကြသလို၊ အမျိုးသားတချို့ကလည်း ထဘီခေါင်းပေါင်းပြီး ထောက်ခံမှု ပြသခဲ့ကြပါတယ်။

"ဒီနေ့ ဒီချိန်ထိ ကျနော်ဟာ ဒီလို လူတယောက်ဖြစ်လာတယ်ဆိုတာ ဒီထဘီရဲ့ ကျေးဇူးတွေ၊ ဒီထဘီရဲ့ ကျနော့်ဘဝမှာ ပါဝင်ပတ်သက်မှုတွေ အများကြီးရှိခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီနေ့ထဘီဝတ်တဲ့ အမျိုးသမီးအားလုံးကို ကျနော်တို့ လက်ခုတ်တီးပြီးတော့ ဂုဏ်ပြုပေးကြရအောင်။"

ရန်ကုန်မြို့က နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ထဘီအလံလွှင့် ဆန္ဒပြသူတယောက် ပြောခဲ့တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနကပေးတဲ့ ၂၀၂၁ ခုနှစ်အတွက် အမျိုးသမီးသူရဲကောင်းများ ဆုကို မြန်မာနိုင်ငံက တိုင်းရင်းသားလူငယ်တွေ၊ ဘာသာရေးအဖွဲ့တွေ ကြား သင့်မြတ်မှုရရှိအောင် ဆောင်ရွက်နေတဲ့ Wings Institute for Reconciliation အဖွဲ့တည်ထောင်သူတယောက်ဖြစ်တဲ့ မဖြိုးဖြိုးအောင်လည်း ရရှိပါတယ်။ ဆုပေးပွဲအခမ်းအနားကို မကြာခင်အချိန်မှာပဲ Online ကနေ ကျင်းပမှာဖြစ်ပါတယ်။ ဒီအခမ်းအနားကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကဦးဆောင်ကျင်းပမှာဖြစ်ပြီး သမ္မတကတော် Dr. Jill Biden က အထူးမိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ Australia နိုင်ငံက မြန်မာ့တပ်မတော်ကို အကူအညီပေးနေတဲ့ အစီအစဉ်တွေကို ရပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံရေးကို ပြန်လည်သုံးသပ်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ကပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကိုပေးနေတဲ့ ဖွံဖြိုးရေးအထောက်အပံ့တွေကိုလည်း ပြန်လည်သုံးသပ်နေပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့ထဲမှာ အဆင်းရဲဆုံး တနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံက ပြည်သူတွေ ထိခိုက်မှာမျိုးကိုတော့ သြစတြေးလျနိုင်ငံက လုပ်မှာ မဟုတ်ဘူးလို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အဲဒီအထောက်အပံ့တွေကို အစိုးရနဲ့ အစိုးရနဲ့ပါတ်သက်တဲ့ လုပ်ငန်းတွေကို ပေးတော့မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မြန်မာစစ်တပ်ကို သြစတြေးလျက တိုက်ခိုက်ရေးမဟုတ်တဲ့ သင်တန်းတွေ၊ အင်္ဂလိပ်စာသင်တန်းတွေ ပေးခဲ့ပါတယ်။ အဲဒီသင်တန်းတွေကို အမေရိကန်ဒေါ်လာ ၁,၀၀၀,၀၀၀ ကျော်သုံးစွဲခဲ့တယ်လို့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သြစတြေးလျလူမျိုး စီးပွားရေးပါမောက္ခ Sean Turnell သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် တရားလက်လွတ်ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်အရေးအတွက် တခြားနိုင်ငံတွေနဲ့ ဆွေးနွေးဆောင်ရွက်နေတယ်လို့လည်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne က ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG