သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေကြးတိုင္း ထီးလင္း ရဲပစ္ခတ္လို႔ လူငယ္တဦး ပဲြခ်င္းၿပီးေသဆံုး


စိတ္မခ်မ္းေမြ႔ဖြယ္ ျမင္ကြင္းမ်ား ပါရွိပါတယ္။ မေကြးတိုင္း ထီးလင္း ရဲပစ္ခတ္မႈ အတြင္း ဒဏ္ရာရွိမႈ။ (ဓာတ္ပံု စည္သူေအာင္) ၀၃-၀၇-၂၀၂၁

(Zawgyi/Unicode)

မေကြးတိုင္း ထီလင္းၿမိဳ႕မွာ တနဂၤေႏြေန႔ ညပိုင္း ၁၀ နာရီ ၀န္းက်င္အတြင္း ရဲစခန္းေရွ႕ ဆႏၵျပ ေတာင္းဆိုတဲ႔ လူအုပ္ကို ရဲက ပစ္ခတ္ လူစုခြဲတာေၾကာင့္ အသက္ ၂၃ ႏွစ္ အရြယ္ ကိုေအာင္ျမတ္လင္း ေသနတ္က်ည္ ဒဏ္ရာနဲ႔ ပြဲခ်င္းၿပီး ေသဆံုးခဲ႔ပါတယ္။ ရဲက ဖမ္းသြားတဲ႔ လူငယ္ တဦးကို ျပန္လႊတ္ေပးေရး ေဒသခံ ၂၀၀ ေလာက္က ရဲစခန္း အနီး လမ္းေပၚမွာ စုေ၀း ေတာင္းဆိုတာမွာ ပစ္ခတ္ခံရတာ ျဖစ္ေၾကာင္း ကိုယ္တိုင္ မ်က္ျမင္ေတြ႔သူ ကိုစည္သူေအာင္က ဗီြအိုေအကို ေျပာပါတယ္။

ကိုစည္သူေအာင္။ ။ ရွိတယ္ဗ်။ က်ေနာ္႔ေရွ႕တင္ ျဖစ္တာဗ်။

သိဂၤ ီထုိက္။ ။ ဘယ္လို ျဖစ္ပါလဲရွင္။

ကိုစည္သူေအာင္။ ။ က်ေနာ္တို႔ လူငယ္ေလးထဲက ေကာင္ေလး တေယာက္ကို ရဲက လာဆြဲတာ ခင္ဗ်။ ကိုေအာင္ေကာင္းျမတ္ဆိုတဲ႔ တေယာက္ကို။ ရဲက ၀င္ဖမ္းသြားေတာ့ က်ေနာ္တို႔ လူထုကေန မခံရပ္ႏုိင္ေတာ့ ဆရာေတာ္ဆီမွာ ေလွ်ာက္တယ္။ အဲမွာ ဆရာေတာ္နဲ႔ ၿမိဳ႕နယ္မွဴးေတြနဲ႔ ညွိတယ္။ တရားသူႀကီးနဲ႔ ညွိတယ္။ အဲမွာ တရားသူႀကီးနဲ႔ ညွိေတာ့လည္း သူတို႔က ျပန္လႊတ္မေပးဘူး။ ျပန္လႊတ္မေပးေတာ့ လူထုက ရဲစခန္းေရွ႕ကို ထြက္ၿပီးေတာ့ အင္အား ၂၀၀ ေလာက္ ရွိမယ္ဗ်။ အဲဒီမွာ ကိုေအာင္ေကာင္းျမတ္ကို ျပန္လႊတ္ေပးေရး ဆုိၿပီး သြားေအာ္တယ္။ အဲဒီမွာ လူစု ခြဲခိုင္းတယ္။
ပထမ တခါ အသံဗံုးရယ္ မ်က္ရည္ယိုဗံုးရယ္ သံုးတယ္ ခင္ဗ်။ မီးရႈးပစ္တယ္ ခင္ဗ်။ ပစ္ၿပီးရင္ က်ည္ အစစ္ေတြနဲ႔ပါ ပစ္ေတာ့တာ ခင္ဗ်။

သိဂၤ ီထုိက္။ ။ ဆိုးဆိုးရြားရြား ထိခို္က္ဒဏ္ရာ ရသူေတြ ရွိပါသလား။

ကိုစည္သူေအာင္။ ။ တေယာက္က ပြဲခ်င္းၿပီး ေသသြားတယ္ ခင္ဗ်။

သိဂၤ ီထုိက္။ ။ တေယာက္ဆုိတာက ဘယ္သူပါလဲရွင့္။

ကိုစည္သူေအာင္။ ။ ေအာင္ျမတ္လင္း ခင္ဗ်။ အသက္က ၂၃ ႏွစ္ ခင္ဗ်။ ထန္းပင္ကုန္း ရြာက ခင္ဗ်။ ထီးလင္းၿမိဳ႕နယ္ ထန္းပင္ကုန္းရြာက။

သိဂၤ ီထုိက္။ ။ ပြဲခ်င္းၿပီး ေသတယ္ဆိုတာက ေဆးရံုကို ပို႔ၿပီး သိတာလား။ ဘယ္လို သိပါလဲ။

ကိုစည္သူေအာင္။ ။ က်ေနာ္တို႔ အဖြဲ႔ ကိုယ္တိုင္ သယ္လာတာ ခင္ဗ်။ ေဆးရံုကလည္း သိတဲ႔ အတိုင္း ဖြင့္မထားဘူး။ ေဆးရံုက CDM မလုပ္တဲ႔ ဆရာမေတြကလည္း ထြက္မလာဘူး။ အဲဒါေၾကာင့္ က်ေနာ္တို႔က အျပင္မွာ ရွိတဲ႔ ဆရာမေတြနဲ႔ ဘုန္းႀကီးေက်ာင္းကို သယ္သြားရတာ ခင္ဗ်။ ဘုန္းႀကီးေက်ာင္းေရာက္ေတာ့ အသက္ မပါေတာ့ဘူးခင္ဗ်။ လမ္းေပၚမွာတင္ ေသတာ ခင္ဗ်။

သိဂၤ ီထုိက္။ ။ ဘယ္လို ထိမိပါသလဲရွင့္ သူ႔ကို။

ကိုစည္သူေအာင္။ ။ ႏွလံုး တည့္တည့္ကို ေဖာက္သြားတာ ခင္ဗ်။ က်ည္က ႏွလံုးတည့္တည့္ကို ေဖာက္ၿပီး ေက်ာကို ထြက္သြားတာ ခင္ဗ်။ ထုတ္ခ်င္းေပါက္သြားတာ ခင္ဗ်။ ႏွလံုးကို။

သိဂၤ ီထုိက္။ ။ အခု သူ႔ကို ဘယ္လို ထား ထားပါသလဲရွင့္။ ေဆးရံုမွာလား။

ကိုစည္သူေအာင္။ ။ ထန္းပင္ကုန္းရြာမွာ ထားထားတယ္ ခင္ဗ်။ မနက္ျဖန္ေရာက္ရင္ Death Body ကုိ ခြဲစိတ္ဖို႔ အတြက္ က်ေနာ္တို႔မွာ ခြဲစိတ္ေပးမယ့္ မႈခင္း ဆရာ၀န္လည္း မရွိဘူး ခင္ဗ်။ နယ္ဆိုေတာ့။ အဲေတာ့ ဘယ္လုိ လုပ္ရမလဲ ဆိုေတာ့ ခရိုင္ကို အကူအညီ ေတာင္းမလို႔ ႀကိဳးစားေနတယ္ ခင္ဗ်။

သိဂၤ ီထုိက္။ ။ အခု သူ႔ကို ဘယ္မွာ ထားထားပါသလဲ။ ရြာကို ပို႔လိုက္တာပါလား။

ကိုစည္သူေအာင္။ ။ သူ႔ ဇာတိ ရြာမွာ ထားထားတယ္ ခင္ဗ်။

သိဂၤ ီထုိက္။ ။ ညတြင္းခ်င္း ပို႔လိုက္တာေပါ့ေနာ္။

ကိုစည္သူေအာင္။ ။ ညတြင္းခ်င္း ဟုတ္တယ္ဗ်။ ဘုန္းဘုန္းရဲ႕ အမိန္႔နဲ႔ ရြာကို ခ်က္ခ်င္း သယ္ခိုင္းတာဗ်။ ၿမိဳ႕ေပၚမွာ ထားရင္ ရဲက Death Body ကုိ လာဆြဲမွာ စိုးလို႔။

သိဂၤ ီထုိက္။ ။ ထိမိ ခိုက္မိသူေတြမ်ား ရွိပါသလား။

ကိုစည္သူေအာင္။ ။ ရွိတယ္ ခင္ဗ်။ ရာဘာက်ည္ ထိတဲ႔ လူေတာင္ ၅ ေယာက္၊ ၆ ေယာက္ ရွိတယ္ ခင္ဗ်။

သိဂၤ ီထုိက္။ ။ သူတို႔ ကုသခံေနလား။ ဘယ္မွာ ထားထားပါလဲ။

ကိုစည္သူေအာင္။ ။ ေပါင္ကို ဟိုဘက္ သည္ဘက္ ေပါက္သြားသူ ၂ ေယာက္ကိုေတာ့ ေဆးရံုကို ေျပာင္းလိုက္ၿပီဗ်။ ျပည္သူ႔ ေဆးရံုကို။

သိဂၤ ီထုိက္။ ။ က်န္တဲ႔ လူေတြကေရာ။

ကိုစည္သူေအာင္။ ။ က်န္တဲ႔ လူေတြကေတာ့ ဘုန္းႀကီးေက်ာင္းမွာ ခနကုၿပီး။ က်ေနာ္တို႔ကေတာ႔ ျပန္လာခဲ႔ၿပီ ခင္ဗ်။ သူတို႔ကို ဘယ္ကို ေရႊ႕ခ်င္လဲ ဆိုၿပီး ဘုန္းႀကီးကေတာ့ ေမးေနတယ္ ခင္ဗ်။

သိဂၤ ီထုိက္။ ။ ဘုန္းႀကီးေက်ာင္းဆိုတာ ဘယ္ဘုန္းႀကီးေက်ာင္းပါလဲရွင့္။

ကိုစည္သူေအာင္။ ။ ထီးလင္းမွာ မဂၤလာေက်ာင္း တေက်ာင္းဘဲ ရွိပါတယ္ ခင္ဗ်။

သိဂၤ ီထုိက္။ ။ ဘုန္းႀကီးက ၀င္ၿပီး ျဖန္ေျဖေပးတာမွာ အဆင္မေျပသြားတာလား။

ကိုစည္သူေအာင္။ ။ ဘုန္းႀကီးကေတာ့ တရားသူႀကီးေတြနဲ႔ ဖုန္းဆက္ၿပီးမွ ေျပာေပးေသးတယ္ ခင္ဗ်။ တရားသူႀကီးေတြ၊ ၿမိဳ႕နယ္မွဴးေတြ၊ စခန္းမွဴးေတြကို။

သိဂၤ ီထုိက္။ ။ ထီးလင္းမွာ ရဲစခန္း တခုဘဲ ရွိပါသလားရွင့္။

ကိုစည္သူေအာင္။ ။ ဟုတ္ပါတယ္။ ရဲစခန္း တခုဘဲ ရွိပါတယ္။ ၿမိဳ႕နယ္ ရဲစခန္းနဲ႔ ေတာင္စခန္း၊ ေျမာက္စခန္းဆိုၿပီး ရွိတယ္။ ျဖစ္တာကေတာ့ ေတာင္စခန္းမွာ ျဖစ္တာ ခင္ဗ်။

သိဂၤ ီထုိက္။ ။ ကိုေအာင္ေကာင္းျမတ္ကို ျပန္လႊတ္ေပးပါသလားရွင့္။

ကိုစည္သူေအာင္။ ။ မလႊတ္ေပးဘူး ခင္ဗ်။ အခုထက္ထိ ထိန္းသိမ္းထားတုန္း ခင္ဗ်။

သိဂၤ ီထုိက္။ ။ အခု ထီးလင္း ေဒသခံေတြရဲ႕ လံုၿခံဳေရးကေရာ ဘယ္လို ရွိပါလဲရွင့္။

ကိုစည္သူေအာင္။ ။ က်ေနာ္တို႔ ဘ၀မွာ အဲလို ဆိုးဆိုးရြားရြား တခါမွ မျဖစ္ပါဘူး။ တအား ေအးခ်မ္းတယ္ ခင္ဗ်။ က်ေနာ္တို႔ ၿမိဳ႕က ေအးခ်မ္းတယ္။ တခါမွ ေသနတ္ေဖာက္သံ မၾကာဖူးတဲ႔ ၿမိဳ႕ပါ ခင္ဗ်။ ဒီေန႔ ေရာက္မွ အဲလို ျဖစ္သြားတာ။

သိဂၤ ီထုိက္။ ။ လူထုက ရဲစခန္းကို ၀ိုင္းလို႔လား၊ ဆူဆူပူပူ လုပ္လို႔လား၊ ဘာေၾကာင့္ ပစ္တာပါလဲရွင့္။

ကိုစည္သူေအာင္။ ။ ရဲစခန္း ထိပ္ထိေတာင္ မေရာက္ဘူး ခင္ဗ်။ ရဲစခန္းရဲ႕ ေအာက္ေျခ နားေလးတင္၊ ေဆးရံုနဲ႔ ရဲစခန္း ဧရိယာ စပ္ၾကားေလးမွာ လူထုက ေအာ္တယ္။ ေအာ္တယ္ဆိုတာ ကိုေအာင္ေကာင္းျမတ္ကို ျပန္လႊတ္ေရး - ဒို႔အေရး ဒီတခြန္းဘဲ ေအာ္တာ ခင္ဗ်။ က်န္တာ မေအာ္ဘူး ခင္ဗ်။ ေတာင္းဆိုတာ ဒီတခုဘဲ ေတာင္းဆိုတာ ခင္ဗ်။

သိဂၤ ီထုိက္။ ။ အဲဒီေတာ့ လူထုက ရဲစခန္းနားကို ေရာက္ၿပီး နာရီ၀က္ေလာက္မွာ စပစ္တာလား၊ ၁၀ မိနစ္ေလာက္မွာ စပစ္တာလား။ ဘယ္အခ်ိန္ေလာက္မွာ စပစ္တာပါလဲ။

ကိုစည္သူေအာင္။ ။ ၁၀ မိနစ္ေလာက္မွာ စပစ္တာ ခင္ဗ်။ ခနေလး အတြင္းမွာ ခ်က္ခ်င္း လူစု ခြဲခိုင္းတာဗ်။ ဆင္းပစ္တာဗ်။ သူတို႔ကိုယ္တိုင္ လမ္းေပၚထြက္ ပစ္တာ ခင္ဗ်။


မေကြးတိုင္း ထီးလင္းၿမိဳ႕ခံ တခ်ိဳ႕လည္း ဖမ္းဆီးခံရမယ့္ အေရး စိုးရိမ္ခ်က္နဲ႔ ကိုယ့္အိမ္ကိုယ့္ယာမွာ မေနရဲဘဲ ညပိုင္းမွာ တိမ္းေရွာင္ေနၾကရတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ အာဏာသိမ္းထားတဲ႔ တပ္မေတာ္ အုပ္ခ်ဳပ္ေရး ေကာင္စီက ညအခ်ိန္ မေတာ္ ၀င္ေရာက္စီးနင္း ဖမ္းဆီးမႈေတြ ရွိေနတာနဲ႔ အတူဘဲ ႏုိင္ငံေရးသမားေတြတင္ မဟုတ္ဘဲ ဆႏၵျပသူေတြ၊ လူမႈေရး တက္ၾကြလႈပ္ရွားသူေတြ၊ သတင္းသမားေတြလည္း ဖမ္းခံရမယ့္ အေရး စိုးရိမ္ခ်က္နဲ႔ တိမ္းေရွာင္ေနၾကသူ အမ်ားအျပား ရွိေနပါတယ္။ ည အခ်ိန္မေတာ္ ၀င္ေရာက္ ဖမ္းဆီးခံရၿပီး မိသားစုနဲ႔ အဆက္အသြယ္ မရသူေတြလည္း အမ်ားအျပား ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မကွေးတိုင်း ထီးလင်း ရဲပစ်ခတ်လို့ လူငယ်တဦး ပွဲချင်းပြီးသေဆုံး

မကွေးတိုင်း ထီလင်းမြို့မှာ တနင်္ဂနွေနေ့ ညပိုင်း ၁၀ နာရီ ဝန်းကျင်အတွင်း ရဲစခန်းရှေ့ ဆန္ဒပြ တောင်းဆိုတဲ့ လူအုပ်ကို ရဲက ပစ်ခတ် လူစုခွဲတာကြောင့် အသက် ၂၃ နှစ် အရွယ် ကိုအောင်မြတ်လင်း သေနတ်ကျည် ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ရဲက ဖမ်းသွားတဲ့ လူငယ် တဦးကို ပြန်လွှတ်ပေးရေး ဒေသခံ ၂၀၀ လောက်က ရဲစခန်း အနီး လမ်းပေါ်မှာ စုဝေး တောင်းဆိုတာမှာ ပစ်ခတ်ခံရတာ ဖြစ်ကြောင်း ကိုယ်တိုင် မျက်မြင်တွေ့သူ ကိုစည်သူအောင်က ဗွီအိုအေကို ပြောပါတယ်။

ကိုစည်သူအောင်။ ။ ရှိတယ်ဗျ။ ကျနော့်ရှေ့တင် ဖြစ်တာဗျ။

သိင်္ဂ ီထိုက်။ ။ ဘယ်လို ဖြစ်ပါလဲရှင်။

ကိုစည်သူအောင်။ ။ ကျနော်တို့ လူငယ်လေးထဲက ကောင်လေး တယောက်ကို ရဲက လာဆွဲတာ ခင်ဗျ။ ကိုအောင်ကောင်းမြတ်ဆိုတဲ့ တယောက်ကို။ ရဲက ဝင်ဖမ်းသွားတော့ ကျနော်တို့ လူထုကနေ မခံရပ်နိုင်တော့ ဆရာတော်ဆီမှာ လျှောက်တယ်။ အဲမှာ ဆရာတော်နဲ့ မြို့နယ်မှူးတွေနဲ့ ညှိတယ်။ တရားသူကြီးနဲ့ ညှိတယ်။ အဲမှာ တရားသူကြီးနဲ့ ညှိတော့လည်း သူတို့က ပြန်လွှတ်မပေးဘူး။ ပြန်လွှတ်မပေးတော့ လူထုက ရဲစခန်းရှေ့ကို ထွက်ပြီးတော့ အင်အား ၂၀၀ လောက် ရှိမယ်ဗျ။ အဲဒီမှာ ကိုအောင်ကောင်းမြတ်ကို ပြန်လွှတ်ပေးရေး ဆိုပြီး သွားအော်တယ်။ အဲဒီမှာ လူစု ခွဲခိုင်းတယ်။
ပထမ တခါ အသံဗုံးရယ် မျက်ရည်ယိုဗုံးရယ် သုံးတယ် ခင်ဗျ။ မီးရှုးပစ်တယ် ခင်ဗျ။ ပစ်ပြီးရင် ကျည် အစစ်တွေနဲ့ပါ ပစ်တော့တာ ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာ ရသူတွေ ရှိပါသလား။

ကိုစည်သူအောင်။ ။ တယောက်က ပွဲချင်းပြီး သေသွားတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ တယောက်ဆိုတာက ဘယ်သူပါလဲရှင့်။

ကိုစည်သူအောင်။ ။ အောင်မြတ်လင်း ခင်ဗျ။ အသက်က ၂၃ နှစ် ခင်ဗျ။ ထန်းပင်ကုန်း ရွာက ခင်ဗျ။ ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာက။

သိင်္ဂ ီထိုက်။ ။ ပွဲချင်းပြီး သေတယ်ဆိုတာက ဆေးရုံကို ပို့ပြီး သိတာလား။ ဘယ်လို သိပါလဲ။

ကိုစည်သူအောင်။ ။ ကျနော်တို့ အဖွဲ့ ကိုယ်တိုင် သယ်လာတာ ခင်ဗျ။ ဆေးရုံကလည်း သိတဲ့ အတိုင်း ဖွင့်မထားဘူး။ ဆေးရုံက CDM မလုပ်တဲ့ ဆရာမတွေကလည်း ထွက်မလာဘူး။ အဲဒါကြောင့် ကျနော်တို့က အပြင်မှာ ရှိတဲ့ ဆရာမတွေနဲ့ ဘုန်းကြီးကျောင်းကို သယ်သွားရတာ ခင်ဗျ။ ဘုန်းကြီးကျောင်းရောက်တော့ အသက် မပါတော့ဘူးခင်ဗျ။ လမ်းပေါ်မှာတင် သေတာ ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ဘယ်လို ထိမိပါသလဲရှင့် သူ့ကို။

ကိုစည်သူအောင်။ ။ နှလုံး တည့်တည့်ကို ဖောက်သွားတာ ခင်ဗျ။ ကျည်က နှလုံးတည့်တည့်ကို ဖောက်ပြီး ကျောကို ထွက်သွားတာ ခင်ဗျ။ ထုတ်ချင်းပေါက်သွားတာ ခင်ဗျ။ နှလုံးကို။

သိင်္ဂ ီထိုက်။ ။ အခု သူ့ကို ဘယ်လို ထား ထားပါသလဲရှင့်။ ဆေးရုံမှာလား။

ကိုစည်သူအောင်။ ။ ထန်းပင်ကုန်းရွာမှာ ထားထားတယ် ခင်ဗျ။ မနက်ဖြန်ရောက်ရင် Death Body ကို ခွဲစိတ်ဖို့ အတွက် ကျနော်တို့မှာ ခွဲစိတ်ပေးမယ့် မှုခင်း ဆရာဝန်လည်း မရှိဘူး ခင်ဗျ။ နယ်ဆိုတော့။ အဲတော့ ဘယ်လို လုပ်ရမလဲ ဆိုတော့ ခရိုင်ကို အကူအညီ တောင်းမလို့ ကြိုးစားနေတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ အခု သူ့ကို ဘယ်မှာ ထားထားပါသလဲ။ ရွာကို ပို့လိုက်တာပါလား။

ကိုစည်သူအောင်။ ။ သူ့ ဇာတိ ရွာမှာ ထားထားတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ညတွင်းချင်း ပို့လိုက်တာပေါ့နော်။

ကိုစည်သူအောင်။ ။ ညတွင်းချင်း ဟုတ်တယ်ဗျ။ ဘုန်းဘုန်းရဲ့ အမိန့်နဲ့ ရွာကို ချက်ချင်း သယ်ခိုင်းတာဗျ။ မြို့ပေါ်မှာ ထားရင် ရဲက Death Body ကို လာဆွဲမှာ စိုးလို့။

သိင်္ဂ ီထိုက်။ ။ ထိမိ ခိုက်မိသူတွေများ ရှိပါသလား။

ကိုစည်သူအောင်။ ။ ရှိတယ် ခင်ဗျ။ ရာဘာကျည် ထိတဲ့ လူတောင် ၅ ယောက်၊ ၆ ယောက် ရှိတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ သူတို့ ကုသခံနေလား။ ဘယ်မှာ ထားထားပါလဲ။

ကိုစည်သူအောင်။ ။ ပေါင်ကို ဟိုဘက် သည်ဘက် ပေါက်သွားသူ ၂ ယောက်ကိုတော့ ဆေးရုံကို ပြောင်းလိုက်ပြီဗျ။ ပြည်သူ့ ဆေးရုံကို။

သိင်္ဂ ီထိုက်။ ။ ကျန်တဲ့ လူတွေကရော။

ကိုစည်သူအောင်။ ။ ကျန်တဲ့ လူတွေကတော့ ဘုန်းကြီးကျောင်းမှာ ခနကုပြီး။ ကျနော်တို့ကတော့ ပြန်လာခဲ့ပြီ ခင်ဗျ။ သူတို့ကို ဘယ်ကို ရွှေ့ချင်လဲ ဆိုပြီး ဘုန်းကြီးကတော့ မေးနေတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ဘုန်းကြီးကျောင်းဆိုတာ ဘယ်ဘုန်းကြီးကျောင်းပါလဲရှင့်။

ကိုစည်သူအောင်။ ။ ထီးလင်းမှာ မင်္ဂလာကျောင်း တကျောင်းဘဲ ရှိပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ဘုန်းကြီးက ဝင်ပြီး ဖြန်ဖြေပေးတာမှာ အဆင်မပြေသွားတာလား။

ကိုစည်သူအောင်။ ။ ဘုန်းကြီးကတော့ တရားသူကြီးတွေနဲ့ ဖုန်းဆက်ပြီးမှ ပြောပေးသေးတယ် ခင်ဗျ။ တရားသူကြီးတွေ၊ မြို့နယ်မှူးတွေ၊ စခန်းမှူးတွေကို။

သိင်္ဂ ီထိုက်။ ။ ထီးလင်းမှာ ရဲစခန်း တခုဘဲ ရှိပါသလားရှင့်။

ကိုစည်သူအောင်။ ။ ဟုတ်ပါတယ်။ ရဲစခန်း တခုဘဲ ရှိပါတယ်။ မြို့နယ် ရဲစခန်းနဲ့ တောင်စခန်း၊ မြောက်စခန်းဆိုပြီး ရှိတယ်။ ဖြစ်တာကတော့ တောင်စခန်းမှာ ဖြစ်တာ ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ကိုအောင်ကောင်းမြတ်ကို ပြန်လွှတ်ပေးပါသလားရှင့်။

ကိုစည်သူအောင်။ ။ မလွှတ်ပေးဘူး ခင်ဗျ။ အခုထက်ထိ ထိန်းသိမ်းထားတုန်း ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ အခု ထီးလင်း ဒေသခံတွေရဲ့ လုံခြုံရေးကရော ဘယ်လို ရှိပါလဲရှင့်။
ကိုစည်သူအောင်။ ။ ကျနော်တို့ ဘဝမှာ အဲလို ဆိုးဆိုးရွားရွား တခါမှ မဖြစ်ပါဘူး။ တအား အေးချမ်းတယ် ခင်ဗျ။ ကျနော်တို့ မြို့က အေးချမ်းတယ်။ တခါမှ သေနတ်ဖောက်သံ မကြာဖူးတဲ့ မြို့ပါ ခင်ဗျ။ ဒီနေ့ ရောက်မှ အဲလို ဖြစ်သွားတာ။

သိင်္ဂ ီထိုက်။ ။ လူထုက ရဲစခန်းကို ဝိုင်းလို့လား၊ ဆူဆူပူပူ လုပ်လို့လား၊ ဘာကြောင့် ပစ်တာပါလဲရှင့်။

ကိုစည်သူအောင်။ ။ ရဲစခန်း ထိပ်ထိတောင် မရောက်ဘူး ခင်ဗျ။ ရဲစခန်းရဲ့ အောက်ခြေ နားလေးတင်၊ ဆေးရုံနဲ့ ရဲစခန်း ဧရိယာ စပ်ကြားလေးမှာ လူထုက အော်တယ်။ အော်တယ်ဆိုတာ ကိုအောင်ကောင်းမြတ်ကို ပြန်လွှတ်ရေး - ဒို့အရေး ဒီတခွန်းဘဲ အော်တာ ခင်ဗျ။ ကျန်တာ မအော်ဘူး ခင်ဗျ။ တောင်းဆိုတာ ဒီတခုဘဲ တောင်းဆိုတာ ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ အဲဒီတော့ လူထုက ရဲစခန်းနားကို ရောက်ပြီး နာရီဝက်လောက်မှာ စပစ်တာလား၊ ၁၀ မိနစ်လောက်မှာ စပစ်တာလား။ ဘယ်အချိန်လောက်မှာ စပစ်တာပါလဲ။

ကိုစည်သူအောင်။ ။ ၁၀ မိနစ်လောက်မှာ စပစ်တာ ခင်ဗျ။ ခနလေး အတွင်းမှာ ချက်ချင်း လူစု ခွဲခိုင်းတာဗျ။ ဆင်းပစ်တာဗျ။ သူတို့ကိုယ်တိုင် လမ်းပေါ်ထွက် ပစ်တာ ခင်ဗျ။

မကွေးတိုင်း ထီးလင်းမြို့ခံ တချို့လည်း ဖမ်းဆီးခံရမယ့် အရေး စိုးရိမ်ချက်နဲ့ ကိုယ့်အိမ်ကိုယ့်ယာမှာ မနေရဲဘဲ ညပိုင်းမှာ တိမ်းရှောင်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းထားတဲ့ တပ်မတော် အုပ်ချုပ်ရေး ကောင်စီက ညအချိန် မတော် ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေ ရှိနေတာနဲ့ အတူဘဲ နိုင်ငံရေးသမားတွေတင် မဟုတ်ဘဲ ဆန္ဒပြသူတွေ၊ လူမှုရေး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေလည်း ဖမ်းခံရမယ့် အရေး စိုးရိမ်ချက်နဲ့ တိမ်းရှောင်နေကြသူ အများအပြား ရှိနေပါတယ်။ ည အချိန်မတော် ဝင်ရောက် ဖမ်းဆီးခံရပြီး မိသားစုနဲ့ အဆက်အသွယ် မရသူတွေလည်း အများအပြား ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG